Subscribe to our RSS Feed

ဂျပန်ရင်းနှီးမြှုပ်နှံမှု သုံးနှစ်ကျော်အတွင်း ထိပ်ဆုံးသို့ရောက်လာနိုင်

From : ...popular


မြန်မာ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ထိပ်တန်းသုံးနိုင်ငံစာရင်းသို့ ဂျပန် ၃ နှစ်ကျော်ကာလအတွင်း ဝင်ရောက် လာနိုင်ကြောင်း သမ္မတ၏ စီးပွားရေး အကြံ ပေး ဒေါက်တာဇော်ဦးက ပြောသည်။ ၁၉၈၈-၁၉၈၉ ခုနှစ်ကစ၍ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေပြဋ္ဌာန်းပြီးနောက် နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစာရင်းတွင် တရုတ်၊ ထိုင်းနှင့် ထိုင်ဝမ် သုံးနိုင်ငံက ထိပ်ဆုံးပိုင်း တွင် နှစ် ၂ဝ ကျော် နေရာယူခဲ့သည်။
”အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ မြန်မာကို ဂျပန်က ရင်းနှီးမြှုပ်နှံမှု အကောင်း ဆုံးအနေနဲ့ သတ်မှတ်ထားပြီးပြီလို့ သိထားရ ပါတယ်” ဟု ဒေါက်တာဇော်ဦးက ဆိုသည်။အနည်းဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ် အတွင်း ဂျပန်က ရင်းနှီးမြှုပ်နှံမှု အလုံးအ ရင်းဖြင့် ဝင်လာလိမ့်မည်ဟုလည်း ဒေါက်တာ ဇော်ဦးက သုံးသပ်ပြီး လက်ရှိ၌လည်း လာ နေကြပြီဟု ထောက်ပြသည်။ရင်းနှီးမြှုပ်နှံမှု ကော်မရှင်စာရင်းအရ လက်ရှိတွင် ဂျပန်၏ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံ ၏ အဆင့် ၁၁ နေရာတွင် ရှိနေသည်။
ဂျပန်ကုမ္ပဏီ ၃၅ ခုမှာ ၂ဝ၁၃ ခုနှစ် ဇွန် ၃ဝ အထိ ရင်းနှီးမြှုပ်နှံငွေ ကန်ဒေါ်လာ ၂၇ဝ ဒသမ ၂၈၃ သန်းဖြင့် စက်မှု၊ ကုန် ထုတ်၊ သတ္တုလုပ်ငန်းစသည်တို့တွင် လုပ်ကိုင် မှုပြုနေကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေးမှူး ဒေါ်ခင်လေးတင့်က ပြော သည်။ရင်းနှီးမြှုပ်နှံမှုကော်မရှင် ညွှန်ကြားရေး မှူးချုပ် ဦးအောင်နိုင်ဦးက ၎င်း၏ ရုံးခန်းသို့ လာ ရောက်ဆွေးနွေးမှု အများဆုံးမှာ ဂျပန် သာဖြစ်၍ ဂျပန်၏ အနာဂတ်ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ များလာနိုင်ကြောင်းသုံးသပ်သည်။သို့သော် အစိုးရသစ်တက်ပြီး သက် တမ်းတစ်ဝက်ကျော်တွင် တရုတ်၏ ရင်းနှီး မြှုပ်နှံမှုမှာမူ ထိပ်ဆုံးတွင် ရှိနေသေးကြောင်း ၎င်းထံမှ သိရသည်။စာရင်းများအရ ကဏ္ဍအလိုက် ရင်းနှီး မြှုပ်နှံမှုတွင် လျှပ်စစ်၊ စွမ်းအင်နှင့် သတ္တု ကဏ္ဍတို့က အားလုံး၏ ၈ဝ ရာခိုင်နှုန်းခန့်တွင် ရှိနေဆဲ ဖြစ်သည်။

. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်