Subscribe to our RSS Feed

Beach Bunny အတွက် ကိုယ်ဟန်ပြ ဓာတ်ပုံရိုက်ပေးခဲ့သည့် အီရီနာ

From : Planet Myanmar Network 


အသက်(၂၈)နှစ်ရှိ ရုရှား စူပါမော်ဒယ်လ်သည် အမေရိကန် အမှတ်တံဆိပ်အတွက် ကယ်လီဖိုးနီးယားတွင် လာရောက်၍ ဓာတ်ပုံအရိုက်ခံခဲ့ခြင်း ဖြစ်သည်။

Beach Bunnyအတွက် ကြော်ငြာလှုပ်ရှားမှု အစီအစဉ်သစ် တစ်ခုအဖြစ် အီရီနာရှက်ခ်က အသက်ရှူ မှားလောက်ဖွယ် ဓာတ်ပုံများ ရိုက်ကူးပေးခဲ့ကြောင်း သိရသည်။ အသက်(၂၈)နှစ်ရှိ ရုရှား စူပါမော်ဒယ်လ်သည် အမေရိကန် အမှတ်တံဆိပ်အတွက် ကယ်လီဖိုးနီးယားတွင် လာရောက်၍ ဓာတ်ပုံအရိုက်ခံခဲ့ခြင်း ဖြစ်သည်။ အီရီနာသည် လှပပြီး အရောင်အသွေး စုံလင်လှသည့် ရေကူးဝတ်စုံ ဖက်ရှင်အမျိုးမျိုးကို ပြောင်းလဲဝတ်ဆင်ကာ ကိုယ်ဟန်ပြခဲ့သည်။ Beach Bunnyသည် ယခင် စူပါမော်ဒယ်လ်ဟောင်း အန်ဂျလာ ချစ်တန်ဒန် (၂၀၀၄)ခုနှစ်က စတင်ထူထောင်ထားသည့် အမှတ်တံဆိပ်ဖြစ်သည်။ အသက်(၂၈)နှစ်ရှိ အီရီနာသည် သမပိုင်း ရာသီဥတုမျိုး ကျရောက်သည့် ကမ်းခြေတွင် စွဲမက်ဖွယ် ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့သည်။




ကမ္ဘာကျော် ဘောလုံးသမား ခရစ္စတီယာနို ရော်နယ်လ်ဒို၏ ချစ်သူလည်းဖြစ်သည့် အီရီနာသည် လတ်တလောတွင် သူမ၏ အနုပညာ အောင်မြင်မှု နယ်ပယ်ကို ချဲ့ထွင်ရန်လည်း ကြိုးစားနေသည်။ အီရီနာသည် မော်ဒယ်လ်လျှောက်လမ်းများတွင် လူတကာ ငေးရသည့် အလှပဂေးတစ်ဦး ဖြစ်ခဲ့သည့်အပြင် ရုပ်ရှင်ပိတ်ကားထက်၌ နေရာယူရန်လည်း ပြင်ဆင်လျှက် ရှိသည်။ ယခုနှစ်ကုန်ပိုင်းတွင် သူမသည် Hercules: The Thracian Wars ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် စီစဉ်ထားပြီး ဖြစ်သည်။ သူမသည် ယင်းဇာတ်ကားတွင် စစ်သူရဲ တစ်ဦး၏ လက်စားချေတတ်သော ဇနီးသည် မီဂါရာ အနေဖြင့် ပါဝင်မည် ဖြစ်သည်။ သူမ၏ ခင်ပွန်းနေရာတွင် The Rockက သရုပ်ဆောင်မည်ဟုလည်း သိရှိရသည်။

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်