Subscribe to our RSS Feed

ပရိသတ်များကို အံ့ဩမှု ပေးစွမ်းခဲ့သည့် ဘီယွန်းစ်

From :  Planet Myanmar Network


နာမည်ကျော် အဆိုတော်သည် မီယာမီတွင် သူမ၏ သူငယ်ချင်းဖြစ်သူ Detiny's Child အဖွဲ့ဝင် ကယ်လီရိုလန်နှင့်အတူ မိန်းကလေးငယ် အချို့အား အံ့အားသင့်စေခဲ့ခြင်း ဖြစ်သည်။

ဘီယွန်းစ်အနေဖြင့် ကာရာအိုကေ ဆိုနေသော ပရိသတ် အချို့ကို တအံ့တဩ ဖြစ်အောင် ကျီစယ်ကာ ပျော်ရွှင်မှု ပေးအပ်ခဲ့ကြောင်း သိရသည်။ နာမည်ကျော် အဆိုတော်သည် မီယာမီတွင် သူမ၏ သူငယ်ချင်းဖြစ်သူ Detiny's Child အဖွဲ့ဝင် ကယ်လီရိုလန်နှင့်အတူ မိန်းကလေးငယ် အချို့အား အံ့အားသင့်စေခဲ့ခြင်း ဖြစ်သည်။ ယခုသီတင်းပတ် အစောပိုင်းက ကယ်လီနှင့် ဘီယွန်းစ်တို့ ညဘက် အတူထွက်လည်ရင်း ကာရာအိုကေ အခန်းတစ်ခုထဲတွင် သူမ၏ သီချင်းကို မိန်းကလေး တစ်စုက သီဆိုနေကြောင်း ဘီယွန်းစ် သတိပြုမိသွားသည်။ Party သီချင်းသည် သူမ၏ အယ်လ်ဘမ်အမှတ် (၄)တွင် ပါဝင်သော သီချင်းလည်း ဖြစ်သည်။

ထို့ကြောင့်လည်း ဘီယွန်းစ်က ယင်းမိန်းကလေးများကြား အသာဝင်သွားကာ သူမတို့နှင့်အတူ သီချင်းလိုက်ဆိုရင်း ကခုန်နေခဲ့သည်။ အတန်ငယ် ရေချိန်မှန်နေသော မိန်းကလေးများကလည်း နာမည်ကျော် ဂီတကြယ်ပွင့်တစ်ဦး သူမတို့ကြား ရောက်နေသည်ကို ရုတ်တရက် သတိမထားမိချေ။ ထို့နောက်တွင်မှ မိန်းကလေး တစ်ဦးက ရုတ်တရက် စတင်၍ သတိပြုမိသွားခြင်း ဖြစ်သည်။ "မိန်းကလေးတွေက သောက်ရင်းစားရင်းနဲ့ သီချင်းဆိုဖို့ (၅)နာရီစာ ဆက်ရှင်ယူထားတာ"ဟု ကာရာအိုကေ ဆိုင်ပိုင်ရှင် ကယ်လီ ပီလီဆာက Daily Mirrorသို့ ရယ်ရယ်မောမော ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ဒီကိစ္စကို အကောင်အထည် ဖော်တာကို မိန်းကလေးတွေက သိတောင် မသိကြဘူး။ ကလေးမတွေက ဘီယွန်းစ်တို့နဲ့ တူတူကကြတယ်။ ဘယ်သူမှန်း မသိဘူးလေ။ နောက်တော့ တစ်ယောက်က ကယ်လီ့ကို ကြည့်ပြီး 'အို၊ ရှင်က ကယ်လီရိုလန်နဲ့ တူလိုက်တာ'လို့ ပြောတယ်။ နောက်တော့မှ ဘီယွန်းစ်ကိုပါ သတိထားမိသွားပြီး ဘုရားတကုန်တော့တာပဲ"ဟု ပြောကြားသွားသည်။ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်