Subscribe to our RSS Feed

အရင်တုန်းက အဘ၊ အခုကျအမေ သူတို့လေ သာကူးတွေ

From : .... www.MyanmarExpress.net


မြန်မာနိုင်ငံအတွင်းမှ အနုပညာရှင် အချို့သည် ယခုအခါတွင် အနုပညာ အလုပ်များဖြင့် မအားလပ်သည့်ကြားမှ နိုင်ငံရေးပါ တွဲဖက်၍လုပ်ကိုင်လာကြ၏။ ထို့ကြောင့် အနုပညာတစ်ဖက်၊ နိုင်ငံရေး က တစ်ဖက်နှင့် မအားလပ်သည့်ကြားမှ နိုင်ငံရေးကို အားတက်သရောလုပ်နေပါ သည်ဟုသတင်းပုလင်းထွက်လျက်နာမည် ကြီးသူ သရုပ်ဆောင်၊ အဆိုတော်၊ မော် ဒယ်၊ ကြော်ငြာ၊ စာရေးဆရာ၊ မင်းသမီး လေဒီစပ်စလူးနှင့် သွားရောက်အင်တာ ဗျူးခဲ့သည်များကို ပရိသတ်ကို တင်ပြ လိုက်ရပါသည်။ကျွန်တော်သည် လေဒီစပ်စလူးအိမ် ကိုသွားတော့ ၎င်းကို အဆင်သင့်တွေ့ရ သည်။ လေဒီစပ်စလူးက ဖော်ရွှေသော ငါးခူပြုံးဖြင့် ဧည့်ခန်းထဲ၌ပင် ကျွန်တော့် အင်တာဗျူးများကို ဖြေခဲ့ပါသည်။

မေး - မင်္ဂလာပါ။ လေဒီစပ်စလူး ခင်ဗျာ။ ဗျူးပါရစေ။

ဖြေ - ဟတ်ကဲ့။ မင်္ဂလာပါအစ်ကို ရှင့်။ ကြိုက်သလောက်ဗျူးပါ။ စလူးရဲ့ အတွင်းအပြင် အကုန်ဗျူးလို့ရပါတယ်။

မေး - လေဒီစပ်စလူးရဲ့ အခုလတ် တလော အနုပညာလှုပ်ရှားမှုလေးတွေ ကိုလည်း ပြောပြပေးပါဦး။

ဖြေ - ဟတ်ကဲ့ရှင်။ အခုစလူးလေ ဒါရိုက်တာ မောင်အိုးနင်း(ဇရပ်ပျက်) နဲ့ “ဘောသရဲ” ဆိုတဲ့ သရဲဇာတ်ကားလေး တစ်ကားရယ်။ နောက်ပြီး ဒါရိုက်တာဂျပိုး နဲ့ “ခိုးပိုက်နှိုက်မလေး မောင့်ချစ်သူ” ဆိုတဲ့ ဇာတ်ကားတွေကို ၂ ရက်တစ်ကားနဲ့ မရပ်မနားရိုက်နေပါတယ်ရှင့်။

မေး - အခုလေဒီစပ်စလူးက အနု ပညာအဖက်ဖက်မှာစိတ်တိုင်းကျပရိသတ် ကို လိုင်းပေါင်းစုံနဲ့ အကုန်လည်းချပြနေ တယ်။ နောက်ပြီး အနုပညာတင်မဟုတ် ဘဲ နိုင်ငံရေးကိုပါ တွဲဖက်လို့ လုပ်လာ တယ်လို့ သတင်းတွေ ထွက်နေတာလေး အပေါ်မှာ တစ်စိတ်လောက်ရှင်းပြပေးပါ ဦး။

ဖြေ - ဟတ်ဟတ်၊ စလူးအနုပညာ အလုပ်အပြင် နိုင်ငံရေးပါ လုပ်လာတယ် ဆိုတဲ့ အကြောင်းအရာအပေါ်မှာလည်း ပရိသတ်ကြီးက စိတ်ဝင်စားမယ်ဆိုတာ သိပါတယ်။ အဲဒီလိုဖြစ်အောင်ပဲ စလူးက တမင်လုပ်ပြခဲ့တာပါ။ အဟတ်။

မေး - ဟုတ်ကဲ့ပါ။ အခု လေဒီစပ် စလူးတို့အနုပညာနယ်ပယ်ကနာမည်ကြီး သူတချို့ဟာ နာမည်ကြီးပါတီတစ်ခုကို ကိုယ်စားပြုလို့လာမယ့် ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲမှာ ရန်ကုန်မြို့တွင်းမြို့ကြီးမြို့ ကောင်းကနေ ကိုယ်စားလှယ်အဖြစ် ၀င် ရောက်ယှဉ်ပြိုင်အရွေးခံကြမယ်
လို့လည်း သတင်းတွေ ပျံ့နေပါတယ်။ အဲဒီအထဲ မှာရော လေဒီစပ်စလူးပါဦးမလားခင်ဗျ။

ဖြေ - ဟတ်ကဲ့ပါရှင့်။ ဒါကဒီလို လေးတော့ရှိပါတယ်ရှင့်။အဟင့်။ ဘယ်လို ပြောရမလဲပေါ့နော်။ သူတို့ပေါ့နော်။ သူ တို့ဆိုတာ အနုပညာညီအစ်ကိုမောင်နှမ တွေကိုပြောတာပေါ့နော်။ စလူးအရှေ့က စလူးထက်ဝါရင့်သမ္ဘာရင့်တဲ့အနုပညာသည် ကြီးတွေအရှေ့ကနေ ဘယ်လိုလုပ်မလဲဆို တာ စလူးစောင့်ကြည့်လိုက်ပါဦးမယ်။ သူ တို့တွေလုပ်တဲ့အပေါ်မှာ မူတည်ပြီး စလူး လည်း မီးစင်ကြည့်ကသင့်ရင် ကြည့်ကရ မှာပေါ့နော်။ နောက်ပြီး အရေးကြုံလာ ရင် ပုတ်သင်ညိုခေါင်းလိုအရောင်ပြောင်း သင့်ရင်လည်း ပြောင်းရမှာပေါ့နော်။အတိ အကျကြီးတော့ ပြောလို့မရသေးပါဘူး ရှင့်။ သေချာတာတစ်ခုကတော့ ရတဲ့ အခွင့်အရေးကို အသုံးချသွားမှာပါရှင့်။

မေး - အခုခေတ်တွေ စနစ်တွေ ပြောင်းလာပြီးတော့ စလူးတို့လို အနု ပညာရှင်အချို့ နိုင်ငံရေးလုပ်လာတာ တွေ့ရတော့ နိုင်ငံရေးကို တကယ်နား လည်တတ်ကျွမ်းလို့လား၊ ဒါမှမဟုတ် နိုင်ငံရေးကို တကယ်စိတ်ဝင်စားပြီး နိုင်ငံ ရေးဆိုတာ နိုင်ငံသားတိုင်းရဲ့ အရေးဖြစ် လို့ သမိုင်းပေးတာဝန်တစ်ခုအနေနဲ့ လုပ် ကြရမယ်ဆိုတဲ့ အသိစိတ်တစ်ခုနဲ့လား။ အဲဒါလေးကိုလည်း ရှင်းပြပေးပါဦး။ အဲ ဒီလိုမေးခွန်းထုတ်ရလို့လည်း ကျွန်တော့် ကို စော်ကားတယ်လို့ မမြင်စေချင်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံရေးဆို တာကလည်း “တိမ်တောင်သဖွယ် မင်ရေး ကြွယ်လှတယ်”ဆိုတဲ့ စကားလည်းရှိတယ် လေ။

ဖြေ - သိပါဘူးရှင်။ ပေါ်ပင်များဖြစ် မလားလို့ပါ။ ရှင်ပြောသလို တိမ်တောင် တွေ ပိန်ပေါင်တွေလည်း နားမလည်ပါ ဘူး။ သူများလုပ်လို့ လိုက်လုပ်တာပါ။ ဟိုး အရင်တုန်းကတော့ နိုင်ငံရေးလုပ်ရင်
ထောင်ကျတတ်တယ်လေ။ အခုကကြ တော့ နိုင်ငံရေးလုပ်ရင်ပေါ်ပြူလာဖြစ်လို့ ဖက်ရှင်တစ်ခုအနေနဲ့ လုပ်ကြည့်တာပါ။ ဟိဟိ။

မေး - ကောင်းပါတယ်ဗျာ။အောင် မြင်နေတဲ့လူဆိုတော့ ချိုမိုင်မိုင်ကလည်း ကြည့်ကောင်းပါတယ်။ ဒါပေမဲ့ အခုနိုင်ငံ ရေးလုပ်လာတဲ့ အနုပညာရှင်အချို့ဟာ ဟိုးအရင်လက်ထက်တုန်းက အဘအဘ နဲ့ စစ်ဖိနပ်ကို ဖုန်သုတ်ပေးခဲ့ပြီး အခုကြ မှ အမေအမေနဲ့ ပါးပြင်ကို အာဘွားပေး ပြီး နိုင်ငံရေးသူရဲကောင်းလုပ်နေကြတာ ဆိုတာလေးလည်း ရှင်းပါဦး၊ လင်းပါဦးဗျ။

ဖြေ - အမလေး၊ အဲဒီခေတ်တုန်း ကလည်း သူများတွေလုပ်လို့ စပ်လူးတို့ လည်း နာမည်ကြီးအောင် လုပ်ခဲ့ကြတာ ပဲ။သူများတွေတံတားအသစ်ကြီးဆောက် ပြီးပြီဆိုလည်း မျောက်လိုတက်မခုန်ရတဲ့ လူတွေက လင်းဒလိုမှိုင်ရတယ်ရှင့်။ အဲဒါ ကြောင့် အဘတွေကိုကပ်ပြီး အဘရေ ဒီတစ်ခါ မီးခုန်ရမယ့်အလှည့်နော်လို့ ပေး ကျွေးကပ်ခဲ့ရတာတစ်မျိုး၊ ပေါ်လစီဇာတ် ကားတွေဆိုရင်လည်း အမြီးနန့်ပြီး ၀င် ရိုက်လိုက်တာပဲ။ အမြီးမနန့်ရတဲ့ သရုပ် ဆောင်က ဒါရိုက်တာတွေကို ပေးကျွေး ကပ်ရတာတစ်မျိုး။ ကလိုကလိုလုပ်ခဲ့ရ တာပဲရှင့်။ အဲဒီခေတ်တုန်းက အဲဒီခေတ် ဇာတ်ကို ကပြီးပြီ။ အခုကတော့ အခု ခေတ်ဇာတ်ကို တစ်ခါထပ်မံကပြရတာ ပေါ့ရှင့်။ သိတယ်မဟုတ်လား။း အမေနား ကို ကပ်နိုင်တဲ့လူက နာမည်သိပ်ကြီးတဲ့ ရှင့်။ ဂျာနယ်ထဲပါတယ်ရှင့်။ လူသိများ တယ်ရှင့်။ သူရဲကောင်းဖြစ်တယ်ရှင့်။ စစ် မတိုက်ရဘဲနဲ့ သူရဲကောင်းဘွဲ့ရတာရှင့်။

မေး - ကောင်းပါတယ်ဗျာ။ အခု လေဒီစပ်စလူးနိုင်ငံရေးကိုလည်းလုပ်ဆောင် နေတယ်ဆိုတော့ ကိုယ့်ရဲ့ အနုပညာ ပစ္စည်းတွေ နဂိုကထက် အရေအသွေး ကျသွားမှာကိုရော မစိုးရိမ်ဘူးလား။
ဖြေ - ဘာဆိုင်လို့လည်းရှင့်။ စလူး တို့ရဲ့ မြန်မာဇာတ်ကားတွေက ကျစရာ အရေအသွေးမှ မရှိတာ။ ဒါပေမဲ့ ပွင့်လင်း မြင်သာလာတဲ့ အင်တာနက်ခေတ်ကြီးထဲ မှာတော့ စလူးတို့ရဲ့ အနုပညာပစ္စည်း တွေကတော့ ထင်းကနဲ လင်းကနဲ ကွင်း ကနဲ ကွက်ကနဲပါပဲ။

မေး - ဟုတ်ပါပြီ။အခုတစ်ခြားအနု ပညာရှင်တွေက အမေ့အကြောင်းကို သီချင်းတွေဖန်တီးပြီး လုပ်ပြနေတဲ့အချိန် မှာ လေဒီစပ်စလူးရော ဘာတွေလုပ်ပြဦး မယ်လို့ စိတ်ကူးထားပါသလဲ။

ဖြေ - လုပ်မှာပေါ့ရှင့်။ မထွက်သေး တာ။ အမေ့ကို ဖားပြီး အမေ့အနားကို ကပ်နိုင်အောင် အခွင့်အရေးရအောင်လို့ သီချင်းရော၊ရုပ်ရှင်ရော၊အမေအကြောင်း စုံစီနဖာ ငယ်ဘ၀ကစလို့ အခုချိန်အထိ အမေ့ဘ၀ဇာတ်ကြောင်း အဖြာဖြာကို ၀တ္တုစာအုပ်လုံးချင်းရော၊ ပန်းချီ၊ ပန်းပု၊ အို ရှိရှိသမျှ အစုံအစုံ သူတို့တွေဖားနိုင် တာထက်ကို ဖားပြဦးမှာပါရှင့်။ သူတို့ တစ်တွေမှ ဖားတက်တာ။ အမေ့အနား ကို ကပ်နိုင်တာမဟုတ်ပါဘူး။ စလူးလည်း အမေ့ကို ဖားနိုင်ပါတယ်။ အမေ့အနား ကို ကပ်နိုင်ပါတယ်။

မေး - ဟုတ်ကဲ့ပါ။ ကျွန်တော်နဲ့ လေဒီစပ်စလူးတို့လည်း ဗျူးလာတာ မေး ခွန်းလည်း တော်တော်စုံနေပြီ။ နောက် ဆုံးမေးခွန်းတစ်ခုအနေနဲ့ မေးပါရစေ။ လွှတ်တော်အမတ်လုပ်ချင်ပါသလား။ လေဒီစပ်စလူးအနေနဲ့ပေါ့လေ။

ဖြေ - ဟင့်အင်း။လွှတ်တော်အမတ် ကတော်ပဲလုပ်ချင်တယ်။ သူတို့အတွက် ၀တ်စုံက ၂ စုံပဲရှိတော့ လျှော်ရတာ သက်သာတယ်ရှင့်။ အဟိ။

မေး - ဟုတ်ကဲ့ပါ။ ကျွန်တော်က လည်း အခုလို လေဒီစပ်စလူးအပါအ၀င် အနုပညာရှင်အချို့ဟာ နိုင်ငံတော်ကြီး ကို ချစ်သလိုလို၊ ပါတီကြီးကို ချစ်သလိုလို၊ အမေ့ကိုချစ်သလိုလို၊ ဟိုလိုလို၊ဒီလိုလိုနဲ့ ဘာမှန်းမသိတဲ့ လူအချို့ကို မေတ္တာ လက်ဆောင်အနေနဲ့ နာမည်လေးတစ်ခု လောက် ပေးချင်ပါတယ်။

ဖြေ - ဟတ်ကဲ့ပါရှင့်။ ပေးကြည့်ပါ။ နာမည်လေးလှရင် သူတို့ကိုလည်း ပြော ပြပြီး သုံးခိုင်းပါ့မယ်ရှင့်။

မေး - ဟိုလူးဒီလူး သာကူးဆိုတဲ့ နာမည်လေးပါဗျ။

ဖြေ - ဟယ်၊ လှလိုက်တဲ့နာမည် လေး။ တရုတ်နာမည်ဆန်ဆန်လေးနော်။ သာကောလည်း မဟုတ်ဘူး။ သာကူးတဲ့။ ကြိုက်ပါတယ်ရှင်။ ကျေးဇူးလည်းတင်ပါ တယ်။ သူတို့လည်း ကြိုက်မှာပါ။ ဟိဟိ။ ဒါဆို ကျွန်မနာမည်က လေဒီသာကူး စပ်စလူးပေါ့ရှင့်။ယခု ကျွန်တော်နဲ့ လေဒီသာကူးစပ် စလူး အင်တာဗျူးသည် မည်သူကိုမျှ ထိ ခိုက်ဝေဖန်လိုစိတ်မရှိသည့် အင်တာဗျူး လေးဖြစ်ပါသည်။ အပြုသဘောဆောင် ပါသည်။ လေဒီသာကူး စပ်စလူးနှင့် သဘောထားချင်း တိုက်ဆိုင်သူများသာ ကျွန်တော့်ကို မေတ္တာပို့သခြင်းများ ပြု လုပ်နိုင်ပါသည်။ လေဒီသာကူး စပ်စလူး နှင့် သဘောထားချင်း မတိုက်ဆိုင်သူများ ကို ကျွန်တော်မရည်ရွယ်လိုပါ။


ဒိုးဇက်
 

5 comments:

ဖာအဆင့်ရှိသူတွေကတော့ ဖာအတွေးဘဲတွေးမှာပေါ့။ သူတို့ကို ပေးရင် သူတို့ကလည်း ပြန်ပေးလိုက်မှာဘဲပေါ့။

ကောင်းလိုက်တဲ့ အင်တာဗျူးပဲဗျာ ဖတ်နေရင်း ရယ်ရတာ တခွိခွိနဲ့ပဲ စောက်ကောင်မတွေက အပြင်မှာလည်း တကယ်ပဲစောက်ရှက်မရှိ လုပ်ပြနေကြတာ ဖာစုကနေ့တိုင်း ရေတောင်ချိုးစရာမလိုဘူး သူ့စောက်ပတ်ကို လျှာနဲ့လျက်ပေးမယ့်သူတွေက ဝိုင်းအုံစောင့်ဆိုင်းနေကြတာ

မ၇ည်​ရွယ်​ဘူးမ​ပြောနဲ့ဒါစားပြီးဒီမှာထိုင်​​နေလို့​ပြောလို့မ၇​တော့ဘူး၇ည်​၇ွယ်​ချက်​မရှိ၇င်​ဘာဖြစ်​လို့​ငွေကုန်​ခံပြီးေ၇းလဲ​ပေါ​နေလို့လားနင်​​ကောသူတို့လိုသာကူးလုပ်​နိုင်​လားမဟာ၇ူး၇ဲ့

same same ,, a yin ka May31,, now,,,

ဒီကောင် ဒီကောင် မ တွေက အလာကားပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်