Subscribe to our RSS Feed

သမ္မတဦးသိန်းစိန်ကိုမဲပေးရန် သီတဂူဆရာတော်တိုက်တွန်း

From : People power
 နိုင်ငံ့အကျိုး၊ သာသနာ့အကျိုးသယ်ပိုးခဲ့သည့် သမ္မတဦးသိန်းစိန်ကို ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ထောက်ခံမဲပေးကြရန် သီတဂူဆရာတော် ဘဒ္ဒ န္တဉာဏိဿရ က အထက်မြန်မာပြည် အမျိုးဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲတွင် တိုက်တွန်းမိန့်ကြားလိုက်သည်။

ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာမှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြ၍ သမ္မဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် မိန့်ကြားခြင်းဖြစ်ကြောင်း သီတဂူဆရာတော်က ဆိုသည်။ 
အမျိုးဘာသာသနာစောင့်ရှောက်ရေး အဖွဲ့ သြ၀ါဒခံယူပွဲသို့တက်ရောက်နေသည့် NLD ပါတီဝင်အချို့ကလည်း ဆရာတော်၏ တိုက်တွန်းချက်ကို ထောက်ခံ ကြောင်း အဆိုပါပွဲကိုတက်ရောက်နေသည့် ဦးလှိုင်ထူးအောင်က People Power သို့ ဆက်သွယ်ပြောကြား သည်။ 

NLD ပါတီအမျိုးသား လွတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကိုလည်း အမျိုးဘာသာသနာ အကျိုးသယ်ပိုးခဲ့သည့်အတွက်လည်း သြ၀ါဒပေးသည့်ဆရာတော်များက တညီတစ်ညွတ်တည်း ချီးကျူးဂုဏ်ပြုခဲ့ ကြောင်း ၎င်းကမှတ်ချက်ပြုပြောဆိုသည်။

မန္တလေးမြို့ မဟာအတုလ ဝေယံဘုံသာ အတုမရှိကျောင်းတော်ကြီးတွင်ကျင်းပသည့် ပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ ဆရာတော်အပါး ၄၀၀ တက်ရောက်ခဲ့ပြီး လူပုဂ္ဂိုလ် သုံးသောင်းခန့်နှင့် သံဃာအပါး တစ်သောင်းခန့် တက်ရောက်ခဲ့ကြောင်း အထက်မြန်မာပြည်အမျိုးဘာသာ သနာစောင့်ရှောက်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

သတင်းရေးသားသူ-ညီထွန်းသူ
တည်းဖြတ် -EN01
 
12 comments:

son of dog, Brain have people never say like this. Stupid man only say this thin, Fuck

This news is to good to be true. The second choice should be U Shwe Mann, Su Kyi must not be President at all cost because she has shamed her father Bo Gyoke Aung San and the whole Myanmar Nationality.

Your comment will be visible after approval. ဒါလည်း အလကားပါ.. ရေးတိုင်း ရေးတိုင်း ဘယ်တော့မှ Wall ပေါ် ရောက်မလာဘူး.. ဖျက်ချပစ်တာကြီးပဲ.. ဖတ်တဲ့သူမသိလည်း ခင်ဗျားတို့သိရင် ပြီးရော.. ရေးရမှာပဲ...

အသံဖိုင်ရှိရင် တင်ပြပေးပါ။ ယုံချင်လို့ပါ။

Thidagu Sayadaw said he never say not to support Daw Aung San Su Kyi. Therefore, the news is a fake news.

Friday, January 17, 2014
သီတဂူဆရာတော် ခြုံခိုတိုက်ခိုက်ခံရ

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လျှင် အမျိုးဘာသာ သာသနာ မှေးမှိန်နိုင်၊ သမ္မတဦးသိန်းစိန်ကိုသာ မဲပေးပါဟု သီတဂူဆရာတော် မိန့်ကြားသည်ဆိုသည့် သတင်း သီတဂူဆရာတော် အရှင်ညာဏိဿရက ပြတ်ပြတ်သားသားငြင်းပယ်

ယခုအခါ မြန်မာ့ဒီမိုကရေစီနှင့် ပတ်သက်၍ ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အပုပ်ချ တိုက်ခိုက်မှုများကို ဆန့်ကျင်ဘက် အုပ်စု တစ်စုက သွယ်ဝိုက်၍လည်းကောင်း၊ တိုက်ရိုက်လည်းကောင်း ခြုံခိုတိုက်ခိုက်မှု များရှိနေကြောင်းသိရသည်။

မြန်မာပြည် ဒီမိုကရေစီစနစ် ဖြစ် ထွန်းရေးကို မလိုလားသောသူများက ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထု ကို ကွဲကွာသွားအောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုတစ်ရပ်လုံး အထင်မှား၊ အမြင်မှားဖြစ်ပြီး နာကြည်း မုန်းတီးအောင် ဘာသာရေး၊ လူမျိုးရေးနှင့် ဦးတည် တိုက်ခိုက်နေသည်ကို ပြည်သူများကလည်း သိရှိကြသည်။

ယခုလောလောလတ်လတ်မှာမူ ပြည်သူ ပရိသတ်အပေါ်မှာ ဩဇာရှိသော ဘာသာရေးဘက်တွင် အလွန်ထင်ရှားသော အရှင်ညာဏိဿရကို အကြောင်းပြုပြီး တိုက်ခိုက်လာပြန်သည်။

မွန်းတည့်နေအမည်ရှိ ဂျာနယ်တွင် လက်ရှိ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်အများစုက ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလျှင် အမျိုးသာသနာ မှေးမှိန်နိုင်စရာရှိသည်ဟု ယုံကြည်နေကြသဖြင့် လက်ရှိ သမ္မတဦးသိန်းစိန်ကို ထောက်ခံမဲပေးရန် သီတဂူဆရာတော်က မိန့် ကြားလိုက်ကြောင်း ဟု ရေးသားထားသည်။
ယခုကိစ္စတွင် အရှင်ဝီရသူ ကိုယ်တိုင်ကလည်း သတင်းလုပ်ကြံဖြန့်ခဲ့ကြောင်း သိရသည်။

ဤကိစ္စနှင့် ပတ်သက်၍ ဆရာတော်ဘုရား အရှင်ညာဏိဿရထံလျှောက်ထားရာ ဆရာတော်က ၁၅ ရက်နေ့ကဟောတဲ့တရားRecord မှာ ၁၉ ရက်နေ့ ရန်ကုန်ကိုယူလာတယ်။ အဲဒီအခွေကိုနာထောင်ကြည့်ရင် အားလုံးရှင်းသွားမယ်။ ဦးဇင်းဝီရသူကိုလည်း ကျုပ်ရှင်းခိုင်းထားတယ်။ ဝီရသူ အဲဒါတော့ရှင်းပေးလို့ ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ကို မဲမထည့်နဲ့လို့ ဟောသလား၊ ဆရာတော်က ပြောသလား၊ မင်းတို့ရှင်းကြကွာလို့ ပြောလိုက်တယ်၊ မင်း ငါ့ကိုအသုံးချတယ်၊ မင်းတို့ ဘယ်လိုလုပ်မလဲလို့ပြောလိုက်ပြီးပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘုန်းဘုန်းဖုန်းဆက်ပြော ပြီးပြီ၊ ဒေါ်အောင်ဆန်းစုကြည်ကတော့ နားလည်မှုရှိပါတယ်။ ဆရာတော် ဟောခဲ့တဲ့တရားကို နာလိုက်ရင်ပြီးတာပဲ။ ကျုပ်ဒီကိစ္စမှာပါလဲမပါဘူး၊ ပြောလဲမပြောဘူး။

ဒေါ်အောင်ဆန်းစုကြည်ရှေ့မှာ ကျုပ်ရှိတယ်။ ကျုပ်ဟာလဲ ပြည်သူလူထု ကျန်းမာရေး၊ ချမ်းသာရေး လုပ်နေတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ပြည်သူလူထုအကျိုး ဆောင်ရွက်နေသူပဲ။ ဘယ်သူ့ကို မဲထည့်ပါ၊ ဘယ်သူ့ကို မထည့်ပါနဲ့ဆိုတာ ကျုပ်ပြောကို မပြောဘူး ဟု ဆရာတော်ဘုရားက မိန့်ကြားလိုက်ပါသည်။

ဆရာတော် ဝီရသူသည် လက်ရှိ အာဏာရသူတို့ဘက်က ရပ်တည်ဟောပြော လုပ်ဆောင်နေသူဖြစ်သည်ဟု ပြည်သူကြားထဲမှာ ယုံကြည် နေသည်ကို ယခုကိစ္စက ပို၍သေချာခိုင်မာအောင် သက်သေပြလိုက်ခြင်းပဲ ဖြစ်သည်ဟု ဝေဖန်နေကြသည်။

မိမိပြောစကားကို လိုရာဆွဲအသုံးချခြင်းဖြစ်ကြောင်း သီတဂူဆရာတော် မိန့်ကြား (2014-01-17)
ဇန်နဝါရီလ ၁၅ ရက်နေ့က မန္တလေးမြို့မှာကျင်းပတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည် - မန္တလေး ) ညီလာခံမှာ သီတဂူဆရာတော် ဘဒ္ဒန္တဥာဏိဿရမှ သြဝါဒစကား မိန့်ကြားနေစဉ်

မန္တလေးမြို့ရှိ မဟာအတုလဝေယန် (အတုမရှိ) ကျောင်းတော်ကြီးမှာ အခုလ ၁၅ ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့ (အထက်မြန်မာပြည် - မန္တလေး) ဖွဲ့စည်းခြင်းနဲ့ သြဝါဒခံယူပွဲမှာ သီတဂူဆရာတော် အရှင်ဥာဏိဿရ က လာမယ့်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ကို မဲမပေးဘဲ သမ္မတ ဦးသိန်းစိန်ကို မဲပေးကြဖို့ သြ၀ါဒပေးခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ လိုရာကိုဆွဲယူ အသုံးချမှုကြောင့် ပေါ်ပေါက်ခဲ့ရ တာဖြစ်ကြောင်း သီတဂူဆရာတော် အရှင်ဥာဏိဿရ က RFA ကို မိန့်ကြားလိုက်ပါတယ်။

တစ်နိုင်ငံလုံးက သံဃာတော်တွေ သောင်းနဲ့ချီတက်ရောက်တဲ့ အဲဒီညီလာခံကို ရောက်ရှိနေစဉ်အတွင်း အလွတ်သဘော မိမိဆွေးနွေးခဲ့တာတွေထဲက စကားတချို့ကို သံဃာတစ်ပါးက သူလိုသလို ဆွဲယူမိန့်ကြားခဲ့တဲ့အတွက် အင်တာနက် စာမျက်နှာတွေ အပါအ၀င် လူထုကြားမှာ အခုလိုရုတ်ချည်း ပျံ့နှံ့သွားခဲ့ရတာဖြစ်တယ်လို့ ဆရာတော်ကြီးက သောကြာနေ့ မနေ့က မိန့်ကြားခဲ့ပါတယ်။

"ဒီသံဃာ ၃ သောင်းတက်တဲ့ အစည်းအဝေးကြီးမှာ အလွတ်သဘော ဝိုင်းထိုင်ပြီးတော့ ပြောကြ တဲ့နေရာတွေမှာကတော့ ဟေ့ကြံ့ခိုင်ဖွံဖြိုးရေးက အခြေခံဥပဒေကိုသာ မပြင်ဘူး၊ ဒီအတိုင်းပဲ သွားမယ်ဆိုရင်တော့ ဒီသမ္မကြီးနဲ့ပဲ တို့သွားရမှာပဲ၊ အခြေခံဥပဒေ ပြင်လိုက်ရင်တော့ တို့သမ္မတအသစ် ရမှာပဲ၊ မပြင်ဘူးဆိုရင်တော့ သမ္မတကြီးဦးသိန်းစိန်ကိုတော့ ဆက်လက်အားပေးသွား တာကောင်းတယ်၊ ပြင်လိုက်ရင်တော့ ပြင်တဲ့အတိုင်း တို့သမ္မတအသစ်နဲ့ သွားကြရမှာပေါ့၊ သမ္မတအသစ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖို့ အလားအလာရှိတယ် စသဖြင့် အလွတ်သဘောတွေ ဝိုင်းပြီးပြောနေတာ၊ အဲဒီအထဲက စကားလုံးလေးတစ်လုံးကို ကောက်ပြီးတော့ ရခိုင်ဆရာတော်တစ်ပါးက သူ့ခံစားချက်ရှိမှာပေါ့၊ အဲဒါလေးကို၊ ဘုန်းကြီးကိုအသုံးချပြီးတော့ ပြော သွားတာ၊ အဲဒီဥစ္စာပြန့်ကျဲသွားတာ"

ဒါ့အပြင် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ပါက မည်သည့်ပုဂ္ဂိုလ်ပဲသမ္မတအဖြစ် တာဝန်ထမ်းဆောင်သည်ဖြစ်စေ တိုင်းပြည်တိုးတက်မှာ မဟုတ်ကြောင်းဖြင့်လည်း သီတဂူဆရာတော်က RFA ကို မိန့်ကြားပါတယ်။

"ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးဆိုရင်၊ ညီညွှတ်ရေးကိုလည်း မတည်ဆောင်နိုင်ဘူး ဆိုခဲ့ရင်တော့ အဲဒါဘယ်လောက်ကောင်းတဲ့ သမ္မတဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ပဲတက်တက်၊ ဦးသိန်းစိန်ပဲလာလာ၊ ဦးရွှေမန်းပဲလာလာ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်မယ့် ပိုက်ဆံတွေဟာ သေနတ်ကျည်ဆန်တွေနဲ့ပဲ အချိန်ကုန်သွားကြမှာပဲ၊ နိုင်ငံတော်အတွက် အလုပ်လုပ်မယ့် လူသားတွေဟာ တိုက်ပွဲမှာသေဆုံးပြီးတော့ အများကြီး ဝမ်းနည်းစရာတွေဖြစ်ကုန်မှာ၊ အဲဒါကြောင့်မို့ ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့အဆင့်ထဲမှာ တည်ဆောက်ဖို့ ဆိုတာကိုတော့ တို့များက အလေးအနက် တမျိုးသားလုံးကို တိုက်တွန်းချင်တယ်"

မန္တလေးသံဃာ့ ညီလာခံမှာ မိမိအနေနဲ့ သာသနာပြုလုပ်ငန်းတွေကို လူမှုရေးလုပ်ငန်းတွေနဲ့အတူ တွဲဖက်ဆောင်ရွက်ရေး၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးသူငယ် သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ကူညီရေးနဲ့ ဘာသာလူမျိုးမတူညီသူတွေအကြား နားလည်ချစ်ကြည်လေးစားစွာ အတူတကွယှဉ်တွဲနေထိုင်ရေးစတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးဆိုင်ရာ အချက် ၃ ချက်ကို အဓိက ဟောကြားခဲ့တယ်လို့လည်း သီတဂူဆရာတော်ကြီးက မိန့်ကြားခဲ့ပါတယ်။

မိမိပြောစကားကို လိုရာဆွဲအသုံးချခြင်းဖြစ်ကြောင်း သီတဂူဆရာတော် မိန့်ကြား
2014-01-17

ဘုန်းဘုန်းရေ သမ္မတကြီးကိုချစ်ပါတယ်

ကျွန်တော်တို့ လည်းပြည်ခိုင်ဖြိုးပါ

ဒါပေမဲ့ ဘဘုန်းဘုရား ဦးသာအေးလို

အာဏာရှင်ဆန်ဆန် အုပ်ချုပ်နေတာကို

တော့ မကြိုက်ဘူး။

စစ်ဗိုလ် စတိုင်မပျောက်သေးဘူး

ဝန်ထမ်းတွေကို အပုတ်ချတာ ပြင်သင့်ပြီ

မဟုတ်ရင်တော့ ၂၀၁၅ ဟာ ကျွန်တော်

တို့တိုင်းမှာ ဝမ်းနည်းစရာ ဖြစ်လိမ့်မယ်။

ဆရာတော်ကြီး ကျန်းမာပြီး သက်တော်ရာကျော် ရှည်ပါစေ။ အမျိုးဘာသာ သာသနာကို ဆက်လက်စောင့်ရှောက်နိုင်ပါစေ။

သတင်းကို အ​ရောင်​မဆိုးသင့်​ ပရိသ၁တ်​ကို အထင်​မ​သေးနှင့်

သတင်းကို အ​ရောင်​မဆိုးသင့်​ ပရိဿတ်​ကို အထင်​မ​သေးနှင့်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်