Subscribe to our RSS Feed

အရယ်ရဆုံးစကားဝိုင်း

From : https://www.facebook.com/photo.php?fbid=261719420658722&set=a.111179099046089.21550.100004619984171&type=1&relevant_count=1




DVBကထုတ်လွှင့်နေတဲ့ ဧရာဝတီဆွေးနွေးဝိုင်းတစ်ခုကို စာမျက်နှာထက် ပြန်ဖော်ပြထားတာ တစ်နေ့က ဖတ်မိသဗျ။

အဲဒီဆွေးနွေးပွဲမှာ NLDက နာမည်ကြီးပြည်သူ့မွတ်တော်..အဲလေ..လွှတ်တော်ကိုယ်စားလှယ် ဗောင်းတော်ညိတ် (မိတ္ထီလာ) ဦးဝင်းထိန်၊ကာတွန်း မြိတ်ဝင်းထိန်(မဟုတ်)၊ဖင်မွှေးနီ ၈၈ကျောင်းသားကြီး ကိုပြုံးချိုနဲ့ ဧရာဝတီက မီးလောင်ရာလေပင့် မေးမြန်းခန်းဖွင့်သူ ကျော်စွာမိုးတို့ပါတယ်ဗျ။ထုံးစံအတိုင်းပေါ့ဗျာ။သူများမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေနဲ့ အက်ကြောင်းထပ် ဆတ်ဆလူးခါ ဖွဲ့စည်းပုံပြင်ဆင်ရေး အကြောင်းရာတွေပါပဲ။
ထူးမခြားနား ပတ်ပျိုးနဲ့ ရိုးအီနေတဲ့ ဇာတ်ထုတ်ကြီးမှာ တစ်မျိုးတစ်မည် ဆန်းသစ်စွာ တင်ဆက်ခဲ့တာက ဇာတ်သိမ်းမှာကတဲ့ နတ်ယိမ်းဗျ။

အဲဒီနတ်ယိမ်းမှာ နတ်စိမ်းဖြစ်လေသူ မော်ဒယ်(မယ်ဒေါ်ကြီး)ကို စစ်စိမ်းတွေက သမ္မတဖြစ်မှာ သိပ်ကြောက်ကြကြောင်း သီချင်းစာသားတစ်ကြောင်းပါတယ်ဗျ။
အဲဒါကတော့…မယ်ဒေါ်မယ်မင်းကြီးမ အာဏာရလို့ရှိရင် ဒုဗိုလ်မှူးကြီးအထက် အကုန်ရှင်းမယ်ဆိုတာ တပ်အသိုင်းဝိုင်းက ယုံကြည်နေတာကြောင့် ၅၉(စ)ကို မပြင်ရဲတာပါတဲ့ ခင်ဗျာ…။မယ်ဒေါ်က သူ့အဖေတည်ထောင်ထားတဲ့ တပ်မတော်မို့ သံယောဇဉ်ရှိတယ်ဆိုတာလည်းပါရဲ့။သူ့လက်ထက်မှာ တပ်မတော်ကြီး ပိုကောင်းလာမယ်ဆိုတာလည်း ပါရဲ့ဗျာ။

မပြုံးဘဲနဲ့ ၀ါးလုံးကွဲ ရီလိုက်ချင်ပါတယ်။

ဒီလိုခြိမ်းခြောက်စကားမျိုးကို ၉၀ရွေးကောက်ပွဲတုန်းကတစ်ခါ နားစွန်နားဖျား ကြားဖူးသဗျ။ခုတစ်ခါကတော့ ပိုရီရသဗျာ။တပ်မတော်မှာ အရာရှိကြီးစာရင်းဝင်တွေက ခင်ဗျားတို့လို အတွေးခေါင်ခေါင် ခပ်ကြောင်ကြောင်တွေ မဟုတ်ဘူးဗျ။ စကားတစ်ခွန်းကိုလည်း ပြောတိုင်းယုံတတ်ကြသူတွေ မဟုတ်ဘူးဗျ။အနည်းဆုံး တပ်ရင်းတစ်ရင်းကို ကိုင်တွယ်စီမံခန့်ခွဲဖူးသူတွေ။ဟုတ်မဟုတ် မှန်မမှန် ဝေဖန်ပိုင်းဖြတ်နိုင်ကြပါတယ်ဗျာ။

ခင်ဗျားတို့သာ ခင်ဗျားတို့ဘက်ကထုတ်နေတဲ့ ဗျူးလုံးတွေကနေလာတဲ့ သောင်စဉ်ရေမရ စကားတွေကို ဒီလိုဆွေးနွေးဝိုင်းမှာ ထည့်ပြောခဲ့တာမို့ ဆင်ခြင်တုံတရား အင်မတန် နည်းလွန်းနေသလား တွေးမိသဗျာ။

ဘယ်ခေတ်၊ဘယ်အခါ၊ဘယ်ကမ္ဘာမှ မရှိတဲ့ ယုံတမ်းစကားကို ဒီဘက်ကပဲ အမှန်ထင်နေသယောင် ခြေခြေမြစ်မြစ်မသိဘဲ ရမ်းတုတ်၊မှန်းတုတ်၊ဤနှစ်သုတ်အနက် တစ်သုတ်သုတ်တော့မှန်ရမည် ဆိုတဲ့ ခင်ဗျားတို့လုပ်ပေါက်က ဟာသပဲဗျ။

အင်း ဒီလိုပုံ ဒီလိုချိုးနဲ့ ၂၀၁၅မှာ ခင်ဗျားတို့ပါတီကြီး အနိုင်ရသွားပြီး ၀န်ကြီးတွေတက်လုပ်မယ်ဆိုရင်တော့ ဘိုးတော်ဦးဝိုင်း ခွေးကြည့်ခိုင်းတာထက်ဆိုးပြီး ခါးတောင်းကြိုက်တစ်ခြား ဖင်တစ်ခြား မောင့်ကျက်သရေတလွှားလွှားနဲ့ပုံကို ပြေးမြင်မိသဗျိုး….ဟိုးဟိုး…။

မှတ်ချက်။ယုံမှတ်သူများ ပုံအပ်ကြပါခင်ဗျား။
  

4 comments:

အားလို့ပြောတဲ့ စကားဝိုင်းပါဗျားးးးးးအသုံးမတည့်ပါဘူးးးး

အဲ့ဒိ ​ကောင်​ကြီး​ကြောင့်​ ငါတို့ မိတ္တီလာ နာမည်​ပျက်​​တယ်​ သွား​သေလိုက်​ ဝင်းထိန်

ဟေ့ကောင် မင်းထမင်းစားပြီးကြီးတာလား
ချီးစားပြီးကြီးတာလား
လူက မွေးရင် လူလိုပြောကွ
ခွေးလိုမ ဟောင် နဲ့
ကုလား ကိုချစ် ရင် မင်းဖာသာ ဖင် ခံ
တခြားလူတွေထိခိုက် အောင် မ ပြောနဲ့
မလုပ်နဲ့

NLD ခွေးတစ်သိုက်ကို ဘယ်တော့မှ အာဏာမပေးကြပါနဲ့ဗျာ ဒီအုပ်စုကိုမြင်နေ ကြားနေရတာ ကျက်သရေတုံးလွန်းလို့ပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်