Subscribe to our RSS Feed

ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ဆက်ကြေးကောက်ခံလျှက်ရှိ

From : .... www.MyanmarExpress.net




ဟိုပင် ဆယ်ဇင်း ကားလမ်းပေါ်တွင် KIA မှ ခရီးသည်တင်ယာဉ်များထံ ဆက်ကြေးများ အတင်းအဓမ္မကောက်ခံလျှက်ရှိကြောင်း ဆယ်ဇင်းရွာသားတစ်ဦး ပြောကြားချက်အရသိရသည်။  

ပွင့်လင်းရာသီရောက်လာလို့ ဟိုပင် ဆယ်ဇင်း ကားလမ်းပွင့်ပြီး ကျနော်တို့ရွာသားတွေ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေခဲ့ပါတယ်။ ခုတော့ KIA ကလမ်းကကားတွေကို လမ်းပြင်စားရိတ်ဆိုပြီး ၁၂ဘီးကားကို တစ်စီး ၁၅သိန်း၊ ခရီးသည်တင်ကားကို တစ်စီး ၅သိန်း ဆပ်ကြေးကောက်ခံနေပါတယ်။ ဦးဆောင်သူကတော့ KIA ဆယ်ဇင်းရွာတာဝန်ခံ ဦးဌေး နှင့် နဂါးလေးတို့ဖြစ်ပါတယ်။ ဆပ်ကြေးမပေးရင်လဲ KIA ကကားတွေကိုမီးရှို့မယ်လို့ နဂါးလေးကိုယ်တိုင်ရွာထဲမှာ ခြိမ်းခြောက်ထားပါတယ်။ ဒါတင်မကသေးပဲ KIA ရိက္ခာအတွက်ဆိုပီး ၁၂ဘီးကို ၁၂သိန်း ခရီးသည်တင်ကားကို ၇သိန်းမပေးမနေရ ထပ်ကောက်နေပြန်ပါတယ်။ ဆပ်ကြေးတွေ ခေါင်းစဉ်အမျိုးမျိုးနဲ့ မတရားကောက်ခံနေတာကြောင့် ကားပိုင်တွေ ဒုက္ခရောက်ရသလို ကျေးရွာနေ ပြည်သူတွေကလဲ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း ဆပ်ကြေးပေးရခြင်းဖြင့် အတော့်ကို ဒုက္ခရောက်နေကြရပါတယ်ခင်ဗျာ။ DVB ကperson of the year ပေးထားတဲ့ ဗိုလ်ချုပ်ဂွမ်မော်နှင့် သက်ဆိုင်သူများ ဒီကိစ္စတွေကို သိသလားတော့ မသိဘူး။ သက်ဆိုင်သူတွေအနေနဲ့  အမြန်လာရောက် ကူညီဖြေရှင်းပေးစေချင်ပါတယ်။

1 comments:

အင်း တော် ကြီး ဒေ သ မှ ရှမ်း က လေး သူ ငယ် များ အား အ ဓ မ္မ လူ သစ် စု ဆောင်း ခြင်း..ဆယ် ဆင်း ရွာ မှ မီး သတ် ကို သာ အေး အား အ မာ ခံ အ ဖြစ် ငွေ ပေး ၍ ရပ် ကွက် အ တွင်း ရှိ လောင်း က စား ဝိုင်း များ ပြည့် တန် ဆာ အိမ် များ မှ ဆက် ကြေး ကောက် ခြင်း .၄င်း ရွာ မှ ဦး သောင်း ဌေး ..ဦး သန်း ထွန်း ..ကို ဇော် မျိုး ထွန်း တို့ မှ kia ခွင့် ပြု ချက် ဖြင့် တ ရား မ ဝင် ရွှေ လုပ် ကွက် များ အား နန့် ပုတ် ရွာ အ ထွက် တွင် အ ဓ မ္မ ရောင်း ချ ခြင်း ..မြို့ နယ် အုပ် ချုပ် ရေး နှင့် တပ် လုံ ခြုံ ရေး ကိ စ္စ များ အား နှောက် ယှက် ခြင်း ..ဒေ သ ခံ များ အား လက် နက် အား ကိုး ဖြင့် အ မြဲ ခြိမ်း ခြောက် အ ကြပ် ကိုင် ခြင်း များ ဆောင် ရွက် နေ ကြောင်း ဆယ် ဆင်း မှ မိတ် ဆွေ များ မှ ပြော ပြ ပါ တယ်..kia အ ဖွဲ့ မှာ ဆယ် ဆင်း နှင့် လုံး တုံ ကြား လှုပ် ရှား နေ သော ရင်း ၂၆ ဟု သိ ရ ပါ သည်...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်