Subscribe to our RSS Feed

အဓမ္မပြုကျင့်ခံရသူ အမျိုးသမီးတွေအပေါ် အပြစ်ပုံချတဲ့ အမတ်ကို ဝေဖန်ကြ

From : .ABC

 အိန္ဒိယနိုင်ငံက ​အမျိုးသမီးနိုင်ငံရေးသမား ​တစ်ဦးက ​အမျိုးသမီးတွေ ​အတင်းအဓမ္မ ​ပြုကျင့်ခံရတာဟာ ​အမျိုးသမီးတွေ ​ဝတ်ဆင်တဲ့ ​အဝတ်အစား၊ ​သွားလာတဲ့နေရာနဲ့ ​အမူအယာတွေကြောင့် ​ဖြစ်နိုင်တယ်လို့ ​ပြောဆိုလိုက်တဲ့အပေါ် ​မကျေမနပ် ​ဖြစ်နေကြပါတယ်။
Nationalist ​Congress ​Party ​ခေါင်းဆောင် ​Asha ​Mirje ​ဟာ ​အိန္ဒိယနိုင်ငံမှာ ​ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ ​အသက် ​၂၃ ​နှစ်အရွယ် ​ဆေးကျောင်းသူတစ်ဦး ​ဘတ်စ်ကားပေါ်မှာ ​အုပ်စုလိုက် ​အဓမ္မပြုကျင့်ခံရမှုနဲ့ ​ပတ်သက်ပြီး ​ပြောဆိုလိုက်တာ ​ဖြစ်ပါတယ်။
အဆိုပါ ​လွှတ်တော်အမတ်က ​အဲဒီဆေးကျောင်းသူဟာ ​ည ​၁၁ ​နာရီအချိန်မှာ ​သူငယ်ချင်းတွေနဲ့ ​ဘာကြောင့် ​အပြင်ထွက်တာလဲ ​ပြီးတော့ ​စက်ရုံဟောင်းတစ်ခုမှာ ​သတင်းယူရင်း ​အဓမ္မပြုကျင့်ခဲ့ရတဲ့ ​အမျိုးသမီးနဲ့ ​ပတ်သက်ပြီး ​အဲဒီ ​ဓာတ်ပုံသတင်းထောက်ဟာလည်း ​ဘာကြောင့် ​လူသူကင်းမဲ့တဲ့ ​နေရာမှာ ​သတင်းယူရတာလည်း ​ဆိုပြီး ​မေးခွန်းထုတ်ခဲ့ပါတယ်။
ပြီးတော့ ​အမျိုးသမီးတွေရဲ့ ​ဝတ်ဆင်မှု၊ ​အမူအယာနဲ့ ​မသင့်တော်တဲ့ ​နေရာမှာ ​သွားလာတာတွေက ​မုဒိမ်းကျင့်မှုတွေကို ​ဖြစ်စေတယ်လို့ ​အဆိုပါ ​လွှတ်တော်အမတ်က ​ပြောလိုက်ပါတယ်။
ဒီလို ​ပြောဆိုမှုတွေကို ​သူ့ပါတီတွင်းက ​လူတွေကတောင် ​နှုတ်ဆိတ်နေပြီး ​တခြားပါတီတွေကလည်း ​ဝေဖန်မှုလုပ်လိုက်ပါတယ်။
ဝေဖန်သူတွေကတော့ ​မုဒိမ်းကျင့်ခဲ့သူကို ​အပြစ်မတင်ပဲ ​မုဒိမ်းကျင့်ခံရသူတွေကို ​အပြစ်တင်တာကို ​ဒေါသထွက်နေကြတာ ​ဖြစ်ပါတယ်။
အမျိုးသမီးတိုင်းဟာ ​သူတို့ ​သွားချင်တဲ့နေရာ၊ ​ဝတ်ချင်တဲ့ ​အဝတ်အစားကို ​ဝတ်ခွင့်ရှိတဲ့အကြောင်း ​ဒီလို ​ဝတ်တာကို ​ကြည့်ပြီး ​စိတ်ရိုင်းဝင်၊ ​စိတ်မထိန်းနိုင်တဲ့ ​ယောင်္ကျားတွေအပေါ်မှာသာ ​အပြစ်ရှိကြောင်း ​ပြောလိုက်ပါတယ်။
ယောင်္ကျားတွေဟာ ​တိရိစ္တာန်တွေမဟုတ်တဲ့အတွက် ​စိတ်တွေထိန်းသင့်တဲ့အကြောင်း ​ပြောဆိုနေကြပါတယ်။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်