Subscribe to our RSS Feed

ခန္ဓာကိုယ် အလှအပအတွက် ချစ်သူထံမှ အကြံကောင်းများ ရရှိကြောင်း ရှာကီရာဆို

From : Planet Myanmar Network


အသက်(၃၆)နှစ်ရှိ ရှာကီရာသည် ပီကေးနှင့်အတူ မီလန်အမည်ရှိ သားငယ်လေးကို ရရှိထားပြီးဖြစ်သော်လည်း တစ်သားမွေး တစ်သွေးလှနေသည့် ဓာတ်ပုံများကို Glamour မဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့မိမိအနေဖြင့် ချစ်သူဖြစ်သည့် ဂျရတ်ပီကေးထံမှ ခန္ဓာကိုယ် အလှအပဆိုင်ရာ အကြံဉာဏ်ကောင်းများစွာ ရရှိခဲ့ကြောင်း ရှာကီရာက ဖွင့်ဟ ပြောကြားလိုက်သည်။ ကိုလံဘီယာ နာမည်ကျော် Popအဆိုတော်သည် စပိန်လက်ရွေးစင်နှင့် ဘာစီလိုနာ ဘောလုံးအသင်းတို့၏ ခံစစ်မှူး ပီကေးနှင့် ချစ်သူများအဖြစ် ကာလရှည်ကြာ တွဲနေခဲ့ပြီး ဖြစ်သည်။ အသက်(၃၆)နှစ်ရှိ ရှာကီရာသည် ပီကေးနှင့်အတူ မီလန်အမည်ရှိ သားငယ်လေးကို ရရှိထားပြီးဖြစ်သော်လည်း တစ်သားမွေး တစ်သွေးလှနေသည့် ဓာတ်ပုံများကို Glamour မဂ္ဂဇင်းအတွက် ရိုက်ကူးပေးခဲ့သည်။ သူမကို ပရိသတ် အချို့က အလွန်အကျွံ ပိန်သွားကြောင်း ဝေဖန်မှုများ ပြုလုပ်ခဲ့သော်လည်း ရှာကီရာကမူ လက်ရှိ ခန္ဓာကိုယ် အချိုးအစားအတွက် ကျေနပ်ကြောင်း ဖွင့်ဟခဲ့သည်။




"ကျွန်မရဲ့လူ ပီကေးကတော့ အရိုးပေါ် အရေတင်နေတာထက် အသားများများပဲ ရှိစေချင်ပါတယ်"ဟု ရှာကီရာက ရယ်ရယ်မောမော ဆိုသည်။ သူမက "သူက အရမ်းပိန်ကပ်နေတာကို မကြိုက်ပါဘူး။ ဒါက ကျွန်မအတွက်တော့ နည်းနည်းလေး စိတ်သက်သာရာ ရစေခဲ့တယ်။ အနည်းဆုံးတော့ အလွန်အကျွံ ဝိတ်ချနေစရာ မလိုဘူးပေါ့လေ။ ဒီလဆိုရင် ကျွန်မသိပ်ပြီး လေ့ကျင့်ခန်း မလုပ်ဖြစ်ဘူး။ ကျွန်မရဲ့ အယ်လ်ဘမ်တစ်ခု အဆုံးသတ်နေတယ်။ ကလေးကိုလည်း ကြည့်ရသေးတယ်။ ဒီတော့ အလုပ်နည်းနည်း ရှုပ်နေတယ်"ဟု ရှာကီရာက Glamourသို့ ပြောကြားခဲ့သည်။

ရှာကီရာသည် ရီဟန်နာနှင့် တွဲဖက်၍ Can't Remember To Forget You အမည်ရှိ သီချင်းကိုလည်း စီစဉ်ဖန်တီးနေသည်။ သူမက "ရီဟန်နာနဲ့အတူ အလုပ်တွဲလုပ်ရတာ ဂုဏ်ယူစရာပါ။ သူက ကမ္ဘာပေါ်မှာ ဆွဲဆောင်မှု အရှိဆုံး မိန်းကလေး တစ်ယောက်လည်း ဖြစ်တယ်။ ပြီးတော့ ကျွန်မတို့ နှစ်ယောက်စလုံးက ကာရေဘီယန်ဖွား မိန်းကလေးတွေပါ။ ကျွန်မတို့ရဲ့ ဆက်ဆံရေးက ကောင်းမွန်ပြီးသားပါ။ သူက ကျွန်မကို တချို့ကကွက်တွေတောင် သင်ပေးသေးတယ်။ ရီဟန်နာက ချစ်စရာကောင်းတဲ့ ဆရာမလေးပါပဲ"ဟု မှတ်ချက်ပြုသွားခဲ့သည်။ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်