Subscribe to our RSS Feed

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ သီလဂုဏ်၊ သမာဓိဂုဏ်နဲ့ ပြည့်စုံတဲ့ဆရာတော်တွေကို အမြဲဦးထိပ်ပန်ဆင်ထားတဲ့သူတွေပါ

From : https://www.facebook.com/photo.php?fbid=258333227664008&set=a.111179099046089.21550.100004619984171&type=1&relevant_count=1

 


 ကိုရင်ဇော်သိန်း(ခေါ်)ရှင်ဆန္ဒာဓိက ဘုရား


တပည့်တော်သည် အရှင်ဘုရား၏ လုပ်ရပ်နှင့် စိတ်ဓာတ်များအား အတိုင်းမသိ လေးစားကြည်ညိုမိသူပါဘုရား။

ပုဂ္ဂိုလ်ခင်မှ တရားမင်ဆိုသည့်အတိုင်း တပည့်တော်သည်လည်း အရှင်ဘုရားဇာတိချက်မြှုပ်ရာ ရေနံချောင်းဇာတိဖြစ်၍ ပိုမိုလေးစားကြည်ညိုမိပါသည် ဘုရား။ဆရာတော်၏ ၀ိနည်း၊ကျင့်စဉ်၊ဥာဏ်ပညာထူးချွန်ထက်မြက်မှု၊ သာသနာတော်အပေါ် အတိုင်းမသိ ယုံကြည်သက်ဝင်မှု၊ဆရားသမားများပေါ် ကျေးဇူးသိတတ်မှု၊ စာအရေးအသား ကောင်းမွန်မှု အစရှိသည်တို့အပေါ် အလွန်တစ်ရာ ဂုဏ်ယူလေးစား မုဒိတာပွားမိပါသည်ဘုရား။

ယခု ချင်းတောင်တန်းတွင် အရှင်ဘုရားနှင့်ပတ်သက်၍ တပည့်တော် စိတ်မကောင်းကြီးစွာ ဖြစ်ရပါသည် ဘုရား။

ဘုရားတပည့်တော် ရိုသေစွာ လျှောက်ထားတောင်းပန်အပ်ပါသည် ဘုရား။

သီရိဓမ္မာ အသောကမင်းကြီးလက်ထက်တွင် နိဂျောဓသာမဏေနှင့် ၄င်းမင်းကြီး၏ အကြောင်း အရှင်ဘုရား ကောင်းစွာ သိရှိပြီးသားပါဘုရား။

တပည့်တော် ထပ်လောင်းတင်ပြပါရစေဘုရား။

သီရိဓမ္မာသောက မင်းကြီးဟာ သူ့ဖခင်လက်ထက်က အမွေဖြစ်တဲ့ ဒိဌိတက္ကဒွန်းတွေကို နန်းတော်မှာ ဆွမ်းလုပ်ကျွေးနေတဲ့ အချိန်ဖြစ်တယ်။ဒါပေမယ့် ပါရမီအရ မဟုတ်မမှန်တာကို ဆည်းကပ်ကိုးကွယ်နေရတာဖြစ်လို့ စိတ်မသက်မသာဖြစ်ပြီး လေသာဆောင်မှာ ခဏထွက်ရပ်နေချိန်မှာ နိဂျောဓသာမဏေကို တွေ့မိလိုက်တယ်။အဲဒီအခါမှာ အရွယ်နဲ့မမျှ တည်ငြိမ်ရင့်ကျက်လှတဲ့ ကိုရင်လေးကို မြင်တွေ့ပြီး နန်းတော်မှာ ဆွမ်းဖိတ်ကျွေးဖို့ မင်းချင်းတွေကို ပင့်ဖိတ်ခိုင်းလိုက်ပါတယ်။

၃ကြိမ်တိုင်တိုင် ဧကရာဇ်မင်းက ဖိတ်ခေါ်မှ နန်းတော်ထဲကြွလာတဲ့ အခါ ဘုရင်ကြီးက သင့်လျှော်ရာနေရာမှာ နေပါဆိုတော့ ပလ္လင်ပေါ်တက်ပြီး စံပ္ပာယ်ပါတယ်။

ဒါဟာ ၇နှစ်သားရွယ် သာမဏေငယ်လေးက ဧကရာဇ်ဘုရင်မင်းမြတ်ကို တရားပြတာဖြစ်ပြီး ဧကရာဇ်ဘုရင်ကြီးကလည်း အလွန်နုနယ်တဲ့ သာမဏေငယ်လေးရဲ့ တရားပြမှုကို အကြွင်းမဲ့ လက်ခံပါတယ်။

အရှင်ဘုရား...
ဒီနေ့ ဒီချိန်မှာ ချင်းတောင်တန်းမှာ အရှင်ဘုရားကို ဆည်းကပ်ကိုးကွယ်ပုံ၊အလေးအမြတ်ဂရုပြုပုံတွေက တပည့်တော်စိတ်ထဲမှာ အလွန်တစ်ရာဝမ်းနည်းမိကြောင်းပါဘုရား။

အရှင်ဘုရားဟာ တပည့်တော်တို့ မြို့ရွာတွက်ရော တိုင်းပြည်တွက်ရော အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ပါးပါ။အရှင်ဘုရားဟာ လောကီပညာမှာ ထိပ်တန်းထူးချွန်သူတစ်ဦးဖြစ်ခဲ့ပြီး လောကုတ္တရာမှာလည်း ရွှေပါရမီတောရမှာ ဧကစာကျင့်နေသူတစ်ဦးဆိုတာ တပည့်တော် လေ့လာမိပါတယ်ဘုရား။

ဒါပေမယ့် အရှင်ဘုရားဟာ ဒေါ်စုကို ပုဂ္ဂိုလ်ရေးယုံကြည်ခင်မင်သူတစ်ဦးဖြစ်ကြောင်းကိုလည်း တပည့်တော်ရဲ့ သေးနုပ်တဲ့ ဥာဏ်လေးနဲ့ ဝေဖန်သုံးသပ်သိရှိထားပါတယ်ဘုရား။

ဒါပေမယ့် သံဃာကားအောက် မျောက်ကားအထက်ဖြစ်နေတဲ့ ဖြစ်ရပ်တွေအပေါ် တပည့်တော်တို့ အလွန်တစ်ရာ ကြေကွဲဝမ်းနည်းမိပါတယ် ဘုရား။

အရှင်ဘုရား ပုဂ္ဂိုလ်ရေးအရ လေးစားသူတစ်ယောက်က တပည့်တော်တို့ လေးစားတန်ဖိုးထားသူ ဘုရားသားတော်တစ်ဦးအပေါ် မရည်ရွယ်ဘဲဖြစ်ဖြစ်၊ သိသိချည်းနဲ့ မှိန်းနေသည်ပဲဖြစ်ဖြစ် ခုလိုမျိုး သံဃာနဲ့နှိုင်း ရိုင်းနေတာတော့ ဗုဒ္ဓဘာသာပီပီ အလွန်ကြေကွဲ ခံပြင်းမိကြောင်းပါ ဘုရား။
  

6 comments:

မာန် တက် နေ တာ လား ဒေါ် စု သေ ရင် အ သေ
ဆိုး နဲ့ သေ ရ လိမ့် မယ် ရတ နာ သုံး ပါး စော်
ကား ရင် အ ဝေ စိ ဂျိုး ကပ် လိမ့် မယ်

This woman, Su Kyi insults the Buddhism many times. She esteems herself as a new God. She will be ended soon.

ဘုန်းဘုန်းခုံကို ရှေ့တိုးပေးထားပါတယ်
အာဏာရှင်လက်ပါးစေတွေ ဝါဒဖြန့်တာ မခံရပါစေနဲ့
ရှေ့ကနေရိုက်ထားတဲ့ဓါတ်ပုံပြဦးလေ
လက်ပါးစေခွေးများ

ရတနာ သုံးပါး ကို မ လေး စား တဲ့သူအ ဝေစိ ဂျိုး
ကပ် မယ် မဲ မပေး ကြပါနဲ့ ဗျာ

မိုးကြိုးပစ်​ အုံးမယ်​၊ မြန်​မာပြည်​ဗုဒ္ဓဘာသာအတွက်​ရင်​​လေးစရာအလွန်​​ကောင်းပြကွက်​ပါ၊ဒါလည်းအ​မေ ​အရမ်း​တော်​တာဘဲလား??????????

ငရဲကျမယ့် မိန်းမ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်