Subscribe to our RSS Feed

အလှမယ် ဂုဏ်ရည်အေးကျော် ဆုကြေးငွေကို ကျောင်းဆောက်၊ လှူဒါန်း

From : themeltingpot4u.com

  Miss International 2013 ပြိုင်ပွဲမှာ People Choice ဆုရခဲ့တဲ့ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော်က သူရခဲ့တဲ့ ဆုကြေးတွေကို အလိုတော်ပြည့်ဆရာတော်ကို ၇သိန်း လှူဒါန်းခဲ့သလို ကချင်ပြည်နယ်က စစ်ဘေးခံ ဒုက္ခသည်ကလေးငယ်တွေအတွက် ကျောင်းတစ်ကျောင်း ဆောက်လုပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
နိုင်ငံရေးပွင့်လင်းမှုတွေ စတင်ခဲ့တဲ့မြန်မာနိုင်ငံကို နိုင်ငံတကာက စိတ်ဝင်စားတဲ့အထဲ ကချင်ပြည်နယ်က အစိုးရတပ်နဲ့ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဖြစ်တာကြောင့် Miss International 2013 ပွဲမှာ ကချင်ဝတ်စုံနဲ့ ယှဉ်ပြိုင်ခဲ့တယ်လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။
ဂျပန်နိုင်ငံမှာ သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ် ဂုဏ်ရည်အေးကျော်က ပြိုင်ပွဲမှာသူရခဲ့တဲ့အတွေ့အကြုံတွေကို ဇန်နဝါရီ ၁၄ရက်နေ့မှာ ရှင်းလင်းခဲ့ပြီး အလှမယ်တစ်ယောက်ဟာ လှတာတင်မကဘဲ ဗဟုသုတဘယ်လောက်ရှိဖို့လိုလဲဆိုတာကို ပြောဆိုသွားခဲ့ပါတယ်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ဒီရှင်းလင်းပွဲမှာ နောင်နှစ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာအလှမယ်တွေ စာဖတ်ဖို့အရေးကြီးတယ်လို့ ဂုဏ်ရည်အေးကျော်က ဆိုပါတယ်။
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်