Subscribe to our RSS Feed

Disco ကြိုက်သည့် မိန်းမပျိုလေးအဖြစ် ပြောင်းလဲသွားသည့် ကယ်လီဘရွတ်ခ်

From : .Planet Myanmar Network

ကယ်လီသည် ပုံမှန်အားဖြင့် ရေကူးဝတ်စုံနှင့် အတွင်းခံ အဝတ်အထည်များဖြင့်သာ ကြော်ငြာများ ရိုက်ကူးလေ့ ရှိသော်လည်း Cadbury ချော့ကလက် ကြော်ငြာတွင်မူ အသွင်ထူး၊ အမြင်ထူး ဖြစ်နေသည်။

ကယ်လီဘရွတ်ခ် အနေဖြင့် ချော့ကလက် ကြော်ငြာအသစ် တစ်ခုတွင် သူမ၏ တွေ့နေမြင်နေကျ ညှို့ဓာတ်ပြင်း ပုံရိပ်ကို စွန့်ပယ်ကာ အသွင်သစ်ဖြင့် မြူးကြွနေသည်ကို ထူးထူးခြားခြား တွေ့မြင်ခဲ့ရသည်။ ကယ်လီသည် ပုံမှန်အားဖြင့် ရေကူးဝတ်စုံနှင့် အတွင်းခံ အဝတ်အထည်များဖြင့်သာ ကြော်ငြာများ ရိုက်ကူးလေ့ ရှိသော်လည်း Cadbury ချော့ကလက် ကြော်ငြာတွင်မူ အသွင်ထူး၊ အမြင်ထူး ဖြစ်နေသည်။ သူမသည် အဖြူရောင် အင်္ကျီလက်ရှည်၊ အနက်ရောင် ဂျင်းဘောင်းဘီရှည်တို့ကို လုံခြုံစွာ ဝတ်ဆင်ထားပြီး Disco သီချင်းများ နှစ်သက်သည့် မိန်းကလေး တစ်ဦးအသွင် ဖြစ်နေသည်ကို တွေ့ရသည်။

အသက်(၃၄)နှစ်ရှိ ဗြိတိသျှ စူပါမော်ဒယ်လ်သည် ကားတစ်စင်းပေါ် လိုက်ပါမောင်းနှင်ရင်း ပျော်ရွှင်မြူးကြွစွာ ရှိနေပုံကိုလည်း ယင်းကြော်ငြာ ရိုက်ကွင်းဓာတ်ပုံများတွင် မြင်နိုင်မည် ဖြစ်သည်။ ရိုက်ကွင်းတွင် ကယ်လီ၏ မော်တော်ကားကို ဆပ်ပြာမြှုပ်များ ဖုံးလွှမ်းနေအောင် လူငယ်တစ်ဦးက ကူညီ ဖြန်းပက်ပေးနေသည်ကိုလည်း တွေ့ရသည်။ သူမသည် ကားထဲဝင်ထိုင်ရင်း ရေဒီယိုကို ဖွင့်ကာ (၁၉၇၀)ပြည့်လွန် နှစ်များက ဂန္ထဝင် Discoသီချင်း ဖြစ်ခဲ့သည့် Yes Sir, I Can Boogieကို နားထောင်ရင်း ပျော်ရွှင်နေဟန် သရုပ်ဆောင်ထားသည်။ 


ကယ်လီက "တကယ်တော့ ကျွန်မကလည်း တခြားကောင်မလေးတွေလိုပဲ တစ်ကိုယ်တည်း သီချင်းညည်းနေရတာမျိုးကို ကြိုက်ပါတယ်။ Disco ဂန္ထဝင် သီချင်းတစ်ပုဒ်ရယ်၊ သိပ်ကောင်းတဲ့ ချော့ကလက် တစ်တောင့်ရယ်၊ ကျွန်မအနေနဲ့ ဘာကိုများ ထပ်တောင်းဆိုနေရဦးမှာလဲ"ဟုလည်း ပြောကြားခဲ့သည်။ သူမက ကြော်ငြာနှင့် ပတ်သက်ပြီး "ဒီသီချင်းကို သုံးထားတာ သိပ်ကို မြူးလွန်းတယ်။ ကျွန်မကလည်း လူတွေပါးစပ်မှာ အပြုံးတစ်ခု ပေါ်လာဖို့ ရည်ရွယ်ပါတယ်။ ဒီကြော်ငြာက လက်တွေ့လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု မှတ်ချက်ပြုသွားသည်။ 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်