Subscribe to our RSS Feed

ကင်တာနား၏ (၁၃.၈.၂၀၁၃) နေ့ စစ်တွေမြို့တွင်းခရီးစဉ် (အစ-အဆုံး)

From : ..(သာစွဌာနေ)


သောမတ်ကင်တာနာ၏ ယနေ့စစ်တွေမြို့တွင်းခရီးစဉ်ကို တင်ပေးပါမယ်-


နံနက်(၀၇း၀၀)နာရီမှာ စစ်တွေအကျဉ်းထောင်သို့ထွက်ခွာပါတယ်-အကျဉ်းထောင်မှာတော့ တွေ့နေကျ ဒေါက်တာထွန်းအောင်ဆိုသူကိုတွေ့ပါတယ်။ သူဟာ(၈.၆.၂၀၁၃) မောင်တောမြို့ ဗလီကအဆင်း၊ ဘင်္ဂလီလူအုပ်စုက ဗိုလ်မှူးရွာ(တိုင်းရင်းသားရွာ)ကို မိးရှို့မှုတွေအတွက် တရားရုံးက ထောင်ဒဏ်ချမှတ်ထားသူ ဖြစ်ပါတယ်-


ဦးကျော်လှအောင်နှင့်ကျော်မြင့်ဆိုသူကိုတွေ့ပါတယ်။ ဒီလူဟာလွန်ခဲ့တဲ့နှစ် စစ်တွေမြို့ ဘင်္ဂလီ-ရခိုင် အရေးအခင်းမှာ ပတ်သက်ကြောင်း စွဲချက်နဲ့ ပြစ်ဒဏ်ကျပြီး သမ္မတအမိန့်နဲ့ ပြစ်မှုကျင့်ထုံးပုဒ်မ ၄၀၁ အရ လွှတ်ထားသူဖြစ်ပါတယ်။ (၂၆.၄.၂၀၁၃)နေ့ဘင်္ဂလီဒုက္ခသည်စခန်းမှာ လ၀က က ဆွဲတင်စစ်လုပ်ငန်း ဆောင်ရွက်နေစဉ် လူမျိုးအမည်ကိစ္စအတွက် ၀န်ထမ်းများကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ကြိုးကိုင်စေခိုင်းသူ အဖြစ် တရားစွဲတင်ထားသူများဖြစ်ပါတယ်။ ယင်းနောက် အကျဉ်းသားတစ်ဦး အကျဉ်းသူတစ်ဦးကို တွေ့ရပါတယ်။


တွေ့ဆုံမှုတွေကို သီးခြားလွတ်လပ်စွာတွေ့ခွင့်တောင်းသဖြင့် သီးခြားစီစဉ်ပေးခဲ့ပါတယ်-


ယင်းနောက် စစ်တွေဆေးရုံမှာ၊ ဆေးကုသနေတဲ့ ဘင်္ဂလီ(၅)ဦးတွေ့ပါတယ်။ အဲဒီလူနာတွေက (၉.၈.၂၀၁၃)နေ့ အုန်းတောချေ၊ မှန်စီချောင်းဝ၊ ဂေါဒူဖ ဖြစ်စဉ်တွေမှာ အကြမ်းဖက်လို့ ရဲက လူစုခွဲရာမှာ ဒဏ်ရာရသူတွေဖြစ်ကြပါတယ်။ ရွှေစေတီဆရာတော်ကို ကင်တားနားသွားရောက်ကြည်ညိုပါတယ်။ ဆရာတော်က ဘင်္ဂလီကိစ္စ၊ ပဋိပက္ခကိစ္စ၊ ဘင်္ဂလီလူမျိုးကို ကိုလိုနီအင်္ဂလိပ်အစိုးရက သတ်မှတ်ခဲ့တဲ့ကိစ္စ၊ ရိုဟင်ဂျာမရှိကြောင်း လူအဖွဲ့အစည်းနှစ်ရပ် သင့်မြတ်ဖို့ ယုံကြည်မှုတည်ဆောက်ရမှာဖြစ်ကြောင်း ဘုန်းကြီးတို့ မေတ္တာဝါဒီသမားတွေက၊ တည်ငြိမ်အေးချမ်းပြီး၊ သင့်မြတ်ဖို့လိုလားပါကြောင်း၊ အစိုးရနှင့်ပူးပေါင်း လက်တွဲဆောင်ရွက်ကြရမှာဖြစ်ကြောင်း မိန့်ကြားပါတယ်။


နောက်ပြီး ရခိုင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်နဲ့တွေ့ပါတယ်။ အကျဥ်းထောင်ထဲ ၎င်းတွေ့ခဲ့သောတရားခံများ၏ ပြောကြားချက်တွေကို အခြေပြုပြီး၊ တရားသူကြီးချုပ်ကို မေးခွန်းအချို့မေးပြီး၊ တိုက်တွန်းချက်တွေပြောဆိုပါတယ်။ တရားသူကြီးချုပ်က ခုအချိန်အခါ လွတ်လပ်စွာနဲ့ ဥပဒေနှင့်အညီ တရားစီရင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တရားစီရင်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားခံအခွင့်အရေးလည်း၊ အပြည့်အ၀ပေးကြောင်း ပြောကြားပါတယ်။


ဆက်ပြီး အောင်မင်္ဂလာကိုသွားပါတယ်။ ဘင်္ဂလီတွေနဲ့တွေ့ပါတယ်။ ရပ်ကွက်အတွင်း လျောက်သွားပါတယ်။ အချိန်(၂)နာရီလောက်ကြာပါတယ်


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကိုတွေ့ပါတယ်။ မေးခွန်းအချို့မေးပါတယ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်ဆွေးနွေးပါတယ် ယင်းနောက် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်နဲ့ (၁း၁၅)နာရီမှာ ထွက်ခွာသွားပါတယ်။


ကင်တာနား ခရီးစဉ်တစ်လျောက် အစီအစဉ်ပါအတိုင်းသွားလာရေး၊ တွေ့ဆုံရေးများတွင် ရခိုင်ပြည်နယ် ကာ/လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့က ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။


.. www.MyanmarExpress.net

2 comments:

ဖာခေါင်းကြီး..ငါတို့ရခိုင်တိုင်းရင်းသားတွေကိုဘာလို့မတွေ့တာလဲ။ စောက်ရှက်မရှိဘူးလား။

This Bengali kalar lover is advocating and lobbying for Bengali. Condemn him. Kick him out by beating tin boxes.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်