Subscribe to our RSS Feed

ချင်းယူနိုက်တက်အသင်းကို ဇေကမ္ဘာကုမ္ပဏီမှ စပွန်ဆာပေးမည်

From : ..mizzima

ယခုနှစ် ဘောလုံးရာသီတွင် MNL-2 ပြိုင်ပွဲ၌ ဗိုလ်စွဲပြီး မြန်မာနေရှင်နယ်လိဂ်သို့ တန်းတက်ကစားခွင့်ရထားသော ချင်းယူနိုက်တက်အသင်းအား ဇေကမ္ဘာကုမ္ပဏီမှ စပွန်ဆာပေးရန် နှုတ်အားဖြင့် သဘောတူညီမှု ရရှိထားကြောင်း အသင်းပိုင်ရှင် ဒေါက်တာဂျိမ်းလျန်ဆိုင်းက မဇ်္ဈိမသို့ အတည်ပြုပြောကြားသည်။

ချင်းအသင်းသည် ယခုနှစ် MNL-2 ပြိုင်ပွဲယှဉ်ပြိုင်ကစားခဲ့ရာ၌ စပွန်ဆာမရှိဘဲ ရပ်တည်ခဲ့ခြင်းဖြစ်ပြီး လာမည့်နှစ်
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက် စပွန်ဆာရှာဖွေလျက်ရှိသည်။

“ကျွန်တော်တို့အသင်းကို စပွန်ဆာပေးဖို့ ဇေကမ္ဘာကုမ္ပဏီက စပွန်ဆာပေးဖို့ ပြောထားပါတယ်။ နှုတ်အားနဲ့ သဘောတူညီမှု ရထားတာပါ။ သူတို့ ကုမ္ပဏီပိုင်ရှင်သား ကိုဇေသီဟက ကျွန်တော်တို့ မိဘမဲ့ကျောင်းကို လာလှူရင်း
နဲ့ ပြောထားတာပါ။ တရားဝင် ပြောဆိုညှိနှိုင်းမှု ထပ်လုပ်သွားပါမယ်”ဟု ဒေါက်တာ ဂျိမ်းလျန်ဆိုင်းက ဆိုသည်။

ဇေကမ္ဘာကုမ္ပဏီမှ ချင်းအသင်းကို စပွန်ဆာပေးရာတွင် တစ်စိတ်တစ်ပိုင်းသာ ပံ့ပိုးကူညီမည်ဖြစ်ပြီး အဓိက စပွန်ဆာ
အတွက် ၂၀၁၂ ခုနှစ်က စပွန်ဆာပေးခဲ့ဖူးသော AMC ဆောက်လုပ်ရေးကုမ္ပဏီနှင့် လည်း ပြန်လည် ဆွေးနွေးမည် ဖြစ်
သည်။ 


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်