From :
..mizzima
သြဂုတ် ၄ ရက်က တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ရုံးတွင် ကျင်းပခဲ့သည့် (NLD) ဗဟိုလူငယ် ညီလာခံ ကျင်းပရေးအတွက် ရှမ်းပြည်နယ် လူငယ်ညီလာခံ ကော်မရှင်ဖွဲ့စည်းရေး အစည်းအဝေးအရ ညီလာခံတွင် လူငယ်များ ပါဝင်လာနိုင်ဖွယ် မရှိပေ။
ညီလာခံမှာ လူငယ်ညီလာခံဟုဆိုသော်လည်း လူလတ်ပိုင်းအရွယ် ၃၅ နှစ်မှ အသက် ၄၀ ကြား ပါတီဝင်များနှင့် ဖွဲ့စည်းသွားမည် ဖြစ်သောကြောင့် လူငယ်များ ပါဝင်လာနိုင်ရန် အခွင့်အရေးနည်းပါးသွားပြီဖြစ်သည်။
“လူငယ်ညီလာခံဆိုပေမယ့် လူလတ်ပိုင်းအရွယ် ၃၅ နှစ်ကနေ ၄၀ကြားတွေနဲ့ ဖွဲ့စည်းမှာပါ” ဟု တောင်ကြီး ခရိုင် NLD ဥက္ကဋ္ဌ ဦးတင်တောင်တိုးက မဇ္ဈိမကို ပြောသည်။
ယခု ဖွဲ့စည်းရေးအတွက် ရည်ရွယ်ချက်မှာ လူငယ်များအတွက် ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေးကဏ္ဍများတွင် စွမ်းဆောင်ရည် မြင့်တက်လာစေရန် လူငယ်ညီလာခံမှ စတင်ကာ လွှတ်တော်ကိုယ်စားလှယ်လောင်းများအထိ ပေါ်ပေါက်လာစေရန် ဖြစ်သည်။
NLD လူငယ်ညီလာခံကျင်းပရေးအတွက် ကျင်းပရေး ကော်မရှင်ဖွဲ့စည်းရာတွင် ဝေဖန်သံများထွက်ပေါ်လျှက်ရှိပြီး ဇူလိုင်နောက်ဆုံးပတ်က မကွေးမြို့တွင် လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် ဖွဲ့နိုင်ရန်အတွက် အသက် ၁၆ နှစ်မှ ၃၅ အကြား လူငယ်များကို စည်းရုံးဆောင်ရွက်ခဲ့သေးသည်။
ပါတီဝင် လူငယ်များကို အောက်ခြေမြို့နယ်မှစကာ တစ်ဆင့်ချင်း ဗဟိုအဆင့်အထိ အဆင့်ဆင့် ရွေးချယ်သွားမည် ဖြစ် သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုလူငယ်ညီလာခံ ကျင်းပရေးအတွက် ဗဟိုကော်မရှင်အဖွဲ့ကို အဖွဲ့ဝင် ၂၄ ဦးဖြင့် ဇူလိုင်လ ၉ ရက်က ဖွဲ့စည်းခဲ့သည်။
NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လူငယ်များအား နေရာပေးလိုကြောင်း ပြောလေ့ရှိပြီး အောက်ခြေမှ မဲပေးနည်းစနစ်ဖြင့် ရွေးချယ်ပေးကာ နောက်ဆုံး ဒေါ်အောင်ဆန်းစုကြည်က ရွေးချယ်မှု ပုံစံများကိုမူ
ဝေဖန်မှုများ ရှိနေသည်။
NLD ၏ ပါတီလုံးကျွတ် ညီလာခံတွင် အောက်ခြေအဆင့်တွင် ရွေးချယ်မဲပေးသည့် ပုံစံဖြင့် ရွေးချယ်လာခဲ့သော်လည်း ဗဟိုအဆင့်သို့ ရောက်သောအခါ အမှုဆောင်ကော်မတီဝင်ကို ဒေါ်အောင်ဆန်းစုကြည်ကသာ ရွေးချယ်ခဲ့သဖြင့် ဝေဖန်မှုအများအပြား ရှိခဲ့သည်။
.. www.MyanmarExpress.net

+(3).jpg)

2 comments:
NLD, a political party in Myanmar is a pro-Islam party, pro-colonialist party and non-nationalist. Head of the party is foreigner's wife and relatives, Su Kyi. The whole nation must boycott this party at coming election.
ကုလားအားပေး မွတ်ဒေါင်းပါတီကို
လုံးဝ လုံးဝ လက်မခံပါ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်