From :
..mizzima
အင်ပါယာနေ့စဉ်သတင်းစာတိုက်မှ သတင်းထောက်ခုနစ်ဦးကို သတင်းစာတိုက်ပိုင်ရှင်၏ ခင်ပွန်းက အလုပ်ထုတ် ခဲ့သည့်ကိစ္စကို သတင်းထောက်များက မကျေနပ်သဖြင့် အလုပ်သမားဝန်ကြီးဌာနထံ တိုင်ကြားလိုက်ကြောင်း ကာယကံရှင်များက သြဂုတ် ၁၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားသည်။
“အလုပ်သမားလူတန်းစားနဲ့ မီဒီယာလောကက သတင်းထောက်တွေအပေါ်မှာ အခုလိုလုပ်ရပ်တွေထပ်ပြီး မဖြစ်ပေါ် ဖို့အတွက် အခုလိုတိုင်ကြားရခြင်းဖြစ်တယ်” ဟု အင်ပါယာသတင်းစာတွင် ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုဇမ္ဗူထွန်းက ပြောကြားသည်။
အင်ပါယာနေ့စဉ်သတင်းစာတွင် သတင်းထောက်လုပ်ခဲ့သည့် ကိုဇွဲကလည်း၎င်းကို စတင်အလုပ်ခန့်စဉ်က လစာ ကျပ်တစ်သိန်းခွဲပေးမည်ဟု သဘောတူထားသော်လည်း လစာထုတ်ချိန်တွင် သုံးသောင်းလျော့နေကြောင်း၊ ထို့ပြင်လစာကိုလည်း အကြောင်းအမျိုးမျိုးပြ၍ ဖြတ်တောက်သဖြင့် ကျပ်ရှစ်သောင်းသာရသည်ပင်ရှိကြော င်း စွပ်စွဲပြောကြားခဲ့သည်။
ကိုဇွဲက “ဦးကောင်းမြတ်ထွဋ်က နှစ်ကြိမ်တိုင်ကျွန်တော့်ကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်စိန်ခေါ်တာ ခံခဲ့ရပါတယ်။ ၀တ်ထားတဲ့ အ၀တ်စားက တိုက်ပုံပင်နီဝတ်ပြီး အာဏာရှင်ဆန်ဆန် အလုပ်ထုတ်ခံရပါတယ်” ဟုလည်း သတင်းစာရှင်းလင်းပွဲ၌ စွပ်စွဲပြောဆိုခဲ့သေးသည်။
သတင်းထောက်ခုနစ်ဦး၏ တိုင်တန်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေကို အလုပ်သမားဝန်ကြီးဌာနထံ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “တစ်ဖက်က အလုပ်ထုတ်တဲ့ပိုင်ရှင်ကို ခေါ်တွေ့မေးမြန်းပြီး ဖြေရှင်းပေးမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်ပါယာသတင်းစာတိုက်တွင် လုပ်ခဲ့သည့်သတင်းထောက်များ၏ စွပ်စွဲပြောဆိုမှုခံရသူ ဦးကောင်းမြတ်ထွဋ်ကို လည်း မေးမြန်းရန်ကြိုးစားရာ ၎င်း၏ကိုယ်ရေးအရာရှိ မစုစုချောနှင့်သာ တွေ့ခဲ့ပြီးသူမက “ဦးကောင်းမြတ်ထွဋ်က ရုံးမှာမရှိပါဘူး။ ခရီးသွားနေပါတယ်” ဟုပြောသည်။
အလုပ်ထုတ်ခံရသော သတင်းထောက်ခုနစ်ဦးသည် သတင်းစာတိုက်တွင် ဇွန်လမှစတင် အလုပ်ဝင်ခဲ့ပြီး တစ်လခန့် အကြာတွင် အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။
.. www.MyanmarExpress.net
အင်ပါယာနေ့စဉ်သတင်းစာတိုက်မှ သတင်းထောက်ခုနစ်ဦးကို သတင်းစာတိုက်ပိုင်ရှင်၏ ခင်ပွန်းက အလုပ်ထုတ် ခဲ့သည့်ကိစ္စကို သတင်းထောက်များက မကျေနပ်သဖြင့် အလုပ်သမားဝန်ကြီးဌာနထံ တိုင်ကြားလိုက်ကြောင်း ကာယကံရှင်များက သြဂုတ် ၁၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားသည်။
“အလုပ်သမားလူတန်းစားနဲ့ မီဒီယာလောကက သတင်းထောက်တွေအပေါ်မှာ အခုလိုလုပ်ရပ်တွေထပ်ပြီး မဖြစ်ပေါ် ဖို့အတွက် အခုလိုတိုင်ကြားရခြင်းဖြစ်တယ်” ဟု အင်ပါယာသတင်းစာတွင် ဘာသာပြန်အဖြစ် လုပ်ကိုင်ခဲ့သူ ကိုဇမ္ဗူထွန်းက ပြောကြားသည်။
အင်ပါယာနေ့စဉ်သတင်းစာတွင် သတင်းထောက်လုပ်ခဲ့သည့် ကိုဇွဲကလည်း၎င်းကို စတင်အလုပ်ခန့်စဉ်က လစာ ကျပ်တစ်သိန်းခွဲပေးမည်ဟု သဘောတူထားသော်လည်း လစာထုတ်ချိန်တွင် သုံးသောင်းလျော့နေကြောင်း၊ ထို့ပြင်လစာကိုလည်း အကြောင်းအမျိုးမျိုးပြ၍ ဖြတ်တောက်သဖြင့် ကျပ်ရှစ်သောင်းသာရသည်ပင်ရှိကြော
ကိုဇွဲက “ဦးကောင်းမြတ်ထွဋ်က နှစ်ကြိမ်တိုင်ကျွန်တော့်ကို ကိုယ်ထိလက်ရောက် ခြိမ်းခြောက်စိန်ခေါ်တာ ခံခဲ့ရပါတယ်။ ၀တ်ထားတဲ့ အ၀တ်စားက တိုက်ပုံပင်နီဝတ်ပြီး အာဏာရှင်ဆန်ဆန် အလုပ်ထုတ်ခံရပါတယ်” ဟုလည်း သတင်းစာရှင်းလင်းပွဲ၌ စွပ်စွဲပြောဆိုခဲ့သေးသည်။
သတင်းထောက်ခုနစ်ဦး၏ တိုင်တန်းမှုနှင့်ပတ်သက်၍ ဆောင်ရွက်မည့်အခြေအနေကို အလုပ်သမားဝန်ကြီးဌာနထံ မဇ္ဈိမကဆက်သွယ်မေးမြန်းရာ “တစ်ဖက်က အလုပ်ထုတ်တဲ့ပိုင်ရှင်ကို ခေါ်တွေ့မေးမြန်းပြီး ဖြေရှင်းပေးမှာပါ” ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အင်ပါယာသတင်းစာတိုက်တွင် လုပ်ခဲ့သည့်သတင်းထောက်များ၏ စွပ်စွဲပြောဆိုမှုခံရသူ ဦးကောင်းမြတ်ထွဋ်ကို လည်း မေးမြန်းရန်ကြိုးစားရာ ၎င်း၏ကိုယ်ရေးအရာရှိ မစုစုချောနှင့်သာ တွေ့ခဲ့ပြီးသူမက “ဦးကောင်းမြတ်ထွဋ်က ရုံးမှာမရှိပါဘူး။ ခရီးသွားနေပါတယ်” ဟုပြောသည်။
အလုပ်ထုတ်ခံရသော သတင်းထောက်ခုနစ်ဦးသည် သတင်းစာတိုက်တွင် ဇွန်လမှစတင် အလုပ်ဝင်ခဲ့ပြီး တစ်လခန့် အကြာတွင် အလုပ်ထုတ်ခံရခြင်း ဖြစ်သည်။
.. www.MyanmarExpress.net



2 comments:
Much ado about nothing.
1-NEED TO WRITE NEW *LABOR LAWS* AND
*WORKMAN COMPENSATION LAWS*.AND TOGETHER WITH
"SOCIAL SECURITY" CONTRIBUTIONS AND BENEFITS.
2-THE NEW LAWS SHOULD BALANCE BETWEEN
EMPLOYEES AND EMPLOYERS.
FOR EXAMPLE EMPLOYERS MUST HAVE RIGHT TO FIRE
AND HIRE AND EMPLOYEES MUST HAVE RIGHT
TO SUE TO EMPLOYERS IF NOT PROPERLY
RECEIVE THE BENEFIT.
3-THE NEW LAW SHOULD HAVE CHECK AND BALANCE
BECAUSE LAW SHOULD NOT ALLOW FAVOR ON ONE SIDE.
WE CANNOT GIVE TOO MUCH POWER TO THE EMPLOYERS
BUT NEED NECESSARY POWER TO RUN THE BUSINESS
SMOOTHLY.
WE "CANNOT ALLOW TOO MUCH BARGAINING POWER TO
THE WORKERS UNION".
MUST NOT ALLOW CLOSE DOOR UNION.IN SOME
COUNTRIES LABOR UNIONS ARE SO STRONG AND
TAKING ADVANTAGE AND DEMANDING MORE AND MORE
BENEFIT BY USING THEIR POLITICAL POWER.
THIS KIND OF UNION ACTIONS LOOK LIKE EFFECTING
THE EMPLOYERS BUT EMPLOYERS ARE PASSING DOWN
THE EXTRA EXPENSES TO THE CONSUMERS SO THAT
ALL CONSUMERS / GENERAL PUBLIC HAVE TO TAKE
THE EXTRA BURDEN.
WE NEED SEXUAL *HARASSMENT LAW* TO PROTECT ALL
WOMEN EMPLOYEES.TO PREVENT SEXUAL ADVANTAGE BY THEIR MEN BOSSES USING THE HIRING AND FIRING
POWER.LAW BREAKER SHOULD PUNISH IMPRISONMENT
AND HEAVY FINE TO THE COMPANY.
FOR OUR COUNTRY AND FOR OUR PEOPLE...
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်