From :
..the voice
၁။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ( ယာယီ)သည်
၂၀၁၃ခုနှစ် သြဂုတ်လ (၁၃)ရက်၊ အင်္ဂါနေ့က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်
နာယက ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ၊ ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီသစ်ပါတီမှ ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ်
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။
၂။ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရာတွင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံသားတို့၏ သတင်းသိခွင့်ကို ဖြည့်ဆည်းပေးရန်အပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအကျိုးအလို့ငှာ
ကောင်စီက ရေးဆွဲထားသည့် သတင်း မီဒီယာ ဥပဒေကြမ်းကို
လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦး မှတစ်ဆင့် လွှတ်တော်
သို့တင်သွင်းမည့်လုပ်ငန်းစဉ်များ၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက
ကောင်စီ၏ ပြင်ဆင်အကြံပြုချက်များမပါဝင်ဘဲ ရေးဆွဲထားပြီး
ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ကောင်စီကသဘောမတူ၊ကန့်ကွက်
၊ ပြင်ဆင်ထားသည့်အချက်များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်
ကောင်စီအကြား အထက်ပါ ဥပဒေနှစ်ခုအပေါ် အမြင်မတူ ကွဲပြားချက်များ၊ နှစ်ဖက်သဘောတူထားခဲ့သည့် ကတိကဝတ်များ၊ နှစ်ဖက် အချေအတင်ဖြစ်ပွားခဲ့သည်များနှင့်  ကောင်စီက မကြာမီတင်သွင်းမည့် သတင်းမီဒီယာဥပဒေအပေါ် ထောက်ခံဆွေးနွေးပေးရန် စသည့်အချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
၃။ ထိုသို့ အပြန်အလှန် ဆွေးနွေးရာတွင် ကောင်စီက မကြာမီ လွှတ်တော်သို့ တင်သွင်းမည့် သတင်းမီဒီယာဥပဒေသည် အမှန်တကယ် နိုင်ငံတော်နှင့်
နိုင်ငံသားများအကျိုးကိုရည်ရွယ် ရေးဆွဲထားခြင်းဖြစ်ပါက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူဝါဒစွဲများ မထားဘဲ မည်သည့်ပါတီ၊ လွှတ်တော် ကိုယ်စားလှယ်က တင်သွင်းသည့်ဥပဒေဖြစ်စေ ထောက်ခံဆွေးနွေး
သွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
၎။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မည်သည့်အရေးကိစ္စမဆို၊ မည်သည့် ဥပဒေမဆို ပြည်သူလူထုအကျိုးရှိမည်ဆိုပါက ထောက်ခံဆွေးနွေးမည်ဖြစ်
ကြောင်း လွှတ်တော်နှစ်ရပ်လုံးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် လွှတ်တော် ကိုယ်စားများကိုလည်း ပါတီ၏ ဦးတည်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ပါက လွတ်လပ်စွာဆန္ဒမဲပေးပိုင်ခွင့်ပြုထား
ကြောင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်များကလ ည်း ပြည်သူလူထုအကျိုး
ကာကွယ်စောင့်ရှောက်မည့်ဥပဒေမျိုးဖြစ်ပါက ထောက်ခံဆွေးနွေးကြ
မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၅။ ကောင်စီကရေးဆွဲထာသည့် သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပေးမည်ဟု ကမ်းလှမ်းလာသည့် အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ၊သင်္ဃန်းကျွန်းမြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၊ ယင်းပါတီဝင်
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် တွေ့ဆုံကာ
လာမည့် တနင်္လာနေ့ (၁၉-၈-၂၀၁၃)တွင် အမျိုးသားလွှတ်တော်မှတစ်ဆင့် တင်သွင်းရန်
ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြပါသည်။
၆။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ( ယာယီ)သည်
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ
ဦးခင်အောင်မြင့် တို့နှင့် လည်း တွေ့ဆုံခွင့်တောင်းခံကာ သတင်းမီဒီယာ ဥပဒေ
ကြမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ဆွေးနွေးသွားရန် ရှိပါသည်။
.. www.MyanmarExpress.net
၁။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(
ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။
၂။ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံရာတွင် သတင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံသားတို့၏ သတင်းသိခွင့်ကို ဖြည့်ဆည်းပေးရန်အပါအဝင် နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအကျိုးအလို့ငှ
ကောင်စီ၏ ပြင်ဆင်အကြံပြုချက်များမပါဝင်ဘဲ
ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပါ ကောင်စီကသဘောမတူ၊ကန့်ကွက်
၊ ပြင်ဆင်ထားသည့်အချက်များ၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့်
ကောင်စီအကြား အထက်ပါ ဥပဒေနှစ်ခုအပေါ် အမြင်မတူ ကွဲပြားချက်များ၊ နှစ်ဖက်သဘောတူထားခဲ့သည့် ကတိကဝတ်များ၊ နှစ်ဖက် အချေအတင်ဖြစ်ပွားခဲ့သည်များနှင်
၃။ ထိုသို့ အပြန်အလှန် ဆွေးနွေးရာတွင် ကောင်စီက မကြာမီ လွှတ်တော်သို့ တင်သွင်းမည့် သတင်းမီဒီယာဥပဒေသည် အမှန်တကယ် နိုင်ငံတော်နှင့်
နိုင်ငံသားများအကျိုးကိုရည်ရွယ်
သွားမည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားခဲ့ပါသည်။
၎။ ဒေါ်အောင်ဆန်းစုကြည်ကလည်း မည်သည့်အရေးကိစ္စမဆို၊ မည်သည့် ဥပဒေမဆို ပြည်သူလူထုအကျိုးရှိမည်ဆိုပါက ထောက်ခံဆွေးနွေးမည်ဖြစ်
ကြောင်း လွှတ်တော်နှစ်ရပ်လုံးရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် လွှတ်တော် ကိုယ်စားများကိုလည်း ပါတီ၏ ဦးတည်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့် ညီညွတ်ပါက လွတ်လပ်စွာဆန္ဒမဲပေးပိုင်ခွင့်ပြ
ကြောင်း၊ ယင်းလွှတ်တော်ကိုယ်စားလှယ်များကလ
ကာကွယ်စောင့်ရှောက်မည့်ဥပဒေမျို
မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၅။ ကောင်စီကရေးဆွဲထာသည့် သတင်းမီဒီယာဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပေးမည်ဟု ကမ်းလှမ်းလာသည့် အမျိုးသား ဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ၊သင်္ဃန်းကွ
၆။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(
.. www.MyanmarExpress.net

.jpg)

2 comments:
Disgusting media fools. Much ado about nothing.
Over Ground BCP runner media.Be Careful all.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်