From :
..the voice
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ်ကွက်ရှိ ထရံကာ တစ်ထပ်နေအိမ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၂ နာရီ ၁၀ မိနစ်ခန့်က ဖုန်းအားသွင်းရာမှ အပူလွန်ကဲပြီး နေအိမ်သုံးလုံးနှင့် ပြိုင်ကားအပါအဝင် ယာဉ်လေးစီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
အဆိုပါ ထရံကာ တစ်ထပ်နေအိမ်မှ တစ်ဆင့် ပတ်ဝန်းကျင်ရှိ ပျဉ်ထောင်သွပ်မိုး နှစ်ထပ်နေအိမ် တစ်လုံး၊ နှစ်ထပ်တိုက် အပေါ်ခြမ်းနှင့် လိုက်ထရပ်အဖြူရောင် မော်တော်ယာဉ်တစ်စီး၊ ပြိုင်ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီး မီးလောင်ကျွမ်းသွား ခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါမီးလောင်မှုမှာ နံနက် ၂ နာရီ ၁၀ မိနစ်တွင် မီးစတင်လောင်ကျွမ်းခဲ့ပြီး နံနက် ၂ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးသတ်ယာဉ် ၂၆ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦး၊ အရန်အင်အား၂၀၀ ဦးခန့်တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသွားခဲ့ပြီး ယင်းမီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ်သိန်း ၂၀၀ ကျော်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
ယင်းအပြင် ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင် ရပ်ကွက်တွင် စက်တင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ ခန့်ကလည်း စစ်ကိုင်း-မန္တလေး ကားလမ်းအနောက်ဘက်ရှိ ထရန်စဖော်မာအိုးမှ စတင် မီးလောင်ကျွမ်း၍ မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ စစ်ဆေးကြီးကြပ်သည့်အဖွဲ့ ရောက်ရှိပြီး မီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
.. www.MyanmarExpress.net

3 comments:
kia ပုံ ကြီး
ဟိဟိဟာသပဲကားနှစ်ကပဲသိန်းနှစ်ဖြစ်နေပြီစောက်ရူးတွေရဲ့
ဘာ ဖုန်း လဲ ဗျ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်