Subscribe to our RSS Feed

သူပုန်ဆိုတာ သူပုန်ပါပဲ



ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ ခေတ်စားလာတာကတော့ သူပုန်တွေရဲ့အခန်းကဏ္ဍပဲဖြစ်နေပါတယ်။ သူပုန်ဆိုတာဒီကနေ့မှပေါ်ပေါက်လာတာမဟုတ်ပါဘူး။ ပြောရယင်မြန်မာပြည်မှာ တစ်ပါတီအာဏာရှင်စနစ်မကျင့်သုံး ခင်ကတည်းက သူပုန်ဆိုတာ ပေါ်ပေါက်ခဲ့တာပါ။ လွတ်လပ်ရေးရပြီး ဦးနုခေတ်မှာဆိုရင် ရောင်စုံသူပုန်..ရန်ကုန်အစိုးရ ဆိုပြီးခေါ်ဝေါ်သမုတ်ခဲ့တာပါ။ လွတ်လပ်ရေးရပြီးစကာလက မြန်မာပြည်မှာ ဗမာလူမျိုးကြီးဝါဒတို့၊ တိုင်းရင်းသားတွေ တန်းတူရည်တူရှိရေးတို့ဆိုတဲ့စကားလုံးတွေလဲမပေါ်သေးပါဘူး။ ဒါပေမယ့်သူပုန်ဆိုတာကတော့ပေါ်နေပါပြီ။ အချို့က ဦးနုကိုအပြစ်ပြော အပုတ်ချချင်လို့ ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းလိုက်လို့ ကချင်သူပုန် တွေပေါ်လာတာဆိုပြီးပြောဆိုကြပါတယ်။
ဒါကလျှောက်ပြောတာပါ။ ဗုဒ္ဓဘာသာ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာလုပ်တာ ဘယ်သူမှ ထိခိုက်တဲ့ကိစ္စမဟုတ်ပါဘူး။ ဒီခေတ်မှာ အီရန်သမ္မတဖြစ်တဲ့သူတောင် သူတို့ရဲ့ ဘာသာရေးခေါင်းဆောင်ကြီးဆီမှာ ကျမ်းသစ္စာကျိန်ဆိုရတာပါပဲ။သူတို့တွေလက်နက်ကိုင်ချင်တာနဲ့ဗုဒ္ဓဘာသာကိုအကြောင်းပြလိုက်တာပါပဲ။အခုထက်ထိလဲအကြောင်းပြ ကောင်းနေကြဆဲပါပဲ။ လူမျိုးရေးတန်းတူရည်တူရှိမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှုကနေအခုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်တစ်ခုရေးဆွဲဖို့ အထိလုပ်ဆောင်လာနေပါတယ်။ ပြောချင်တာက အစိုးရဘက်က တစ်ခုပေးလိုက် ရင် သူတို့က နှစ်ခုလိုချင်တယ်။ အစိုးရကနှစ်ခုပေးရင် သူတို့ကလေးခုလိုချင်ပါတယ်။
အခုလဲ နိုင်ငံတော်သမ္မတနဲ့ကာကွယ်ရေးဦးစီးချုပ်တို့ကိုယ်တိုင်က တစ်ဦးအပေါ်တစ်ဦးချစ်ကြည်လေးစားတဲ့ စိတ်ဓာတ်နဲ့သူပုန်ခေါင်းဆောင်အချို့ကိုခေါ်ယူတွေ့ဆုံ၊ ရင်းရင်းနှီးနှီးပြောဆိုကြတာတွေလုပ်ကြပါတယ်။ ဒီလိုမျိုး လုပ်ဆောင်တာတွေအပေါ် သူပုန်တွေဘက်ကဘယ်လိုသုံးသပ်သလဲဆိုရင် သူတို့ဟာအရမ်းကိုအရေးပါလာလို့ အစိုးရခေါင်းဆောင်တွေကိုယ်တိုင်က ဒီလိုမျိုးအလျော့ပေးလာတာလို့မြင်ကြပါတယ်။ အဲလိုမျိုးမြင်အောင် ဘေးတီး ပေးတဲ့သူတွေကလဲ ပေးကြလို့သာ အခုဆိုရင်သူပုန်တွေ စုပေါင်းပြီး ဖွဲ့စည်းပုံပြင်ဆင်ဖို့အထိလုပ်ဆောင်နေပါပြီ။
ဒါဟာငြိမ်းချမ်းရေးကိုပျက်အောင် တစ်ဖက်လှည့်နဲ့လုပ်နေတဲ့လုပ်ရပ်ဖြစ်ပါတယ်။ လက်ရှိဖွဲ့စည်းပုံထဲမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်တွေသတ်မှတ်ပေးထားပြီး တိုင်း/ပြည်နယ်အလိုက်        ၀န်ကြီးချုပ်တွေခန့်ထားပေးပြီးဖြစ်ပါတယ်။ အမှန်ကန်ဆုံးစကားပြောရယင်လက်နက်မကိုင်တော့ဘဲ တိုင်းရင်းသား လူမျိုးတွေ အလိုက်ပြောချင်တာတွေလွှတ်တော်မှာ ပြောလို့ဆိုလို့ရနေပါပြီ။ကချင်မှာဆိုရင်လဲ ဒေါ်ဒွဲဘူ၊ ရှမ်းမှာဆိုရင် ဒေါ်နန်းဝါနု အစရှိသဖြင့်တိုင်းရင်းသားတွေအများကြီးပါ။ ဒီခြားထဲမှာ လူမျိုးစုအလိုက်ဝန်ကြီး တွေလဲ ရှိနေပါတယ်။ ကိုယ်ဒေသကိုယ့်လူမျိုးတွေအုပ်ချုပ်ခွင့်အတွက် ပထမခြေလှမ်းဟာ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါပြီး သားပါ။
အစိုးရဘက်ကအလျော့ပေးတာတွေများလေလေ သူပုန်တွေကနင်းလေလေဆိုတာ ဒီခေတ်ကျမှ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။သူတို့ခေတ်တုန်းကတည်းကရှိခဲ့တာလို့ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးကပြောဆိုပါတယ်။ ဟိုခေတ်တုန်း ကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်တုန်းကလဲဒီလိုပါပဲ။မဖြစ်နိုင်တဲ့တောင်းဆိုချက်တွေတောင်းဆိုမယ်..။အစိုးရဘက်က မပေးနိုင်ရင်၊ မလိုက်လျောနိုင်ရင်တော့အစိုးရကငြိမ်းချမ်းရေးကိုလိုလားမှုမရှိဘူးဆိုပြီး သတင်းလွှင့်တော့တာပါပဲ။ အခုလဲ ဖွဲ့စည်းပုံအသစ်ရေးဆွဲတယ်ဆိုတာ မသိမသာစင်ပြိုင်အစိုးရတစ်ရပ်ထူထောင်လိုက်တာပါပဲလို့ ၀ါရင့်နိုင်ငံရေး သမားကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။
အဆုံးစွန်သော စကားပြောရရင် ဗိုလ်ချုပ်အောင်ဆန်းမသေဘဲနဲ့ အုပ်ချုပ်နေလဲသူပုန်ဆိုတာရှိနေမှာပါပဲတဲ့။ ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်ပြီး ချမ်းသာနေတဲ့သူတွေက လက်နက်ကိုင်တာကိုမစွန့်ချင်တော့တာမို့လို့ပြော ရတာလို့သူကပြောပါတယ်။မြန်မာပြည်မှာဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဖြစ်လာရင်လဲသူပုန်ဆိုတာရှိနေမှာ ပါပဲတဲ့။အလောင်းအစားလုပ်ရဲတဲ့သူရှိရင်တောင်လောင်းလိုက်ချင်ပါတယ်တဲ့။တကယ်တော့ လက်နက်ကိုင်သူပုန်အဖွဲ့ တွေဟာ သူတို့လူမျိုးတွေကို ကိုယ်စားပြုတဲ့အဖွဲ့မဟုတ် ပါဘူး။ လူမျိုးတစ်မျိုးထဲမှာကို သူပုန်အဖွဲ့က တစ်ဖွဲ့မက ရှိနေတာပါ။ ဒါကြောင့် သူပုန်ဆိုတာ သူပုန်ပါပဲလို့ ၀ါရင့်နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ သုံးသပ်ချက်ကို တင်ပြလိုက် ပါတယ်။
 

.. www.MyanmarExpress.net
 

11 comments:

MEG , you are very right .. there is no way to peace talk with KIO .... so this this times to attack until totally gone ....

ဦးနု တို့ ပါလီမန် ဒီမိုက ရေစီ ခေတ်က စခဲ့တဲ့ သူပုန် တွေဟာ နိုင် ငံ ရေးပါတီ အစိုးရ ခေတ်တွေ မှာ ပိုပြီး ထောင် လာတယ် တပ်မ တော် အစိုးရ ခေတ်မှာ ငြိမ်ပါတယ် ။ နိုင် ငံရေး ပါတီ နဲ့ သူတို့ အစိုးရ ကို မ လေးစားဘူး မခံ့ငြားဘူး စစ်တပ်ကိုတော့ ငယ်ကြောက် မို့ လား မ ပြော တတ်ပါ ။ သူ ပုန် ဆိုတာ တိုက်ခိုက် စားသောက် တဲ့ အမူအကျင့် ရှိပါတယ် သူတို့ ကို ရိုးသားဖို့ ကြိုးစားဖို့ ဥပဒေ နဲ့ အညီနေထိုင် ဖို့ ပြော လို့ နားမဝင် ပါ ။ တိုက်ခိုက် လိုသူ ကို တိုက်ခိုက်နိုင် စွမ်းမရှိ အောင် စွမ်းအားယုတ် လျော့ သွားအောင် စစ်ရေး နည်းလမ်း နဲ့ ဖြေရှင်းရမှာ ဖြစ်ပါတယ် ။ US က အကြမ်းဖက်သမား တွေ ကို ဘယ်လို ဖြေရှင်းနေ သလဲ ။ နမူနာ တွေရှိပါတယ် ။အခုထိ တော့ မှန်ကန် နေဆဲ ဖြစ်ပါတယ် ။

KIAေ၇ာ ABSDF ပါ အလွန်၇က်စက်ယုတ်မာတဲ့ အောက်တန်းစားလူသတ်ကောင်တွေဘဲ့

အမှန်မှာ KIAေ၇ာ ABSDF ပါ (၂)ဖွဲ့လုံးကို အပြုတ်တိုက်သင့်တာပါ
ABSDF လို အဆင့်မ၇ှိတဲ့ ခေါင်းဖြတ်လူသတ်ဂိုဏ်းနဲ့ ငြိမ်းချမ်းေ၇း မလုပ်ခဲ့သင့်ပါဘူး

ဟုတ်ပါတယ်၊ ငြိမ်းချမ်းရေးရဲ့အကြောင်းကို မြို့ကြီးပေါ်နေသူတွေက
မခံစားနားမလည်းနိုင်ပေမဲ့ ကျွန်တော်တို့လိုနယ်စပ်မှာနေတဲ့သူတွေအတွက်
မဖြစ်မနေလိုအပ်တဲ့ လျပ်စစ်မီးလိုပါဘဲ၊
သို့ပါသော်လည်း သေခြာတာတစ်ခုကတော့ ငြိမ်းချမ်းရေးနဲ့အလှမ်းဝေးနေဆဲပါ၊၊
သူပုန်အဖွဲ့အစည်းအားလုံးက တစ်ခုပေးရင် နှစ်ခု လိုချင်တာ အမှန်ပါ၊ ဘယ်တော့
မှသူတို့လိုအပ်ချက်နဲ့ကိုက်ညီမှာမဟုတ်ပါဘူး၊ နောက်သူတို့အားလုံးရဲ့ ယုံကြည်ချက်က
လက်နက်ကိုင်ထားမှ လူတွေက ဂရုစိုက်တယ်ဆိုတဲ့ အကျင့်ဆိုး တွေ မပျောက်သရွေ့၊
ငြိမ်းချမ်းရေးဆိုတာ စာရွက်ပေါ်က ရေးကောင်းတဲ့စာလုံး တစ်ခုပါဘဲ ခင်ဗျား၊

This article is true every word of it. All of the opposition parties are liars, thieves, decoits, murderers. I have witnessed there activities since 1948. By the way I am an academician.

အရမ်းကောင်းအရမ်းမှန်တယ် ။ နိုင်ငံတော်

အတွက်စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်

ပြည်ထောင်စုပေါ်ပေါက်ရေးသည် ဥပဒေ

ဘောင်တွင်းနေထိုင်သော တိုင်းရင်းသား

ညီအစ်ကိုများ၏စိတ်တူကိုယ်တူသဘော

တူဆုံးဖြတ်ချက်နှင့်သာသက်ဆိုင်ပါတယ်။

ဥပဒေအပြင်ဘက်ကနေပြီး လူအင်အား

ထောင်ဝန်းကျင်သာသာလောက်နဲ့ နိုင်ငံ

တော်အဆင့်ခေါင်းဆောင်ကြီးများအရေး

တယူလုပ်ပြီးညှိနှိုင်းနေတာကိုလက်မခံ

ရင်တပ်မတော်လက်ထဲအပ်လိုက်ပါ။

တောတွင်းလက်နက်ကိုင်တိုင်းရင်းသား

ညီအစ်ကိုများလိုချင်သောဖက်ဒရယ်ပုံစံ

နှင့်ခေတ်ပညာတတ်ဘာသာရေးအမြင်

ကြည်လင်သော ဥပဒေဘောင်အတွင်း

နေထိုင်နိုင်သောတိုင်းရင်းသားညီအစ်

ကိုများလိုချင်သောဖက်ဒရယ်ပုံစံမတူ

တာကိုသတိထားလေ့လာဖို့ လိုနေပြီ။

ကျွန်တော်တိုင်းရင်းသားမွန်လူမျိုးတစ်

ဦးပါ။မွန်တို့ ၏ဟံသာဝတီခေတ်နေပြည်

တော်ကယခုမြန်မာပြည်အောက်ပိုင်းတစ်

ခုလုံးပါတယ်။ဆိုချင်တာကနယ်မြေပိုင်

ဆိုင်မှုကိုအခြေခံသောဖက်ဒရယ်မှုကို

လက်ကိုင်ထားမယ်ဆိုင်ရင်နယ်မြေပိုင်

ဆိုင်ခြင်းပြဿာနာဘယ်တော့ပြီးမှာမ

ဟုတ်ဘူး။မွန်လူမျိုးဘဲပိုင်ခဲ့တာလား?

တောတွင်းလက်နက်ကိုင်တိုင်းရင်းသား

ညီအစ်ကိုများစဉ်းစားသင့်သောအချက်

ုဖြစ်ပေသည်။

နယ်မြေပိုင်ဆိုင်မှုကိုအခြေမခံပဲဖက်ဒ

ရယ်မှုအရမြန်မာပြည်မှာဘယ်နေရာဘဲ

နေနေကိုယ်ပိုင်ပြဌါန်းပိုင်ခွင့်ရဖို့ ကအဓိ

ကမဟုတ်ပါလော။

ကိုယ်ပိုင်ပြဌါန်းပိုင်ခွင့်ရသင့်သည်များမှာ။

၁။မိမိယဉ်ကျေးမှုမိမိဓလေ့ထုံးတမ်းများ။

၂။မိမိစာပေဘာသာစကား

(နိုင်ငံတော်အစိုးရနေဖြင့်တိုင်းရင်း

သားဘာသာစာပေအလယ်တန်း

ပညာရေးစနစ်အထိပြဌါန်းခွင့်ကို

ခွင့်ပြုရမည့်အပြင် ကျောင်းသား

လူငယ်များ ဝန်ထုပ်ဝန်ပိုးမမိစေ

ရန်မအောင်အောင်သောစနစ်ပြု

စုပျိုးထောင်သောစနစ်ပြဌါန်းသင့်

ပေသည်။မအောင်အောင်သောစ

နစ်ပြဌါန်းခြင်းဖြင့်ဆရာဆရာမများ

ကျောင်းသားလူငယ်များထိတွေ့ မှု

များပြီးစနစ်ကျသောဖိအားကင်း

သောပညာရေးအသိုက်အဝိုင်းကို

ပါဖေါ်ဆောင်နိုင်ပေမည်)။

၃။မိမိလူမျိုးကာကွယ်ရေးအတွက်

ုပြည်သူ့ တပ်မတော်ထားရှိခွင့်

(မြန်မာ့တပ်မတော်ကိုအမျိုးသားတပ်

မတော်အဖြစ်အဆင့်တိုးမြှင်ခြင်းနှင့်

တိုင်းရင်းသားလူမျိုးစုများ၏တပ်မတော်

စုပေါင်းကာ ပြည်သူ့ တပ်မတော်အဖြစ်

(ဥပမာ- ပြည်သူ့ တပ်မတော်မွန်/

ပြည်သူ့ တပ်မတော်ကရင်)

ဖွဲ့ စည်းပြီးအမျိုးသားတပ်မတော်နှင့်

စုပေါင်းအဖြေရှာကာအကြမ်းဖက်မှု

ကိုချေမှုန်းသင့်ပေသည်။အရေးကြုံ

ရင်အမျိုးသားတပ်မတော်က တိုင်းရင်း

သားညီအစ်ကိုများကိုကိုယ်စားပြုသည့်

အတွက် ဗီတိုအာဏာအပ်နှင်းသင့်ပေ

သည်)။

တိုင်းရင်းသားညီအစ်ကိုအချင်းချင်း

ငြိမ်းချမ်းမှုကိုဖေါ်ဆောင်နိုင်ကျပါစေ

ဆုတောင်းလျက်

တိုင်းရင်းသားညီငယ်မွန်လူမျိုးတစ်ဦး

နိုင် ငံတကာ မှာ သူပုန်တွေကိုရေ ရှည်မွေးထား ခဲ့ တဲ့အခါ အစိုးရ နဲ့ တရားဝင် စစ်တပ် ကို ပြန်ခြိမ်းခြောက်ပြီး အကြပ်ကိုင် ကြတာ တွေ့ ရမှာဖြစ်ပါတယ် ။ US လည်းဘဲ တချိန်က ဒေသခံတွေနဲ့ ပြည်တွင်းစစ် ကို အကြီးအကျယ် ဆင်နွှဲခဲ့ပါတယ် ။ ဒါပေမဲ့ US က သူပုန်ကို ရပ်တည်ခွင့် မ ပေး ခဲ့ဘူး အသက်ဆက်ခွင့် မ ပေးခဲ့ဘူး ။ နိုင် ငံရဲ့ ခေါင်းဆောင် တွေဟာ ပြည်သူတွေ ရဲ့ ယုံကြည်ထောက်ခံမှု နဲ့ တာဝန်ထမ်းဆောင် ကြရာမှာ တချို့ပြဿနာတွေကို ကိုင် တွယ် တဲ့ အခါ ပြည်သူလူထု တချို့တစ်ဝက် မကြိုက်ပေမဲ့
နိုင် ငံ ရဲ့ အနာဂတ် အကျိုး ပြည်သူအများစု ရဲ့ အနာဂတ် အကျိုး ဖြစ်ထွန်းနိုင် ဖို့ အတွက် အကြပ်အတည်း ကြားက ရဲရဲ ဝံ့ဝံ့ စွန့်စား ဆုံးဖြတ် ကြရပါတယ် ။ ဒီလိုဆောင် ရွက်တဲ့အခါ ပွန်းပဲ့ တိုက်စားမှု အချို့ရှိတာသဘာဝ ဘဲ ဖြစ်ပါတယ် ။ ကြံ့ကြံ့ ခံပြီး မဆုတ်မနစ် လုပ်သွားရမှာပါ ။ ပျော့ညံ့ သွား လို့ မဖြစ်ပါဘူး။ US က သမ္မတ တွေ အများစုက ကန့်ကွက်တဲ့ ကြားက US အတွက် အနာဂတ် သြဇာအာဏာ နဲ့ အကျိုး စီးပွား အတွက် အီရတ် အာဖကန် အီဂျစ် လစ်ဗျား တို့ကို ဝင် တိုက်ခဲ့ပါတယ် ။ ဆီးရီးယား ကို လည်း တိုက် မယ်လို့ ခြိမ်း ခြောက်ထားပါတယ် ။ နိုင် ငံ့ အကျိုးစီးပွားအတွက် တိုက်ဖို့ အမိန့် ပေးတဲ့ သမ္မတ တွေ ကိုလည်း သက်တမ်း ၂ ဆက် ထောက်ခံ ပေးခဲ့ကြပါတယ် ။ ကျွန်တော်တို့ နိုင် ငံရဲ့ ပြည်တွင်းသူပုန် တွေဟာ ခေတ်အဆက်ဆက် နိုင် ငံ့ ကောင်းကျိးပေး ခဲ့တာ ရှိဖူးလား? ဘာအတွက်နဲ့ သူတို့ကို အသက် ရှူခွင့် ပေးထားတာလဲ? နိုင် ငံ/ သားတွေအတွက် ဘာအကျိုးကျေးဇူးတွေ သူတို့ပေးနိုင် မလဲ? သူတို့တောင်းလာ မဲ့ နယ်မြေ တွေ သယံဇာတ တွေ ငွေကြေးတွေ ??? ဒါတွေ ဟာ ပြည်သူတွေ ရဲ့ ပိုင် ဆိုင် မှု က ဖဲ့ပေးကြရမှာ ဖြစ်ပါတယ် ။

KIA ကိုတစ်သက်လုံးတိုက်ရင်တောင်မှနိုင်မှာမဟုတ်ဘူး၊ဘာဖြစ်လို့လဲဆိုတော့နှစ်ပေါင်6း0 ကျော်မတရားအနိုင်ကျင့်ခနေခဲ့ရတယ်လေ...မျိုးချစ်စိတ်ဓါတ်ကအပြည့်ရှိနေတာ။ KIA တွေနေတဲ့နေရာများသိမ်းလို့ရပေမဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကေအိုင်အေကိုဘယ်တော့မှတိုက်နိုင်မှာမဟုတ်ဘူး။ ပိုပြီးမှတောင်များလာနေအုံးမှာပဲ။
ဗမာစစ်အစိုးရရဲ့ အလိမ်ခံ နေရတာများနေပြီဖြစ်တဲ့အလျှောက်အတွေ့အကြုံလည်းတော်တော်ရင့်ကျက်နေပြီ၊ ဗမာတွေဘယ်လိုမျိုးစိတ်ဓါတ်ရှိတယ်ဆိုတာလည်းအကုန်သိနေပါပြီ။ ဒီလိုမျိုးနဲ့လာခြိမ်းခြောက်နေတော့ဘယ်ရမလဲ။

နိုင် ငံတကာ မှာ သူပုန်တွေကိုရေ ရှည်မွေးထား ခဲ့ တဲ့အခါ အစိုးရ နဲ့ တရားဝင် စစ်တပ် ကို ပြန်ခြိမ်းခြောက်ပြီး အကြပ်ကိုင် ကြတာ တွေ့ ရမှာဖြစ်ပါတယ် ။ US လည်းဘဲ တချိန်က ဒေသခံတွေနဲ့ ပြည်တွင်းစစ် ကို အကြီးအကျယ် ဆင်နွှဲခဲ့ပါတယ် ။ ဒါပေမဲ့ US က သူပုန်ကို ရပ်တည်ခွင့် မ ပေး ခဲ့ဘူး အသက်ဆက်ခွင့် မ ပေးခဲ့ဘူး ။သူပုန်အဖွဲ့အစည်းအားလုံးက တစ်ခုပေးရင် နှစ်ခု လိုချင်တာ အမှန်ပါ၊ ဘယ်တော့
မှသူတို့လိုအပ်ချက်နဲ့ကိုက်ညီမှာမဟုတ်ပါဘူး၊ နောက်သူတို့အားလုံးရဲ့ ယုံကြည်ချက်က
လက်နက်ကိုင်ထားမှ လူတွေက ဂရုစိုက်တယ်ဆိုတဲ့ အကျင့်ဆိုး တွေ မပျောက်သရွေ့၊
ငြိမ်းချမ်းရေးဆိုတာ စာရွက်ပေါ်က ရေးကောင်းတဲ့စာလုံး တစ်ခုပါဘဲ ခင်ဗျား၊KIA အလွန်၇က်စက်ယုတ်မာတဲ့ အောက်တန်းစားလူသတ်ကောင်တွေဘဲ့အဆင့်မ၇ှိတဲ့ ခေါင်းဖြတ်လူသတ်ဂိုဏ်းနဲ့ ငြိမ်းချမ်းေ၇း မလုပ်သင့်ပါဘူး should to kill all of KIA Now.

KIA ကို အ ပြုတ်​ တိုက်​ မယ်​ ဟုတ်​ လား
ဆု ​တောင်း ​လေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်