From :
..the voice
.. www.MyanmarExpress.net
မန္တလေး
ပြည်သူ့ဆေးရုံကြီးတွင် တစ်လကျော်ကြာ တက်ရောက် ဆေးကုသလျက်ရှိသော
တေးသံရှင်ဆိုတေး၏ ကျန်းမာရေး အခြေအနေမှာ ပိုမို တိုးတက်ကောင်းမွန်လျက်
ရှိကြောင်း ဆိုတေး၏ မိသားစုဝင်များက ပြောကြားသည်။
တေးသံရှင် ဆိုတေးမှာ ကျန်းမာရေး ကောင်းမွန်လာမှုကြောင့် စက်တင်ဘာ၂ ရက်နေ့တွင် အထူးကြပ်မတ် ကုသဆောင်မှ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသဆောင် သို့ ပြောင်းလဲ ကုသပြီးသည့် နောက်ပိုင်းတွင် သိသာစွာ တိုးတက်ကောင်းမွန်လျက် ရှိကြောင်း ဆိုတေး၏ဖခင်ဖြစ်သူ ဦးမင်းလွင် က ပြောကြားသည်။
"လူနာ စကားပြောခြင်းတော့ မရှိသေးပါဘူး။ အသိတော့ ဝင်လာပါတယ်။ အဆောင်ပြောင်းတဲ့ နေ့တုန်းကဆို ဝှီးချဲပေါ်မှာထိုင်ပြီး ဆေးရုံကို လျှောက်ပတ်ပြတယ်။ ပြောရရင်တော့ စိုးရိမ်ရတဲ့ အခြေ အနေကနေ လွတ်သွားတယ်ဆိုတဲ့ သဘောပေါ့" ဟု ဦးမင်းလွင်က ထပ်မံပြောကြားသည်။
တေးသံရှင် ဆိုတေးမှာ ဇနီး၊ ခယ်မတို့နှင့်အတူ တောင်သာမြို့သို့ သွားရောက်စဉ် ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်၂၉၁/၃ နှင့် ၄ ကြားတွင် ယာဉ်မှာ ဘီးပေါက်၍ တိမ်းမှောက်ခဲ့ပြီး ၄င်းဖြစ်စဉ်ကြောင့် ဇနီးဖြစ်သူ မဝင့်ကုဋေသူ (ခ) ချောချောမှာ ကွယ်လွန်ခဲ့ပြီး ဆိုတေးမှာ ခြေထောက်နှင့် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိ ခဲ့သည်။

13 comments:
ဆို တေး မြန် မြန် ကျန်း မာ လာ ပါ စေ လို့  ဆု တောင်း ပေး ပါ တယ် သီ ချင်း အ ဆို ကောင်း တဲ့  ဆို တေး သီ ချင်း အ သစ် တွေ နဲ့  အ တူ ပ ရိတ် သတ် ရှေ့  မြန် မြန် ရောက် ရှိ လာ ပါ စေ
ဆို တေး ပြန် လည် ကျန်း မာ ပါ စေ
ကျမ်းမာပါစေ
ကျမ်းမာပါစေ
ကျမ်းမာပါစေ
take care your health,,
beluck
ကျန်းမာပါစေ.. သောက်မြင်ကပ်လို့ ပြောတာ
ရေးထားတဲ့ ကွန်မန်းတွေ ဖြောက်ပစ်လိုက်တယ်
ကျန်းမာပါစေလို့ ရေးတဲ့ ကွန်မန်းတွေပဲ ဖော်ပြတာ..
ဆိုတေး နဲ့ မြန်မာ အိပ်စပတ် တခုခုတော့ တခုခုပဲ
မ၇ှင်းမ၇ှင်းတွေ အီစီကလီတွေ များလား
ကျန်းမာပါစေ
ကျန်းမာပါစေ မြန်မာ မိန်းကလေးတွေကို ဆွဲဖို့ မြန်မြန် ကျန်းမာပါစေ

ရူးနေပီးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
အေဆို ငါေ၇းထားတာတွေလဲ ဖျောက် ထားတယ်
မြန်မြန်နေကောင်းပါစေ ကျန်းမာရေးလည်းကောင်းပါစေလို့ဆုတောင်းပေးပါတယ် ဆိုတေး
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်