Subscribe to our RSS Feed

အခြေခံဥပဒေ ပြင်ဆင်ချက်တွင် စစ်မှုမထမ်းမနေရဥပဒေ SNDP ပါတီ ထည့်သွင်း

From : ..the voice


ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ၏ အခြေခံဥပဒေပါ ပြင်ဆင်လိုသည့် အချက် ၁၀၀ ကျော်တွင် ၁၈ နှစ် ပြည့်ပြီးသည့် နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းချက် ပါဝင်ကြောင်း အဆိုပါ ပါတီဝင် ဦးစိုင်းသီဟကျော်က The Voice သို့ ပြောကြားသည်။

ဒီမိုကရေစီ နိုင်ငံတစ်ခုတွင် တပ်မတော်နှင့် ပြည်သူလူထု တစ်သားဖြစ်ရန် လိုအပ်သောကြောင့် စစ်မှုမထမ်းမနေရ ဥပဒေ ပြဋ္ဌာန်းချက်ကို ထည့်သွင်းရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စစ်သားဆိုရင် မြန်မာနိုင်ငံမှာ လူတန်းစားတစ်ရပ်လို ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ အခြေခံဥပဒေ ပြင်ဆင်ချက်များတွင် ပြည်နယ်အစိုးရ အဖွဲ့ကို ပြည်နယ်က ရွေးချယ်ခွင့်ရှိရေး၊ တပ်မတော်သား ကိုယ်စားလှယ်များကို အစိုးရ အဖွဲ့တွင်းမှ လျှော့ချရေးစသည့် ဖက်ဒရယ်စနစ်ကို အခြေခံသော အချက်များကို ထည့်သွင်း ပြင်ဆင်ထားသော အချက် ၁၀၀ ကျော် ပါရှိကြောင်း ဦးစိုင်းသီဟကျော်က ပြောကြားသည်။

အဆိုပါ အချက်များကို ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပေးထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ တင်ပြသွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ထုတ်ပြန် ကြေညာထားသည်။

အခြေခံဥပဒေကို ပြင်ဆင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီက ဇူလိုင်လအတွင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဖွဲ့စည်းထားသည်။


 .. www.MyanmarExpress.net
 

8 comments:

What were these clowns doing when the current constitution was drawn at the National Convention (1990 -2008)? Sleeping in the Jungle or looting or playing havoc?

နိုင် ငံ သား တိုင်း စစ် မှု ထမ်း ခွင့် ပြု ထား ပါ တယ် ။ ၁၉၈၇ ခုနှစ် လောက် က တပ်မ တော် ထဲ မှာ ဝ လူမျိုး ရှမ်း
ပ လောင် အခါ လားဟူ စတဲ့ ရှမ်းပြည် နယ် က သွေးချင်း တွေ ကို တပ်ကြပ် တပ်ကြပ်ကြီး အဆင့် တွေ နဲ့ မြင် တွေ့ ခဲ့ ဖူး ပါ တယ် ။ နောက် ပိုင်း ကာ လ တွေ မှာ တိုင်း ရင်း သား သွေး ချင်း တွေ တပ် မ တော် ထဲ ဝင်ရောက် တာ သိပ် မ တွေ့ ရ တော့ ဘူး ။ ဒါပေ မဲ့ ဆန့်ကျင် ဘက် လက် နက် ကိုင် အဖွဲ့ တွေ မှာ ရောက် ရှိ သွား ကြ တယ် လို့ လဲ ကြား သိရပါ တယ်။

ကောင်းတယ်။ ဒါဖြစ်သင့်တဲ့ ကိစ္စပါ။ စစ်မှု မထမ်းမနေရ စနစ်ဖြစ်လာရင် ကျုပ်တူတွေ၊ ကျုပ်သားတွေ၊ ကျုပ်အမျိုး တွေ အကုန်လုံးကို ထောက်ပို့တပ်တို့ GE တပ်တို့ ထဲကို တန်းထည့်မှာ။ နှစ်ပြည့်လည်း မထွက်ခိုင်းဘူး။ တိုင်းပြည်ကို ချစ်တတ်အောင်လို့။ အသက်အရွယ်လေး ရပြီး စုမိဆောင်းမိပြီးမှ ထွက်ခိုင်းမှာ။ တိုင်းပြည်ချစ်တဲ့ သားကောင်းဇာနည်တွေကို နေဖို ထိုင်ဖို စားဖို့ သောက်ဖို အားလုံး အဆင်ပြေအောင် ဆောင်ရွက် ပေးစေချင်လို့။

ကောင်းတယ်။ ဒါဖြစ်သင့်တဲ့ ကိစ္စပါ။ စစ်မှု မထမ်းမနေရ စနစ်ဖြစ်လာရင် ကျုပ်တူတွေ၊ ကျုပ်သားတွေ၊ ကျုပ်အမျိုး တွေ အကုန်လုံးကို ထောက်ပို့တပ်တို့ GE တပ်တို့ ထဲကို တန်းထည့်မှာ။ နှစ်ပြည့်လည်း မထွက်ခိုင်းဘူး။ တိုင်းပြည်ကို ချစ်တတ်အောင်လို့။ အသက်အရွယ်လေး ရပြီး စုမိဆောင်းမိပြီးမှ ထွက်ခိုင်းမှာ။ တိုင်းပြည်ချစ်တဲ့ သားကောင်းဇာနည်တွေကို နေဖို ထိုင်ဖို စားဖို့ သောက်ဖို အားလုံး အဆင်ပြေအောင် ဆောင်ရွက် ပေးစေချင်လို့။

အော် သင် က လဲ ပု ထု စင် လူ သား ဆို တော့ အ ပစ် မ ပြော လို ပါ ဘူး ဒါ ပေ မဲ့ အ ရေး ကြိး ရင် GE ကော ထောက် ပို့ ကော ရှေ့ တန်း လိုက် ရတယ် နော် ဒါ လေး တော့ ထည့် စဉ်း စား


ပခက တာ တီး

***WE NEED UNITY,PEACE,STABILITY,PROSPERITY,
SECURITY AND FAIRNESS AND TO FIGHT OUR COMMON ENEMIES AND ALL THREATS AGAINST ALL OF US.***

""PLEASE UNDERSTAND THOSE INSIDE AND OUTSIDE
THREATS ARE NOT ONLY CONCERN TO BAMA IT CONCERN TO ALL OF US.""

1-ALL PROPERLY ORGANIZED COUNTRY,PEOPLE SOCIETY ETC..MAINTAIN PROPER DISCIPLINE.
2-WE CANNOT REPLACE THE PRESENT CONSTITUTION
BY REPLACING NEW ONE.
3-THE WHOLE COUNTRY INCLUDING EVERYTHING IS
TOTALLY BASE ON THE CONSTITUTION.
4-THE CONSTITUTION IS THE GUIDE,GPS,SEA AND AIR CHART AND ROAD MAP SET UP FOR THE WHOLE COUNTRY.
5-PLEASE SEE MANY COUNTRIES AND MOSTLY THEY
MAKE THE "NEW AMENDMENTS" STEP BY STEP;
FOR EXAMPLE UNITED STATE CONSTITUTION MADE IN
IN THE YEAR 1787 FOR 226 YEARS WITHOUT
REPLACING NEW ONE BUT MADE AMENDMENTS FROM
ONE TO 27 AS NECESSARY.
6-WE MADE OUR CONSTITUTION 1947,INDEPENDENCE
IN 1948,WE HAVE THE BIG PROBLEM DUE TO "PINLON
TREATY" IN THE YEAR 1952 BECAUSE OUR MINORITIES GROUPS ARE DEMANDING FEDERAL AND STATES SYSTEM LIKE UNITED STATES OF AMERICA.
ON THOSE DAYS ALL OUR POLITICAL LEADERS LOOK LIKE DID NOT UNDERSTAND THE FEDERAL AND STATES SYSTEM OF UNITED STATES.UNITED STATES SEPARATED STATES BY STATES FOR CONVENIENT TO RULE BUT NOT SEPARATED BY RACES SUCH AS WHITE MAN STATE,BLACK MAN STATE, MEXICAN MAN STATE ETC..
BUT ALL OUR MINORITY WANT CHIN STATE,KACHIN STATE,SHAN STATE,KARAN STATE,KAYAH STATE, MON
STATE AND RAKKHINE STATE ETC..
WE ALL WERE FOUGHT FOR 65 YEARS AND KILLING EACH OTHERS LOOK LIKE "WIDOW MAKERS" BUT WE GAIN NOTHING FOR ALL OF US.
BECAUSE OF THIS BIG PROBLEM OUR CONSTITUTION
TOTALLY ABOLISHED IN THE YEAR 1962.WHOLE COUNTRY LOST THE ROAD MAP,GPS,CHART ETC..
AND NOW WE HAVE 2008 CONSTITUTION BUT LOT OF
POLITICIANS,PARTIES AND GROUPS DEMANDING AGAIN
FOR SO MANY THINGS.
HOW COME IT CAN BE AND IT WILL CREATE MORE
PROBLEM THEREFORE WE BETTER CHANGE STEP BY STEP.

WE NEED UNITY,PEACE,STABILITY,PROSPERITY,
SECURITY, AND FAIRNESS.

FOR OUR COUNTRY AND FOR OUR PEOPLE...

ကို စိုင်းသီဟ ကျော်
စစ်သား ဆိုတာ လူတန်းစား တစ် ရပ်လို ဖြစ်နေတယ် ဆိုတာ ဘယ်လို ဖြစ်နေလို့လဲ စစ်သား ဟာ နိုင် ငံ့ ဝန်ထမ်း တွေလေ။ နိုင် ငံ နဲ့ နိုင် ငံ သားတွေအတွက် အသက် နဲ့ ခန္ဓာ ကို ပေးအပ် ပြီး ၂၄ နာရီ တာဝန် ထမ်းဆောင် နေကြသူတွေ ဆိုတာ နားလည် ဖို့ လိုပါတယ်။ ဒီလို အချိန်မ ရွေး နေရာ ဒေသ မ ရွေး သွားရောက်တာဝန် ထမ်းဆောင် နိုင်အောင် ရုပ်ပိုင်း ဆိုင် ရာ ကျန်းမာ ကြံ့ခိုင် မှု အပြင် စိတ်ပိုင်း ဆိုင် ရာ ခံယူချက် ယုံကြည်ချက် တွေ ကောင်းမွန် မှန်ကန် ခိုင် မာ အောင် လေ့ကျင့် သင်ကြား တတ်မြောက် ထားကြသူတွေ ဖြစ်တော့ စစ်သား တွေကို သီးသန့် လူတန်းစား တစ် ရပ် လို့ အထင် ရောက်သွား တာ ဖြစ် မယ် ထင် ပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်