Subscribe to our RSS Feed
NLD ကြေညာချက်သည် တိုင်ပြည်နှင့် လူမျိုး ဘာသာနှင့် သာသနာအတွက် အားမကိုးထိုက်သည့် ကြေညာချက် ဟု ဆရာတော်ကြီးများ တုန့်ပြန်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (တိုင်းဒေသကြီး/မြို့နယ်)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်
စာအမှတ်။ ၂၀၁၅/၁/မ.ဘ.သ/စ က
ရက်စွဲ။ ၁၃၇၇-ခုနှစ်၊ နယုန်လပြည့်ကျော်(၂)ရက်၊ ၂၀၁၅-ခုနှစ်၊ ဇွန်လ (၃)ရက်၊ (အင်္ဂါနေ့)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေငြာချက်နှင့်ပတ်သက်၍
စစ်ကိုင်း(မ.ဘ.သ)၏ ကြေညာချက်
၁။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘင်္ဂဒေ့ရှ်နိုင်ငံမှာ လူဦးရေပေါက်ကွဲလျက်ရှိပါသည်။ ယင်းနိုင်ငံ၏အကျယ်အဝန်းမှာ လည်း မြန်မာနိုင်ငံ၏ ငါးပုံတစ်ပုံလောက်သာ ရှိပါသည်။ သို့သော် လူဦးရေမှာ သန်း(၁၅၀)ကျော်ရှိသောကြောင့် မြန်မာနိုင်ငံထက် နှစ်ဆလောက်များနေ၏။ လူဦးရေထူထပ်ခြင်း၊ သဘာဘေးအန္တရာယ်ကျရောက်ခြင်း၊ အလုပ်အကိုင် ရှားပါးခြင်းတို့ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် လူဦးရေမှာ သန်းချီလျက် ရှိပါသည်။ ထို့ကြောင့် ဒုက္ခသည် ဘင်္ဂလီလူမျိုးများသည် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသို့ ထွက်ခွာကြလေသည်။ ထိုသို့ထွက်ခွာရင်းဖြင့် လူကုန်ကူးသူတို့၏ လက်ထဲသို့ရောက်ပြီး လှေစီးဒုက္ခသည် ဖြစ်သွားကြလေသည်။
၂။ မေလ (၂၁)ရက်နေ့တွင် မြန်မာ့ပင်လယ်ထဲမျောနေသည့် လှေစီး ဒုက္ခသည် ဘင်္ဂလီများကို မြန်မာ့ရေတပ်မတော်မှ ကယ်တင်ခဲ့သည်။ ထို့နောက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗိဂျေနမ်ဘီးယားနှင့် ကုလသမဂ္ဂ အေဂျင်စီကိုယ်စားလှယ်များအပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက စနစ်တကျ စိစစ်ကြည့်သောအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘင်္ဂလီလူမျိုးများဖြစ်ကြောင်း တိတိကျကျ သိရှိရလေသည်။
၃။ ထို့ကြောင့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာရုံးမှ မြန်မာ့ပင်လယ်ပြင်တွင် တွေ့ရှိထားသည့် လှေစီးဒုက္ခသည် (၂၀၀)သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဘင်္ဂလီ လူမျိုးများဖြစ်ကြောင်း ယင်းတို့အား ကယ်ဆယ်သည့် မြန်မာ့ရေတပ်မတော်ကို ချီးကျူးကြောင်း မေလ (၂၅)ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယင်းလှေစီးဒုက္ခသည်များဖြစ်ကြသည့် ဘင်္ဂလီများနှင်ပတ်သက်၍ (၁.၆.၂၀၁၅) ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ကို ကြည့်သောအခါ အဓိကကျသော အချက်(၅)ချက်ကို တွေ့ရှိရပါသည်။
၁။ လှေစီးဒုက္ခသည်အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်။
၂။ ယင်းဒုက္ခသည်ကိစ္စသည် ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှု ရှိသည်ဟု ရှုမြင်ကြပါသည်။
၃။ ယင်းဒုက္ခသည်များကို သေချာစွာလေ့လာဆန်းစစ်ပြီး သိမ်မွေ့စွာ ကိုင်တွယ်ရပါမည်၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်လုံးခြုံရေးကိုလည်း ဆောင်ရွက်ရန် လိုအပ်သည်။
၎။ ဒုက္ခသည်စခန်းတွင် နေထိုင်သူများ ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာထောက်ထားပြီး အကူအညီပေးရေးတို့ လိုအပ်သည်။
၅။ နိုင်ငံသားဖြစ်မှုဆိုင်ရာကိစ္စများကို တရားမျှတ ပွင့်လင်းစွာ
ဆောင်ရွက်ရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်သည်။
ယင်းကြေညာချက်များကို သုံးသပ်ကြည့်မည် ဆိုလျှင်....
(၁) လှေစီးဒုက္ခသည်အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဖြစ်သော်လည်း မြန်မာနိုင်ငံမှလည်း ပါဝင်သည်ဟူသော ကြေညာချက်သည် ကုလသမဂ္ဂ္ဂ၏ ကြေညာချက်ကို ဖယ်ထုတ်သလို ဖြစ်နေပါ၏။ လှေစီးဒုက္ခသည်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံကဖြစ်သည်ဟု ကုလသမဂ္ဂမှ တရားဝင်ကြေညာ ထားပါ လျက် ဒုက္ခသည်များမှာ မြန်မာနိုင်ငံသားများလည်း ပါဝင်၏ ဟု ဆိုခြင်းသည် ကိုယ့်ပေါင်ကိုယ် ပြန်ထောင်းသလိုပင် ဖြစ်နေပါသည်။ ထို့ကြောင့် ယင်းကြေညာချက်ကို လုံးဝ လက်မခံနိုင်ပါ။
(၂) ဒုက္ခသည်ကိစ္စသည် ရခိုင်ပြည်နယ်တွင် လွန်ခဲ့သော သုံးလေးနှစ်ခန့်မှစ၍ ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများနှင့် ဆက်စပ်မှုရှိသည်ဟု ရှုမြင်ကြပါသည် ဟူသော ကြေညာချက်သည် “ညောင်ဦးက ကမ်းပါးပြို၊ ရေစကြိုက နွားမပေါင်ကျိုး” ဆိုသကဲ့သို့ ဖြစ်နေပေသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ပြဿနာကို မြန်မာနိုင်ငံ၏ပြဿနာဖြစ်အောင် ဖန်တီးနေသလိုပင် ဖြစ်သောကြောင့် ကိုယ့်နိုင်ငံအတွက် သစ္စာမဲ့သောလုပ်ရပ်ဟု ဆိုရပေတော့မည်။ ထို့ကြောင့် ယင်းအချက်ကိုလည်း လုံးဝ လက်မခံနိုင်ပါ။
(၃) ယင်းဒုက္ခသည်များကို သေချာစွာ လေ့လာဆန်းစစ်ပြီး သိမ်မွေ့စွာ ကိုင်တွယ်ရမည်ဟူသော စကားနှင့် တရားဥပဒေစိုးမိုးရေး နယ်စပ်လုံခြုံရေးတို့ကိုလည်း ဆောင်ရွက်ရန် လိုအပ်သည်ဟူသော စကားနှစ်ရပ်သည် ရှေ့နောက် မညီပါ။ သိမ်မွေ့စွာကိုင်တွယ်လျှင် တရားဥပဒေစိုးမိုးမှုမရှိနိုင်ပါ။ တရားဥပဒေစိုးမိုးဖို့လိုရင်လည်း သိမ်မွေ့စွာကိုင်တွယ်လို့ မရပါ။ ပြတ်ပြတ်သားသား ကိုင်တွယ်ရပေမည်။ ဥပဒေဆိုသည်မှာ မဖြစ်မနေ လိုက်နာရမည့် စည်းကမ်းတစ်ခု ဖြစ်ပါသည်။ ဥပဒေဖောက်ဖျက်သူ များကို ပြင်းပြင်းထန်ထန်အရေးယူရသည်၊ လျှော့ပေး၍ မရပါ။ ထို့ကြောင့် လှေစီး ဒုက္ခသည်များနှင့်ပတ်သက်၍ အခြားနိုင်ငံများက လက်မခံသကဲ့သို့ မြန်မာနိုင်ငံမှာလည်း လုံးဝ လက်မခံနိုင်ကြောင်း ပြတ်ပြတ်သားသား ကိုင်တွယ်ရမည် ဖြစ်သည်။ သို့ဖြစ်၍ ယင်းကြေညာချက်ကိုလည်း လုံးဝ လက်မခံနိုင်ပါ။
(၄) ဒုက္ခသည်စခန်းတွင် နေထိုင်သူများ ပြန်လည်နေရာချထားရေး၊ လူသားချင်းစာနာထောက်ထားပြီး အကူအညီပေးရေးတို့ လိုအပ်သည် ဟူသော ကြေညာချက်သည် အမေကျော် ဒွေးဒေါ်လွမ်းသည့် ကြေညာချက်ဖြစ်သည်။ မြန်မာနိုင်ငံသည် ချမ်းသာသည့်နိုင်ငံ မဟုတ်သေးပါ၊ ကိုယ့်နိုင်ငံမှာရှိသော ဒုက္ခသည်များအတွက် လုပ်စရာ များစွာရှိပါသေးသည်။ သူများအပူကို ကိုယ့်အပူလုပ်စရာမလိုပါ။ တခြားနိုင်ငံမှ ဒုက္ခသည်များကို သဗ္ဗေသတ္တာ ကမ္မဿကာ သတ္တဝါအားလုံး ကိုယ့်ကံအတိုင်းဘဲ ဟုသာ နှလုံးသွင်း ဆင်ခြင်ရမည် ဖြစ်သည်။ ထို့ကြောင့် ယင်းကြေညာချက်ကိုလည်း လုံးဝ လက်မခံပါ။
(၅) နိုင်ငံသားဖြစ်မှုဆိုင်ရာ ကိစ္စများကို တရားမျှတပွင့်လင်းစွာ ဆောင်ရွက်ရေးတို့ကို အလေးထား ဆောင်ရွက်ရန် လိုအပ်သည်ဟူသော ကြေညာသည် ခိုးဝင်ဘင်္ဂလီလူမျိုးများကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့ ပရိယာယ်ဖြင့် တောင်းဆိုထားခြင်းပင် ဖြစ်သည်။ နိုင်ငံတိုင်းတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေကို အခိုင်အမာ ရေးဆွဲကြပါသည်။ မြန်မာနိုင်ငံ၌လည်း ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေ ရှိပြီး ဖြစ်ပါသည်။ ထိုဥပဒေသည် တည်ဆဲဥပဒေဖြစ်သည့်အတွက် တိတိကျကျ အကောင်အထည် ဖော်ရပေသည်။ တိုင်းရင်းသား ၁၃၅ မျိုးမှအပ မည်သည့်လူမျိုးကိုမှ တိုင်းရင်းသား ဖြစ်ခွင့်ပေးစရာမလိုပါ။ ခိုးဝင်ဘင်္ဂလီများကိုလည်း နိုင်ငံသားဖြစ်ခွင့် ပေးစရာမလိုပါ။ ထို့ကြောင့် ယင်းကြေညာချက်ကိုလည်း လုံးဝ လက်မခံနိုင်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကြေညာချက်ကို ခြုံငုံသုံးသပ်ကြည့်သော အခါ တိုင်ပြည်နှင့် လူမျိုး ဘာသာနှင့် သာသနာအတွက် အားမကိုးထိုက်သည့် ကြေညာချက်များဖြစ်ကြောင်း တွေ့ရှိရပေသည်။ ထို့ကြောင့် စစ်ကိုင်း မ.ဘ.သ အနေဖြင့် လုံးဝ လက်မခံနိုင်ပါကြောင်း အတိအလင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။
ဘဒ္ဒန္တဓမ္မပ္ပိယာလင်္ကာရ
အကျိုးတော်ဆောင်ဆရာတော်
လေကျွန်းမြေအုဌ်ကျောင်းတိုက်
စစ်ကိုင်းတိုင်းဒေသကြီး မ.ဘ.သ
ဘဒ္ဒန္တပညာနန္ဒ
ဥက္ကဋ္ဌဆောင်ဆရာတော်
ရွှေတောင်ဦးမော်ကျောင်းတိုက်
စစ်ကိုင်းမြို့နယ် မ.ဘ.သ
.. https://www.facebook.com/MyanmarExpress
NLD ပါတီ နှင့် ကုလားအထောက်အပံ့ (ဖြစ်ရပ်မှန်)
From : .. Boon Myo Myo
NLD ဟာမွတ်ဆလင်-ကုလားထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့ပါတီဆိုတာ လက်တွေ့ကျတဲ့သက်သေတခု ကျနော်ပြမယ်... ကျနော်နဲ့ပန်းချီကျောင်းအတူတူတက်တဲ့ အနောက်ရန်ကင်းတိုက်အမှတ်(၃၅၆) အခန်းနံပါတ်(၂၀)မှာနေသူ ကျော်ရဲထွန်းဆိုသူ (ဖေ့ဘုတ်အကော့်နာမည်-Zaw Thura)ရဲ့ အမေ စာရေးဆရာမ ဒေါ်စမ်းစမ်းနွဲ့ (သာယာဝတီ) ဟာ NLD ပါတီဝင်ပါ.... အဲကောင်အမေ ၁၉၉၅ ဝန်းကျင်က ထောင်ကျနေတုန်းက ဘယ်ကုလားမှလာမကြည့်... ထောင်ကလွတ်တော့ ဘယ်ကလဲမသိထောက်ပံ့ကြေးတွေရတယ်.. ဒေါ်စုလွတ်လာတော့ မွတ်ဆလင်အဖွဲ့အစည်းတွေ အဲဒီစာရေးဆရာမကို သိန်းရာချီထောက်ပံ့တယ်. ကိုနီမွတ်ဆလင်ကုလားဆို သူတို့တိုက်ခန်းကိုဝင်လိုက်ထွက်လိုက်.. နောက်ဆုံးဘွားတော်လည်း မုဆိုးမဆိုတော့ နောက်မီးလင်းတယ်.. ပထွေးကမွတ်ကုလားဖြစ်သွားလေတော့ အဲကောင်လည်း မဘသကိုဆဲ... သံဃာတွေကိုဆဲ ကျနော်ကမဆဲဖို့တားပေမယ့် လက်မခံ... နောက်ဆုံးကျနော်အဲကောင်ကိုပြန်ဆဲတော့... မခံနိုင်ဖြစ်ပြီး ဘလော့သွားပါလေရော... ဗျာတို့ရေ....
.. https://www.facebook.com/MyanmarExpress
NLD ကိုယ်စားလှယ်လောင်းများ HIV စစ်ဆေးမည်
From : .. hot news
လွန်ခဲ့သည့်ရက်သတ်္တပတ် အတွင်း ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပf(NLD)  ပါတီမှ ရွေးကောက်ပွဲဝင်မည့် ကိုယ်စား လှယ်လောင်းများတွင်A ပိုး B ပိုး C ပိုး နှင့်  နှလုံးရောဂါ ကင်းစင်သူဖြစ်ခြင်း ကို  ကိုယ်စားလှယ်လောင်း  အရည် အချင်း သတ်မှတ်ချက်၌ ထည့်သွင်း သတ်မှတ်လိုက်ကြောင်း သိရသည်။
 ယင်း အရည်အချင်းများကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သတ် မှတ်လိုက်သည်ဟုသိရပြီး ပါတီအပေါ် သစ်္စာရှိ၍ အစဉ်တစ်စိုက် လိုက်ပါလုပ် ဆောင်ခဲ့သူဖြစ်ရန်၊ နိုင်ငံရေးတွေ့ကြုံဖြတ် သန်းမှုရှိရန်၊ နိုင်ငံရေးအရ လေးစား ထိုက်သူဖြစ်ရန်နှင့် A ပိုး B ပိုး C ပိုးနှင့် နှလုံးရောဂါ ကင်းစင်ရန်၊ သက်ဆိုင်ရာ မြို့နယ်ဒေသတို့ကို အကျိုးပြုနေသူ ဖြစ် ရန်တို့ဖြစ်ကြောင်း ဗဟိုကော်မတီဝင် ဦးငြိမ်းသစ်က ပြောကြားသည်။
“ဒီအရည်အချင်းတွေတူနေရင် တစ် အမျိုးသမီး၊ နှစ်က တိုင်းရင်းသား၊ သုံး အချက်က လူငယ်ဆိုပြီး ဦးစားပေရွေး ချယ်သွားဖို့သတ်မှတ်ထားပါတယ်။ A ပိုးB ပိုး C ပိုးနဲ့ နှလုံးရောဂါကင်းစင်သူဖြစ် ရမယ်ဆိုတာကတော့ ပြီးခဲ့တဲ့ ၂၅ ရက် နေ့က ဗဟိုကော်မတီဝင် ၂၂ ဦးနဲ့ ဒေါ်စု တွေ့ဆုံခဲ့စဉ်မှာ ပထမဆုံးပြောလိုက်တာ ဖြစ်ပါတယ်။ ဆိုလိုတာက ကျန်းမာရေး ကောင်းသူ ဖြစ်ရမယ်။ ကျန်းမာရေး ကောင်းမှ လွှတ်တော်မှာ ဆေးခွင့်ယူရ တာတို့၊ ဆေးရုံ၊ ဆေးခန်းပြနေရတာတို့ မဖြစ်မှာပေါ့ဗျာ။  တိုင်းပြည်အတွက် အလုပ်လုပ်နိုင်အောင် သတ်မှတ်ထား တာပါ။ ဒါကို ဓာတ်ခွဲခန်းတစ်ခုခုကနေ ဆေးစစ်ထားတာကို တင်ပြနိုင်ရမယ်။ အခြား အပရိက ရောဂါတွေကိုတော့ မစဉ်းစားပါဘူး”ဟု  ဗဟိုကော်မတီဝင် ဦးငြိမ်းသစ်က ဆိုသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်သူ အများကအဓိကမျှော်လင့်ယုံကြည်ထား သော ပါတီဖြစ်သဖြင့်ဝင်ရောက်အရွေးခံ မည့် ကိုယ်စားလှယ်လောင်းများရွေးချယ် မှုကိုအထူးအလေးထားဆောင်ရွက်နေ ကြောင်း သိရသည်။   
.. https://www.facebook.com/MyanmarExpress
ဦးခင်ညွန့် နိုင်ငံရေးမလုပ်၊ ရွေးကောက်ပွဲမ၀င်
From : .. hot news
ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီရေး အဖွဲ့ စတုတ္ထအကြိမ်မြောက် ကူညီစောင့် ရှောက်ရေးအခမ်းအနားကို ၂၀၁၅ ခုနှစ် မေလ ၃၁ရက်၉နာရီအချိန်တွင်ကျောက် တန်းမြို့နယ်ဓမ်္မာရုံ(ရွှေမှော်ဝန်းသာသနာ့ ဗိမာန်)၌ ကျင်းပသည်။ ထိုအခမ်းအနား သို့ ရွှေမှော်ဝန်း လူမှုယဉ်ကျေးကူညီရေး အဖွဲ့ ရာသက်ပန်နာယကကြီး ဦးခင်ညွန့် တက်ရောက်အမှာစကားပြောကြားသည်။ ထိုသို့ပြောရာတွင် ဦးခင်ညွန့်က ““ကျွန် တော်တို့ရွှေမှော်ဝန်းလူမှု ယဉ်ကျေးကူညီ ရေးအဖွဲ့ကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက် က ရွှေမှော်ဝန်းဒေသအတွင်းမှာရှိကြတဲ့ ပညာရေးလိုအပ်ချက်၊ လူမှုကျန်းမာရေး ဆိုင်ရာလိုအပ်ချက်တွေကိုကူညီအားဖြည့် ပေးဖို့ လူငယ်များအတွင်းမှာ မြန်မာ့ယဉ် ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများ ထွန်း ကားရေးကူညီစောင့်ရှောက်ဖို့၊ရွှေမှော်ဝန်း ဒေသအတွင်းရှိဆင်းရဲနွမ်းပါးသော သက် ကြီးရွယ်အိုများကို ကူညီစောင့်ရှောက်ဖို့၊ ဘာသာ၊ သာသနာဆိုင်ရာတွေကို ကူညီ ထောက်ပံ့ဖို့၊ ရွှေမှော်ဝန်း ဒေသအတွင်း စာပေနဲ့စာကြည့်တိုက်များဖွံ့ဖြိုးရေးကူညီ ထောက်ပံ့ဆောင်ရွက်ပေးဖို့  အခုအခါ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ် ငန်းတွေမှာပါ ပံ့ပိုးကူညီဆောင်ရွက်ပေး ဖို့ပါ။ အခုလောလောဆယ်မှာ ဘဏ္ဍာ ရေးအခြေအနေအရ ရွှေမှော်ဝန်းဒေသ (ကျောက်တန်းမြို့နယ်အတွင်း) မှာသာ လုပ်ဆောင်နေသေးပေမယ့် နောင်မှာငွေ ကြေးတောင့်တင်းလာရင် အခြားမြို့နယ် များမှာပါ ကူညီဆောင်ရွက်သွားမှာ ဖြစ် ပါတယ်။ ဒီလိုဆောင် ရွက်တာဟာ ကျွန် တော့်ကို နိုင်ငံတော်ရဲ့ကြီးလေးတဲ့တာဝန် တွေကို ထမ်းဆောင်နိုင်အောင် မွေးထုတ် ပေးလိုက်တဲ့ ကိုယ့်ရပ်ကိုယ့်ဒေသကို  ပြန် ပြီးကျေးဇူးပြုတဲ့အနေနဲ့ ကျွန်တော့်ဒေသ တိုးတက်ရေးအတွက်တတ်နိုင်သလောက် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော့် အသက်လည်းကြီးပါပြီ။ နိုင်ငံရေးလည်း မလုပ်ဘူး။ ရွေးကောက်ပွဲလည်း မ၀င်ပါ ဘူးဆိုတာအခုကြွရောက်လာကြတဲ့ပုဂ်္ဂိုလ် များ ရော၊ မီဒီယာများကိုပါ ကျွန်တော် ယတိပြတ် ပြောလိုက်ပါတယ်”
ဆက်ပြီး ဦးခင်ညွန့်က ““မကြာခင်က နိုင်ငံတော်အစိုးရအနေနဲ့ မှော်ဝန်းချောင်း ရဲ့ တောင်ခြမ်းနဲ့မြောက်ခြမ်းကို ဆက် သွယ်ပေးတဲ့ ၀ဲကြီး-ပန်းချောင်းတံတား ကြီးကို တည်ဆောက်ပေးခဲ့တဲ့အတွက် ကျွန်တော်အလွန်အင်မတန် ၀မ်းမြောက် ၀မ်းသာဖြစ်ရပါတယ်။ ဒီမှော်ဝန်းချောင်း ကူး ၀ဲကြီး-ပန်းချောင်းတံတားကို တည် ဆောက်ဖို့ ကျွန်တော်တို့ရဲ့ တပ်မတော် အစိုးရလက်ထက်မှာ ကျွန်တော်ကြိုးစား ခဲ့ပါတယ်။  အဲဒီတုန်းက  ဘဏ္ဍာငွေ အကန့်အသတ်ကြောင့် ခွင့်ပြုချက်မရခဲ့ တဲ့အတွက် အဲဒီတံတားကို ကျွန်တော် မတည်ဆောက်နိုင်ခဲ့ပါဘူး။ ဒီတံတားဟာ ကျောက်တန်းမြို့နယ်ဖွံ့ဖြိုးရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ ဒီလိုအပ် ချက်ကို လက်ရှိနိုင်ငံတော်အစိုးရကအမှန် တကယ်လိုအပ်တယ်လို့ ယူဆပြီး ဖြည့် ဆည်းပေးခဲ့တဲ့အတွက် ကျွန်တော်အလွန် မှ ကျေးဇူးတင်ဝမ်းမြောက်ပါတယ်။ မြို့ နယ်သူ၊ မြို့နယ်သားတွေကလည်း လက် ရှိအစိုးရကို တကယ့်ကိုကျေးဇူးတင်ကြရ ပါမယ်။ ကျေးဇူးတင်ထိုက်သူကို ကျေးဇူး တင်ခြင်းဟာ ဗုဒ်္ဓဘုရားရှင်ရဲ့အဆုံးအမ မင်္ဂလာတရားတော်နဲ့ညီပါတယ်””စသည် ဖြင့် ပြောကြားသွားသည်။
ဆက်လက်၍အခမ်းအနားကို အစီ အစဉ်အတိုင်းကျင်းပရာ ရွှေမှော်ဝန်းလူမှု ယဉ်ကျေးကူညီရေးအဖွဲ့ ရာသက်ပန် နာယကကြီး ဦးခင်ညွန့်နှင့် တက်ရောက် လာသူများက အသက်၈၅နှစ်နှင့်အထက် အဘိုး၊အဘွားများအား ပူဇော်ကန်တော့ ငွေများပေးအပ်လှူဒါန်းခြင်း၊ကျောက်တန်း မြို့နယ်စာသင်ကျောင်းများနှင့် ကျောင်း သားကျောင်းသူများအားပညာသင်စရိတ် ထောက်ပံ့ငွေနှင့် စာအုပ်နှင့်စာရေးကိရိ ယာများ ထောက်ပံ့ပေးသည်။
ထို့နောက်  Mal  Myint International Co.Ltd  နှင့် NAC Company Ltd. တို့က ရွှေမှော်ဝန်းလူမှုယဉ်ကျေးမှု ကူညီရေးအဖွဲ့သို့ ခေတ်မီ အရေးပေါ် လူနာတင်ယာဉ်တစ်စီးကို လှူဒါန်းခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။                  
မောင်ကျော်
.. https://www.facebook.com/MyanmarExpress
လှေစီးခိုးဝင်သူတွေကို ခိုလှုံခွင့်မပေး ဖို့ ပုသိမ်မြို့မှာ ဆန္ဒပြတောင်းဆို
From : .. rfa
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ မြို့နယ် ၂၆ မြို့နယ်က ဒေသခံတွေနဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) သံဃာတော်တွေ စုပေါင်းပြီး လှေစီးဒုက္ခသည်တွေကို မြန်မာနိုင်ငံမှာ ခိုလှုံခွင့်မပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
လှေစီးဒုက္ခသည် အမည်ခံပြီး ခိုးဝင်လာသူတွေကို လက်မခံနိုင်တာကြောင့် ဆန္ဒပြတောင်းဆိုတာဖြစ်တယ်လို့ ဆန္ဒပြပွဲ ဦးဆောင်ခဲ့တဲ့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
"ဒုက္ခသည်အမည်ခံပြီးတော့ ခိုးဝင်တဲ့ဘင်္ဂလီတွေကို ဘုန်းကြီးတို့ မြန်မာတိုင်းရင်းသား မျိုးနွယ်တွေ ၁၃၅ မျိုးထဲမပါသည့်အတွက်ကြောင့် ဘုန်းကြီးတို့က လက်မခံနိုင်တဲ့ အကြောင်း၊ နောက်တစ်ချက်က ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးက ၂၉ ရက် ၅ လ ၂၀၁၅ ခုနှစ်မှာ ဘင်္ဂလီတွေကို လူ့အခွင့်အရေး အကြောင်းပြပြီးတော့ မြန်မာနိုင်ငံက လက်ခံဖို့ သဘောမျိုးနဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ဘုန်းကြီးတို့က ကန့်ကွက်ဆန္ဒပြတယ်၊ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို ကုလသမဂ္ဂက ဝင်ရောက်စွက်ဖက်တယ်၊ လူ့အခွင့် အရေးလို့ကြေညာနေတဲ့ နိုင်ငံတွေက ဒီဘင်္ဂလီတွေကို သူတို့နိုင်ငံမှာခေါ်ထားလိုက်ပါလားလို့ ဘုန်းကြီး ကပြောချင်ပါတယ်"
ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက မဘသ အဖွဲ့ဝင်သံဃာတော်တွေနဲ့ လူမှုရေးအဖွဲ့ ၇၀ လောက်က ပုသိမ် မြို့ ရွှေမုဓေါဘုရားကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက် ဆန္ဒပြကြတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြန်မာ့ရေပိုင်နက်ထဲကို ရောက်ရှိလာတဲ့ လှေစီး ဒုက္ခသည် ၂ဝဝ ကို မြန်မာရေတပ်က ကယ်တင် ထားပြီး၊ သူတို့ကို မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ မှာ ကယ်တင်ထားပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးမှာ လှေစီးဒုက္ခသည် ၇၀၀ကျော်ကို ကယ်ဆယ် ထားပြီး ရခိုင်ပြည်နယ် မောင်တောမြို့ကို ပို့လိုက်ပြီ ဖြစ်ပါတယ်။
မဘသအဖွဲ့ဝင်တွေဟာ အလားတူ ဆန္ဒပြပွဲတစ်ခုကို ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကျိုက္ကဆံလူထုဟစ် တိုင်ကွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
.. https://www.facebook.com/MyanmarExpress
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ ဆန္ဒပြမည်
ဒီကနေ့ ရန်ကုန်မှာ ပြန့်နေတဲ့ စာရွက်တွေဖြစ်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်း က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် လာမည့် တနင်္ဂနွေနေ့၌ ဆန္ဒဖော်ထုတ်မယ်လို့ ရေးသားထားပါတယ်။ အပြည့်အစုံမှာ
    ပြီးခဲ့သည့် လများအတွင်း မွတ်စလင်နိုင်ငံများမှ မြန်မာနိုင်ငံကို ဂျီဟက်လုပ်လိုကြောင်း ဆန္ဒပြခြင်းများ၊ မြန်မာဘုန်းကြီးကို မီးရှို့ကာ ဆန္ဒပြခြင်းများ၊ မြန်မာအလံကို မီးရှို့ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။
    ၂၀၁၄ စက်တင်ဘာလအတွင်းမှာ အယ်လ်ကိုင်ဒါးက မြန်မာကိုတိုက်ခိုက်ဖို့ ခြိမ်းခြောက်ခဲ့ဖူးပြီး လှေစီးပြေးဒုက္ခသည်များအတွင်း အကြမ်းဖက်သမားများ ပါဝင်ကြောင်း EU မှ ထုတ်ပြန်ထားသည်။ 
    ၂၀၁၂ မှ ၂၀၁၄ နှစ်များအတွင်း ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မိတ္ထီလာ၊ လားရှိုး နှင့် မန္တလေးတို့တွင် မြန်မာ-ကုလား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ဆရာတော်ဦးသောဘိတာကို ဗလီအတွင်းခေါ်ဆောင်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား၊ တိုင်းရင်းသူများစွာကို မွတ်စလင်များက ရက်ရက်စက်စက် ဓားဖြင့် ခုတ်သတ်ဖြတ်ခြင်း၊ လားရှိုးတွင် ရှမ်းတိုင်းရင်းသူအား မွတ်စလင်တစ်ဦးမှ ဓါတ်ဆီလောင်းမီးရှို့ခြင်း၊ မန္တလေး ဗလီများတွင် ဒုတ်ဓားလက်နက်များ ဖမ်းမိခြင်းတို့ ရှိခဲ့သည်။
    ၁၉၄၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်းကြီးဖြစ်ပွားခဲ့ဖူးပြီး ရွာပေါင်း ၂၀၀ ကျော်ကို မွတ်စလင်တို့က မီးရှို့ဖျက်ဆီးခဲ့ကာ ရခိုင်လူမျိုး နှစ်သောင်းကျော်ကို လည်လှီးခဲ့သည့်အပြင် ၁၉၅၁ ခုနှစ် တွင် အလယ်သံကျော် ညီလာခံကို ကျင်းပကာ ဘူးသီးတောင်၊ မောင်တောကို ပြည်နယ်ခွဲထွက်ရေး တောင်းဆိုခဲ့ဖူးသည်။ 
    တနင်္လာနေ့က ပြုလုပ်သည့် DVB Debate တွင် ပြည်တွင်းနေ မြန်မာမွတ်စလင်များက ဘင်္ဂါလီဘက်မှ ရပ်တည်ကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရခိုင်တိုင်းရင်းသားခေါင်းဆောင်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်ပြောဆိုခဲ့ရာ မြန်မာနှင့်  ဘင်္ဂလားဒေ့ရှ် (သို့) မွတ်စလင်နိုင်ငံ တစ်ခုခုတို့ စစ်ဖြစ်ပါက မြန်မာစိတ်မရှိဘဲ မွတ်စလင်စိတ်ဖြင့် မြန်မာများကို တိုက်ခိုက်နိုင်ကြောင်း သုံးသပ်ရသည်။
    မေလ ၁၈ ရက်၊ တနင်္လာနေ့က လှေစီးပြေးဒုက္ခသည်များကို နိုင်ငံသားအဖြစ် လက်ခံသင့်ကြောင်း NLD  ဦးဥာဏ်ဝင်းမှ AFP သတင်းဌာနသို့ တရားဝင် ပြောဆိုခဲ့သည်။ 
    မေလ ၂၂ ရက်၊ သောကြာနေ့တွင် ဆရာတော်ကြီးများမှ အမျိုးသားသစ္စာဖောက်အဖြစ် NLD ဦးဥာဏ်ဝင်းကို ကြေညာခဲ့သည်။
    မေလ ၂၇ ရက်နေ့တွင်၊ ရိုဟင်ဂျာက မြန်မာနိုင်ငံသားမဟုတ်ကြောင်း၊ လှေစီးပြေးအရေး မြန်မာကို အပြစ်မတင်သင့်ကြောင်း၊ ကုလသမဂ္ဂနှင့် ကမ္ဘာသို့ သံဃာတော်များအပါအဝင် အင်အား ၂၀၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။
    ဇွန်လ ၁ ရက်၊ တနင်္လာနေ့တွင် NLD ပါတီ မှ လှေစီးပြေးဒုက္ခသည်များတွင် မြန်မာနိုင်ငံမှ ပါဝင်ကြောင်း မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြေညာချက်ထုတ်ခဲ့သည်။
    ဇွန်လ ၂ ရက်နေ့၊ အင်္ဂါနေ့တွင် ၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ပြီး ဘင်္ဂါလီများကို နိုင်ငံသားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်မှ တောင်းဆိုခဲ့သည်။ 
- ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ လုပ်ရပ်များသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မွတ်စလင်များထံမှ မဲရရှိရေးနှင့် ကမ္ဘာက ထောက်ခံရေး နှစ်ခုကိုသာ ဦးစားပေးနေပြီး အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ် လုံးလုံးပျောက်နေသည့် လက္ခဏာများကို တွေ့မြင်နေရသည်။ 
- ပြည်သူတို့၏ ဆန္ဒအစစ်အမှန်ကို ဒေါ်အောင်ဆန်းစုကြည် သိစေဖို့ နဲ့ အဓိကရုဏ်းများ ထပ်မံဖြစ်ပွားကာ ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများနှင့် သံဃာတော်များ ထပ်မံအသတ်မခံရဖို့ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့သို့ ဆန္ဒဖော်ထုတ်ကြပါမည်။ 
အချိန်။    ။ ၇-၆-၂၀၁၅ တနင်္ဂနွေနေ့။ မနက် ၉ နာရီ။
နေရာ။    ။ တက္ကသိုလ်ရိပ်သာလမ်း။ ခြံနံပါတ် ၅၄။ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့။
အမျိုးသားရေး ကော်မတီ
.. https://www.facebook.com/MyanmarExpress
၁၉၈၂ နိုင်ငံသား ဥပဒေပြင်ဆင်ပြီး ဘင်္ဂါလီတွေ နိုင်ငံသားပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆို
 မိဘ၊ ဘိုးဘွားများ မြန်မာတိုင်းရင်းသားဖြစ်မှ မြန်မာနိုင်ငံသားဖြစ်မည်ဟု ရေးစွဲထားသော ၁၉၈၂ နိုင်ငံသား ဥပဒေကို ပြင်ဆင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
"မိဘ တွေနိုင်ငံသားဖြစ်တာ၊ မဖြစ်တာက အရေးမကြီးဘူး.. လက်ရှိ မြန်မာနိုင်ငံထဲမှာ နေရင် မြန်မာတိုင်းရင်းသားပဲ... Citizenship Law (၁၉၈၂ နိုင်ငံသားဥပဒေ) က ခေတ်မမှီတော့လို့ ပြင်သင့်တာ ကြာပြီ.." လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီအာဏာရပါက  ၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ပေးမည်ဖြစ်ပြီး ရွေးကောက်ပွဲတရားမျှတဖို့နဲ့ NLD ပါတီကို မဲထည့်ကြဖို့ မီဒီယာတွေအကူအညီလည်း လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
လက်တလော အငြင်းပွားနေသည့် လှေစီးပြေး ဒုက္ခသည်များတွင် မြန်မာနိုင်ငံမှလည်း ပါဝင်ကြောင်း နှင့် ၎င်းတို့ကို သက်တောင့်သက်တာ ဖြစ်ရန် ပြစုစောင့်ရှောက်ဖို့လိုကြောင်း NLD ပါတီမှ အင်္ဂလိပ်/ မြန်မာ နှစ်ဘာသာဖြင့် ကြေညာချက် ထုတ်ပြန်ထားသည်။ 
ပြီးခဲ့တဲ့လ အတွင်းကလည်း  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ရိုဟင်ဂျာတွေကို လက်မခံနိုင်တာနဲ့ မြစ်ထဲ၊ ပင်လယ်ထဲ တွန်းလွှတ်လို့မဖြစ်ပါဘူး၊ သူတို့ဟာ လူတွေဖြစ်ပါတယ်၊ ကျနော့အနေနဲ့ သူတို့ဟာ လူ့အခွင့်အရေးရရှိခံစားသင့် တဲ့ လူသားတွေလို့ပဲမြင်ပါတယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့ကြောင်း သိရပါတယ်။  
.. https://www.facebook.com/MyanmarExpress
ပင်လယ်ပြင်မှ ကယ်ဆယ်ခဲ့သည့် ဘင်္ဂလီ (၇၀၀)ကျော်အား မူလနေရာသို့ ပြန်လည် ပို့ဆောင် နိုင်ရေး စီစဉ်လျက်ရှိ
From : .. MOI Webportal Myanmar
မေလ(၂၉)ရက်နေ့တွင် တပ်မတော်(ရေ)မှ ပင်လယ်ပြင်လုံခြုံရေး တာဝန်ထမ်း ဆောင် စဉ် တွေ့ရှိ ကယ်ဆယ်ခဲ့သည့် ဘေးဒုက္ခကျရောက်လျက်ရှိသော ဘင်္ဂလီ (၇၂၇)ဦးအား ဟိုင်းကြီးကျွန်း ရေပြင် သို့ ခေါ်ဆောင်၍ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ၊ အစားအစာ ရိက္ခာနှင့် သောက်ရေများ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေး ခဲ့ပါသည်။
လှေပေါ်ပါ လှေစီးခရီးသည်များအား မေးမြန်းချက်အရ ၎င်းတို့ ဦးတည်ရည်မှန်း သည့် နိုင်ငံ များသို့ သွားရောက်နိုင်ခြင်း မရှိတော့သည့်အတွက် မူလထွက်ခွာ လာသည့် နေရာသို့ သာ ပြန်လိုကြောင်း သိရှိရပါသည်။ ယင်းတို့၏ ဆန္ဒကို လိုက်လျောသည့်အနေဖြင့် ပင်လယ်ပြင် ဘေးကင်းလုံခြုံမှု အစီအမံများ ပြုလုပ် ၍ တပ်မတော်(ရေ) အစောင့် အရှောက်ဖြင့် ၎င်းတို့ မူလ စတင်ထွက်ခွာခဲ့သည့် နေရာသို့ ပြန်လည် ပို့ဆောင်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။
.. https://www.facebook.com/MyanmarExpress
ဘင်္ဂါလီတွေ NLD အလံထောင်ပြီး ဝင်လာပြီ (အရေးကြီးသတင်း)
ယုဇနအိမ်ရာ အနီးက ပဲခူးမြစ်ထဲမှာ ဇွန် ၀၁၂၂၃၀ ခန့် မှာ သဲတင်တဲ့ စီဘီတွဲနဲ့ ဘင်္ဂလီကုလား ၂၀၀ ခန့်ရောက်လာတယ်။ အဲဒီမြစ်လယ်မှာ
ညအိပ်ပြီး မနက်ရေတက်ချိန် ခန့်မှန်း ဇွန် ၀၂၀၅၀၀ ခန့်မှာ ကုလားဝဲ တံတားဘက်ကို ဆက်ထွက်သွားတယ်။ ပဲခူးဘက်ကိုတက်တာလို့ ယူဆရတယ်။ ညပိုင်း အဲဒီလှေက မီးရောင်မှိန်မှိန်ထိုးလို့ အဝေးက လှမ်း
ကြည့်တဲ့အခါ လက်နက် (မောင်းပြန်ရိုင်ဖယ်လို့ယူဆရ) ကိုင်ထားတဲ့အစောင့် ၃ ယောက်လောက်ကို တွေ့ရတယ်လို့ဆိုတယ်။
ပြည်သူက ရဲကို တိုက်ရိုက် သတင်းမပေးရဲဘူးဖြစ်နေတယ်။ သက်ဆိုင်ရာ ဝန်ကြီးခင်ဗျား လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ပါရန် တင်ပြပါတယ်
ခင်ဗျား ..... ။ ။.
ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်ဆိုသူတွေဟာ DVB Debate မှာတောင် ဘင်္ဂလီတွေဘက်က အကြောက်အကန်ဝင်ငြင်းနေတယ်ဆိုရင် ကျွန်တော်တို့နဲ့ ဘင်္ဂလားဒေ့ရှ် စစ်ဖြစ်လာပြီဆိုရင် ဘယ်သူက ဘယ်သူ့ဘက်က ရပ်တည်မှာလဲ
From : ..
" နှစ်ဖက်အချေအတင်ဆွေးနွေးရသည့် လှေစီးဒုက္ခသည်များမှာ မြန်မာကဖိနှိပ်မှုများကြောင့
ထွက်ပြေးရခြင်းဟု ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များက အကြောက်အကန်ပြော "
++++++++++++++++++++
နှစ်ဖက်အချေအတင်အငြင်းပွားမှုများနှင့်အကြိတ်အနယ်ဆွေးနွေးခဲ့ရသော Boat Peoples ( လှေစီးဒုက္ခသည်)များအရေး DVB Debate တွင် လှေစီးဒုက္ခသည်များမှာမြန်မာနိုင်ငံက ညှင်းပန်းနှိပ်
စက်မှုများကြောင့် မခံနိုင်၍ ထွက်သွားကြခြင်းဖြစ်ကြောင်း ၀င်
ရောက်ဆွေးနွေးသည့် ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်များက အကြောက်အကန် ပြောဆိုခဲ့ကြသည်ဟု သိရသည်။
မေလ ၃၁ ရက်က ကျင်းပသော Boat Peoples များအရေး DVB Debate ဆွေးနွေးပွဲတွင် ရခိုင်ဘက်မှ ကိုယ်စားပြုအဖြစ်ရခိုင်ပြည်
နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းနှင့် အမျိုးသားလွှတ်တော်
ကိုယ်စားလှယ်ဒေါက်တာအေးမောင်တို့ ကလည်းကောင်း ၊ ပြည်
တွင်းနေ အစ္စလာမ်ဘာသာဝင်များဘက်မှ ရခိုင်ပြည်နယ်ငြိမ်းချမ်း
ရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ မှ ဒါရိုက်တာ ဦးဝင်းထွန်းထွန်းနှင့် အစ္စလာမ် ဓမ္မဗိမာန် ၊ ဘာသာပေါင်းစုံငြိမ်းချမ်းရေးနဲ့ မြန်မာနိုင်ငံ အမြုတေအဖွဲ့ ဝင် ဟာဂျီဦးအေးလွင်တို့ ကလည်းကောင်း ဦး
ဆောင်ဆွေးနွေးပေးကြခြင်းဖြစ်ပြီး တက်ရောက်ကြသော နှစ်ဖက် လူမှုအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ၀င်ရောက်ဆွေးနွေးခဲ့ကြ
သည်ကိုတွေ့ ရသည်။
" အဓိက အချက်ကတော့ လူကုန်ကူးတဲ့ မှောင်ခိုပွဲစားတွေက အခွင့်ကောင်းယူပြီးလုပ်ဆောင်ခြင်းလို့ မြင်တယ် " ဟု ၀န်ကြီး ချုပ် ဦးမောင်မောင်အုန်းက လှေစီးဒုက္ခသည်၏ ပြဿနာအစ ကို တွက်ဆ၍ပြောသည်။
ယင်းကို ဦးဝင်းထွန်းထွန်းက ကန့် ကွက်ပြောကြားရာ တွင် လှေစီးဒုက္ခသည် များအနေဖြင့် မည်သူမျှ ဒုက္ခသည်အဖြစ် ရပ်တည်ချင်စိတ်ရှိမည်မဟုတ်ဘဲ ရခိုင်ပြည်နယ်၌ နေထိုင်ရသည်မှာ ဖိနှိပ်ခံရမှုများညှင်းပန်းနှိပ်စက်
ခံရမှုများကြောင့် ထွက်ခွာပြေးကြခြင်းဖြစ်သည်ဟု ဆိုသည်။
"လှေစီး ဒုက္ခသည်မတိုင်ခင် လေယာဉ်စီး ဒုက္ခသည်ဆိုတာ ရှိခဲ့တယ်၊ အဲဒီမှာ ကန်ထုတ်လိုက်တဲ့ အင်အားစုတွေ ရှိနေသလို ၊ တစ်ဖက်
က ဆွဲခေါ်နေ တဲ့ အင်အားစုတွေလည်းရှိတယ် ၊ဒီလိုကိစ္စမှာ even UNHCR တောင်ပါဝင်ပတ်သက်နေနိုင်တယ် ၊ သူတို့ ရဲ့ နာမည်နဲ့ သုံးရင် အခြားနိုင်ငံသားတွေထက် မြန်မြန်လေး UNHCR ရဲ့ ကာ
ကွယ်မှုကို ရတယ် " ဟု ဒေါက်တာအေးမောင်က ပြောသည်။
ဦးအေးလွင်က ဆွေးနွေးရာတွင် လှေစီးဒုက္ခသည်များမှာ ဓါးစား
ခံများသာဖြစ်ပြီး ၄င်းတို့ နောက်တွင် ဓါးစာခံများကိုအသုံးချချင်သ
များရှိနေကြောင်း ပြဿနာ၏ အရင်းအမြစ်အမှန်ကို သေချာစွာ စိစစ်သင့်ကြောင် ဆိုသည်။ " ဓါးစာခံလုပ်ချင်တာက အများကြီး
ရှိတယ် ၊ အုပ်စု တစ်စုတည်းမဟုတ်ဘူး ၊ အုပ်စုတစ်စုတည်းကို လက်ညှိုးထိုးပြီးပြောလို့ မရဘူး " ဟု ဦးအေးလွင်ကဆိုသည်။
မြန်မာ့ပင်လယ်ပြင်၌ တွေ့ ရှိသဖြင့် ထိမ်းသိမ်းခဲ့ရသော လှေစီး ဒုက္ခသည်များနှင့်ပတ်သက်ပြီး ၀န်ကြီးချုပ် ဦးမောင်မောင်အုန်း က ပြောကြားရာတွင် " အခုဖြစ်တဲ့ ပြဿနာ ကပွင့်ပွင့်လင်းလင်းပြော
ရရင် နယ်မြေကဆက်စပ်နေတယ် ၊ ဟိုဘက်မှာဖြစ်တယ် ဒီဘက်
ကို ကူးလာတယ် ။ ပြဿနာဖြစ်တော့ မြန်မာ့ရေပိုင်နက်လို့ ပြော
တယ် ၊ ကျွန်တော်လုံးဝ လက်မခံနိုင်ဘူး " ဟု ၀န်ကြီးချုပ်က ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလသမဂ္ဂတို့ ကပါ မြန်မာက မိထား သည့် ဘင်္ဂလီများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများ ဟု ပြောသည့်ကိစ္စ အပေါ် ပြည်တွင်းနေအစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သူ ဦးဝင်းထွန်းထွန်းက " ဘင်္ဂလားဒေ့ရှ်နဲ့ နယ်မြေချင်း ထိစပ်နေတယ် ၊၀န်ကြီးချုပ်ပြော သလို နတ်မြစ်တစ်လျှောက် နီးစပ်တယ်ပေါ့၊ အဲဒီတော့ အဲဒီက ဒုက္ခသည်တွေပါပဲ လို့ ပြောတာကို ကျွန်တော် ကန့် ကွက်ပါတယ် " ဟု ပြောသည်။ ၄င်းက ယင်းကဲ့သို့ ပြောသည့်ရက်မတိုင်မီ သုံးရက် အလိုကတည်းက ဘင်္ဂလား
ဒေ့ရှ်ဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂတို့ က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား
များဖြစ်ကြောင်းကို အတည်ပြုချက်ပေးထားပြီးပြီဖြစ်သည်။ ၄င်းက လ၀ကအရာရှိတစ်ဦးပြောထားသော ၀ှိုက်ကတ် ကိစ္စနှင့်
ဆက်စပ်ပြီး ကန့် ကွက်ပြောကြားခြင်းလည်းဖြစ်သည်။
ယင်းအချိန်တွင် တက်ရောက်နားထောင်သူများထဲမှ အမျိုးသမီးတစ်ဦး
က " ဘင်္ဂလားဒေ့ရှ်ဘက်က သူတို့ လူပါလို့ လက်ခံပြီးပြီလေ " ဟု ပြောကြားရာတွင် တက်ရောက်လာသည့် ပြည်တွင်းနေအစ္စလာမ်
ဘာသာဝင်များက ချက်ခြင်းပင် " အဲဒါဆို အထောက်အထားပြပါ ၊ အထောက်အထားမရှိဘဲနဲ့ မပြောပါနဲ့  သူတို့ တွေဟာ မြန်မာက
ဖြစ်ကြောင်း ကျွန်တော်တို့ မှာ အထောက်အထားတွေရှိတယ် " စသဖြင့် တက်ရောက်လာသူအချင်းချင်း တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်အော်ဟစ်ငြင်းခုံနေကြသည်ကိုတွေ့ ရသည်။
ယင်းကို ပွဲအစီအစဉ်ကျင်းပသည့် DVB မှ ကိုမျိုးသာထက်က သတိပေး ပြောကြားရာတွင် အေးအေးဆေးဆေးငြင်းခုံဆွေးနွေးနိုင်ကြောင်း လက်ရှိဆွေးနွေးပွဲပျက်အောင်လုပ်သည့်ပုံစံမျိုးဖြစ်ပြီး ထိန်းမရပါ
က ပွဲအတွင်းမှ အဆိုပါပုဂ္ဂိုလ်များကို ဆွဲထုတ်သွားမည်ဖြစ်
ကြောင်း ထပ်မံသတိပေးခဲ့ရသည်ကိုလည်းတွေ့ ရသည်။
ယင်းနောက်တွင်မူ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းက ပွဲကို ဆက်ထိန်း
သည့် စကားသံမျိုးဖြင့် ထိန်းပေးခဲ့ပြီးဆက်လက်ဆွေးနွေးခဲ့သည်
ကိုလည်းတွေ့ ရသည်။ " ကျွန်တော်ပြောချင်တာက သူများကို လက်ညှိုးတစ်ချောင်းထိုးရင် ကိုယ့်ကိုယ်ကိုလက်ညှိုးလေးချောင်း
ပြန်ထိုးသလိုဖြစ်ပါလိမ့်မယ် ၊ အခုအချိန်မှာ ဘယ်သူ့ မှာတာဝန်
ရှိတယ် ဘယ်သူက မကောင်းဘူးဆိုတာထက် အပြုသဘောနဲ့ 
ဆွေးနွေးစေချင်ပါတယ် ၊ ကျွန်တော် ၀န်ကြီးချုပ်ပါ တကယ်ဆိုရင် ကျွန်တော်လာပြီးဆွေးနွေးစရာအကြောင်းမရှိဘူး ၊ ဒါပေမယ့် ကျွန်တော် ပြည်သူတွေကို လေးစားလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
လည်းဖြစ်နေလို့ လာပြီးဆွေးနွေးတာပါ ၊ အစိုးရကို ထိခိုက်စေတဲ့ စကားမျိုး ပြောချင်ရင် မကြိုက်ရင် အပြင်မှာ ပြောပါ ၊ ဒီမှာတော့ မပြောပါနဲ့ ။ ဒီမှာပြောတာတော့ ကျွန်တော် လက်မခံဘူး ။ ဒီပွဲမှာ
က ကျွန်တော်တို့ ဒီပြဿနာကြီးကို ဘယ်လိုဖြေရှင်းကြမလဲ ဆို
တာကို အဖြေရှာကြဖို့ ပဲဖြစ်စေချင်ပါတယ် " ဟု ၀န်ကြီးချုပ်က ပြောသည်။
ယင်းနောက်တွင် ဦးဆောင်ဆွေးနွေးသူ လေးဦးက သတိဖြင့် ပါးပါးနပ်နပ်ဆွေးနွေးသွားကြပြီး ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင် နှစ်ဦးက ၀င်၍ ဆွေးနွေးရာတွင် လှေစီးဒုက္ခသည်များမှာ မြန်မာနိုင်ငံ ရခိုင်ပြည် နယ်ဘက်၌အပယ်ခံဘ၀ပုံစံမျိုးဖြင့် နေထိုင်ရသောကြောင့် လှေစီးဒုက္ခသည်များအဖြစ် ပြင်ပ ကို ထွက်သွားကြခြင်းဖြစ်ကြောင်း အစိုးရကဖြစ်စေ ၊ရခိုင်တိုင်းရင်းသားများက ဖြစ်စေ နှိမ်ချဆက်ဆံကြောင်း စွပ်စွဲပြောဆိုကြ
သည်ကိုတွေ့ ရသည်။
" ပထမဆုံးကန့် ကွက်ချင်တာက လှေစီး ဒုက္ခသည်မှာ လူဦးရေပေါက်ကွဲ မှုကြောင့် ဘင်္ဂလားဒေ့ရှ်က ထွက်လာသူတွေလား ၊ ရခိုင်ပြည် နယ်က သူများတွေပြောနေကြသလို ဖိနှိပ်ခံရလို့ မြန်မာက ထွက်သွားသူတွေလား ဆိုတာ ရှင်းရှင်းလင်းလင်း ဦးဆောင်မေးမြန်းစေ ချင်တယ် ၊ နောက်တစ်ခုက ခုနက ၀န်ကြီးချုပ်ကပြောသွားသလို ၊ ဘင်္ဂလီ ၂၀၈ ဦးမှာ ၈ ဦးက ကျောက်တော်ဘက်က ဘင်္ဂလီတွေလို့ ပြောတယ် ၊ ၂၀၀ ကတော့ ဘင်္ဂလားဒေ့ရှ်ကလို့ ပြောတယ် ၊ အဲဒီတော့ဘင်္ဂလားဒေ့ရှ်က လာ
တယ် မြန်မာကလာတယ် ဘာကြောင့် သူတို့ ကလှေတစ်စီးတည်း
မှာအတူတူဖြစ်နေရတာလဲ ၊ သူတို့ တွေက အဆက်အသွယ်ရှိနေ
လို့ လား ။ နောက်တစ်ခုက နိုင်ငံတကာ သတင်းတွေမှာ ပြောနေ
ကြတယ် ၊ ပင်လယ်ပြင်မှာ လူ ၇၀၀၀ လောက် ခိုးထွက်လာကြ
တယ် ၊ ၄၀၀၀ လောက်က တွေ့ ရှိပြီးပြီ လို့ ပြောတယ် ၃၀၀၀ လောက်က ပျောက်နေတယ်လို့ ပြောတယ် ။ မသိအောင်လို့  ခိုး
ထွက်ပါတယ် ဆိုမှ အဲဒီ ၇၀၀၀ စာရင်းက ဘယ်ကရတာလဲ ။ တကယ်လို့ သူတို့ က ဒီ ၇၀၀၀ က ထွက်လာပါမယ်လို့ တစ်စုံ တစ်ယောက်က အကြောင်းကြားခဲ့တယ်ဆိုရင် ၇၀၀၀ ဆိုတဲ့ စာရင်းကို သတင်းပေးတဲ့သူက လူကုန်ကူးသူတွေနဲ့ အဆက်အ
သွယ်ရှိလို့ ပဲ ၊ နောက်ပြီး လူ ၇၀၀၀ မှာ ၃၀၀၀ လောက်ပျောက်
နေလို့  ဟိုး တစ်မျှော်တစ်ခေါ်က အမေရိကန်က ဒီမှာလူလာရှာ
တယ်ဆိုရင် သိပ်အဝေးကြီးလည်း လှမ်းမကူပါနဲ့ လို့ ၊ ကိုယ့်အနီး
အနားက မက္ကဆီကန်တွေကိုပဲ စာနာပါလို့  အဲလိုပဲပြောချင်တယ် " ဟု ဆွေးနွေးပွဲတက်ရောက်သူ တစ်ဦးဖြစ်သည့် မယုယုခိုင် ( အမည်တစ်လုံးလွဲနိုင်) က ပြောသည်။
ယင်းကို အစီအစဉ်တင်ဆက်သူ မမျိုးမျိုးက ပြန်လည်ရှင်းပြရာမှု ၌ လူ ၇၀၀၀ ဆိုသော စာရင်းမှာ UN နှင့် IOM တို့ ၏သတင်းအချက်အလက်ဖြစ်ကြောင်
ဆိုရာတွင် မယုယုခိုင်က " အဲဒါဆိုရင် အဲလူတွေက လူကုန်ကူးသူ
တွေနဲ့ အဆက်အသွယ်ရှိလို့ ပဲ " ဟု ချက်ခြင်းတုန့် ပြန်ပြောကြား
ခဲ့သည်ကိုတွေ့ ရသည်။
ဘင်္ဂလီများကိုဖိနှိပ်မှုများရှိသည်ဆိုသည်ကို ၀န်ကြီးချုပ်ကယင်းကဲ့သို့ ပြောသူ များ ရခိုင်သို့ လာခဲ့စေချင်ပြီး ကိုယ်တိုင်လိုက်ပြမည်ဖြစ်ကြောင်း တုန့် ပြန် သည်။ အဆိုပါဆွေးနွေးပွဲ၏ နောက်ဆုံးရလာဒ်မှာ နှစ်ဖက်အဖွဲ့ အစည်းအပါ
အ၀င် အဖွဲ့ အစည်းအသီးသီးအနေဖြင့် လှေစီး ဒုက္ခသည်ကိစ္စကို
လိုအပ်သည်ထက်မဖွဘဲ ပြဿနာ ဖြေရှင်းနိုင်မည့် နည်းလမ်းကို သာရှာသင့်ကြောင်း ၊ ယင်းအပြင်ရခိုင်ပြည်နယ်တည်ငြိမ်ရေး
အတွက် ပြည်သူအားလုံးက နိုင်ငံချစ်စိတ်ဖြင့် သတိထားသင့်
ကြောင်း သုံးသပ်လိုက်သည်ကိုတွေ့ ရသည်။
( ပြည်မြန်မာနေ့ စဉ်သတင်းစာ - ဇွန်လ ၁ ရက်နေ့ ထုတ်မှ )
ကိုယ်ဖြစ်ကိုယ်ခံ ဒေါ်စုကြည်
ဒေါ်စုကြည်၏ မော်လမြိုင်ခရီးစဉ်တွင် ၅၉(စ) နှင့်
ပက်သက်၍ ပြောသွားသည့်စကားကို
ပြန်လည် ချေပလိုက်ပါသည်။
ဒေါ်စုကြည်မှ သူသမ္မတ မဖြစ်အောင်
ထုတ်ပြန်ထားဥပဒေဖြစ်ကြောင်း
သူ့ကိုကြောက်လျှင်မပြင်ပဲနေပြီး
မကြောက်လျှင်ပြင်မှာဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။
၅၉(စ)သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ
ရည်ရွယ်၍ ပြဒါန်းထားခြင်းမဟုတ်ပါ။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
၁၉၄၈ အခြေခံဥပဒေတွင် နိုင်ငံနှင့်လူမျိုးအတွက်
ရေရှည်တည်တန့်ခိုင်မြဲဖို့ လိုအပ်၍
ပြဒါန်းထားခဲ့သောဥပဒေဖြစ်ပါသည်။
၎င်းဥပဒေသည် နိုင်ငံနှင့်လူမျိုးအတွက်
အရေးကြီးသော ဥပဒေဖြစ်ပါသည်။
ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေတွင်
ထည့်သွင်းပြဒါန်းခဲ့ခြင်းဖြစ်ပါသည်။
၎င်းဥပဒေမပြဒါန်းခဲ့ပါလျှင်
နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံးသောနေရာဖြစ်သည့် သမ္မတနေရာတွင်
နိုင်ငံခြားနှင့်ပတ်သက်နေသော
သူများနေရာရလာပါက နိုင်ငံတော်သည်
တိုင်းရင်သား၁၃၅ မျိုးအရေးကို
ဦးစားမပေးပဲ နိုင်ငံခြား သြဇာခံဖြစ်လာမှာပါ။
ဒေါ်စုကြည်၏အဖြစ်က ဘာနဲ့တူနေသလည်းဆိုပါက
ဝဲပေါက်နေသူတစ်ဦးကို
ဆားရည်နှင့်ထိလျင်စပ်သလိုမျိုး
ဒေါ်စုကြည်ကိုယ်တိုင်ကဝဲပေါက်နေသဖြင့်
ဆားရည်ကိုမထိရဲသော
ဘဝသို့ရောက်နေပါကြောင်း။
နိုင်ငံခြားသို့ရောက်နေလို့
နိုင်ငံခြားသားနှင့်ရတာပါလို့ လမ်းဘေးကစကားမျိုး
နတ်သံနှောပြီး လာမပြောနဲ့
သူလိုနိုင်ငံခြားသွားသောဗမာမတွေ
နိုင်ငံခြားသားနှင့်အကုန်ညားကြပါသလား။ ကိုယ်သည် နိုင်ငံခေါင်းဆောင်
အမျိုးသားခေါင်းဆောင်သမီးဖြစ်ပါရဲ့
ကိုယ့်ဟာကိုလင်ယူပက်စက်တာကို
၅၉(စ)ကို အပြစ်ပုံမချပါနဲ့
ငါဟာသာမန်သူမဟုတ်ဘူးဆိုတာသတိထားမှပေါ့
ကိုယ်မျိုးမစောင့်တဲ့ အပြစ်က ကိုယ်ပဲခံရမှာ
ဒါဘယ်သူမပြု မိမိမှု့ပဲ ကိုယ်သမိုင်းကိုယ်ရေးကြတာပါ
ဒါကြောင့် ဘယ်သူကိုမှ
အပြစ်မပြောပဲတစ်ခွန်းပဲ
ပြောပါရစေ
ကိုယ်ဖြစ်ကိုယ်ခံ ဒေါ်စုကြည်။
ကိုရာဟု(၁၉၈၈)
.. https://www.facebook.com/MyanmarExpress
ေ ဒၚ ေ အ ာ င် ဆ န်း စု ကြ ည် သို့ေ ချ ပ ချ က်
From : .. မိုးမခ
၁၉၆၂ မှာ နေ၀င်းအာဏာသိမ်းတယ်။ တော်လှန်ရေးကောင်စီဆိုပြီး စစ်အာဏာရှင်စနစ်ပေါ်လာတယ်။ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အအုံကို နေ၀င်း(နဲ့ အောင်ကြီး)မိုင်းနဲ့ ခွဲပြီး ဖျက်ဆီးပစ်လိုက်တယ်။ ကျောင်းသားထုဟာ တစ်သက်ကမ္ဘာမကျေ၊ ကမ္ဘာကျေသော်လည်း ဥဒါန်းမကျေနိုင်ဖြစ်ခဲ့တယ်။ ကျောင်းသားမျိုးဆက် အဆက်ဆက်ဟာ ကျောင်းသားသမဂ္ဂပြန်လည်ပေါ်ထွန်းလာရေးအတွက်စွန့် စားကြိုးပမ်းဆောင်ရွက်ခဲ့ကြတယ်။ ဒါပေမဲ့ နေ၀င်း – စန်းယုဖိနှိပ်ချုပ်ချယ်မှုက ပြင်းထန်လွန်းတော့၊ ကျောင်းသားသမဂ္ဂဆိုတာ ပြန်လည်ပေါ်ထွန်းမလာနိုင်ခဲ့ဘူး။
ကျောင်းသားသမဂ္ဂပေါ်ထွက်မလာသေးပေမဲ့၊ စစ်အစိုးရဆန့် ကျင်ရေး ကျောင်းသားတိုက်ပွဲတွေကတော့ အဆက်မပြတ်ဖြစ်ပေါ်နေခဲ့တာပါ။ ၁၉၆၂ တော်လှန်ရေးကောင်စီစစ်အာဏာသိမ်းတုန်းက ပထမဆုံးနဲ့  အပြင်းထန်ဆုံး ဆန့်ကျင်ကန့် ကွက်ခဲ့တာ ကျောင်းသားသမဂ္ဂပါပဲ။ ဗ က သ၊ တ က သ၊ ကျောင်းသားသမဂ္ဂတွေပဲ။ ဗ က သ ဥက္ကဋ္ဌ ကိုသက်၊ တ က သ ဥက္ကဋ္ဌ ကိုဗဆွေလေးတို့ ဟာ နေ၀င်းနဲ့ တော်လှန်ရေးကောင်စီကို ပြန်တိုက်ဖို့ ဗမာပြည်ကွန်မြူနစ်ပါတီ(ဗ က ပ)ဆီ တောခိုသွားခဲ့ကြတယ်။ လူထုဦးလှ – လူထုဒေါ်အမာတို့ ရဲ့ သားကြီး ကိုစိုးဝင်းနဲ့ အခြားကျောင်းသားတွေလည်း လက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့  ဗ က ပ ဗဟို ပဲခူးရိုးမကိုရောက်သွားခဲ့ကြတဲ့သမိုင်းပေါ့ ။
၁၉၇၄ ဇွန်(၆) အလုပ်သမားအရေးအခင်းဖြစ်တယ်။ ကျောင်းသားတွေလည်းပါတယ်။ ၁၉၇၄ ဒီဇင်ဘာ (၅) ဦးသန့် ဈာပနအရေးအခင်းဖြစ်တယ်။ စစ်တပ်က အကြမ်းဖက်နှိမ်နင်းပြီး၊ ကျောင်းသားအမြားအပြားထောင်ထဲရောက်ကြရတယ်။ သေကြေဒဏ်ရာတွေရခဲ့ကြတယ်။ ၁၉၇၅ ဇွန်(၆) အလုပ်သမားအရေးအခင်းနှစ်ပတ်လည် ရွှေတိဂုံအထွေထွေသပိတ်မှာ ကျောင်းသားတွေ ရိုက်နှက်ဖမ်းဆီးခံကြရပြန်တယ်။ ၁၉၇၆ မတ်(၂၃) ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှစ်(၁၀၀)ပြည့်ပွဲကို စစ်အစိုးရက တားဆီးနှိမ်နင်း ဖြိုခွင်းပစ်ခဲ့တယ်။ ကျောင်းသားတွေ အစုလိုက် အပြုံလိုက် အကျဉ်းထောင်တွေထဲရောက်ကုန်တယ်။ (ကျနော် မှိုင်းရာပြည့်အရေးအခင်းမှာ ပုသိမ်ကောလိပ်ကနေ ထောင်ထဲရောက်ခဲ့တယ်)
` စစ်အာဏာရှင်စနစ်ဆန့် ကျင်ဖြုတ်ချရေး တိုက်ပွဲစဉ်ကြီးမှာ ကျနော်တို့ မှာ စုရပ်ဖြစ်တဲ့ “ကျောင်းသားသမဂ္ဂ” မရှိခဲ့ပါဘူး။ (ကျောင်းသားသမဂ္ဂဖွဲ့ စည်းနိုင်ဖို့ အခြေအနေမပေးခဲ့ပါ) ကျောင်းသားတွေဟာ ဘုံရန်သူကို ဆန့် ကျင်တိုက်ခိုက်ဖို့ ၊ တူညီတဲ့ရပ်တည်ချက်၊ ရည်မှန်းချက်၊ တော်လှန်တဲ့ကျောင်းသားစိတ်ဓာတ်ကို စုရပ်ထားပြီး၊ ကျောင်းသားညီညွတ်ရေးထူထောင်ခဲ့ကြရတာပါ။ ခွပ်ဒေါင်းအလံတော်အောက်မှာ စုစည်းတိုက်ပွဲဝင်ခဲ့ကြတာပါ။
၁၉၇၆ (မှိုင်းရာပြည့်အရေးအခင်း)မှာ ၇၄- ၇၅ ကျောင်းသားခေါင်းဆောင် ကိုဆလိုင်းတင်မောင်ဦး ကြိုးပေးကွပ်မျက်ခံခဲ့ရတဲ့သမိုင်း။ ဒီသမိုင်းကို ကျနော်တို့ ဒီအတိုင်း မေ့ပျောက်ထားရစ်ခဲ့ရမှာလား ဒေါ်အောင်
ဆန်းစုကြည်ရယ်။
မ ဆ လစစ်အစိုးရကလည်း ရက်ရက်စက်စက်ကိုင်တွယ်တယ်။ ကျောင်းသားတွေကလည်း ရဲရဲရင့်ရင့် ရင်ဆိုင်တယ်။ နောက်တော့ ကျောင်းသားတွေဦးဆောင်တဲ့ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်လာတယ်။ မ ဆ လ ပါတီနဲ့ အစိုးရ တစ်စတစ်စယိုယွင်းကျဆုံးလာတယ်။ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ရောက်လာတယ်။ ဘကြီးနုက စင်ပြိုင်အစိုးရဖွဲ့ ပြီး အာဏာပြန်တောင်းတယ်။ (မအောင်မြင်လိုက်ဘူး)
ကျနော်တို့ မျိုးဆက်ခေတ်(၇၄- ၇၅- ၇၆)မှာ ကျနော်တို့ ဘယ်လိုမှာမဖွဲ့ စည်း၊ မတည်ထောင်နိုင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂကို သူတို့ (မင်းကိုနိုင်၊ ကိုကိုကြီး၊ မိုးသီးဇွန်)ထူထောင်နိုင်ခဲ့ကြတယ်။သူတို့ ကို ကျနော်တို့ ကျောင်းသားဟောင်းတွေက အားပေးဝန်းရံခဲ့ကြတယ်။
နောက်တော့၊ တိုတိုပြောရရင် ၈၈ စက်တင်ဘာ(၁၈) မ ဆ လ အကြွင်းအကျန်စစ်တပ်က အာဏာ သိမ်းသွားတယ်။ ၁၉၅၈ မှာတစ်ကြိမ်၊ ၁၉၆၂ မှာတစ်ကြိမ်၊ အခုတစ်ခါ ၁၉၈၈မှာ အာဏာသိမ်းတာဟာ တတိယအကြိမ်သိမ်းတာပဲ။ စစ်တပ်အာဏာတစ်ခါသိမ်းရင် အနှစ်(၃၀)လောက်(၂၆ နှစ်)ကြာတယ်ဆိုတဲ့ ခါးသီးတဲ့ သမိုင်းသင်ခန်းစာတစ်ခု ကျနော်တို့ ကြုံတွေ့ ခဲ့ကြရပြီ။
“ … ကျောင်းသားသမဂ္ဂအဆောက်အအုံကြီးကိုလည်း ပျော်ပျော်ပါးပါးကြီး အတူအုတ်မြစ်ချကြတာပေါ့ ” တဲ့။ ဒေါက်တာမောင်မောင် ကျောင်းသားနဲ့ ပြည်သူတွေကို ပျားရည်နဲ့ ဝမ်းချဖို့ ကြိုးစားခဲ့တာပါပဲ။
ကျောင်းသားသမဂ္ဂတွေ လွတ်လပ်စွာဖွဲ့ စည်းထူထောင်နိုင်ကြပြီဆိုရင်၊ ကျောင်းသားသမဂ္ဂအဆောက်အအုံသစ်ကြီးလည်း ပြန်လည်ပေါ်ထွက်လာပြီဆိုရင်၊ ဒါဟာ မြန်မာ့မြေ မြန်မာ့ရေပေါ်မှာ စစ်အာဏာရှင်စနစ် လုံးလုံးချုပ်ငြိမ်းပြီး၊ တရားမျှတ လွတ်လပ်ခြင်းနဲ့ ငြိမ်းချမ်းတည်ငြိမ်တဲ့ တိုင်းသစ်ပြည်သစ်ဖြစ်ပြီလို့ စိတ်ချလက်ချ မှတ်ယူနိုင်ပြီပဲ မဟုတ်လား။
ဆက်ပြောရရင်၊ ၈၈ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးတော့ န ၀ တ စစ်အစိုးရပေါ်လာတယ်။ ရွေးကောက်ပွဲနဲ့ လူထုကိုနှစ်သိမ့်လိုက်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပါတီထောင်တယ်။ ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံတစ်စိတ်တစ်ပိုင်းကိုယူပြီး ပါတီအလံလုပ်တယ်။ (ဗ က သ ခွပ်ဒေါင်းအလံထဲက ခြေမန်းကွင်းကို ဖယ်ပြီး၊ ကြယ်ဖြူကြီးတစ်လုံးထည့်လိုက်တယ်)
ခုတော့၊ ဒေါ်အောင်ဆန်းစုကြည် ဒီစကားကို မေ့သွားခဲ့ပါပြီ။
(ဆ က် ရ န် )
ေ အ ာ င္ ေ ၀ း
မေ ၂၇- ၂၀၁၅။ 
.. https://www.facebook.com/MyanmarExpress
အမျိုးသားရေးအန္တရာယ်ဖြစ်လာပြီဖြစ်သည့် Boat People ပြဿနာ
UN အပါအ၀င် နိုင်ငံတကာက Boat People ပြဿနာကို ဒုက္ခသည်ပြဿနာအဖြစ် ပုံဖော်ပြီး မြန်မာ တစ်နိုင်ငံတည်းကိုပဲ လက်ညိုးထိုး အပြစ်ရှာပြောနေကြတယ်ဆိုတာတော့ အားလုံးသိပြီးဖြစ်မှာပါ။ Boat People ဆိုတာ တကယ်တော့ Unlawful Migrant ပဲ။ သူတို့ဟာ ဒုက္ခသည်တွေမဟုတ်ဘူး။ လူမှောင်ခိုကူးမှုရဲ့ သားကောင်တွေ။ အခကြေးငွေပေးပြီး နိုင်ငံတကာ နယ်နမိတ်တစ်ခုကို ဖြတ်သန်း ပို့ဆောင်ဖို့အတွက် လူမှောင်ခိုဖို့ သဘောတူညီချက် ယူထားသူတွေပဲဖြစ်တယ်။ တကယ်တော့ ထိုင်းနိုင်ငံ ဆောင်ကလာခရိုင်နဲ့ Malaysia နယ်စပ်တွေမှာ အကြီးအကျယ် လူမှောင်ခို ကူးနေခဲ့တာ နှစ်ပေါင်းအတော်ကြာပါပြီ။ မကြာသေးမီကာလက ထိုင်းနိုင်ငံနဲ့ မလေးမှာ အသတ်ခံရတဲ့ အလောင်း များစွာတွေ့ရှိရပြီးတဲ့နောက်မှာ ဒီကိစ္စဟာ Popular Issue တစ်ခုဖြစ်လာခဲ့တာပါ။
တကယ်တော့ အခု ပင်လယ်ပြင်မှာရောက်ရှိနေကြတဲ့ Boat People တွေဟာ 100% ဘင်္ဂလီတွေပါ။ လာမယ့် အောက်တိုဘာလမှာ မြန်မာနိုင်ငံက အရှိန်ပြင်းပြင်းနဲ့ ရွေးကောက်ပွဲကြီးတစ်ခု ကျင်းပသွားမှာပါ။ တစ်ဆက်တည်း စက်တင်ဘာမှာ UN က လုံခြုံရေးကောင်စီအစည်းအဝေးလည်း ကျင်းပမှာဖြစ်ပါတယ်။ ကမ္ဘာနဲ့အ၀ှမ်းမှာဖြစ်ပွားနေတဲ့ ဘင်္ဂလီ Boat People တွေကို ရိုဟင်ဂျာလို့ ပြောလိုပြော၊ မြန်မာကလို့ပြောလိုပြောနဲ့ နောက်ကွယ်က လက်မည်းကြီးတွေနဲ့ လက်မည်းကလေး တွေရဲ့ တမင်တကာဖန်တီးခြင်းသာ ဖြစ်တယ်ဆိုတာတော့ အထူးပြောစရာမလိုပါဘူး။ Boate People ပြဿနာမှာ မြန်မာတစ်နိုင်ငံတည်းကိုသာ အပြစ်တင်ပြောဆိုပြီး အဆိုပါ ဘင်္ဂလီများဟာ မြန်မာနိုင်ငံမှ ထွက်လာသူများ ဖြစ်ကြသယောင်ဖိအားပေး ပုံဖော်နေကြကာ တကယ့် မူရင်းဇစ်မြစ်ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတော့ ထည့်သွင်းပြောဆိုခြင်းမရှိကြတာ အံ့သြစရာကောင်းနေပါတယ်။
သို့သော် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တပ်မတော် (ရေ)မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာပြီး မြန်မာ့ရေပိုင်နက်အတွင်းသို့ရောက်လာသည့် လူမှောင်ကိုသဘောင်္နှစ်စီး အင်အား (၉၀၀) ကျော်ခန့်အား ဖမ်းဆီးရမိပြီးနောက် Boat People များသည် မြန်မာနိုင်ငံမှမဟ်ုပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ခွာလာကြသူများဖြစ်ကြောင်း နိုင်ငံတကာသို့ သက်သေပြနိုင်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာလုပ်တဲ့ အစည်းအဝေးမှာ နိုင်ငံခြားရေးညွှန်ချုပ် ဦးထင်လင်းပြောကြားခဲ့သလိုပါပဲ Boate People ပြဿနာကို မြန်မာတစ်နိုင်ငံတည်းကိုပဲ အပြစ်ပုံချနေခြင်းဟာ ပြဿနာကို ဖြေရှင်းရာမရောက်ပါဘူး။ ပြဿနာအားလုံးရဲ့ မူရင်းဇစ်မြစ်နိုင်ငံ၊ တာဝန်အရှိဆုံးနိုင်ငံက ဘင်္ဂလားဒေ့ရှ်နိုင်ငံပါပဲ။
Boat People လို့ခေါ်တဲ့ ဘင်္ဂလီကုလားများ၏ ဘူမိနက်သန် ဘင်္ဂလားဒေ့ရှင်္နိုင်ငံအကြောင်းကို အစကောက်ရမည်ဆိုလျှင် ပါကစ္စတန်ပြည်တွင်းစစ်ပွဲအပြီး ၁၉၇၂ ခုနှစ် ဧပြီလ (၁၀)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ ပေါ်ထွက်လာခဲ့ပြီးနောက်အာရှတွင်ဆဌမမြောက်၊ကမ္ဘာပေါ်တွင် န၀မမြောက်လူဦးရေအများဆုံး နိုင်ငံဖြစ်ခြင်း၊မြေနေရာကျဉ်းမြောင်းပြီး လူဦးရေပေါက်ဖွားနူန်း၊ လူဦးရေ သိပ်သည်းမှုအနေဖြင့်တစ်စတုရန်း ကီလိုမီတာတွင် (၁၀၈၂)ယောက် နေထိုင်၍ လူနေထူထပ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး တိုင်းပြည်စာရင်းတွင်ပါဝင်ခြင်း၊ စာတတ်မြောက်မှု အနည်းဆုံးနှင့်ကလေးမွေးဖွားပြီး သေဆုံးနှုန်းများပြားခြင်း၊ မွတ်စလင်လူဦးရေ ဒုတိယအများဆုံး ဖြစ်ခြင်း၊ နှစ်စဉ်သဘာဝဘေးအန္တရာယ်ခံရခြင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ဘာသာရေးအရ ကွဲပြားခြားနားခြင်းနှင့် လူဦးရေပေါက်ကွဲမှုမှတဆင့် အိမ်နီးချင်းနိုင်ငံများသို့ စိမ့်ဝင်မှုများပြားခြင်း စသည်တို့ကြောင့် ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးအေား ခြိမ်းခြောက်နေသော နိုင်ငံ တစ်နိုင်ငံ အဖြစ်တည်ရှိနေကြောင်း တွေ့မြင်ရမည်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သည် "Friendship to all, malice to none"ဟူသော အခြေခံ နိုင်ငံခြားရေးမူဝါဒ ကိုင်ဆွဲထားသော်လည်း နိုင်ငံတကာ၏အကူအညီရယူသော နိုင်ငံဖြစ်၍လည်းနိုင်ငံတကာနှင့် "Adaptor Behaviour" ခေါ် လိုက်လျောညီထွေနေရသော နိုင်ငံဖြစ်သဖြင့်အလှူရှင်နိုင်ငံများ၏ သြဇာ လွှမ်းမိုးမှုမလွန်ဆန်နိုင်သော နိုင်ငံဖြစ်ခြင်း၊ လူဦးရေသိပ်သည်းမှုများပြားခြင်း (Population Burst) အပေါ် ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများမှလည်း စိုးရိမ်ပူပန်မှုရှိခြင်း၊ နှစ်စဉ်သဘာဝဘေး အန္တရာယ်ခံစားရပြီး ဆင်းရဲမွဲတေမှုနှုန်းမြင့်မားမှုအပေါ် ဘာသာရေးအစွန်းရောက် အသေခံ အကြမ်းဖက် သမားများ၏ စည်းရုံးမှုမှတဆင့်လည်းအိုစမာဘင်လာဒင်လက်သစ်အမြောက်အများ ပေါ်ထွက်လာမည်ကိုလည်း
နိုင်ငံတကာမှ စိုးရိမ်ပူပန်လျက်ရှိခြင်းတို့ကြောင့် ၀ိုင်းဝန်း ထောက်ပံ့မှုများ ပေးနေရသည်ကိုတွေ့ရသည်။
ဤသို့အခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အခန်းကဏ္ဍမှာ ဒေသအတွင်းတွင် မရှိလျှင် မဖြစ်သည့် ဦးဆောင်နိုင်ငံအဖြစ် ဆောင်ရွက်နိုင်မည့်အခြေအနေမှာ နိုင်ငံစွမ်းအားအခြေအနေအရ မဖြစ်နိုင်သော်လည်းဆင်းရဲမွဲတေမှုမြင့်မားသော၊လူဦးရေများပြားလွန်းသော၊ နှစ်စဉ်သဘာဝ ဘေးအန္တရာယ် ခံစားနေရသောအဆိုပါနိုင်ငံအား နိုင်ငံတကာမှသော်လည်းကောင်း၊ ဒေသတွင်း နိုင်ငံများကသော်လည်းကောင်း လစ်လျူရှုထားမည်ဆိုပါကလည်း နိုင်ငံတကာအသိုင်းအ၀ိုင်းတွင် စိုးရိမ်ပူပန်မှု၊ ထိတ်လန့်ကြောက်ရွံ့မှုဖြစ်ပေါ်စေမည့်အသေခံ အကြမ်းဖက်သမားများ ပေါက်ဖွားရာ နိုင်ငံဖြစ်လာနိုင်သဖြင့် အရေးကြီးသည့်အခန်းကဏ္ဍမှ မပါသော်လည်း အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသော နိုင်ငံတစ်နိုင်ငံအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။
အခုဖြစ်ပေါ်နေတဲ့ Boat People ပြဿနာဟာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူဦးရေပေါက်ကွဲမှုရဲ့ အကျိုးဆက်တွေပဲဖြစ်ပါတယ်။ အခုတော့ ဒေသတွင်းပြဿနာတစ်ခုအဖြစ် ပေါ်ထွက်လို့လာခဲ့ပါပြီ။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်တွင် အရှေ့ဘက်မှာ ကိုးကန့်ပြဿနာ၊ အနောက်ဘက်မှာ ကြီးမားတဲ့ Illegial Migration Boat People ပြဿနာ၊ အလယ်မှာက တကမ္ဘာလုံး စိတ်ဝင်စားနေကြတဲ့ ရွေးကောက်ပွဲကြီးအစရှိသဖြင့် ဘက်ပေါင်းစုံနဲ့ ဖိအားပေးနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ တကယ်တော့ Boat People ပြဿနာကို Media တွေအပါအ၀င် ပြည်သူတွေအနေနဲ့ငါနဲ့မဆိုင်ဘူးအစိုးရလုပ်လိမ့်မယ်ဆိုပြီး
အေးရာအေးကြောင်းလုပ်နေလို့ မရပါဘူး၊ အမျိုးသားရေး ပြဿနာတစ်ခုပါ။
အစိုးရနဲ့ပြည်သူ တက်ညီလက်ညီနဲ့ ဒီကိစ္စမှာ တစ်သားတည်းဖြစ်တယ်ဆိုတာ ပြသကြဖို့လိုပါတယ်။ ထို့အတွက်လည်း ပြီးခဲ့တဲ့အပါတ်က ရန်ကုန်မြို့ ဗိုလ်စိန်မှန်ကွင်းမှာ Boat People တွေဟာ မြန်မာနိုင်ငံကမဟုတ်ဘူးဆိုတာကမ္ဘာကသိအောင်ဆန္ဒထုတ်ဖော်ခဲ့ကြတာကို
တွေ့ရမှာဖြစ်ပါတယ်။
တကယ်တော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အမျိုးသားလုံခြုံရေးနှင့် ဒေသတွင်းပြဿနာများအရ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနှင့် မြန်မာနိုင်ငံတို့အတွက် အဓိကကျတဲ့ အနေအထား ဖြစ်တယ်ဆိုတာ တွေ့ရမှာပါ။ အိန္ဒိယက ဘင်္ဂလားဒေ့ရှ်ကို ပြည်ပခြိမ်းခြောက်မှု အန္တရာယ်အဖြစ်ရှုမြင်ထားသလို မြန်မာအနေနဲ့လည်း ဘင်္ဂလားဒေ့ရှ်ကို အင်အားကြီးနိုင်ငံတွေရဲ့ ၀င်ရောက်စွက်ဖက်မှုမှတဆင့် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်မှုသည်လည်း မြန်မာနိုင်ငံအတွက် ကြီးမားသော ပြဿနာတစ်ရပ် အဖြစ်လည်းကောင်း၊ လူဦးရေစီးဝင်မှုအား မတားဆီးနိုင်ပါက ရေရှည်တွင် ယူဂိုဆလားဗီးယားနိုင်ငံရှိ ဆာ့ဘ်နှင့် အယ်ဘေးနီးယား ခွဲထွက်မှုအဖြစ်သို့ ရောက်ရှိ လာနိုင်ကြောင်း သတိပြုကြစေလိုပါတယ်ခင်ဗျာ...။
ဘယ်သူသေသေ ငတေမာရင်ပြီးရော သန်းထွဋ်အောင် အပိုင်း (၁)
မီဒီယာလောကတွင် မီဒီယာသမားချင်းလည်းဗိုလ်ကျလွှမ်းမိုး၊ ဌာနဆိုင်ရာဆိုလည်း အမြင်ဆိုးနဲ့ဘဲကြည့်၊ သွားဆက်ဆံ မိသူ မည်သူနှင့်မဆို အဆင်မပြေမှုများလွန်းသဖြင့် ဆူးလှည်းကြီး ဟုသတင်းကြီးသော Media ကို ပြပါ ဆိုလျှင် Eleven Media Group ကို လက်ညှိုးထိုး ပြရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နံပါတ် (၁) မီဒီယာ ဟု ၄င်းတို့ဘာသာ အဆင့်ပေးထားပြီး ကိုယ့်ဂျာနယ် တိုက်မှလူကို အောက်ထပ်မှ အပေါ်ထပ်သို့ တက်မေးကာ သတင်းစာ၊ ဂျာနယ်များတွင် တခမ်းတနား ဖော်ပြသော ပုဂ္ဂိုလ်တို့စုဝေးရာ ဖြစ်သည်။ ၄င်းတို့အား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ဖြစ်စေ ရေးသား ဖော်ပြသော ဂျာနယ်များနှင့် မီဒီယာသမားများအား တရားစွဲဆိုရာတွင် နာမည် ကြီးသလို ငါပြောချင်ရာပြောမယ်၊ ရေးချင်ရာရေးမယ်၊ ငါ့ကိုတော့ လာမထိနဲ့၊ မဝေဖန်နဲ့ဆိုသည့် သန်းထွဋ်အောင် ဦးဆောင်သော Eleven Media Group အပြောနှင့် အလုပ်ညီခဲ့ပါသလား။ မီဒီယာကျင့်ဝတ်ကို ဘယ်လိုကိုင်တွယ်ခဲ့သလဲ၊ သူရေးခဲ့သော သမိုင်းကိုကြည့်ကြရအောင်ပါ။
၂၀၁၁ ခုဇန်န၀ါရီလ (၁၃) ရက်နေ့မှာဖွဲ့စည်းခဲ့တဲ့ CPC ကစပြီး ပြောရပါမယ်။ CPC ဆိုတာကတော့ Committee for Professional Conduct ဖြစ်ပြီး မြန်မာဘာသာအားဖြင့် ဂျာနယ် ကိုယ်စားပြု ကော်မတီလို့ ခေါ်ပါတယ်။ CPC ကိုစတင်ဖွဲ့စည်းမယ်လုပ်တော့ သတင်းစာ လောကက ၀ါရင့်စာနယ်ဇင်းသမားတွေ၊ တတ်သိပညာရှင်တွေပါပါတယ်။ ပြည်တွင်းဂျာနယ် ၁၆၆ စောင်ကို ကိုယ်စားပြုမည့် ကိုယ်စားလှယ် ၁၅ ဦးကို မဲပေးရွေးချယ်ခဲ့ကြတာပါ။ ဒီနေရာမှာ ဘာဖြစ်လာလဲဆိုတော့ ကိုယ်စားလှယ်တွေရွေးကောက်ပြီး နောက်တစ်နေ့မှာပဲ Eleven Media Group က CPC ကို အချက် (၆) ချက်တင်ပြတောင်းဆိုပြီး ကော်မတီဝင်တွေဟာ ဒီ စံနှုန်းတွေနဲ့ မကိုက်ညီဘူးလို့ အကြောင်းပြပြီး အဖွဲ့ကနေနှုတ်ထွက်သွားးပါတယ် ။ Eleven ကတောင်းဆိုတဲ့ အချက် (၆) ချက်ပါတဲ့-
အဖွဲ့ဝင်တိုင်းဟာ..
၁။ စာနယ်ဇင်းကျင့်ဝတ်ကို နားလည်ပြီး ၎င်းကျင့်ဝတ်ကို အမှန်တကယ် လိုက်နာကျင့်သုံးခဲ့သော
သမိုင်းကြောင်းရှိသူ ဖြစ်ရမည်။
၂။ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ နာမည်ပျက်မရှိသူ၊ အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ဂုဏ်သတင်း ရှိသူ ဖြစ်ရမည်။ ငွေကြေး အရှုပ်အရှင်း ကင်းသူဖြစ်ရမည်။
၃။ မိမိအလုပ်ပေါ် မိမိ မြတ်နိုးမှုရှိပြီး မိမိတို့ စာနယ်ဇင်း လောကသားများအပေါ် ကာကွယ်လိုစိတ် ရှိရမည်။
၎။ ညှိနှိုင်းမှုများ လုပ်ဆောင်ရာတွင် သဘောထား ပျော့ပျောင်းမှုများ ရှိသူဖြစ်ပြီး စာနယ်ဇင်းတို့၏ ရပိုင်ခွင့်၊ ကျင့်ဝတ် (Principle)ပေါ်၌ နားလည်ကာ အခိုင်အမာ ရပ်တည်နိုင်သူ ဖြစ်ရမည်။
၅။ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရ။
၆။ အစိုးရ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သံရုံး၊ NGOs မှ အမှီအခိုကင်းပြီး Sponsor အထောက်အပံ့ကို သွယ်ဝိုက် (သို့) တိုက်ရိုက်ရယူသူ မဖြစ်ရ… ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။
ဒါဟာ လွန်ခဲ့တဲ့လေးနှစ်ကျော်က Eleven Media Group က ပြောခဲ့တဲ့ အချက်တွေပါ။ လေးနှစ် ကျော်ကြာပြီးနောက် သန်းထွဋ်အောင် အပြောနှင့်အလုပ်ညီခဲ့သလား ကြည့်ကြရအောင်။
စာနယ်ဇင်းလောကသားများအပေါ် ကာကွယ်လိုစိတ် ရှိရမည်လို့ ကြွေးကြော်ပြီး စာနယ်ဇင်းသမားများစွာကို တရားစွဲခဲ့တယ်။ လက်ရှိမှာလည်း ဆရာပိုက်တင်အပါ အခြား သတင်းသမားများစွာကို တရားစွဲထား တုန်းပဲ။ သတင်းသမားတွေရဲ့ အကျင့်သိက္ခာ ထိပါးစေမယ့် စကားလုံးတွေသုံးပြီး ၄င်းတို့ ဂျာနယ်မှာ ဖော်ပြခဲ့တယ်။
ပုဂ္ဂိုလ်ရေးကို ရှေ့တန်းတင်၍ အုပ်စုဖွဲ့၊ ဂိုဏ်းဂဏဖွဲ့သူ မဖြစ်စေရဆိုပြီး ၄င်းတို့မထင်လျှင်မထင်သလို ထိုးနှက်တိုက်ခိုက်ခဲ့တယ်၊ ခြိမ်းခြောက်ခဲ့တယ်၊ စီးပွားရေးလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ပြီး ၄င်းတို့လိုချင်တဲ့ မူဝါဒတွေရရှိအောင် ပြည်သူနဲ့လှည့်တိုက်ပေးပြီး ကိုယ်ကျိုးစီးပွားရှာခဲ့တယ်။ တပ်မတော်နဲ့ လက်နက်ကိုင်သောင်းကျန်းသူတွေကြား ဖြစ်ခဲ့တဲ့ စစ်ပွဲတွေမှာလည်း အများပြည်သူ ထင်ယောင် ထင်မှား ဖြစ်အောင် ပုံဖော်ရေးသားခဲ့တယ်။
တခါ လုပ်ပိုင်ခွင့်တွေနဲ့ပါတ်သက်ပြီးတော့လည်း မလိုရင်မလိုသလို အမျိုးမျိုးရေးသား တိုက်ခိုက် တယ်၊ ဥပမာ- ရွှေသံလွင်၊ ရွှေသံလွင်ကို သန်းထွဋ်အောင် တိုက်ခိုက်ရခြင်းကတော့ တီဗွီ သတင်းလုပ်ပိုင်ခွင့်နဲ့ စီးပွားရှာဖို့ အစိုးရကိုချဉ်းကပ်ရာမှာ ရွှေသံလွှင်ဦးကျော်ဝင်းရဲ့ Sky Net ကို ကျော်မရလို့ တိုက်ခိုက် ရန်ပြု ရေးသားထားတာတွေပါ။ အဲဒီမှာ ရွှေသံလွင်နဲ့ ဆက်စပ်ပြီး NLD ပါတီနဲ့ ၈၈ မျိုးဆက်ကိုပါ တိုက်ခိုက်ရေးသားခဲ့တယ်။
အဲဒီလို NLD၊ ရှစ်ပူး စတဲ့ ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်ရေးသားတဲ့ တစ်ပူးဟာ စာနယ်ဇင်း လောကမှာ အထူးအခွင့်အရေးယူပြီး သြဇာထူထောင်ကာ စာနယ်ဇင်းကို စီးပွားရေးနယ်ပယ်မှာ စစ်လက်နက်ပစ္စည်းသဖွယ် အသုံးပြု လုပ်ဆောင်လာတာလို့ ပြောရပါလိမ့်မယ်။
ထောက်လှမ်းရေး ခရိုနီကြီး သန်းထွဋ်အောင်ဟာ ဘောလုံးလောင်းကစားနဲ့ အဓိက စီးပွားရှာသူဖြစ်ပြီး စာနယ်ဇင်းလောကမှာ မြစ်ဆုံလိုကိစ္စတွေကို တင်ပြပြီး သြဇာထူထောင်ခဲ့တာတွေ လုပ်ခဲ့ပါ တယ်။ နောက်ပြီး Eleven ဂျာနယ်တိုက်ရဲ့ နှစ်ပါတ်လည်နေ့တွေမှာ သူ့ကိုယ်သူ သမ္မတလိုလို ဘာလိုလို ဂိုက်ဖမ်းပြီး ကြီးကြီးကျယ်ကျယ် မိန့်ခွန်းတွေပြော၊ ၄င်းတို့ဂျာနယ်မှာ အခန်းဆက်အနေနဲ့ စာမျက်နှာပြည့် ဖော်ပြပြီး ဆရာကြီးအထာနဲ့လုပ်၊ သမ္မတပုံစံဖမ်းပြီး လုပ်နေလို့ သူ့နောက်မှာ နောက်လိုက်တွေ ရှိလားဆိုတော့လည်း မရှိ၊ ကိုယ့်တိုက်က ဂျာနယ်လစ်ကို အင်တာဗျူးခိုင်းပြီး ကိုယ့်ဂျာနယ်မှာကိုယ် Eleven Media Group ၏ CEO ကပြောတယ်ဆိုပြီး ပြန်ထည့်တဲ့အတွက် ကမ္ဘာမှာ ဘယ်မှာမှ မရှိ သေးသော ဂျာနယ်ဆိုပြီး စာနယ်ဇင်းသမားများရဲ့ မေးငေါ့လှောင်ပြောင်ခြင်း ကိုလည်း ခံရတဲ့ ဂျာနယ် ပါတဲ့ဗျာ။
တကယ်တော့ တစ်ပူး ( အလဲဗင်း ဂျာနယ်နဲ့ သတင်းစာ) ဆိုတာ လေတပ်ထောက်လှမ်းရေး ခရိုနီ စာနယ်ဇင်းလို့ ပြောရမှာပါ။ တစ်ပူးရဲ့ အရှင်သခင်ကြီးအဖြစ် လုပ်နေတဲ့ သန်းထွဋ်အောင် ဆိုသူ၊ သူ့ဘဝနောက်ကြောင်းကို နည်းနည်း ဖောက်သည်ချပြရပါတော့မယ်။ သန်းထွဋ်အောင် ဆိုတာ ရှစ်လေးလုံးကာလမှာ မန္တလေးဘက်မှာ ပါဝင်ခဲ့သူဖြစ်ပြီး နောက်ပိုင်း NLD ပါတီဝင်ဖြစ်ခဲ့သူပါ။
NLD တွေအတွက် ခေတ်မကောင်းတော့တဲ့ကာလ၊ အန္တရာယ်ရှိကာလတွေကို ရောက်တော့ တချိန်က လေတပ်ထောက်လှမ်းရေးတွေနဲ့ပေါင်းပြီး ထောက်လှမ်းရေးခရိုနီ အလဲဗင်းကို စတင် တည်ထောင် ခဲ့ပါတော့တယ်။
အလဲဗင်းစတင်တည်ထောင်ချိန်မှာ စာပေကင်ပေတိုင်က စူပါဗိုလ်မှူးလေးကို ကား၊ အိမ်တွေ လာဘ်ထိုး စပွန်ဆာပေးပြီး သူများစာနယ်ဇင်းတွေထက် အခွင့်အရေးပိုယူကာ စာနယ်ဇင်း အခွင့်ထူးခံ လုပ်ဆောင်ခဲ့ကြတာပါ။
နောက်ထပ်ပြောရရင် အလဲဗင်း စာနယ်ဇင်းကို စတင်တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်သက်ထွေးကို ထောင်ချခဲ့တာလည်း သန်းထွဋ်အောင်ပဲဆိုတာ အတွင်းသိတွေက သိနေပြီးသားပါ။ ကွယ်လွန်သူ သတင်းစာဆရာ မောင်ဝံသဟာ တပါးသူကို အပြစ်ပြောတာ၊ ပြင်းထန်တဲ့ မှတ်ချက်ပေးတာမျိုး မလုပ်ခဲ့ဘူးပါဘူး။ ဒါပေမယ့် သန်းထွဋ်အောင် နဲ့ပတ်သက်ပြီး ပြောဆိုဘူးတာကတော့ သူ့ကို ခေတ်သစ် ဂဠုန်ဦးစော လို့တောင် မှတ်ချက်ပေး ပြောဆိုခဲ့ဖူးပါတယ်။
အခုနောက်ဆုံးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့် ရမယ်လို့ ပြောကြားခဲ့တဲ့ သန်းထွဋ်အောင်ရဲ့ ပြောဆိုချက်တွေ လူမှုကွန်ယက် စာမျက်နှာမှာ ထွက်ပေါ် လာခဲ့တဲ့အတွက် သူ လက်သပ် မွေးထားတဲ့ နေထွန်းနိုင်တို့ fb acc တွေကနေ ၈၈ တွေကို Personal Attack တွေ လုပ်ခိုင်းခဲ့တယ်။
မီဒီယာဟာ ပြည်သူ့အတွက်၊ ပြည်သူကိုသတင်းမှန်ပေးရမည်ဆိုပြီး လက်ရှိမှာတော့ အာဏာရှင် မီဒီယာပုံစံဖြစ်နေပြီး CPC ဖွဲ့စဉ်က ၄င်းတို့တောင်းဆိုသော အချက် ၆ ချက်နဲ့ မညီဟုဆိုကာ CPC ကနေ နှုတ်ထွက်ခဲ့တဲ့ သန်းထွဋ်အောင်ရဲ့ Eleven Media Groupဟာ အပြောနှင့်အလုပ်ညီခဲ့ ပါသလား ဆိုတာကတော့ အထူးတလည် မေးစရာကိုမလိုတော့ပါဘူး။
တကယ်တော့ နိုင်ငံကြီးပွားခြင်းရဲ့ အစိတ်အပိုင်းကြီး သုံးခုဖြစ်တဲ့ နိုင်ငံရေး ဖွံ့ဖြိုးတိုးတက်မှု (Political Development)၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (Economic Development)၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု (Social Development) ဆိုတဲ့ အစိတ်အပိုင်းကြီးသုံးခုလုံး မြင့်မားရေးဟာ သတင်းအချက်အလက် စီးဆင်းမှု မှန်ကန်မြန်ဆန်ရေးနှင့် တိုက်ရိုက်ဆက်နွယ်နေတဲ့အတွက် ဂျာနယ်တိုက်များအနေဖြင့် Eleven Media Group ကဲ့သို့ အပြောနှင့်အလုပ်မညီတဲ့ လုပ်ဆောင်မှုများ၊ ပုဂ္ဂိုလ်ရေးထိုးနှက် တိုက်ခိုက်မှုများကို ရှောင်ရှားမှသာ ၄င်းတို့တဖွဖွပြောဆိုနေသည့် ဒီမိုကရေစီစနစ်အား အောင်မြင်စွာ ကျင့်သုံးသွားနိုင်မှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
ဆက်လက်ပြီး အမေစု ဦးဆောင်တဲ့ NLD ပါတီရဲ့ အကွဲအပြဲတွေ၊ ပါတီတွင်းကိစ္စရပ်တွေကို သန်းထွဋ်အောင် ဘယ်လိုစုံစမ်းခိုင်းခဲ့သလဲ၊ ၈၈ ငြိမ်းပွင့်က ကိုကိုကြီးတို့ ဂျင်မီတို့ရဲ့ ငွေကြေးသုံးစွဲမှု တွေ၊ ဦးရွှေမန်းနဲ့ပါတ်သက်မှုတွေကို ဘယ်လိုစုံစမ်းခိုင်းခဲ့သလဲ၊ ကားလောက ဈေးနှုန်းများ အတက် အကျဖြစ်ပေါ်ပြီး ၄င်း၏ဇနီး ဖွင့်လှစ်ထားသော ကား Show Room များ အမြတ်များများ ကျန်စေရန် အတွက် မည်သို့မည်ပုံလုပ်ဆောင်ခဲ့သလဲဆိုတာတွေကိုအပိုင်း(၂)မှာရေးသား ဖော်ပြသွားပါမယ်။
စောင့်မျှော်ဖတ်ရှုကြပါကုန်။
ဘင်္ဂလီ သမိုင်း တီးခေါက်မိလာခြင်း
From : .. ရေးသားပြုစုသူ-Htay Tint.
ဘင်္ဂလီအုပ်စုကြီး သမိုင်းမှီ မှတ်တမ်းအရအိန္ဒိယ မြောက်ပိုင်း
ပန်ဂျပ်ပြည်နယ်နဲ့ အနီးတဝိုက်ဒေသများ အပြင်ဘင်္ဂလားဒေ့ရှ် မှာ နေထိုင်ကြတဲ့
တိုင်းပြည်မဲ့ အုပ်စုကြီး ဖြစ်တယ်လို့ အိန္ဒိယကရေးတဲ့ စာစောင်တခုမှာဖတ်ရတယ် ။
မူလ ဇစ်မြစ်က အရှေ့ အလယ်ပိုင်းနယ်မြေကရွေ့ ပြောင်းလာတဲ့ အစ္စလာမ်အုပ်စုကြီး
ဖြစ်နိုင်တယ် ။ဆိုနီအစ္စလာမ်အုပ်စုက မူလဌါနေအစ္စလာမ်နဲ့ အတူတကွ နေထိုင်လို့ 
မရလို့ စစ်ရှုံးပြီး အိန္ဒိယကို ဝင်လာတာ ဖြစ်ဖို့ များတယ် ။
https://www.facebook.com/htayt/posts/10204595398829069
အိန္ဒိယ ပန်ဂျပ်ပြည်နယ် ဆိုတာ ပန်ချာပီလူမျိုးတွေအများဆုံးနေထိုင်ပြီး ၁၉၄၇ ထဲက
ပါကစ္စတန်ခွဲထွက်ရေးစစ်ပွဲ တောက်လျှောက်ဖြစ်ခဲ့တဲ့ နေရာပါ ။၁၉၇၀ ကျော်မှာတော့
အိန္ဒိယ ပါကစ္စတန် စစ်ဖြစ်ခဲ့ကြတယ် ။တော်တော်ကြီးမားတဲ့ ရှုပ်ထွေးမှုကြီးဗျ ။
သမိုင်းကို လေ့လာမိတော့အိန္ဒိယက ဘင်္ဂလီတွေထဲက ၂ အုပ်စု ကွဲသွားတယ်။
တအုပ်က ဟိန္ဒူ ဖက်ကို ကူးသွားတယ် ။တအုပ်က မူလ ဆိုနီအစ္စလာမ် အဖြစ်
ကျန်ခဲ့ပြီးအတ္တကြီးလွန်ကြတဲ့ အတွက်အာဖကန် ပါကစ္စတန် ဘင်္ဂလားဒေ့ရှ် နဲ့ လည်း အတူ နေလို့ မရဖူး ။အစ္စလာမ် ဘာသာတူအချင်းချင်းတောင်အတူယဉ်တွဲ ငြိမ်းစွာနေလို့ 
မရတော့သတ်ကြ ဖြတ်ကြ နဲ့ မြန်မာပြည်ကိုလည်း လှည့်ဝင်လာတာ ငြင်းလို့ 
မရတော့ပါ။
၁၉၇၀ ကျော် ဘင်္ဂလားဒေ့ရှ် မှာ ဘင်္ဂလီတွေလူမျိုးတုံးသတ်ဖြတ်မှုခံရတာ သန်းကျော်
သေတယ်လို့ ရေးထားတယ် ။ဒီအုပ်စုတွေထဲက ဘင်္ဂလီတွေ မြန်မာပြည် ရောက်
လာတာလည်း ဖြစ်နိုင်တယ် ။အစ္စလာမ်ဆက်နွယ်မှုအဖြစ်မြန်မာပြည်မှာက စစ်ရှုံး
မူဂျာဟစ် ကရှိနေတာပါ ။အဲဒီတုန်းက မြန်မာကစစ်ပြေးဒုက္ခသည်အနေနဲ့လက်ခံခဲ့ပြီး
ပြန်ပို့တော့ဘင်းဂလီအစိုးရကလက်မခံပဲငြင်းခဲ့ပါတယ် ။
https://www.facebook.com/permalink.php?story_fbid=1628021094101553&id=100006810330119&hc_location=ufi
ဘင်္ဂလီတွေ အမေရိကန်ကို၁၉၁၇ လောက်ထဲက ပြောင်းရွေ့ နေထိုင်ခဲ့တယ်လို့ 
CNN ကရေးထားပါတယ် ။.
South Asian immigration was illegal then – the 1917 Immigration Act barred all idiots, imbeciles, criminals and people from the “Asiatic Barred Zone.”
The Bengalis got off ships with little to their name.
They were mostly illiterate and worked as cooks, dishwashers, merchants, subway laborers. In New York, they gradually formed a small community of sorts in Spanish Harlem. They occupied apartments and tenement housing on streets in the 100s. They worked hard.
http://inamerica.blogs.cnn.com/…/bengali-harlem-author-doc…/
ဒုတိယ ကမ္ဘာစစ် အပြီးအိန္ဒိယ ပါကစ္စန် အနောက်ပါကစ္စတန် ( ဘင်္ဂလားဒေ့ရှ်)
အာကဖန်နစ်စတန် မြန်မာပြည် ဆိုပြီးဗြိတိသျှ အင်ပါယာက ဒေသ အလိုက်
လွတ်လပ်ရေး ရတော့ဘင်္ဂလီတွေ နိုင်ငံပျောက်နေခဲ့တာ။ဒါကြောင့် ရခိုင်နယ်မြေကို
သိမ်းပိုက်ဖို့ ကြိုးစားတာ ဖြစ်နိုင်တယ် .။နောက်ပိုင်း အစ္စလာမ်နိုင်ငံတွေက
စနစ်တကျ စီစဉ်ပြီး မြန်မာကိုတွန်းအားပေးလာတာ ဖြစ်နိုင်တယ် ။
၁၉၇၅ ခုနှစ်မှာ ဘင်္ဂလီ(၅)သိန်းကို ဒုက္ခသည်အဖြစ်လက်ခံပေးထားဖို့ဘင်္ဂလားအစိုးရ
ကတောင်းဆိုခဲ့ပါသေးတယ်။အဲဒီကထဲက ဘင်္ဂလားဒေ့ရှ် အစိုးရကစနစ်တကျ
ဘင်္ဂလီ မျိုးဖြုတ်ဖို့  စီစဉ်လာခဲ့တာ ဖတ်ကြည့်ပါ ။
https://www.facebook.com/boonmyomyo/posts/908398959212409?pnref=story
https://www.facebook.com/htayt/posts/10204576718722078
အခုတော့ နိုင်ငံတော် လူကုန်ကူးမှု ပေါ်လာပြီ။
http://www.scscircle.com/…/id-197842__bangladesh-pm-calls-w…
လူသတ်မှုတွေ နဲ့  မွေးဖွားလာတဲ့ ဘင်္ဂလီတွေအသက်ရှင်ဖို့ လည်း
အချင်းချင်းလည်း သတ်ကြတယ် ။
https://www.facebook.com/bbcburmese/photos/a.266174993438393.67270.166580710064489/840349982687555/?type=1&fref=nf
အခုတော့ ကမ္ဘာကျော် လူကုန်ကူးမှု ဖြစ်လာလို့ အမေရိကန် ကင်းထောက် လေယာဉ်တွေ
ပင်လယ်မှာ စောင့်ကြည့်ရတဲ့ အဖြစ် ဖြစ်လာနေပြီ ။
http://www.themalaymailonline.com/…/anwar-and-hamdullah-amo…
ဘင်္ဂလီကိုမူလ အရှေ့ အလယ်ပိုင်း အစ္စလာမ်နိုင်ငံများက လက်မခံလို့ 
နယ်မြေပြောင်းပြီး ရွေ့ ပြောင်းကာအိန္ဒိယတိုက် ရွေ့ သွားတော့လည်းလက်ရှိ အိန္ဒိယ
က ဟိန္ဒူ ဗုဒ္ဓဘာသာ က လက်မခံဖူး ။အစ္စလာမ်ဘာသာ အခြေပြုပြီးကွဲထွက် သွားတဲ့
ပါကစ္စတန်က လက်မခံ ခဲ့ဖူး ။ကွဲထွက်သွားတဲ့ ဘင်္ဂလားဒေ့ရှ် နဲ့  ပါသွားတဲ့သူတွေကို
၁၉၇၀ ကျော်မှာ လူမျိုးတုံး သတ်ဖြတ်ကြတယ် ။မြန်မာပြည်ကို ဘင်္ဂလီ ၅ သိန်းကျော်
ဝင်လာတယ် ။
သူတို့ ကို နိုင်ငံတကာ အသိုင်းဝိုင်းကသမိုင်းနဲ့ ကို လက်မခံ နိုင်ခဲ့တာအတွေး
အခေါ် အမူအကျင့်တွေ ဘာလဲ ဆိုတာဘင်္ဂလီတွေ ကိုယ့်ဖါသာ ဆန်းစစ်သင့်ပြီ ။
ပြုပြင်သင့်နေပြီ ။
ထိုင်းကတော့ ကြောက်ပြီး စုံစမ်း စစ်ဆေးပြီး ထုတ်ဖေါ်နေပြီ။
https://www.facebook.com/photo.php…
သူရဲကောင်းတွေ ပေါက်ဖွားပြီးအရှေ့ တောင် အာရှမှ ဘုန်းလက်ရုံး နဲ့ ဘိုးဘွားတွေ
အသက်ပေးပြီးတည်ဆောက် အမွေပေးခဲ့တဲ့ မြန်မာပြည် ။
ပါလီမာန် ဒီမိုကရေစီ ခေတ်ဆိုရှယ်လစ် ခေတ် အထိ ဘင်္ဂလီရန်ကလုံခြုံ ခဲ့ကြတယ် ။
၁၉၈၈ နောက်ပိုင်း စစ်အာဏာရှင်ခေတ်အဆက်ဆက် စီမံလိုက်ကြတာတနိုင်ငံလုံး
ဘင်္ဂလီ လွှမ်းမိုးလာတော့မယ်။
မှတ်ချက် - ( အချက်အလက်မှားနေရင် မူရင်းလင့်တွေနဲ့ ဆွေးနွေးပေးပါ )
.. https://www.facebook.com/MyanmarExpress