Subscribe to our RSS Feed

ကိုယ်ဖြစ်ကိုယ်ခံ ဒေါ်စုကြည်




ဒေါ်စုကြည်၏ မော်လမြိုင်ခရီးစဉ်တွင် ၅၉(စ) နှင့်
ပက်သက်၍ ပြောသွားသည့်စကားကို
ပြန်လည် ချေပလိုက်ပါသည်။
ဒေါ်စုကြည်မှ သူသမ္မတ မဖြစ်အောင်
ထုတ်ပြန်ထားဥပဒေဖြစ်ကြောင်း
သူ့ကိုကြောက်လျှင်မပြင်ပဲနေပြီး
မကြောက်လျှင်ပြင်မှာဖြစ်ကြောင်း
ပြောကြားခဲ့ပါသည်။
၅၉(စ)သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ
ရည်ရွယ်၍ ပြဒါန်းထားခြင်းမဟုတ်ပါ။
ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်
၁၉၄၈ အခြေခံဥပဒေတွင် နိုင်ငံနှင့်လူမျိုးအတွက်
ရေရှည်တည်တန့်ခိုင်မြဲဖို့ လိုအပ်၍
ပြဒါန်းထားခဲ့သောဥပဒေဖြစ်ပါသည်။
၎င်းဥပဒေသည် နိုင်ငံနှင့်လူမျိုးအတွက်
အရေးကြီးသော ဥပဒေဖြစ်ပါသည်။
ဒါကြောင့် ၂၀၀၈ အခြေခံဥပဒေတွင်
ထည့်သွင်းပြဒါန်းခဲ့ခြင်းဖြစ်ပါသည်။
၎င်းဥပဒေမပြဒါန်းခဲ့ပါလျှင်
နိုင်ငံတစ်နိုင်ငံ၏ အရေးကြီးဆုံးသောနေရာဖြစ်သည့် သမ္မတနေရာတွင်
နိုင်ငံခြားနှင့်ပတ်သက်နေသော
သူများနေရာရလာပါက နိုင်ငံတော်သည်
တိုင်းရင်သား၁၃၅ မျိုးအရေးကို
ဦးစားမပေးပဲ နိုင်ငံခြား သြဇာခံဖြစ်လာမှာပါ။
ဒေါ်စုကြည်၏အဖြစ်က ဘာနဲ့တူနေသလည်းဆိုပါက
ဝဲပေါက်နေသူတစ်ဦးကို
ဆားရည်နှင့်ထိလျင်စပ်သလိုမျိုး
ဒေါ်စုကြည်ကိုယ်တိုင်ကဝဲပေါက်နေသဖြင့်
ဆားရည်ကိုမထိရဲသော
ဘဝသို့ရောက်နေပါကြောင်း။
နိုင်ငံခြားသို့ရောက်နေလို့
နိုင်ငံခြားသားနှင့်ရတာပါလို့ လမ်းဘေးကစကားမျိုး
နတ်သံနှောပြီး လာမပြောနဲ့
သူလိုနိုင်ငံခြားသွားသောဗမာမတွေ
နိုင်ငံခြားသားနှင့်အကုန်ညားကြပါသလား။ ကိုယ်သည် နိုင်ငံခေါင်းဆောင်
အမျိုးသားခေါင်းဆောင်သမီးဖြစ်ပါရဲ့
ကိုယ့်ဟာကိုလင်ယူပက်စက်တာကို
၅၉(စ)ကို အပြစ်ပုံမချပါနဲ့
ငါဟာသာမန်သူမဟုတ်ဘူးဆိုတာသတိထားမှပေါ့
ကိုယ်မျိုးမစောင့်တဲ့ အပြစ်က ကိုယ်ပဲခံရမှာ
ဒါဘယ်သူမပြု မိမိမှု့ပဲ ကိုယ်သမိုင်းကိုယ်ရေးကြတာပါ
ဒါကြောင့် ဘယ်သူကိုမှ
အပြစ်မပြောပဲတစ်ခွန်းပဲ
ပြောပါရစေ
ကိုယ်ဖြစ်ကိုယ်ခံ ဒေါ်စုကြည်။
ကိုရာဟု(၁၉၈၈)

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်