Subscribe to our RSS Feed

ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦး ဆွေးနွေးမှုအပြီး ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားချက်များ

From : .. Ye Htut


ကျွန်တော့်မှာကိုယ်ရေးကိုယ်တာအကျိုးစီးပွားလုံးဝမရှိပါဘူး။ ကျွန်တော့် ဇနီးရော၊ ကျွန်တော့်သားသမီးရော မီဒီယာလုပ်ငန်းလုပ်တာမရှိပါဘူး။ပြန်ကြားရေးမှာလာပြီးတော့ ပစ္စည်းလာရောင်းတဲ့ အထဲမှာလည်း ကျွန်တော့်ဇနီးတွေ သားသမီးတွေမပါ ပါဘူးခင်ဗျ။ ဒါ့ကြောင့်မို့လို့ ကျွန်တော့်မှာကျွန်တော့်ရဲ့ အတွေ့အကြုံ နုနယ်မှုကြောင့် ဆုံးဖြတ်တွေမှာလွဲချော် ကောင်းလွဲချော်နိုင်ပါတယ်။ ထောက်ပြစရာ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော် သေချာတာကတော့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်ရင်တော့ကျွန်တော် မှတ်ကျောက်တင် ခံနိုင်ပါတယ်။

------------------------------------------------------------------------

ကျွန်တော်တို့ပြည်ထောင်စုလွှတ်တော်ရဲ့ နည်းဥပဒေပုဒ်မ ၆၃ (ခ) (စ) ဖြစ်ပါတယ်။ ဒါက ဒီ အဆိုက အဆိုလည်းမဟုတ် အမေးအမြန်းလည်း မဟုတ်ပေမယ့်လည်း စာကိုဆွေးနွေးတာ ဖြစ်တဲ့အတွက်ကြောင့် သီးခြားပြဌာန်းခြင်းမရှိပေမယ့်လည်း ဒီ ၆၃ (စ) ဟာ ဆွေးနွေးချက်တွေနဲ့ ဆီလျော်တဲ့ အတွက်ကြောင့်မို့လို့ ကျွန်တော်ပြန်ပြီးတော့ ညွှန်းလိုပါတယ်။ ဒီမှာ ပြဌာန်းထားတာကတော့ ကျွန်တော်တို့သည် ဆွေးနွေးတဲ့ကိစ္စတွေဟာ ဆွေးနွေးတဲ့ အကြောင်းအရာနဲ့ဘဲ သက်ဆိုင်ရမယ်လို့ ၆၃ (စ) မှာ ပြဌာန်းထားပါတယ်။

ခုန ဦးတင်မောင်ဦး ဆွေးနွေး သွားတဲ့ ကျွန်တော်တို့ သတင်းစာပါ ဆောင်းပါးကိစ္စဟာ ဒါဟာဒီကိစ္စနဲ့ မဆိုင်ပါဘူး။ လိုအပ်လို့ ဘာကြောင့် ဒီဆောင်းပါးတွေ ထည့်ရလဲလို့ သိချင်လို့ရှိရင်ကျွန်တော့်ကို နည်းဥပဒေများနဲ့ အညီ မေးမြန်းမေးလို့ရှိရင် ကျွန်တော် သီးခြားလာပြီးတော့မှကျွန်တော်တို့ ဖြေနိုင်ပါတယ်။

 နောက် ဒီလိုပါဘဲ ခင်ဗျ။ ကျွန်တော်တို့ ပြည်သူ့ရင်ပြင်ကိစ္စ။ဒါဆိုလဲ ကျွန်တော်တို့ ကျွန်တော်တို့ဆွေးနွေးနေတဲ့ ကိစ္စနဲ့ မဆိုင်ပါဘူး။ စာနဲ့ မဆိုင်ပါဘူး။စာမှာ တစ်ကယ်တော့ ဆွေးနွေးသင့်တာက ဒီစာသည် ဘာအဓိပ္ပာယ် ဆောင်သလဲ၊ ပြည်ထောင်စုလွှတ်တော်ရဲ့ပြောကြားချက်ကို ငြင်းပယ်ရာများ ရောက်သလား၊ ဘယ်လိုများ စဉ်းစားထားတယ်ဆိုတဲ့ ကိစ္စကိုဘဲဆွေးနွေးသင့်တယ်လို့ ထင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော် ဒ်ီနှစ်ချက်ကိုတော့ ကျွန်တော်ကန့်ကွက်ပါတယ်။

 နောက်တစ်ခုကတော့ ကျွန်တော်ထောက်ပြချင်တာက မီဒီယာကို ကျွန်တော်တို့က ပြစ်ပယ်တာ မဟုတ်ဘူး။ ဒါပေမယ့် ဆွေးနွေးတဲ့သူဆိုတာကမီဒီယာတစ်ခုတည်းကိုဘဲ ယူလို့မရပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ တပ်မတော်မှာ တာဝန်ထမ်းဆောင်ဖူးတဲ့သူတွေ ဒီသတင်းအချက်အလက်ကို ခိုင်မာအောင် စိစစ်ဖို့ ဆိုတဲ့ကိစ္စကို ပိုပြီးတော့ နားလည်ဖို့လိုမယ်လို့ ကျွန်တော် ထင်ပါတယ်ခင်ဗျ။ နောက်တစ်ခုကတော့ ကျွန်တော်က ဦးတင်မောင်ဦးက ပြောသွားပါတယ်။ဝန်ထမ်းတွေကို မေးလို့ရှိရင် မရပါဘူး။  ကျွန်တော်တို့တင်ဒါကိစ္စတွေကတကယ်တော့ စာရေးမေးစရာတောင် မလိုပါဘူး။ www.moi.gov.com ကို ရိုက်ပြီးတော့မှ ၀က်ဘ်ဆိုဒ်မှာ ၀င်ကြည့်လိုက်လို့ရှိရင်ကျွန်တော်တို့ရဲ့ တင်ဒါစည်းမျဉ်း အသေးစိတ်တွေ အားလုံး ကျွန်တော်တို့ ပါပါတယ်။

 ပြီးရင်ကျွန်တော်တို့ အခုန ကျွန်တော်တို့ရဲ့ တင်ဒါစည်းမျဉ်းမှာ ကျန်စရာ အကြောင်းလည်း မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ Eleven က ရေးတဲ့အခါမှာ သူတို့ရဲ့ ၀က်ဘ်ဆိုဒ်မှာ ကျွန်တော်တို့ဆီကယူသွားတဲ့၊ ၀ယ်သွားတဲ့ ဟာကိုလည်း အပြည့်အစုံ တင်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ကျွန်တော်က မီဒီယာတစ်ခုတည်းကို ပြောတယ် ဆိုခြင်းသည် မီဒီယာကို အားမကိုးရဘူးလို့ ပြောတာမဟုတ်ပါဘူး။ ေ

ဆွးနွေးတဲ့ အကြောင်းအရာ ကြီးမားလာတာနဲ့အမျှ ပိုမိုကျယ်ပြန့်တဲ့ သတင်းအချက်အလက်တွေကိုရှာဖွေဖို့ လိုအပ်တယ် ဆိုတဲ့ အချက်ကိုဘဲ ကျွန်တော်တို့ ထောက်ညွှန်ပြလိုခြင်း ဖြစ်ပါတယ်။

နောက်တစ်ခါ ကျွန်တော်တို့ ပုဒ်မ ၂၂၁ မှာ ညွှန်းပြီးတော့ ပြောသွားတာရှိပါတယ်။ ပုဒ်မ ၂၂၁ဆိုတာကတော့ ဘဏ္ဍာငွေ အစိုးရ ရသုံးထဲတွင် ထည့်ပြီး လုပ်ရမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ကိုပိုက်ထွေး ဦးပိုက်ထွေး လာရှင်းပြတုန်းကလဲ ပါပါတယ်တယ်ခင်ဗျ။ ကျွန်တော်တို့ ဒါကိုလုပ်တဲ့အခါ လုပ်ငန်းပမာဏ အရမ်း ကြီးမားတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့သည် နိုင်ငံတော်ကငွေကြေးကို ထည့်စရာမလိုဘဲနဲ့ ဟိုဘက်သည်ဘက် လုပ်ပိုင်ခွင့်နဲ့ ကျွန်တော်တို့ရမယ့် အဆောက်အဦးအသစ်တွေကို ပြောင်းပြီးတော့ လုပ်တဲ့အတွက်ကြောင့်မို့လို့ နိုင်ငံတော် အနေနဲ့ ငွေကြေးထည့်ဝင်စရာ မလိုပါဘူး။ ဒါကြောင့်မို့လို့ ဒါကလည်း ၂၂၁ ကို ညွှန်းမယ်ဆိုရင် ကျွန်တော်တို့လုပ်တဲ့စနစ်နဲ့၂၂၁ နဲ့ လိုမလို ဆိုတာလဲ  ပြန်ပြီး တော့ စဉ်းစားရမယ့်ကိစ္စလို့ ကျွန်တော် မြင်ပါတယ်ခင်ဗျ။ ေ

နာက်တစ်ခါ ပုဒ်မ ၂၂၈ မှာ ကျွန်တော်တို့ ပြောသွားတဲ့အခါမှာ အုပ်ချုပ်ရေးဆိုတဲ့ စာသားရှိပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်။ အဲဒီတော့ဒီမှာလဲ  ကျွန်တော်တို့က ကျွန်တော့်အနေနဲ့ကတော့ဒါ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း အဓိပ္ပာယ် ဖွင့်ဆိုဖို့လည်း တာဝန်မရှိပါဘူး။ သို့သော်ကျွန်တော်တို့အနေနဲ့ အုပ်ချုပ်ရေးဆိုတဲ့ စကားရပ်နဲ့ စီမံခန့်ခွဲရေး ဆိုတဲ့ စကားရပ်ကိုတော့ကျွန်တော်တို့ ပြန်လည်စဉ်းစားသင့်တယ်လို့ ထင်ပါတယ်ခင်ဗျ။ အဲ့တော့ ကျွန်တော် တို့က

လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း ဆွေးနွေးပြောကြားချက်
ခဏ။ဦးခင်မောင်ရီကို မိုက်ပေးလိုက်ပါ။ ဝန်ကြီး ခဏစောင့်ပါ။

လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်မှဆွေးနွေးပြောကြားချက်
လေးစားအပ်ပါသောနာယကကြီးခင်ဗျား။ လွှတ်တော်မှာ ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေ လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးချက်ကိုကန့်ကွက်ပိုင်ခွင့်ရှိသူဟာ လွှတ်တော်ကိုယ်စားလှယ် သာဖြစ်ပါတယ်။ ကန့်ကွက်ခြင်း၊ ထောက်ခံဆန္ဒမဲပေးခြင်း၊ကန့်ကွက်ဆန္ဒမဲပေးခြင်း၊ ကြားနေမဲပေးခြင်း အပါအဝင် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးရဲ့ဆွေးနွေးချက်ကို ကန့်ကွက်လိုလျှင် လွှတ်တော်ကိုယ်စားလှယ်ကပဲ ကန့်ကွက်ခွင့် ရှိပါတယ်။သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေက လွှတ်တော်ကို ခေါ်တဲ့အခါမှာ လာရောက် ရှင်းလင်းဖို့ပဲတာဝန်ရှိပါတယ်။ ဒီ့အတွက် ကျွန်တော် အခုလို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ပြောဆိုချက်ကိုကန့်ကွက်ပါတယ်လို့ ပြောတဲ့အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းကို ကျွန်တော့်အနေဖြင့်ကန့်ကွက်ပါသည်ဟု ပြောလိုပါတယ်။

လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း မေးမြန်းချက်
ပြည်ထောင်စုဝန်ကြီးဆွေးနွေးရန် ရှိပါသလား။

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်မှ ဆွေးနွေးပြောကြားချက်

ကျွန်တော်ကတော့ ကန့်ကွက်တယ်ဆိုတာမဲပေးတဲ့ သဘောမဟုတ်ပါဘူး။ ကျွန်တော်က ထောက်ပြချင်တာက သိပ်မကြာခင်ကလည်း ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ရှင်းပြတဲ့အခါမှာ ကျွန်တော်တို့ အဲ့ဒီတုန်းက ဦးနန္ဒာကျော်စွာက နာယကနဲ့ထိုင် နေရာမှာထိုင်ပြီး လုပ်တဲ့အချိန်မှာ ထင်ပါတယ်ခင်ဗျ။ အဲဒီမှာလည်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေးချက်တွေက အဲဒီမှာကျတော့ကျွန်တော်ထင်ပါတယ် ဂုဏ်သိက္ခာတွေနဲ့ ပတ်သက်ပြီးပြောတဲ့ အတွက် မသင့်လျော်သော အသုံးအနှုန်းရှိသည်ဆို၍ပြောကြား သွားသည့်အတွက်ကြောင့်မို့လို့ ကျွန်တော်က ဒီအတိုင်း လိုက်ပြောတာဖြစ်ပါတယ်။ကန့်ကွက်တယ်ဆိုတဲ့ စကား မသုံးရဘူးဆိုရင်လည်း ထောက်ပြတယ် ဆိုတဲ့ စကားကို ကျွန်တော် သုံးချင်ပါတယ်ခင်ဗျ။


နောက်တစ်ခုကတော့ဆက်ပြီးတော့ ကျွန်တော် ဆွေးနွေးရမယ်ဆိုရင်တော့ နောက်ဆုံးတစ်ခုပါပဲခင်ဗျာ။(၂၂၈) ကိစ္စပါပဲ။ (၂၂၈) ကိုတော့ ကျွန်တော်တို့အဓိပ္ပါယ်ဖွင့်ဆိုဖို့ ကျွန်တော်တို့မှာ တာဝန် မရှိပါဘူး။ သို့သော် ကျွန်တော်အနေဖြင့်ပြောချင်တာက အုပ်ချုပ်ရေးဆိုတဲ့ စကားလုံးနဲ့ စီမံခန့်ခွဲခွင့်ဆိုတဲ့ စီမံခန့်ခွဲမှုဆိုတဲ့ နှစ်ခုကြားမှာတော့ ကျွန်တော်တို့ မတူညီတာတွေ ရှိနိုင်ပါတယ်လို့ မြင်ပါတယ်။

ကျွန်တော်တစ်ဦးချင်းကျွန်တော်တာဝန်ယူနေရသော ဝန်ကြီးဌာနအနေဖြင့် ကျွန်တော် နားလည်တာကို ပြောရရင်တော့ စီမံခန့်ခွဲမှုဆိုတာဟာဝန်ကြီးဌာနရဲ့ လုပ်ပိုင်ခွင့်များကို သက်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများနှင့်အညီတာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ဝန်ကြီးနဲ့ ဌာနဆိုင်ရာ အကြီးအကဲပါဝင်တဲ့ အလုပ်အမှုဆောင်အဖွဲ့က ဆောင်ရွက်ရတဲ့ကိစ္စလို့ နားလည်ပါတယ်။ တကယ်လို့စီမံခန့်ခွဲမှုကို ကျွန်တော်ဆောင်ရွက်တဲ့အခါမှာကျွန်တော်သည် ပုဂ္ဂိုလ်ရေးအကျိုးစီးပွားပါတယ်၊ ကျွန်တော်ဟာ အဂတိ လိုက်စားမှု ရှိတယ်ဆိုရင်ကျွန်တော်တို့ အချိန်မရွေး ကျွန်တော်အရေးယူခံနိုင်ပါတယ်။

 ဒီနေရာမှာ ကျွန်တော် နာယကကြီးကို တင်ပြချင်တာက ကျွန်တော့်ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လုပ်ငန်းများကို လုပ်တဲ့အခါမှာ ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်တွေသည် မှားချင်မှားမယ် မှန်ချင် မှန်မယ် အားနည်းမှုများ ရှိကောင်းရှိနိုင်ပါတယ်။ သို့သော် သေချာတာ တစ်ခုကတော့ ကျွန်တော့်မှာကိုယ်ရေးကိုယ်တာအကျိုးစီးပွားလုံးဝမရှိပါဘူး။ ကျွန်တော့် ဇနီးရော၊ ကျွန်တော့်သားသမီးရော မီဒီယာလုပ်ငန်းလုပ်တာမရှိပါဘူး။ပြန်ကြားရေးမှာလာပြီးတော့ ပစ္စည်းလာရောင်းတဲ့ အထဲမှာလည်း ကျွန်တော့်ဇနီးတွေ သားသမီးတွေမပါ ပါဘူးခင်ဗျ။ ဒါ့ကြောင့်မို့လို့ ကျွန်တော့်မှာကျွန်တော့်ရဲ့ အတွေ့အကြုံ နုနယ်မှုကြောင့် ဆုံးဖြတ်တွေမှာလွဲချော် ကောင်းလွဲချော်နိုင်ပါတယ်။ ထောက်ပြစရာ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော် သေချာတာကတော့ ကိုယ်ကျင့်တရားနဲ့ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်ရင်တော့ကျွန်တော် မှတ်ကျောက်တင် ခံနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
 


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်