Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မိန့်ခွန်းမှ အမြင်မရှင်းသည့် အချက်များ (အပိုင်း-၁)



 ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မိန့်ခွန်းမှ အမြင်မရှင်းသည့် အချက်များ (အပိုင်း-၁)
==================================================
-
ဇွန်လ ၁၈ ရက်နေ့ ည သန်းခေါင်းကျော် ၁ နာရီ ၂၀ မိနစ်က NLD Chaitperson Facebook မှာ “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နှစ် ( ၇၀ ) ပြည့်မွေးနေ့တွင် ပြည်သူလူထုသို့ ပြောကြားသော မွေးနေ့ နုတ်ခွန်းဆက်စကား ရုပ်သံဖိုင်” ဆိုပြီး ဗွီဒီယိုဖိုင်တစ်ခု တင်ထားတာတွေ့ရပါတယ်။ ခေါင်းစဉ်က မွေးနေ့ နုတ်ခွန်းဆက် စကား နာမည်ခံထားပေမယ့် ဗွီဒီုထဲမှာတော့ အသက် ၇၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအကြောင်းတွေပြောပြီး သူမကို မဲထည့်ဖို့ ပြောထားတာကို ထူးဆန်းစွာတွေ့ရပါတယ်။
-
မိန့်ခွန်း အစမှာ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မအပေါ် စေတနာ မေတ္တာထားတဲ့ ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ခြင်းအားဖြင့် စ ပါရစေ။” လို့ စကားဦးသန်းထားပါတယ်။ သူမအပေါ် စေတနာ မေတ္တာမထားတဲ့ သူတွေ၊ မနှစ်သက်သူတွေနဲ့ ပြိုင်ဖက်တွေကိုတော့ ကျေးဇူးတင်တဲ့ စာရင်းထဲမှာ မပေါဘူးလို့ ပြောသလို ဖြစ်နေပါတယ်။ ဒီလိုစကားမျိုးကို သာမန်စည်းရုံးရေးဆင်းချိန်မှာ ပြောတာ ပြဿနာမရှိပေမယ့် အနှစ် ၇၀ ပြည့် အဘွားအိုတစ်ယောက်ရဲ့ မွေးနေ့လိုနေ့မျိုးမှာ မပြောသင့်ဘူးထင်ပါတယ်။
-
ဒုတိယအချက်အနေနဲ့ “ကျွန်မတို့ နိုင်ငံရေးလုပ်ခဲ့တယ်ဆိုတာ သိပ်လွယ်လွယ်နဲ့ လုပ်ရတာ မဟုတ်ပါဘူး” ဆိုတဲ့ စကားအပေါ် မြန်မာပြည်သူအများစုက လက်မခံကြပါဘူး။ ရှင်းရှင်းပြောရရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်မှ မြန်မာနိုင်ငံကို ခဏပြန်လာပြီး လမ်းကြုံလို့ နိုင်ငံရေးစလုပ်တဲ့ မိုးကျရွှေကိုယ် တစ်ယောက်ဖြစ်ပါတယ်။ အသက် ၄၀ အတွင်း မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ ဘာမှလုပ်ခဲ့ဖူးတာ မရှိပါဘူး။ ဒီကနေ့ မြန်မာနိုင်ငံမှာ ကျောင်းသားတွေ၊ လူငယ်တွေ အများအပြား နိုင်ငံရေးလှုပ်ရှားမှုများမှာ ပါဝင်နေကြပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကျောင်းသူဘဝ၊ ငယ်ရွယ်စဉ်ဘဝ တစ်လျှောက်လုံး နိုင်ငံခြားသား မိသားစုနဲ့ ပျော်ရွှင်နေခဲ့တာပါ။ အလားတူ “ကျွန်မဒီလို မွေးနေ့အတွက် ပြောရတဲ့အချိန်တွေ ရောက်လာတာကလည်း နိုင်ငံရေးကြောင့် ရောက်လာတာပါ။ ဒါကြောင့် နိုင်ငံရေးစကားပဲ ပြောရမှာပါပဲ။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။ အရင် အသက် ၂၈ နှစ်ကနေ ၄၂ နှစ်ပြည့် မွေးနေ့တိုင်းမှာ မိုက်ကယ်အဲရစ်မိသားစုနဲ့ ကျင်းပချိန်တုန်းက နိုင်ငံရေးအကြောင်း ပြောဖို့ သတိမရခဲ့ပါဘူး။
-
-နောက်တစ်ခုကတော့ “ကျွန်မတို့ပြည်သူများဟာ ညီညီညွတ်ညွတ်နဲ့ သန့်ရှင်းတဲ့ နိုင်ငံရေးလမ်းစဉ်ကို သွားစေချင်ပါတယ်” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားဖြစ်ပါတယ်။ ပြည်သူတွေက မညီညွတ်သလိုလို၊ နိုင်ငံရေးသမားတွေက မသန့်ရှင်းသလိုလို အဓိပ္ပါယ်အမျိုးမျိုးကောက်နိုင်ပါသေးတယ်။ ပြည်သူအများအတွက် ဟာသ ဖြစ်စေခဲ့တဲ့ စကားလုံးကတော့ “နိုင်ငံရေးဆိုတာ နိုင်ငံရေးပါပဲ” ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပဲဖြစ်ပါတယ်။
-
-နောက်ထပ် အကြောင်းတွေကတော့ ၂၀၁၅ ရွေးကောက်ပွဲကျင်းပဖို့ နီးနေပြီဖြစ်ကြောင်း၊ ရလဒ်မှန်ကုန်ဖို့ လိုအပ်ကြောင်း၊ ရွေးကောက်ပွဲ ကျင်းပမှုစနစ် အရေးကြီးကြောင်းတွေ ပြောဆိုသွားပါတယ်။ ၂၀၁၅ ခုနှစ် မတ်လအတွင်းက ရွေးကောက်ပွဲ ဝင်/မဝင် မဆုံးဖြတ်ရသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြောခဲ့တာဖြစ်ပါတယ်။ ဧပြီလအတွင်းမှာတော့  ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီကို ဖွဲ့ခဲ့ပါတယ်။ မွေးနေ့မှာ ရွေးကောက်ပွဲ တရားမျှတဖို့ ထပ်ပြောပြီး၊ ဗဟိုကော်မတီ အစည်းအဝေးမှာတော့ ရွေးကောက်ပွဲ မလုပ်ဖြစ်မှာ စိုးရိမ်ကြောင်းပြောပြန်ပါတယ်။ ပြည်သူတွေက ရွေးကောက်ပွဲ သပိတ်မှောက်ရမလိုလို၊ ရွေးကောက်ပွဲ ကျင်းပရေး တောင်းဆိုရမလိုလိုနဲ့ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေပါတယ်။ NLD ဗဟို ကော်မတီဝင်တွေကိုယ်တိုင်က ရွေးကောက်ပွဲမှာ NLD ဝင်မှာလား/မဝင်ဘူးလားဆိုတာ ဒီကနေ့အထိ တိတိကျကျ မဖြေနိုင်ကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နောက်မညီတဲ့ စကားတွေကြောင့် ပြည်သူတွေလည်း ဆပ်ပြာသည် လင်လုပ်ရသလို ဖြစ်နေပါတယ်။
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားထဲမှာ “ကျွန်မက ကံကောင်းထောက်မလို့ ကျွန်မကို ကောင်းကောင်း ဆုံးမမယ့် မိဘဆရာများနဲ့ ကြီးပြင်းခဲ့ရပါတယ်” ဆိုတဲ့ အချက်လည်း ပါဝင်နေတာ တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ငယ်စဉ်ကတည်းက နိုင်ငံခြားမှာ နေထိုင်ကြီးပြင်းလာခဲ့သူဖြစ်ပြီး နိုင်ငံခြားသား ဆရာ/ဆရာမများ၊ နိုင်ငံခြားသား ယောက္ခထီး၊ ယောက္ခမ များနဲ့ အတူနေခဲ့သူဖြစ်ရာ ၎င်းတို့ရဲ့ ဆုံးမခြင်းကို  ခံခဲ့ရလို့ ကံတောင်းတယ်လို့ မှတ်ယူထားတာ ဖြစ်နိုင်ကြောင်း သုံးသပ်ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ကံကောင်းချင်ပါက မြန်မာ ဆရာ၊ ဆရာမတွေက သင်ကြားဆုံးမခြင်းမခံကြဘဲ နိုင်ငံခြားမှာ ကျောင်းတတ်ပြီး နိုင်ငံခြားသား မိဘများကို ယောက္ခမ တော်ရမလို ဖြစ်နေပါတယ်။
-
ဒါ့အပြင် မြန်မာနိုင်ငံ လွတ်လပ်ရေးရတာ ၆၈ နှစ်ရှိပြီဖြစ်သော်လည်း တိုင်းပြည် တိုးတက်ခဲ့သလား?  ဘယ်လောက်အထိ တိုးတက်ခဲ့သလဲ? နိုင်ငံသူ နိုင်ငံသားတွေဟာ ဘယ်လောက်အထိ ဒီလွတ်လပ်တဲ့ နိုင်ငံမှာ နေခြင်းအားဖြင့် ဘ၀တွေပိုပြီးတော့ ကောင်းလာသလဲ? ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က မေးခွန်းထုတ်ထားပါတယ်။ လွတ်လပ်ရေးရပြီး အနှစ် ၄၀ ကြာမှ မြန်မာနိုင်ငံပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်လပ်ရေးရပြီးချိန်ကစပြီး အနှစ် ၄၀ အတွင်း ကိုယ့်နိုင်ငံမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မသိဘူးထင်ပါတယ်။
၁၉၄၈ ဇန်နဝါရီလ ၄ ရက်နေ့မှာ လွတ်လပ်ရေးရပြီး ၅ ရက်နေ့မှာပင် ကရင်တွေက လွတ်လပ်တဲ့ ကရင်လူမျိုးလို့ကြေညာတဲ့ အကြောင်းတွေ၊ ဖော်ဖော်ဝါရီ ၃ ရက်နေ့မှာ ကရင်ပြည်ခွဲထွက်ခွင့်တောင်းဆိုတဲ့ သမိုင်းတွေ၊ နှစ်ခြမ်းကွဲနေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီတို့ အပြန်အလှန် သတ်ဖြတ်နေတာတွေ၊ မန္တလေးဖဆပလ ဆန်အရှုတ်တော်ပုံအကြောင်းတွေ၊ ဖဆပလ နှစ်ခြမ်းကွဲတဲ့ သမိုင်းတွေ၊ သခင်ဗစိန်က ၁၉၄၇ အခြေခံဥပဒေ ပြင်ဖို့ကြိုးစားတဲ့ အကြောင်းတွေ၊ လူငယ်တွေကို ဆိုရှယ်လစ်တွေက ခြေချုပ်လုပ်တဲ့ အကြောင်းတွေ၊ ဝန်ကြီးဦးဗဂျမ်း ထွက်စာတင်သွားရတဲ့ အကြောင်းတွေ၊ KNDO တို့ သိမ်းပိုက်လို့ ရန်ကုန်အစိုးရပဲ ကျန်တဲ့ သမိုင်းတွေ၊ ၇၄ အခြေခံဥပဒေအပြီး ဆန္ဒပြပွဲတွေ၊ ၇၄ မေလက အလုပ်သမား အရေးအခင်း၊ ၇၄ ခုနှစ် နိုဝင်ဘာလက ဦးသန့်အရေးအခင်း၊ ၇၅ ခုနှစ်က ဦးသန့်နှစ်ပတ်လည် ဆူပူမှုတွေ ကို ဒေါ်အောင်ဆန်းစုကြည် ဘာမှမသိခဲ့ဘူးထင်ပါတယ်။ တစ်နှစ်တစ်မျိုး မရိုးရအောင် ဦးကမိုင်၊ ပဲ့ကမနိုင်ဖြစ်နေတဲ့ အချင်းချင်း ပြိုင်ဆိုင်သတ်ဖြတ်ခြင်းတွေကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းကတောင် “သက်သက်အယုတ်မာပြိုင်နေကြတာ” မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဒီလို နိုင်ငံမျိုးကို တိုးတက်အောင် မဆိုထားတဲ့ တည်ငြိမ်ရန်အတွက် ထိန်းဖို့တောင် မလွယ်ကူပါဘူး။ ဒီကနေ့ အီရက်၊ ဆီးရီးယား၊ အင်ဂျစ်၊ ယိမင်နဲ့ လစ်ဗျား တို့ကိုပဲ ကြည့်ပါ။ အခုချိန်မှာ သူတို့အစိုးရတွေကို တိုးတက်အောင် လုပ်ဖို့ အကြံပေးဖို့ မဖြစ်နိုင်ပါဘူး။ ဒါကို လွတ်လပ်ရေးရတာ ဒီလောက်ကြာပြီး မတိုးတက်ဘူး ပြောခြင်းဟာ သမိုင်းမသိသူတစ်ယောက်ရဲ့ ညံ့ဖျင်းတဲ့ သုံးသပ်ချက်လို့ သတ်မှတ်နိုင်သလို ရဲဘော်သုံးကျိပ်နဲ့ ဦးနုအပါအဝင် ခေါင်းဆောင်များ အားလုံးကို စော်ကားတာနဲ့ အတူတူဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်း ပြဿနာပေါင်းစုံ တက်နေချိန် ၄၂ နှစ်လုံးလုံး နိုင်ငံခြားမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေလာသူ တစ်ယောက်က ကိုယ့်နိုင်ငံအတွင်းမှာ တစ်သက်လုံးနေထိုင်ခဲ့ပြီး ပြဿနာပေါင်းစုံ ရင်ဆိုင်နေရသူ၊ ဖြေရှင်းနေသူများကို အပြစ်တင်ခြင်းဟာ သိက္ခာမဲ့တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။
-
ဆက်လက်ဖော်ပြပါမည်
(ဒေါက်တာ မျိုးချစ်)


.. https://www.facebook.com/MyanmarExpress
 

10 comments:

ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင် မဟုတ်သလို
တစ်မျိုးသားလုံးအတွက် ကိုယ်စားပြုတဲ့ခေါင်းဆောင်လဲမဟုတ်
ဘူး။“ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ကတင်မြောက်ထားတဲ့ ခေါင်းဆောင်ပါ။
အမျိုးသားဒီမိုကရေစီအဖွဲ့(NLD ပါတီ)နဲ့သက်ဆိုင်ပါတယ်။ ဒီတော့ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD ပါတီ)ရဲ့ခေါင်းဆောင်ဖြစ်ပြီး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD ပါတီ)ရဲ့ဥက္ကဋ္ဌ ဖြစ်တယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မိမိအခွင့်အရေးအတွက်
ပြည်သူနဲ့ ဗိုလ်ချုပ်ကို အသုံးချနေတယ်ဆိုတာ
တစ်မျိုးသားလုံးသတိရှိဖို့လိုတယ်။


ကန့်လန့်ကာနောက်ကွယ်မှာ . . .

ဦးအောင်သောင်းကို ကျောင်းသူကလေးက ယပ်ခတ်ပေးတဲ့ ပုံကို မြင်တဲ့အခါ၊
ဦးသိန်းစိန်ကို ၀န်ထမ်းတယောက်က ဘိနပ်စီးပေးတာကိုမြင်တဲ့အခါ၊
ခင်ဗျားတို့ ဆဲဆိုကြ၊ ပဒေသရာဇ်စိတ်ဝင်ကြလို့ ပြောဆိုကြတယ်။

ခု ဒေါ်စု ရဲ့ ခင်ဗျားတို့ မသိတဲ့၊ (သူ့ပါတီထဲက အတွင်းလူတွေ ကတော့ အတွင်းသိ၊ အစင်းသိပါ)
အင်မတန်မှ မောက်မာတဲ့ စိတ်နေ စိတ်ထား၊ သူတဘက်သားကို အနိုင်ယူတတ်၊ ချိုးတတ်၊ ချေတတ်၊ အောက်ကြို့မှ နှစ်ချိုက်တတ်၊ သူကသာ အသာစီး၊ အပေါ်စီးက ဆက်ဆံလိုတတ်၊
သူ့ကို ဝေဖန်ရင် အငြှိုးအတေးထားတတ်၊ အပြင်ဗန်းကြည့်ပြီး၊ အထင်သေးတတ်၊ နှိမ့်ချတတ် ဆိုတာတွေကိုကော သိသလား လို့မေးချင်တယ်။
အချိန်တန်ရင် အမှန်တရားဆိုတာ ဖုံးကွယ်လို့ မရပါဘူးလေ. . .

ဒေါ်အောင်ဆန်းစုကြည် ဟာ ကျောင်းသားတွေ ကျေးဇူးနဲ့ နိုင်ငံရေးဇာတ်ခုံပေါ်ရောက်လာတဲ့သူပါ။ သူ့ပါတီအလံတောင် ကျောင်းသားသမဂ္ဂ က ခွပ်ဒေါင်းအလံ ကို ယူသုံးခဲ့တာ သူကိုယ်တိုင် အတိအလင်း ပြောခဲ့ပါလေရဲ့။
ဒီလို လူက ကျောင်းသားသမဂ္ဂ ရဲ့ ရပ်တည်ချက်ကို ပျက်ယွင်းအောင် ကိုယ်တိုင်ငြှိုးတေးလုပ်ဆောင်တာ၊ ကျေးဇူးကန်းတာပါပဲ။

ကျေးဇူး ဆိုတာ ကန်းလိုက်တာနဲ့ ချက်ချင်း အကျိုးပေးတတ်ပါတယ်။
မကြာတော့ပါဘူး လို့ပဲ ပြောလိုက်ချင်ပါတော့တယ်။

ငြိမ်းချမ်းရေးစင်တာက ဒေါက်တာ မင်းဇော်ဦး၊ ညိုအုန်းမြင့်၊ ဧရာဝတီသတင်းဌာနက အောင်ဇော်၊ ရဲနည်၊ အေဘီက ကိုလွမ်းဏီ။ ခင်ဗျားတို့ မယုံရင် သူတို့ သမိုင်းကြောင်းကို စုံစမ်းကြည့်။

အချောင်သမားတွေချည်းပဲ။ ဒေါ်လာရဖို့ နိုင်ငံရေးလုပ်တာ။ ဒီထဲမှာ ကိုအောင်သူငြိမ်းမပါဘူး။

ပါတဲ့လူက ကိုအောင်မျိုးမင်းပါတယ်။

အင်းး ..... ဒေါက်တာနိုင်အောင်လည်း မလွတ်ဘူး။

ကျနော်တို့ ပါတီက ဥက္ကဌ ကိုအောင်မိုးဇော်လည်း ဟိုလိုလိုဒီလိုလိုပဲ။ ဘယ်သူမှ ရှင်းရှင်းလင်းလင်းမရှိဘူး။ အားလုံးကိုခြုံကြည့်ရင်တော့ သူတို့ တွေနဲ့ မြန်မာ့နိုင်ငံရေး လားလားမှမဆိုင်ဘူး။


ဒါဖတ်ပြီးမှ NLD ပါတီကို ကိုမဲထည့်ဖို့ စဉ်းစားပါ
+++++++++++++++++++++++++++++++++++++++++
ကျနော် သူများတွေလို စာကောင်းကောင်းမရေးတတ်ဘူး။ လိုရင်းနဲ့တိုရှင်းကိုပဲပြောဖို့ အားရတယ်။ အခု ပြောချင်တာကို တိုတိုနဲ့ရှင်းရှင်းပြောမယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ NLD ၀င်ပြိုင်တဲ့အခါ ပြည်သူတွေအနေနဲ့ NLD ကို လုံးဝ မဲမထည့်ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့
၁။ နံပတ် (၁) NLD က ၉၀-ရွေးကောက်ပွဲရလဒ်တောင် အရည်အချင်းမရှိ အကောင်အထည်မဖော်နိုင်ဘူး။ ဒါ့ကြောင့် နောက်တခါ မဲထည့်လည်း အာဏာရအောင်လုပ်နိုင်မယ့် အနေအထားမတွေ့ရဘူး။ အထူးသဖြင့် မယုံရဲဘူး။
၁၉၉၀ တုန်းကလည်း ပြည်သူ့သည်းခြေကြိုက် စကားတွေ ဖောင်ဖွဲ့ပြောသွားဖူးတာပါပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က သူပြောခဲ့သမျှ စကားတွေကို တစ်ခုမှ အကောင်အထည်မဖော်နိုင်ပါဘူး။
၉၀ တုန်းက မဲရသွားတဲ့ ကိုယ်စားလှယ်တွေ အနှစ် ၂၀ ကျော်လုံး နိုင်ငံခြားမှာ အရက်သောက်လိုက်၊ အင်တာနက်သုံးလိုက်၊ အထောက်အပံ့ စားလိုက်နဲ့ပဲ အချိန်ဖြုန်းသွားတယ်။ ပြည်သူ့အကျိုး တစ်ခုမှ မလုပ်ခဲ့ကြဘူး။ နောက်ဆုံးတော့ ပြည်သူတွေကို ရပ်တည်နိုင်ဖို့ မလုပ်နိုင်တဲ့အပြင် သူတို့အဖွဲ့တွေကိုတောင် ရပ်တည်နိုင်စွမ်းမရှိလို့ ဖျက်လိုက်ရတယ်။
၂။ နောက်ပြီးတော့ ၂၀၀၈ အခြေခံဥပဒေ ကို NLD က ဦးဆောင်ပြီး ကန့်ကွက်မဲထည့်ခိုင်းလို့ ထည့်ခဲ့ကြတာ၊ ဆန္ဒမပြုခဲ့ကြတာတွေလည်း ဘာမှဖြစ်မလာပါဘူး။ NLD က ပြည်သူတွေကို ခိုင်းဖို့သာ တတ်တယ်။ NLD ခိုင်းတိုင်းလုပ်ခဲ့ တဲ့ ပြည်သူတွေကို NLD က ဘာမှ ပြန်လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိဘူး။ အပြောပဲ တတ်တယ်။ ဒါကြောင့် ဒီတခါလည်း NLD ရဲ့ စကားကို နားမယောင်မိဖို့လိုတယ်။
မအောင်မြင်ခဲ့တဲ့ NLD ဦးဆောင်ပြီး အခြေခံဥပဒေနဲ့ နိုင်ငံတော်အလံကို ဆန့်ကျင်မှု
၃။ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း "အခြေခံဥပဒေ အရ မဲမပေးပဲ နေခွင့်ရှိတယ်" လို့ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့လို့ မဲမပေးပဲ နေခဲ့ကြတဲ့ လူတွေ အတွက် NLD က ဘာမှ ပြန်လုပ်မပေးနိုင်ခဲ့ဘူး။ တစ်ခါ အလိမ်ခံရရင် လိမ်တဲ့ သူ အပြစ်၊ ၂ ခါ အလိမ် ခံရရင် အလိမ်ခံရသူ အပစ် ဆိုရင် ခဏခဏ အလိမ်ခံနေရတဲ့ ပြည်သူတို့ နောက်တစ်ခါ အလိမ်မခံရဖို့ အတွက် NLD ကို လုံးဝ မဲမပေးမိဖို့လိုတယ်။
မအောင်မြင်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ရေး လုပ်ရှားမှု
ကိုယ်တိုင် မှတ်ပုံမတင်ခဲ့လို့ သူများတွေကို မဲမပေးဖို့ လှုပ်ရှားခဲ့တဲ့ NLD
၎။ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ တော့ သေချာ စဉ်းစား သုံးသပ်ဖို့ လိုပါလိမ့်မယ်။ အဓိက အရေးကြီးတာကတော့ NLD မှာ အရည်အချင်းရှိတဲ့ လူငယ် တစ်ယောက်မှ မရှိပါဘူး။ ရွေးကောက်ပွဲကို ဝင်ဖို့ ရွေးခြယ်ခံထားရတဲ့ လူတွေကိုပဲ ကြည့်ပါ။ အတော်ဆုံးဆိုပြီး စကာတင် ရွေးချယ်ခံရတဲ့လူတွေကတောင် ဘာမှအရည်အချင်းမရှိ၊ ကိုယ်ပြိုင်မယ့် နယ်မြေကို စည်းရုံးနိုင်စွမ်းမရှိလို့ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းပုံ ပြပြီး စည်းရုံးနေရတာကိုပဲကြည့်ပါ။
၅။ NLD က အတော်ဆုံးဆိုပြီး ရွေးထားတဲ့ ကိုယ်စားလှယ်လောင်းတွေကို အယုံအကြည်မရှိပါဘူး။ ဒါကတော့ ကျွန်တော်တင်မဟုတ်ဘူး။ ဘယ်သူကမှ အယုံမကြည်မရှိပါဘူး။ အဓိကကတော့ အရည်အချင်းမရှိလို့ပါ။ ပြည်သူ့အကျိုး ဘာမှမလုပ်ဖူးတဲ့ အဆိုတော်တွေပါတယ်၊ သမိုင်းအကြောင်းနားမလည်တဲ့ ဖောက်ပြန်တတ်တဲ့ မိန်းမတွေပါတယ်၊ နိုင်ငံရေးအကြောင်း ဘာမှမသိတဲ့ AIDS ရောဂါသည်တွေနဲ့ အတူနေသူတွေပါနေတယ်။ အဲဒီလူတွေက လွှတ်တော်ထဲမှာ ဘာတွေ ဆွေးနွေးပြောဆိုနိုင်မှာလဲ။
၆။ အရေးအကြီးဆုံး အချက်ကတော့ NLD ကိုယ်စားလှယ်တွေမှာ နိုင်ငံတော်အုပ်ချုပ်ရေး အတွေ့အကြုံမရှိဘူး။ ကျေးရွာ မြို့နယ်တောင် အုပ်ချုပ်ဖူးတာ မဟုတ်ဘူး။ နိုင်ငံတော် တည်ဆောက်ရေး အစည်းအဝေးတွေမှာ ဘယ်နေရာမှ တက်ရောက်ဆွေးနွေးဖူးကြတာ မဟုတ်ဘူး။ အဲလိုလူတွေလက်ထဲကို ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပုံမအပ်နိုင်ဘူး။


၇။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အချို့အချက်တွေ ကို အရမ်းလေးစားပါတယ်။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်နေတာ၊ လူအများက စိတ်ဝင်စားအောင် လုပ်နိုင်တာ၊ ပြည်ပနိုင်ငံတွေအပေါ်မှာ သြဇာညောင်းတာ တွေပေါ့။ ဒီလိုအရည်အချင်းမျိုးတွေက လူတိုင်းမှာ မရှိပါဘူး။ ဒါပေမယ့် ခက်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်းတွေက မြန်မာပြည်သူလူထုအတွက် တစ်ခုမှ ဖြစ်မလာတာပါပဲ။
ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်လို့ ဗိုလ်ချုပ်အောင်ဆန်းလို မျိုးချစ် တစ်ယောက် မဖြစ်ခဲ့ပါဘူး။ နယ်ချဲ့အင်္ဂလိပ်နဲ့ ရွှေလက်တွဲပြီး မျိုးဆက်ပျောက်အောင် လုပ်ခဲ့တာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါ။ လူအများ စိတ်ဝင်စားအောင် လုပ်နိုင်တဲ့ အရည်အချင်းထက် လူအများကို ကောင်းကျိုးပြုနိုင်တဲ့ အရည်အချင်း ရှိတာ ပိုကောင်းပါတယ်။ လူတွေက စိတ်ဝင်စားလို့ လာကြည့်ကြတယ်၊ ကြည့်ပြီး ပြန်သွားတော့လည်း ဒုံရင်းဒုံရင်း ပါပဲ။
ပြည်ပနိုင်ငံတွေ အပေါ်မှာ သြဇာညောင်းတာကတော့ မဟာ အရည်အချင်းတစ်ခုပါ။ ဒါကြောင့်လည်း နိုင်ငံ အသီးသီးက ဆုပေါင်း တစ်ထောင်ကျော် အိမ်အပေါ်ထပ်မှာ ပြည့်နေတာပါပဲ။ ဒါပေမယ့် ခက်တာက အဲဒီ ဆု တစ်ထောင်ကျော်က မြန်မာပြည်သူလူထု အတွက် အသုံးမဝင်တဲ့ ဆုတွေဖြစ်နေပြန်ပါတယ်။ မီးသတ်ရဲဘော် တစ်ယောက် ရတဲ့ ဆုက အနည်းဆုံး လူ ၁၀ ယောက်ရဲ့ အသက်ကို ကယ်နိုင်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆု တစ်ထောင်က မြန်မာ ပြည်သူ တစ်ယောက်ရဲ့ အသက်ကို ကယ် ခဲ့တာ တစ်ခုမှ မပါပါဘူး။ ဒါ့အပြင် ပြည်ပနိုင်ငံတွေအပေါ်မှာ သြဇာညောင်းတယ် ဆိုပြီး ပြည်ပရောက်နေတဲ့ မြန်မာနိုင်ငံသား အလုပ် သမားတွေ ကျောင်း သားတွေ အားလုံးက ဒေါ်အောင်ဆန်း စုကြည်နာမည်နဲ့ ဘာမှ လုပ်စား လို့မရပါဘူ။ ဖမ်းဆီးတာတွေ ခံနေရတုန်း၊ အနိုင်ကျင့်တာတွေ ခံနေရတုန်း၊ မတရားတာတွေ ခံနေရတုန်း၊ ပြည်ပက ပညာသင်ဆု ရဖို့ အသည်းအသန် ရှာဖွေနေရတုန်းပါ။ အဆိုးဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD_LA မလေးရှားကို မလေးရှား ရဲက ဝင်စီးတာတောင် ဒေါ်အောင်ဆန်းစုကြည်ကရော၊ NLD ခေါင်းဆောင်တွေကပါ ဘာမှ ကာကွယ်ပေးနိုင်စွမ်း၊ ရပ်တည်ပေးနိုင်စွမ်းမရှိခဲ့ပါဘူး။ ဒီအချက်တွေကို ကြည့်ပြီး ဒေါ်အောင် ဆန်းစုကြည်ရဲ့ ပြည်ပ နိုင်ငံတွေ အပေါ်မှာ သြောဇာညောင်းမှုဆိုတာကို သံသယဖြစ်လာပါတယ်။
ဒီထက်ဆိုးတာကတော့ ရခိုင်ပြည်နယ်ကို ရိုအင်ဂျာ ပြည်နယ်အဖြစ် သတ်မှတ် ခံရချိန်တွေ၊ ရေပိုင်နက် ပြဿ နာတွေဖြစ်နေ ချိန် မှာ ပြည်ပ ကို သြေဇာညောင်းတယ်ဆိုတဲ့ ဒေါ်စု တုတ်တုတ်မှ မလှုပ်ရဲအောင် ငြိမ်နေတာပါပဲ။


၈။ ကောင်းတဲ့ အရည်အချင်းတွေ ပြောပြီးလို့ မကောင်းတဲ့ အရည်အချင်းတွေ ပြောရရင်တော့ မျိုးချစ်စိတ်မရှိတာ၊ အမျိုးဂုဏ် မစောင့်ထိန်းတာက အရင်ဆုံး စရပါလိမ့်မယ်။ မဆင်မခြင် နိုင်ငံခြားသား ကို လက်ထပ်ယူခဲ့ပြီးနောက်မှာ မြန်မာစကား မပြောတတ်တဲ့ မျိုးမစစ် တွေ မွေးခဲ့လို့ အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မျိုးဆက် ပျက်ခဲ့ရပါပြီ။
နောက်တစ်ခုကတော့ အသက် ၄၂ နှစ် ကျော် မှ မြန်မာနိုင်ငံ ပြန်လာရမှန်း သိတာပါပဲ။ မြန်မာနိုင်ငံကို တကယ်ချစ်တဲ့လူတစ်ယောက်က နိုင်ငံခြားသားကိုလည်း ယူဖို့မလိုသလို အသက် ၄၀ ကျော်ထိ နိုင်ငံခြားမှာ နေတယ်ဆိုတာ မဖြစ်သင့်ဆုံး အချက်ပါ။
နောက်တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်မှာ အရည်အချင်းမရှိကြောင်း ရုပ်လုံးပေါ်သွားစေတဲ့ ဒုတိယ ပင်လုံ ဆိုတာကြောင့်ပါ။ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ပထမဆုံး ခြေလှမ်းဆိုပြီး ဒုတိယ ပင်လုံဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ကြွေးကြော်ခဲ့ပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးကို မနားတမ်းအော်ခဲ့ပါတယ်။ ၂ လ ကြာတဲ့ အချိန်မှာ ဒုတိယ ပင်လုံ က ပျက်သွားပါတယ်။ ဘယ်မှာလဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရည်အချင်း။ KNU ခေါင်းဆောင်တွေနဲ့ ဦးအောင်မင်း တို့ ငြိမ်းချမ်းရေး ယူပြီးတော့ မှ ဒေါ်အောင်ဆန်းစုကြည်က အိမ်ထဲမှာ ကရင်ဝတ်စုံတွေနဲ့ တွေ့ရတဲ့ အဆင့်ပါ။ တကယ်တမ်း ရင်ကြားစေ့အောင်လုပ်လိုက်တာကတော့ ဦးအောင်မင်း ဖြစ်နေပါတယ်။ အဲလိုပဲ မွန်တွေနဲ့ကျလည်း အတူတူပါပဲ။ အဆိုးဆုံးကတော့ အချင်းချင်း ညီညွတ်ဖို့ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မိခင် ဒေါ်ခင်ကြည်နဲ့လည်း လုံးဝ မတည့်ခဲ့သလို တစ်ဦးတည်းသော မောင်နှမ ရင်းချာ ဦးအောင်ဆန်းဦးနဲ့လည်း သူတပြန်ကိုယ်တပြန် ရုံးတင် နေကြတာပါပဲ။ ဒါတောင် ဗိုလ်ချုပ်အောင်ဆန်း စောစော ကျဆုံးသွားလို့ပါ။ ဗိုလ်ချုပ်သာ နောက်ကျမှ ဆုံးလျှင် ဗိုလ်ချုပ်နဲ့ပါ တည့်မှာမဟုတ်ပါဘူး။ သေချာတာကတော့ ၂၇ နှစ်မှာ နိုင်ငံခြားသား ကို ယူတာနဲ့ ဗိုလ်ချုပ်က အမွေပျက် စွန့်လွှတ်မှာပါပဲ။ အခုတော့ ဒေါ်အောင်ဆန်းစုကြည် ၂ နှစ် သမီးမှာ ဗိုလ်ချုပ် ကွယ်လွန်သွားတာကြောင့် ဗိုလ်ချုပ်အနေနဲ့ ဘာမှမဆုံးမနိုင်၊ မျိုးချစ်စိတ်တွေ ထည့်မပေးသွားနိုင်၊ အရည်အချင်းရှိအောင် သင်မပေးသွားနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နံ့သာဆီနဲ့ အီးလို ခြားနားသွားရတာပါပဲ။
ပြောရမယ်ဆိုရင်တော့ အများကြီးပါပဲ ဘာအရည်အချင်းရှိလဲ မရှိလဲဆိုတာကို အခု ၁၆ လ အတွင်းမှာ ဘာတွေ အောင်မြင်ခဲ့ သလဲဆိုတာ အမြင်သာဆုံးပါပဲ။ အထုတ်နဲ့ အထည်နဲ့ သက်သေပြစရာ ဘာမှမရှိပါဘူ။ ၁၂ လ သားပဲ ရှိသေးတဲ့ ဦးသိန်းစိန်က ပြောသွားတဲ့ မိန့်ခွန်းက အားရစရာ ကောင်းသလောက်၊ အဓိပ္ပါယ်တွေ ပြည့်ဝသလောက်၊ ၁၆ လ သမီး ဒေါ်စု အပ်ကြောင်းထပ်နေတဲ့ စကားလုံးတွေနဲ့ပဲ ကိုယ့်စကားနဲ့ ကိုယ်ပိကာ အလုပ်မဖြစ် ဖြစ်နေပါတယ်။
မပြောချင်ပေမယ့် အားလုံးသိသင့်တဲ့ နောက်ဆုံးတချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒေးဗစ်လှမြင့် တို့ရဲ့ ဇတ်လမ်းပါပဲ။ လူမှုရေးဇတ်ရှုတ်မို့ အကျယ်ချဲ့ပြီးမပြောချင်ပါဘူး။ ရှေ့မှီနောက်မှီ လူကြီးတွေဆီ မေးမြန်းပြီး အကျင့်ပျက် ဖောက်ပြန်သူ တစ်ယောက်ကို မဲပေးသင့်မပေးသင့် ကိုယ်တိုင် စဉ်းစားကြပါ။ ဂျွန်ယက်တော့ကို အိမ်ခေါ်အိပ်တာကတော့ အမြင်သာဆုံးပါပဲ။


မပြောချင်ပေမယ့် အားလုံးသိသင့်တဲ့ နောက်ဆုံးတချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒေးဗစ်လှမြင့် တို့ရဲ့ ဇတ်လမ်းပါပဲ။ လူမှုရေးဇတ်ရှုတ်မို့ အကျယ်ချဲ့ပြီးမပြောချင်ပါဘူး။ ရှေ့မှီနောက်မှီ လူကြီးတွေဆီ မေးမြန်းပြီး အကျင့်ပျက် ဖောက်ပြန်သူ တစ်ယောက်ကို မဲပေးသင့်မပေးသင့် ကိုယ်တိုင် စဉ်းစားကြပါ။ ဂျွန်ယက်တော့ကို အိမ်ခေါ်အိပ်တာကတော့ အမြင်သာဆုံးပါပဲ။


၉။ နောက်တချက်က အသက်အရွယ် အိုစာနေလို့ပါ။ ဒီကနေ့ ၂၀၁၂ မှာ အောင်ဆန်းစုကြည်ကလည်း အသက် ၆၈ ပြည့်ပါမယ်။ ၂၀၁၅ ဆိုရင် ၇၀ ကျော်ပါပြီ။ မန္တလေး မှာ စကားပြော ရင်း ရှော့ ဖြစ်သွားတာက အမြင်သာဆုံး ဥပမာ ပါပဲ။ နိုင်ငံခြား တိုင်းပြည်တွေမှာ အသက် အငယ်ဆုံး ခေါင်းဆောင်တွေ နေရာ ဝင်ယူနေ ကြတာကို သတိထား မိပါတယ်။ ဒီမိုကရေစီနိုင်ငံကြီး အမေရိကန် က သမ္မတ အိုဘားမား ကို ကြည့်ပါ။ အားလုံး အပြစ်တင်နေတဲ့ ကွန်မြူနစ် နိုင်ငံကြီး မြေက်ကိုရီးယားက ကင်ဂျုံအန်း ကိုကြည့်အုံးမလား။ အမျိုးသမီးဝန်ကြီးချုပ် အုပ်ချုပ်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံက ရင်လတ် ကို ကြည့်အုံးမလား။ ငယ်ငယ်ရွယ်ရွယ် လေးတွေချည်းပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လို အရိုးပေါ် အရေတင်နေတဲ့ အမေအို တစ်ယောက် နဲ့ အရမ်းကွာခြားလွန်းနေပါတယ်။
၁၀။ NLD ကို မဲပေးမယ်ဆိုရင် အထူးသတိထားရမှာ က ဝန်ထမ်းတွေပါ။ မြန်မာနိုင်ငံမှာ ဝန်ထမ်းအင်အားက ၃ ရာခိုင်နှုံးကျော်ပဲ ရှိတယ် ဆိုပေမယ့် အဲဒီ ဝန်ထမ်းကို မှီခိုနေရတဲ့ ပြည်သူ အင်အားက ၆၀ ရာခိုင်နှုံးကျော်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေ ကို တစ်ခါမှ အကောင်းမပြောခဲ့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလွှင့်နေတဲ့ ပြည်တွင်း ပြည်ပ မီဒီယာတွေကလည်း ဝန်ထမ်း ဆိုရင် ရန်သူ တစ်ယောက်လို သဘောထားကာ စာရိတ္တမကောင်းကြောင်းတွေ၊ ရိုင်းစိုင်းကြောင်းတွေကိုပဲ ပြောဆို သတင်းလွှင့်နေကြတာ အားလုံး အသိပါ။ ကျောင်းဆရာဆိုရင်လည်း ကျောင်းဆရာ အလျှာက်၊ ဆက်သွယ်ရေးရုံးက ဝန်ထမ်းဆိုရင်လည်း ဆက်သွယ်ရေးရုံးက ဝန်ထမ်း အလျှောက် နည်းမျိုးဆုံ အပြစ်တင် ဝေဖန်နေတာ အားလုံး အသိပါ။ ဒေါ်အောင်ဆန်းစုကြည်ကနည်း အမေရိကန် အစိုးရရဲ့ ဝန်ထမ်းတွေဖြစ်တဲ့ ဗွီအိုအေ က လူတွေကို အသားပေးသလောက် မြန်မာနိုင်ငံက ဝန်ထမ်းတွေဆိုရင် ကြည့်တဲ့ မျက်လုံးကိုက မတူသလို မတန်သလိုနဲ့ အဆင့်တန်းခွဲခြားတဲ့ အကြည့်နဲ့ ကြည်ပါတယ်။ အခု NLD က လွှတ်တော်ထဲဝင်ရင် ဝင်ထမ်းတွေကို နိပ်ကွပ်ပါလိမ့်မယ်။ ဝန်ထမ်းတွေကို နိပ်ကွတ်ရင် ဝန်ထမ်းတွေကို မှီခိုနေခဲ့ရတဲ့ အဘိုးအဘွားတွေ၊ သားသမီးတွေ အားလုံး ဒုက္ခရောက်ကြရမှာပါ။ ဒီတော့ ဝန်ထမ်းတွေရော၊ နီးစပ်သူတွေရောပါ NLD ကို မဲပေးမယ်ဆိုရင် သေချာစဉ်းစားပါ။ နှစ်ပေါင်း ၂၃ နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ဝန်ထမ်းတွေအပေါ်မှာ ဘယ်လောက်ကောင်းခဲ့လည်းဆိုတာကို သေချာစဉ်းစားပါ။ ဝန်ထမ်းတွေ ရဲ့ ဘဝကို ဝန်ထမ်း တွေကသာ နားလည်နိုင်ပါတယ်။ နိုင်ငံခြားမှာ အသက် ၄၀ ထိ နေလာတဲ့ လူတစ်ယောက်က ဝန်ထမ်းဘဝ ကို နားလည်နိုင်မှာမဟုတ်ပါဘူး။
၁၁။ ပြီးတော့ တပ်မတော်သားတွေ။ မြန်မာနိုင်ငံမှာ စစ်သည် အင်အား တစ်သန်း နီးပါးရှိပါတယ်။ စစ်သည်တွေကို မှီခိုနေတဲ့ ပြည်သူလူထု အင်အားကလည်း ၁၀ သန်းကျော်ရှိပါတယ်။ မုန်တိုင်းဝင်လို့ ပျက်ဆီးသွားတာတွေ ရှင်းရတော့လည်း စစ်သည်တွေပါ၊ ရထားလမ်းဖောက်ရတော့လည်း စစ်သည်တွေပါ၊ မြို့ပေါ်မှာ ဗုံးကွဲတော့ အရင်ဆုံးပြေးရတာ စစ်သည်တွေပါ၊ သောင်းကျန်းသူတွေ နှိမ်နှင်းရတော့လည်း စစ်သည်တွေပါ၊ လက်ပြတ် ခြေထောက်ပြတ်ရုံမှမက အသက်ပေးရတော့လည်း စစ်သည်တွေပါ။ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီ စည်းရုံးရေးဟောပြာမှုကို မြန်မာ့အသံ ကလွှင့်တဲ့အချိန်မှာ စစ်သည်တွေကို နိုင်ငံတည်ဆောက်ရေးမှာ မလိုတဲ့အကြောင်း ထည့်ပြောသွားပါတယ်။ အရင်ကတည်းကလေည်း စစ်တပ်ကို တစ်ခါမှ အကောင်းမပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘက်တော်သား ပြည်ပမီဒီယာတွေကလည်း စစ်တပ်အကြောင်းဆိုလျှင် ရဲဘော်လေးတွေကစပြီး ကာကွယ်ရေး ဦးစီးချုပ်ထိ ကို ရစရာမရှိအောင် အပြစ်တင် နေတာ အားလုံး အသိဖြစ်ပါတယ်။
အခု ဆိုရင် တပ်မတော်ကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်တွေကိုတောင် ဖယ်ရှားဖို့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်နေပါတယ်။ ဒါကြောင့် စစ်သည်တွေနဲ့ မှီခိုသူတွေအနေနဲ့ NLD ကို မဲပေးမယ်ဆိုရင် သေချာစဉ်းစားပါ။ စစ်သားတွေရဲ့ ဘဝကို စစ်သားတွေကသာ နားလည်နိုင်ပါတယ်။ နိုင်ငံခြားမှာ အသက် ၄၀ ထိ နေလာတဲ့ လူတစ်ယောက်က စစ်သားဘဝ ကို နားလည်နိုင်မှာမဟုတ်ပါဘူး။
၁၂။ စီးပွားရေးသမားတွေကတော့ ပိုဆိုးပါတယ်။ ဒီနေ့ စီးပွားရေးပိတ်ဆို့အောင် ဘယ်သူလုပ်ထားတာလဲ အားလုံးသိပါတယ်။ မြန်မာ့ခရီးသွားနှစ် ၁၉၉၆ တုန်းက မြန်မာနိုင်ငံကို နိုင်ငံခြား ခရီးသွားတွေ မလာအောင် တိုက်တွန်းခဲ့တာ လည်း ဒေါ်အောင်ဆန်းစုကြည်ပါ။ အခုချိန်ထိ တခြားနိုင်ငံသားတွေကတောင် စီးပွားပိတ်ဆို့မှု ရပ်ပေးဖို့ တောင်းဆိုနေပေမယ့် အောင်ဆန်းစုကြည်က စီးပွားပိတ်တာကို အားပေးနေတုန်းဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံကို ချမ်းသာစေလိုသူတွေအနေနဲ့ စီးပွားပိတ်ဆို့မှုကို အားပေးနေတဲ့ NLD ကို မဲမပေးမိဖို့ လိုပါတယ်။


၁၃။ အနုပညာ သည်တွေလည်း အတူတူပါပဲ။ အရင်တုန်းက အနုပညာလောကနဲ့ အခုအနုပညာလောကက မတူတော့ပါဘူး။ အရင်တုန်းက တစည်းတလုံးတည်း ပျော်စရာကောင်းသလောက် အခုတော့ နှစ်ဖွဲ့ ကွဲနေပါတယ်။ သာကူး နဲ့ သာမကူး ပေါ့။ အနုပညာသမားက အနုပညာလုပ်ပြီး အနုပညာကို တိုးတက်အောင်လုပ်တာပဲ ကောင်းပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုရုံးခေါ်တွေ့တာတွေ၊ ကမကထ လုပ်တာတွေကြောင့် အနုပညာလောကကြီးက ပျော်စရာမကောင်းတော့တာ အားလုံး အသိပါ။ မြန်မာနိုင်ငံမှာ ပါတီပေါင်း ၄၀ ကျော်ရှိပေမယ့် ဘယ်ပါတီ ကမှ အနုပညာရှင်တွေကို အိမ်ခေါ်တွေ့တာ မရှိပါဘူး။ မင်းသား မင်းသမီးတွေ လွှတ်ပြီး စည်းရုံးခိုင်းတာ မရှိပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲမှာ NLD မပါတုန်းက အနုပညာ လောကတခုလုံး ငြိမ်းချမ်းနေခဲ့ရပေမယ့် အခု ကြားဖြတ်ရွေးကောက်ပွဲမှာ NLD လည်းပါရော အနုပညာ သည်တွေမှာ ပါတီစွဲ ပုဂ္ဂိုလ်စွဲတွေနဲ့ ပြောဆိုလုပ်ဆောင်လာကြတာကြောင့် ပရိတ်သတ်တွေ စိတ်ပျက်စေခဲ့ပါတယ်။ အနုပညာအဖွဲ့ကို စည်းလုံးမှု ပြိုကွဲစေတဲ့ NLD ကို စဉ်းစဉ်းစားစား ဆက်ဆံပြီးမှ တခြားပါတီကို ရွေးချယ်မဲပေးဖို့လိုပါတယ်။
၁၄။ အရေးအကြီးဆုံးကတော့ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ အထွန်းကားဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘာသာရေးကိုင်းရှိုင်းတဲ့ ခေါင်းဆောင်ကိုပဲ ရွေးချယ်မဲပေးသင့်ပါတယ်။ အသက် ၇၀ ပြည့်ခါနီး တတိယအရွယ်ရဲ့ နောက်ဆုံးအချိန်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘာသာရေး အလွန်အားနည်းသူ တစ်ယောက်ဖြစ်ပါတယ်။ ကြုံတောင့်ကြုံခဲ ဖြစ်တဲ့ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်တော် ဖြစ်တော်မူသော စွယ်တော်မြတ် ကြီး ရန်ကုန်မှာ အပူစော်ခံနေချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က လုံးဝ သွားရောက်ဖူးမျှော်ခြင်းမရှိသလို မြန်မာနိုင်ငံရဲ့ ပြရုပ်ဖြစ်တဲ့ ရွှေတိဂုံ စေတီရဲ့ နှစ်ပေါင်း ၂၆၀၀ ပြည့် အခမ်းအနားကိုလည်း နိုင်ငံခြားသားတွေ အများကြီး လာရောက်ဖူးမျှော်နေတာတောင် ဒေါ်အောင်ဆန်းစုကြည်က လုံးဝ မသွားခဲ့ပါဘူး။ ဒါ့အပြင် မန္တလေးမြို့ ရောက်ခဲ့တာတောင် မဟာမုနိဘုရားကို ဝင်မဖူးပဲ ပြန်လာခဲ့သလို ဘုန်းကြီးတွေကိုလည်း လမ်းဘေးမှာ စာကပ်ပြီး အိမ်ကို ကြွခိုင်းခဲ့ပါသေးတယ်။
အနုပညာလောကလိုပဲ ဘုန်းကြီးတွေမှာလည်း NLD ကြောင့် နှစ်ဖွဲ့ကွဲတာတွေ ရှိနေသလို ဘာသာရေးမလိုက်စားကြ၊ တရားအားမထုတ်ကြတော့ပဲ ဘုန်းကြီးတို့ရဲ့ ဂုဏ်သိက္ခာနဲ့ မလျှော်ညီတာတွေ လုပ်ဆောင်နေကြတာ ကို တွေ့လာရပါတယ်။ တခြား ဘယ်ပါတီမှ အဲလိုမရှိပါဘူး။ NLD ပါတီ အာဏာရလာလျှင် အဲဒီဘုန်းကြီးတွေ ပိုဆိုးလာနိုင်သလို ဘုန်းကြီးတွေ အချင်းချင်း ကွဲပြားသွားနိုင်ပါတယ်။ ဒါကြောင့် NLD ကို မဲပေးမယ်ဆိုရင် သေချာ သတိထား စဉ်းစားပါ။
NLD ပါတီမှ လူ့စွမ်းအား အရင်အမြစ်များကို ကောင်းစွာ အသုံးချလျှက်ရှိ
ဒေါ်အောင်ဆန်းစုကြည် လာမည့်လမ်းကို မြေဖို့ပေးရ
(မှတ်ချက်။ ။ဤအလုပ်များလုပ်ပေးရန် NLD ပါတီဝင် တစ်သိန်း ခေါ်ယူမည်။)
၁၅။ ပြည်ပရောက် ကျောင်းသားတွေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အရည်အချင်းကို မခံစားရသလိုပဲ ပြည်တွင်းက ကျောင်းသားတွေလည်း ဘာမှ မခံစားရပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အိမ်အပေါ်ထပ် တစ်ခုလုံး ဘာမှန်းမသိတဲ့ ဆု တွေ ပြည့်နေပေမယ့် ပြည်တွင်းက ကျောင်းသား လူငယ်တွေ အတွက် ဘာပညာ တစ်ခု မှ မပေးနိုင်သလို၊ ဘာအထောက်အပံ့မှလည်း မပေးနိုင်ပါဘူး။ ဒါ့အပြင် အသက် ၅၀ ကျော် ကြီးတွေကိုတော့ ကျောင်းသား တွေပါဆိုပြီး အရေးတယူ အိမ်ခေါ် တွေ့တာ တွေ ခဏခဏ လုပ်ခဲ့ပါတယ်။
၈၈ ကျောင်းသားတွေ နိုင်ငံရေးလုပ်တယ် ဆိုတာ
၁၆။ နောက်ဆုံး ပြောချင်းတာကတော့ အင်အားစုတွေကတော့ တိုင်းရင်းသား အင်အားစုတွေကိုပါ။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူ တစ်ရပ်လုံးက ထောက်ခံတယ်၊ တိုင်းရင်းသား အားလုံးက ထောက်ခံတယ် ဆိုတာ လုံးဝ မဟုတ်ဘူး ဆိုတာပါပဲ။ NLD ပါတီ ကိုသာ တိုင်းရင်းသား အားလုံးက ထောက်ခံရင် ဒီကနေ့ မြန်မာနိုင်ငံမှာ တိုင်းရင်းသား ပါတီ ဆိုတာ တစ်ခုမှ ရှိမှာတောင် မဟုတ်ပါဘူး။ ကရင်လူမျိုးအားလုံး၊ မွန်လူမျိုး နဲ့ ရခိုင်လူမျိုးအားလုံးကသာ NLD ကို ယုံကြည် ထောက်ခံကြရင် ကရင်ပါတီ၊ မွန်ပါတီတွေနဲ့ ရခိုင် ပါတီတွေ တစ်ခုမှ ရှိမှာမဟုတ်ဘူးဆိုတာ သိသင့်ပါတယ်။
NLD ကို မထောက်ခံလို့ ကိုယ်ပိုင် ပါတီ ထူထောင်နေကြတာပါပဲ။ တိုင်းရင်းသား တွေကို မပြောပါနဲ့အုံး။ ဒေါ်အောင်ဆန်းစုကြည် နေတဲ့ ရန်ကုန်မြို့ကလူတွေတောင် NLD ကို အပြည့်အဝ မထောက်ခံကြပါဘူး။ ရန်ကုန်မြို့မှာ ပါတီပေါင်း ဗမာ ပါတီပေါင်း ၃၀ ကျော် ရှိပါတယ်။ အဲဒီပါတီ အားလုံးက NLD ကို မထောက်ခံလို့ ကိုယ့်ပါတီနဲ့ ကိုယ် ရပ်တည်နေကြတာကို အရှင်းလင်းဆုံး မြင်နိုင်ပါတယ်။ ဒီတော့ NLD ပါတီဝင်တွေ ပြောတတ်တဲ့ NLD ကို ပြည်သူ တစ်ရပ်လုံးက ထောက်ခံတယ် ဆိုတဲ့ စကားက လုံးဝ မဟုတ်ဘူး ဆိုတာကို သိစေချင်ပါတယ်။
လူထုတရပ်လုံးက ထောက်ခံနေတယ်ထင်ပြီး NLD ကို မဲထည့်ဖို့ စိတ်ကူးနေကြတဲ့ ဗမာ လူမျိုးများရော တိုင်းရင်းသား အားလုံး သတိထားဖို့ပါ။


၁၇။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ "ငါ့နောက်မပါသူ ငါ့ရန်သူ" ဆိုတဲ့ မူဝါဒကြောင့် အဖွဲ့အစည်းတိုင်းက နှစ်ခြမ်းကွဲကုန်ပါပြီ။ ဘုန်းကြီးဆိုရင်လည်း NLD ဘုန်းကြီး နဲ့ ဘာသာရေးလိုက်စားတဲ့ ဘုန်းကြီး၊ အနုပညာ သည်တွေဆိုရင်လည်း NLD အနု ပညာသည် နဲ့ ပြည်သူ့ အနုပညာ သည်၊ ကျောင်းသား ဆိုရင် လည်း ၈၈ ကျောင်းသားနဲ့ သာမန်ကျောင်းသား စသဖြင့် အကွဲကွဲအပြားပြားတွေ ဖြစ်ကုန်ကြပါတယ်။
ဒီကနေ့ လမ်းပေါ်မှာ မျက်စိနောက်လို့ ဂွစာ မိတာ က အကောင်းဆုံး သက်သေပါပဲ။ ပြည်သူတွေလည်း အတော်လေး မျက်စိနောက်နေကြပါပြီ။ အင်တာနက်ပေါ်မှာလည်း အတူတူပါပဲ NLD သမားတွေနဲ့ နဲ့ တခြား ပြည်သူတွေနဲ့ အမြဲ ပြဿနာ တက်နေတာ အရှင်းသား ဖြစ်ပါတယ်။ ဘယ်နေရာမှာ ရန်ဖြစ်လိုက် ရန်ဖြစ်လိုက် တစ်ဖက်ကတော့ NLD သမားတွေ ဖြစ်ပြီး ယုတ်မာ ရိုင်းစိုင်းစွာ ဆဲဆိုနေကြတာကြောင့် တခြားပြည်သူတွေ စိတ်အနှောက်အယှက် ဖြစ်နေကြပါတယ်။ အကယ်၍သာ NLD အာဏာ ရသွားခဲ့သော်...... အရာအားလုံးက မတွေးဝံ့စရာပါပဲ။
စည်းကမ်းမလိုက်နာမှုတွေ များလာမယ်၊ ထင်တိုင်းကျဲမှုတွေများလာမယ်၊ ဒီမိုကရေစီ ဆိုပြီး ရမ်းကား မှုတွေ နေ့စဉ်မြင်ရလာပါလိမ့်မယ်။
၁၈။ ဒီကနေ့ ဖြစ်နေတာတွေဟာ နောင်တချိန်မှာ သမိုင်းဖြစ်သွားမှာပါ။ မြန်မာ့ သမိုင်းလှပဖို့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ နောင်လာနောက်သားတွေ ကို ကောင်းမွေ ပေးခဲ့ဖို့ ဒီနေ့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိပါတယ်။ ဘာတွေ အမွေပေးခဲ့မှာလဲ။ အရေးကြီးတာက မြန်မာစာပေ မြတ်နိုးတတ်ဖို့၊ မြန်မာ့ယဉ်ကျေးမှု မြတ်နိုးတ်ဖို့ နဲ့ အမျိုး ဂုဏ်စောင့်တတ်စေဖို့ပါ။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစာ ကို အထင်ကြီးသူ တစ်ယောက်မဟုတ်သလို စာလုံးပေါင်းတောင် မှန်အောင်ပေါင်းနိုင်သူ တစ်ယောက်မဟုတ်ပါ။ မြန်မာစကားကိုလည်း လေးစားသူ မဟုတ်တဲ့အပြင် မြန်မာအချင်းချင်းတောင် အင်္ဂလိပ်လို ပြောရမှ ကျေနပ်သူ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က သူ့ဆီလာတဲ့ နိုင်ငံခြားသားတွေကို လူရှေ့သူရှေ့မှာ ဖတ်နမ်းပြီး ဆက်ဆံနေတာပါပဲ။ မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီသလို နောက်လာနောက်သား မြန်မာမိန်းခလေးများ အတုယူ မှားနိုင်ပါတယ်။
သင့်ကြောင့် နောက်လာနောက်သားတို့ အတုယူမမှားပါစေနှင့်
သင့်ကြောင့် သင့်သမီးတွေ၊ မြေးမတွေ နိုင်ငံခြားသား မိန်းမ မဖြစ်ပါစေနှင့်...။
အိမ်က ၈ နှစ် သမီးလေး လက်ရေးကတောင်
ဒေါ်စု ၁၀ နှစ်သမီး လက်ရေးထက် မှန်ပြီး လှသေးတယ်
သင့်ကြောင့် Mrs Aris ဆိုသူ ကို နိုင်ငံ့ခေါင်းဆောင် အဖြစ်အဖော်ပြ မခံရပါစေနှင့်
(ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို နိုင်ခြားခြား စာမျက်နှာများက Mrs Aris လို့သာ ဖော်ပြကြသည်၊ Mrs Aris သည် Mr Aris ရဲ့ မိန်းမ သာဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်း သမီး မဟုတ်ပေ..)
ဒီမှာ အဓိကပြောချင်တာက တခြား ဘယ်ပါတီကို မဲပေးပါလို့ မပါဘူး။ ဒါပေမယ့် သေချာတာကတော့ NLD ကိုအာဏာ ရအောင် မဲပေးဖို့ရည်ရွယ်ချက် လုံးဝ မရှိတော့ဘူး။ ရှင်းရှင်းပြောရင် အစိုးတရပ်ဖြစ်နိုင်တဲ့ အရည်အချင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှာမရှိဘူး။ အသဲကြားက မဲတပြားနဲ့ အကောင်းဆုံး ပါတီကို မဲမပေးရင်တောင် NLD ပါတီကို မဲမပေးမိဖို့ စဉ်းစားဆင်ခြင်နိုင်ကြပါစေ....။
လမ်းကြုံရင် ဒေါ်စုကိုပြောလိုက်ပါ.. ရုပ်ရှင်ရိုက်ဖို့ သိန်း တစ်ထောင် အကုန်မခံပါနဲ့.. ထမင်းစားဖို့မရှိသူများကို ကိုယ်ချင်းစာပြီး ကျပ် တစ်ထောင်လောက်ပဲ ပေးလိုက်ပါ... လို့....

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်