Subscribe to our RSS Feed

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိဂုံးချုပ်ဆွေးနွေးချက်

From : .. Ye Htut


နယ်လ်ဆင်မင်ဒဲလ်လား အကြောင်းရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးသူကဘာကိုရေးထားလဲဆိုတော့ မိမိရဲ့အပြစ်ကင်းစင်မှုနဲ့ မိမိရဲ့ယုံကြည်ချက် ခိုင်မာမှုကို သက်သေပြဖို့အတွက်တရားရုံးလောက် ကောင်းတဲ့နေရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါမျိုးကို ကက်စထရို ကလည်းသူ့ကိုရုံးတင်ခံရစဉ်မှာ ပြောကြားခဲ့ဖူးခြင်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက်တယ်လို့ ထင်လို့ရှိရင် စွဲချက်တင်ပါ။

ကျွန်တော်အချိန်မရွေး လာရောက်ပြီးတော့မှ ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။ ကျွန်တော့်ရဲ့ကိုယ်ပိုင်ယူဆချက်ကို ပြောရရင် ကျွန်တော်ဟာ အင်မတန်မှ မြင့်မြတ် မြင့်မားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆိုထားနဲ့  သာမန်ဥပဒေတစ်ခု၊သာမန်လူတစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်မိတယ် ဆိုရင်တောင်မှ ဘယ်သူမှပြောစရာမလိုဘဲနဲ့ နှုတ်ထွက်သွားဖို့ အသင့်ရှိပါတယ်။

ဒီစီမံကိန်းကို လုပ်တဲ့အခါမှာ ကျွန်တော့်ရဲ့ယုံကြည်ချက်အရ ကျွန်တော်လုပ်ခဲ့တယ်။ ကိုယ်ကျိုးစီးပွား မပါဘူးဆိုတာကို ထပ်လောင်း ပြောကြားရင်းနဲ့နိဂုံးချုပ်အပ်ပါတယ်။
----------------------------------------------------------
လေးစားအပ်ပါသော နာယကကြီးခင်ဗျားဆွေးနွေးသွားတဲ့ ကိုယ်စားလှယ်အများစုရဲ့ ဆွေးနွေးချက်များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာဖွင့်ဆိုချက်များနဲ့ ပတ်သက်နေသလို ကျွန်တော်တို့ ရှင်းလင်းတင်ပြပြီး ဖြစ်သွားတဲ့ စီမံကိန်းအချက်အလက်များပေါ်မှာမူတည်ပြီးတော့မှ သူတို့ရဲ့အမြင်များကို ပြန်လည် ဆွေးနွေး ခဲ့ထားပြီး ဖြစ်သည့်အတွက်အဲ့ဒီအချက်အလက်တွေတော့ ကျွန်တော့် ပြန်လည်ဆွေးနွေးခြင်း မပြုတော့ပါဘူး၊ အဓိက အရေးကြီးတဲ့အချက်နှစ်ချက်၊ ချက်ချင်းပြန်လည် ရှင်းလင်းတင်ပြဖို့ လိုအပ်တယ်လို့ယူဆတဲ့ အချက်နှစ်ချက်ပဲပြန်လည်ဆွေးနွေးပါမယ်။

ပထမ ကိုယ်စားလှယ်တော်ကြီး ဦးကျော်နိုင်ဌေး ပြောသွားတဲ့ အထဲမှာကိုကိုးကျွန်းကို ပေးလိုက်ရင်ဆိုတဲ့ဟာကို ပြောသွားပါတယ်။ ကိုကိုးကျွန်းကို နိုင်ငံခြားသားကိုပေးတယ်ဆိုရင် နိုင်ငံပိုင်နယ်နိမိတ်နဲ့ ဆိုင်ပါတယ်။  ပြည်ထောင်စုလွှတ်တော် နည်းဥပဒေ ၄၆(ဃ) မှာ မဆီလျော်သောအကြောင်းပြချက်များ၊ ခိုင်လုံသော အထောက်အထားမပါရှိသည့် ယူဆချက်များကို ထည့်သွင်းပြောဆိုကိုးကားပြောဆိုဖို့ မသင့်ဘူးလို့ ပြောထားတဲ့ အတွက်ကြောင့် ဒီကိစ္စဟာ မတူညီတဲ့ဟာ နှစ်ခုကိုလာပြီးတော့မှ တိုက်ဆိုင်တာ၊ ဆက်စပ်ပြီး ပြောတာလို့ပဲ ကျွန်တော်မြင်ပါတယ်။ နိုင်ငံနယ်နိမိတ်ကိုပြင်မယ်ဆိုရင်တော့ ကျွန်တော်တို့သည် ဒါအခြေခံ ဥပဒေထဲမှာ အတိအကျပြဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါလေးကိုတော့ ထောက်ပြချင်ပါတယ်။

 နောက်ဆုံးတစ်ခုကတော့ အရေးအကြီးဆုံးအချက်ဖြစ်ပါတယ်။ ဒေါက်တာမေဝင်းမြင့်နဲ့ ဒေါ်ခင်စန်းလှိုင်ကလည်းပြောသွားပါတယ်။ ဦးဘုန်းမြင့်ကလည်း ပြောသွားပါတယ်။ ပုဒ်မ ၂၃၃ (က) အရ အခြေခံဥပဒေကိုဖောက်ဖျက်ရင် ပြန်ကြားရေးဝန်ကြီးကို၊ ပြည်ထောင်စု ဝန်ကြီးများကို စွပ်စွဲ အပြစ်တင်ရင်လည်းရတယ်လို့ ပြောသွားပါတယ်။

ကျွန်တော်အရမ်းဝမ်းသာပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ တောင်အာဖရိကလူမည်းခေါင်းဆောင်ကြီး နယ်လ်ဆင်မင်ဒဲလ်လား အကြောင်းရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာ စာရေးသူကဘာကိုရေးထားလဲဆိုတော့ မိမိရဲ့အပြစ်ကင်းစင်မှုနဲ့ မိမိရဲ့ယုံကြည်ချက် ခိုင်မာမှုကို သက်သေပြဖို့အတွက်တရားရုံးလောက် ကောင်းတဲ့နေရာမရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါမျိုးကို ကက်စထရို ကလည်းသူ့ကိုရုံးတင်ခံရစဉ်မှာ ပြောကြားခဲ့ဖူးခြင်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော့်အနေနဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တစ်ရပ်ကို ဖောက်ဖျက်တယ်လို့ ထင်လို့ရှိရင် စွဲချက်တင်ပါ။ကျွန်တော်အချိန်မရွေး လာရောက်ပြီးတော့မှ ရင်ဆိုင်ဖို့ အသင့်ရှိပါတယ်။ ကျွန်တော့်ရဲ့ကိုယ်ပိုင်ယူဆချက်ကို ပြောရရင် ကျွန်တော်ဟာ အင်မတန်မှ မြင့်မြတ် မြင့်မားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မဆိုထားနဲ့  သာမန်ဥပဒေတစ်ခု၊သာမန်လူတစ်ယောက် လိုက်နာရမယ့် ကျင့်ဝတ်တစ်ခုကို ဖောက်ဖျက်မိတယ် ဆိုရင်တောင်မှ ဘယ်သူမှပြောစရာမလိုဘဲနဲ့ နှုတ်ထွက်သွားဖို့ အသင့်ရှိပါတယ်။ ဒီစီမံကိန်းကို လုပ်တဲ့အခါမှာ ကျွန်တော့်ရဲ့ယုံကြည်ချက်အရ ကျွန်တော်လုပ်ခဲ့တယ်။ ကိုယ်ကျိုးစီးပွား မပါဘူးဆိုတာကို ထပ်လောင်း ပြောကြားရင်းနဲ့နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

 .. https://www.facebook.com/MyanmarExpress

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်