Subscribe to our RSS Feed

မြန်မာ့ရေပိုင်နက်အတွင်းဝင်ရောက်လာသူများနှင့် မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာမှ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ထားသူ အဒူလ္လာဇတ်ဆိုသူတစ်ဦးတစ်ဦးဖမ်းမိ

From : .. Zaw Shinn



ဇွန်လ ၁၇ ရက် နံနက် ၆ နာရီခန့်ကရခိုင်ပြည်နယ်မောင်တောမြို့နယ်ရေတွင်း
ကျွန်းချောင်းဝကင်းစခန်းအနီးမြန်မာ့ရေပိုင်နက်အတွင်းဝင်လာသောစက်လှေတစ်စီး
ကိုမြန်မာနယ်ခြားစောင့်တပ်ကစစ်ဆေးရန်ပြောကြားစဉ်ဖြေကြားခြင်းမရှိဘဲပြန်
လှည့်ထွက်ရန်ကြိုးစားပြီးသေနတ်ဖြင့်ပစ်ခတ်၍မြန်မာနယ်ခြားစောင့်တပ်ကပြန်လည်
ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ထိုစက်လှေပေါ်တွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ဆင်ထားသူ တစ်ဦ
နှင့် အရပ်ဝတ်နှစ်ဦး ပါဝင်ပြီး အပြန်အလှန်ပစ်ခတ်ရာ၎င်းတို့စီးနင်းလာသည့် စက်လှေ
စက် ချို့ယွင်းပြီး ရေထဲသို့ခုန်ချရာမှဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝတ်စုံဝတ်ထားသူ
အဒူလ္လာဇတ်ဆိုသူတစ်ဦးကိုM22သေနတ်တစ်လက်နှင့်အတူဖမ်းဆီးမိခဲ့ကြောင်းနှင့်အရပ်
ဝတ်နှစ်ဦးမှာလွတ်မြောက်သွားခဲ့ပြီး၎င်းတို့နှစ်ဦးအနက်တစ်ဦးမှာသေနတ်ထိမှန်သွား
ခဲ့ကြောင်း၊ဖမ်းဆီးရမိသူအဒုလ္လာဇတ်ကိုအသေးစိတ်အချက်အလက်များစစ်ဆေးမေးမြန်း
နေပြီးယင်းပစ်ခတ်မှုကြောင့်မြန်မာနယ်ခြားစောင့်တပ်ဖွဲ့မှတပ်သားတစ်ဦးခြေထောက်
သေနတ်ထိမှန်ခဲ့၍ ဆေးဝါးကုသမှု ခံယူနေရကြောင်းလည်းသတင်းကြားသိရပါသည်။


. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်