Subscribe to our RSS Feed

ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ ဆန္ဒပြမည်




ဒီကနေ့ ရန်ကုန်မှာ ပြန့်နေတဲ့ စာရွက်တွေဖြစ်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်း က ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် လာမည့် တနင်္ဂနွေနေ့၌ ဆန္ဒဖော်ထုတ်မယ်လို့ ရေးသားထားပါတယ်။ အပြည့်အစုံမှာ

    ပြီးခဲ့သည့် လများအတွင်း မွတ်စလင်နိုင်ငံများမှ မြန်မာနိုင်ငံကို ဂျီဟက်လုပ်လိုကြောင်း ဆန္ဒပြခြင်းများ၊ မြန်မာဘုန်းကြီးကို မီးရှို့ကာ ဆန္ဒပြခြင်းများ၊ မြန်မာအလံကို မီးရှို့ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

    ၂၀၁၄ စက်တင်ဘာလအတွင်းမှာ အယ်လ်ကိုင်ဒါးက မြန်မာကိုတိုက်ခိုက်ဖို့ ခြိမ်းခြောက်ခဲ့ဖူးပြီး လှေစီးပြေးဒုက္ခသည်များအတွင်း အကြမ်းဖက်သမားများ ပါဝင်ကြောင်း EU မှ ထုတ်ပြန်ထားသည်။ 


    ၂၀၁၂ မှ ၂၀၁၄ နှစ်များအတွင်း ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ မိတ္ထီလာ၊ လားရှိုး နှင့် မန္တလေးတို့တွင် မြန်မာ-ကုလား အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး ဆရာတော်ဦးသောဘိတာကို ဗလီအတွင်းခေါ်ဆောင်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခြင်း၊ ရခိုင်ပြည်နယ်တွင် တိုင်းရင်းသား၊ တိုင်းရင်းသူများစွာကို မွတ်စလင်များက ရက်ရက်စက်စက် ဓားဖြင့် ခုတ်သတ်ဖြတ်ခြင်း၊ လားရှိုးတွင် ရှမ်းတိုင်းရင်းသူအား မွတ်စလင်တစ်ဦးမှ ဓါတ်ဆီလောင်းမီးရှို့ခြင်း၊ မန္တလေး ဗလီများတွင် ဒုတ်ဓားလက်နက်များ ဖမ်းမိခြင်းတို့ ရှိခဲ့သည်။


    ၁၉၄၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်းကြီးဖြစ်ပွားခဲ့ဖူးပြီး ရွာပေါင်း ၂၀၀ ကျော်ကို မွတ်စလင်တို့က မီးရှို့ဖျက်ဆီးခဲ့ကာ ရခိုင်လူမျိုး နှစ်သောင်းကျော်ကို လည်လှီးခဲ့သည့်အပြင် ၁၉၅၁ ခုနှစ် တွင် အလယ်သံကျော် ညီလာခံကို ကျင်းပကာ ဘူးသီးတောင်၊ မောင်တောကို ပြည်နယ်ခွဲထွက်ရေး တောင်းဆိုခဲ့ဖူးသည်။ 


    တနင်္လာနေ့က ပြုလုပ်သည့် DVB Debate တွင် ပြည်တွင်းနေ မြန်မာမွတ်စလင်များက ဘင်္ဂါလီဘက်မှ ရပ်တည်ကာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ရခိုင်တိုင်းရင်းသားခေါင်းဆောင်ကို ပြင်းပြင်းထန်ထန် တုန့်ပြန်ပြောဆိုခဲ့ရာ မြန်မာနှင့်  ဘင်္ဂလားဒေ့ရှ် (သို့) မွတ်စလင်နိုင်ငံ တစ်ခုခုတို့ စစ်ဖြစ်ပါက မြန်မာစိတ်မရှိဘဲ မွတ်စလင်စိတ်ဖြင့် မြန်မာများကို တိုက်ခိုက်နိုင်ကြောင်း သုံးသပ်ရသည်။


    မေလ ၁၈ ရက်၊ တနင်္လာနေ့က လှေစီးပြေးဒုက္ခသည်များကို နိုင်ငံသားအဖြစ် လက်ခံသင့်ကြောင်း NLD  ဦးဥာဏ်ဝင်းမှ AFP သတင်းဌာနသို့ တရားဝင် ပြောဆိုခဲ့သည်။ 


    မေလ ၂၂ ရက်၊ သောကြာနေ့တွင် ဆရာတော်ကြီးများမှ အမျိုးသားသစ္စာဖောက်အဖြစ် NLD ဦးဥာဏ်ဝင်းကို ကြေညာခဲ့သည်။


    မေလ ၂၇ ရက်နေ့တွင်၊ ရိုဟင်ဂျာက မြန်မာနိုင်ငံသားမဟုတ်ကြောင်း၊ လှေစီးပြေးအရေး မြန်မာကို အပြစ်မတင်သင့်ကြောင်း၊ ကုလသမဂ္ဂနှင့် ကမ္ဘာသို့ သံဃာတော်များအပါအဝင် အင်အား ၂၀၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။


    ဇွန်လ ၁ ရက်၊ တနင်္လာနေ့တွင် NLD ပါတီ မှ လှေစီးပြေးဒုက္ခသည်များတွင် မြန်မာနိုင်ငံမှ ပါဝင်ကြောင်း မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် ကြေညာချက်ထုတ်ခဲ့သည်။


    ဇွန်လ ၂ ရက်နေ့၊ အင်္ဂါနေ့တွင် ၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ပြီး ဘင်္ဂါလီများကို နိုင်ငံသားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်မှ တောင်းဆိုခဲ့သည်။ 


- ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ၏ လုပ်ရပ်များသည် ၂၀၁၅ ရွေးကောက်ပွဲတွင် မွတ်စလင်များထံမှ မဲရရှိရေးနှင့် ကမ္ဘာက ထောက်ခံရေး နှစ်ခုကိုသာ ဦးစားပေးနေပြီး အမျိုးသားရေးစိတ်ဓာတ်၊ ဘာသာရေးစိတ်ဓာတ် လုံးလုံးပျောက်နေသည့် လက္ခဏာများကို တွေ့မြင်နေရသည်။ 


- ပြည်သူတို့၏ ဆန္ဒအစစ်အမှန်ကို ဒေါ်အောင်ဆန်းစုကြည် သိစေဖို့ နဲ့ အဓိကရုဏ်းများ ထပ်မံဖြစ်ပွားကာ ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားများနှင့် သံဃာတော်များ ထပ်မံအသတ်မခံရဖို့ ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့သို့ ဆန္ဒဖော်ထုတ်ကြပါမည်။ 


အချိန်။    ။ ၇-၆-၂၀၁၅ တနင်္ဂနွေနေ့။ မနက် ၉ နာရီ။
နေရာ။    ။ တက္ကသိုလ်ရိပ်သာလမ်း။ ခြံနံပါတ် ၅၄။ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့။

အမျိုးသားရေး ကော်မတီ
 

.. https://www.facebook.com/MyanmarExpress
 

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်