Subscribe to our RSS Feed

မြန်မာအသင်း တရားမ၀င်သည့် နည်းလမ်းများဖြင့် အနိုင်ရခြင်း ဖြစ်ကြောင်း ဗီယက်နမ် ဆရာဝန် စွပ်စွဲ

From : .. BUMi

ဆီးဂိမ်းပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ဗီယက်နမ်ကို (၂-၁) ဂိုးဖြင့် အနိုင်ရခြင်းမှာ တရားမ၀င်သည့် နည်းလမ်းများ အသုံးပြု၍ ဖြစ်ကြောင်း ဗီယက်နမ် အသင်း၏ ဆရာဝန် Dr.Nguyen Ngoma က စွပ်စွဲပြောကြား ခဲ့သည်။

"မြန်မာ ပရိသတ်တွေဟာ ကျွန်တော်တို့ နားမလည်တဲ့ ဂါထာတွေ တတွတ်တွတ် ရွတ်ဖတ်နေ ကြပါတယ်။ ဖုန်းတွေမှာလည်း အဲဒီ ဂါထာကို အသံသွင်းပြီး ဖွင့်ထား ပါတယ်။ ဒါဟာ မှော်ပညာ တစ်ခုခုနဲ့ ပြုစား နေတာလို့ ကျွန်တော် ထင်ပါတယ်။ နောက်ပြီး ဘောလုံးသမားတွေ သောက်တဲ့ ရေဗူးတွေမှာ 969 (၉၆၉) လို့ ရေးထားတဲ့ တံဆိပ်တွေ ကပ်ထားပါတယ်။ သူတို့ရဲ့ ရိုးရာ အစီအရင်တွေလို့ ယူဆရပါတယ်။ ဘောလုံးပွဲတွေမှာ ဒါတွေဟာ တရားမ၀င်ပါဘူး"ဟု Dr.Nguyen Ngoma က ဗီယက်နမ် သတင်းစာ Daily Yonethusoutyuu ကို ပြောကြားခဲ့သည်။


သို့သော် မြန်မာပရိသတ် များကမူ ၎င်းတို့အနေဖြင့် မေတ္တာသုတ်နှင့် ပရိတ် တရားတော်များ ကိုသာ ရွတ်ဖတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဘောလုံးပွဲတွင် ပရိတ် မရွတ်ရဟု ဖီဖာမှ စည်းကမ်း မထုတ်ထားကြောင်း၊ ထို့ကြောင့် မိမိတို့ အနေဖြင့် မည်သည့် တရားမ၀င် နည်းလမ်းကိုမျှ အသုံးပြုခဲ့ခြင်း မရှိကြောင်း ပြန်လည်ချေပသည်။


"ကွင်းထဲမှာ မေတ္တာသုတ် မရွတ်ရဘူးလို့ ဖီဖာက စည်းကမ်း ထုတ်ထားလားလို့ ကျွန်မ မေးချင်တယ်။ ကျွန်မတို့ဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ မြန်မာနိုင်ငံ သားတွေ ဖြစ်တဲ့အတွက် မြတ်ဗုဒ္ဓရဲ့ ပရိတ် တရားတော်တွေ ရွတ်ဖတ်တာ အပြစ်မရှိ ပါဘူး။ ကွင်းထဲမှာ ပရိတ်ရွတ်လို့ ဗီယက်နမ်လို ကွန်ုမြူနစ် မိစ္ဆာဒိဌိနိုင်ငံ မျိုးကို အနိုင်ရခဲ့တာ ဆိုရင် ဗုဒ္ဓဘာသာဝင် တစ်ဦးအနေနဲ့ ဂုဏ်ယူမိပါတယ်”ဟု ကိုယ်တိုင် သွားရောက် ကြည့်ရှုခဲ့သူ စင်ကာပူနိုင်ငံမှ အမည်မဖော်လိုသူ မြန်မာ ပရိသတ် မချမ်းမြေ့ခိုင်က ပြောသည်။
အဆိုပါ ပွဲစဉ်တွင် မြန်မာ အသင်းသည် ကံကြမ္မာ၏ မျက်နှာသာပေးမှုကို အထူး ရရှိခဲ့ပြီး ဗီယက်နမ် ဘက်မှ အပိုင် အခွင့်အရေးများ လွဲချော်ခဲ့သလို မြန်မာအသင်း၏ ဂိုးများမှာလည်း ပယ်နယ်တီ တစ်ဂိုး၊ လူထိ၍ လမ်းကြောင်းပြောင်းပြီး ၀င်သည့် တစ်ဂိုးတို့ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်