Subscribe to our RSS Feed

ပင်လယ်ပြင်မှ ကယ်ဆယ်ခဲ့သည့် ဘင်္ဂလီ (၇၀၀)ကျော်အား မူလနေရာသို့ ပြန်လည် ပို့ဆောင် နိုင်ရေး စီစဉ်လျက်ရှိ

From : .. MOI Webportal Myanmar


မေလ(၂၉)ရက်နေ့တွင် တပ်မတော်(ရေ)မှ ပင်လယ်ပြင်လုံခြုံရေး တာဝန်ထမ်း ဆောင် စဉ် တွေ့ရှိ ကယ်ဆယ်ခဲ့သည့် ဘေးဒုက္ခကျရောက်လျက်ရှိသော ဘင်္ဂလီ (၇၂၇)ဦးအား ဟိုင်းကြီးကျွန်း ရေပြင် သို့ ခေါ်ဆောင်၍ လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ၊ အစားအစာ ရိက္ခာနှင့် သောက်ရေများ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေး ခဲ့ပါသည်။

လှေပေါ်ပါ လှေစီးခရီးသည်များအား မေးမြန်းချက်အရ ၎င်းတို့ ဦးတည်ရည်မှန်း သည့် နိုင်ငံ များသို့ သွားရောက်နိုင်ခြင်း မရှိတော့သည့်အတွက် မူလထွက်ခွာ လာသည့် နေရာသို့ သာ ပြန်လိုကြောင်း သိရှိရပါသည်။ ယင်းတို့၏ ဆန္ဒကို လိုက်လျောသည့်အနေဖြင့် ပင်လယ်ပြင် ဘေးကင်းလုံခြုံမှု အစီအမံများ ပြုလုပ် ၍ တပ်မတော်(ရေ) အစောင့် အရှောက်ဖြင့် ၎င်းတို့ မူလ စတင်ထွက်ခွာခဲ့သည့် နေရာသို့ ပြန်လည် ပို့ဆောင်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။


.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်