Subscribe to our RSS Feed

အမျိုးဖျက်မယ့်ပါတီ

From : ..  (ရခိုင်တိုင်းရင်းသားတစ်ဦး)


NLD ထုတ်တဲ့ ကြေညာချက်ကို ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တစ်ယောက်တည်း မကပါဘူး။ သတင်းကြားတဲ့ ရခိုင်တွေအကုန် နာကျင်ခံစားရပါတယ်။ ဗမာနဲ့ တခြားတိုင်းရင်းသားတွေလည်း စိတ်ထိခိုက် ပေါက်ကွဲတာတွေ တွေ့ရပါတယ်။ လက်တလော အရေးတကြီးဖြစ်ပေါ်နေတဲ့ ဘင်္ဂါလီပြဿနာအတွက် ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဘင်္ဂါလီ ဆိုတဲ့ အသုံးအနှုံး လုံးဝ မသုံးထားတာတွေ့ရပါတယ်။ UN နဲ့ အစ္စလာမ်နိုင်ငံများ သုံးတဲ့ လှေစီးပြေးဒုက္ခသည် ဆိုတဲ့ နိုင်ငံတကာအသုံးအနှုံးကို သုံးထားတာတွေ့ရပါတယ်။ မြန်မာနိုင်ငံသားအားလုံးသုံးတဲ့ ဘင်္ဂါလီလို့ မသုံးဘဲ နိုင်ငံခြားစိတ်ဝင်နေတဲ့ ဒေါ်စုကို ရွှံရှာစက်စုတ်မိပါတယ်။ မျိုးချစ်စိတ်ကင်းမဲ့လွန်းတာကို သတိထားမိပါတယ်။ ဘင်္ဂါလီလို့ မသတ်မှတ်ခြင်းက ရိုဟင်ဂျာလို့ ခေါ်ခိုင်းတာနဲ့ အတူတူဖြစ်ပါတယ်။ နာမည်ကြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် အားလုံးကိုဖိတ်ပြီး ဒေါ်စုကိုမဖိတ်တဲ့ အော်စလိုကွန်းဖရင့်ကို ဒေါ်စု စိတ်ကောက်နေဟန် ရှိပါတယ်။ ဒလိုင်လားမား ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ခဲ့ပါသေးတယ်။
 

ဘင်္ဂါလီအရေး 
ကုလသမဂ္ဂမှာ ဆွေးနွေးတုန်းက ပြည်တွင်းရေးဖြစ်တယ်လို့ နိုင်ငံအချို့က ဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာဆွေးနွေးချိန်ကလည်း ပြည်တွင်းရေးဖြစ်ကြောင်း မြန်မာဘက်က ပြောဆိုခဲ့ပါတယ်။ ဒါကို NLD က နိုင်ငံတကာဖိအားတွေ ခေါ်ပြီး ဖြေရှင်းခိုင်းတာက အစိုးရကို အကြပ်အတည်းဖြစ်အောင် လုပ်ရာရောက်သလို၊ ပြဿနာကို ပုံကြီးချဲု့ပြီး အဓိကရုဏ်းဖြစ်အောင် တွန်းအားပေးနေသလို ဖြစ်နေပါတယ်။ ပြဿနာတွေကြီးပြီး အစိုးရမျက်ဖြူစိုက်လေ၊ အတိုက်အခံခေါင်းဆောင် အကြိုက်တွေ့လေ လုပ်နေပါတယ်။ အစိုးရရဲ့ ဆောင်ရွက်မှုတွေကို နိုင်ငံတကာက အသိအမှတ်ပြုမှာကို စိုးရိမ်တာကြောင့် ဖိအားပေးခိုင်းတာဖြစ်နိုင်ပါတယ်။ တစ်ဘက်က ခိုးဝင်လာတဲ့ လူတွေကို မပြောရဲတာနဲ့ အစိုးရကို အပြစ်ပုံချနေတာပါ။ ရခိုင်တွေကတော့ အပယ်ခံနေရတယ်။ ၁၉၄၂ အလယ်သံကျော် အရေးအခင်းနဲ့  ၁၉၄၈ ပါကစ္စတန် ၂ ခြမ်းကွဲတဲ့ သမိုင်းတွေကို ဒေါ်စုမသိဘူးထင်ပါတယ်။ 

၁၉၄၂ ခုနှစ်က ရခိုင်ပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်းကြီးဖြစ်ပွားခဲ့ဖူးပါတယ်။ အဆောက်အအုံပေါင်း ၂၀၀ ကျော် ပျက်ဆီးခဲ့ပြီး ရခိုင်လူမျိုး နှစ်သောင်းကျော် သေဆုံးခဲ့ရပါတယ်။ မွတ်စလင်တွေက အလယ်သံကျော်ညီလာခံကို ၁၉၅၁ ခုနှစ် ဇွန်လမှာ လုပ်ပြီး ဘူးသီးတောင်၊ မောင်းတောကို ပြည်နယ်ရရှိရေး တောင်းဆိုခဲ့ပါတယ်။
အခုလည်း ဒေါ်စုရဲ့ ကိုယ့်လူမျိုးဘက်က ပြတ်ပြတ်သားသား မရပ်တည်ဘဲ ကုလားနိုင်ငံတွေ စိတ်ကြိုက် ပြဿနာကြီးအောင် ဖိအားပေးခိုင်းပြီး ပုံကြီးချဲ့နေတာမို့ အဓိကရုဏ်းတွေ ဖြစ်အောင် ဘင်္ဂါလီတွေကို မြှောက်ပေးသလိုဖြစ်နေပါတယ်။ ဘင်္ဂါလီကိစ္စမှာ နိုင်ငံရေးအမြတ်ထုတ်တာက ပြဿနာနဲ့ ထိတ်တိုက်ရင်ဆိုင်နေရတဲ့ ရခိုင်တွေကို ဒုက္ခရောက်အောင်လုပ်တာနဲ့ အတူတူဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ပျက်ရင် မြန်မာနိုင်ငံလည်း ပျက်မယ်ဆိုတာ ဒေါ်စုသိသင့်ပါတယ်။ 


ဒါ့အပြင် ဒေါ်စုရဲ့ ကြေညာချက်ထဲမှာ ဘင်္ဂါလီတွေကို ကောင်းကောင်းမွန်မွန် ထောက်ပံ့ ပြုစုဖို့ဆိုပြီး OIC နှင့် အနောက်အုပ်စု အကြိုက်ရေးထားပါသေးတယ်။ ရခိုင်တိုင်းရင်းသားတွေ ကောင်းကောင်း မအိပ်နိုင်၊ ကောင်းကောင်းမစားနိုင်တာကိုတော့ မသိချင်ယောင် ဆောင်နေပါတယ်။ NLD ကြေညာချက်ဟာ ဒေါ်စုရဲ့ Mandate နဲ့ ဦးဝင်းထိန်ရေးထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ 


ဗိုလ်ချုပ်အောင်ဆန်းကို ရခိုင်တွေ အထင်ကြီးလေးစားသလောက် ဒေါ်စုကိုတော့ ခါးခါးသီးသီး မုန်းနေကြပါပြီ။ နိုင်ငံ့ခေါင်းဆောင်သမီးအဖြစ် အမွေခံ မထိုက်တဲ့မိန်းမ၊ ဗုဒ္ဓဘာသာ အမွေ မခံထိုက်တဲ့မိန်းမ ဆိုပြီး ရခိုင်ဘိုးဘွားတွေက ပြောဆိုနေကြပါပြီ။ ဆရာတော်ကြီးများကလည်း အမျိုးသားသစ္စာဖောက်လို့ ကြေညာချက်ထုတ်ထားတာ ဖတ်ရပါတယ်။ NLD ပါတီဟာ အမျိုးဖျက်မယ့် ပါတီလို့ ရခိုင်အားလုံးက သတ်မှတ်လိုက်ကြပါပြီ။ 


.. https://www.facebook.com/MyanmarExpress
 

2 comments:

ဘာမှ့မပြေားချင်တော့ပါဘူး....စိတ်​ကုန်​​နေပြီ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်