Subscribe to our RSS Feed

မြန်မာနယ်စပ် တစ်လျောက် နာဂလန်း စစ်သွေးကြွများအား အိန္ဒိယတပ်မတော်တိုက်ခိုက်ရှင်းလင်း




အီန္ဒိယတပ်မတော် ၏ ပထမဆုံးအကြိမ်အဖြစ်အကြီးအကျယ်ထိုးစစ်ဆင်မှုတစ်ရပ်အား မြန်မာနယ်စပ်တစ်လျောက်နာဂလန်းပြည်နယ်အတွင်းတွင်ဆင်နွဲခဲ့ပါသည်။
အိန္ဒိယတပ်မတော်အမှတ်(၈) နာဂလန်းလေထီးတပ်ရင်းကြီးမှ လေထီးတပ်သားများမှ တတိုက်ခိုက်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ စစ်သွေးကြွအနည်းဆုံး ၁၂ဦးသေဆုံးခဲ့သည်ဟု စစ်ဘက်မှပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ် ကြာသာပတေးနေ့တွင် အိန္ဒိယ စစ်သည်၁၈ဦးအား နာဂလန်းစစ်သွေးကြွအဖွဲ့
ဖြစ်သောမော်ဝါဒီသူပုန် နာဂလန်းအမျိုးသားဆိုရှယ်လစ်ကောင်စီ မှချုံ ခိုတိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် လက်စားချေစစ်ဆင်ရေး တစ်ရပ်အားဆင်နွဲခြင်းဖြစ်သည်။

မြန်မာနယ်စပ် နာဂလန်းပြည်နယ်နှင့် မဏိပူပြည်နယ်တစ်လျောက်ခိုအောင်းနေသော သူပုန်များအား တိုက်ချုက်ရှင်းလင်းခဲ့ခြင်းဖြစ်ကာ ၁၀စုနှစ် ၂ခုအတွင်းအကြီးကျယ်ဆုံးစစ်ဆင်ရေးဖြစ်သည်။

MI-35 ရဟတ်ယာဉ်များမှအနီးကပ်ပစ်ကူပေးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါမော်ဝါဒီသူပုန်များသည် အိန္ဒိယမြန်မာနယ်စပ်တွင် ဆယ်စုနှစ်ပေါင်းများစွာအခြေစိုက်ခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံမှလည်းလက်ခံခြင်း မရှိပဲမြန်မာပြည်အတွင်းကျွံဝင်လာသောစစ်သွေးကြွများအား မြန်မာ့တပ်မတော်မှ စစ်ဆင်ရေးများဆင်နွဲခဲ့ဖူးသည်။

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်