Subscribe to our RSS Feed

ဇွန် ၁၈ ရက်နဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ရေကူးစီမံကိန်းနှင့်ပတ်သက်ပြီး ဆွေးနွေးချက်

From : ..Ye Htut


လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးရဲ့စာမှာ ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုပြီးသောအဆိုကို ပြည်ထောင်စု အစိုးရက လက်ခံခြင်းမရှိဘဲ ဆက်လက်စီမံဆောင်ရွက်မည်ဆိုသည့်ကိစ္စလို့ သုံးနှုန်းထားတာကို တွေ့ရပါတယ်။ ဒါဟာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ပေးပို့တဲ့စာပါ စာသားများနဲ့ လုံးဝကွဲလွဲနေကြောင်း တင်ပြလိုပါတယ်။

လေးစားအပ်ပါသော ပြည်ထောင်စုလွှတ်တော် နာယကကြီးခင်ဗျား-

သာမာန်အားဖြင့် အခြေခံဥပဒေပုဒ်မ (၈၀)ပါ ပြဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်မှာဥပဒေကြမ်း၊ အစီရင်ခံစာ၊ အဆိုများကိုပဲ ဆွေးနွေးဖို့ ပြဌာန်းထားတာကို လေ့လာမိပါတယ်။အခုလိုပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ပြည်ထောင်စု လွှတ်တော်ရုံးကို ပေးပို့တဲ့စာနဲ့ပတ်သက်ပြီးအရင်ကတော့ ဆွေးနွေးခဲ့တာမျိုး ကျွန်တော်တို့ မလေ့လာ မတွေ့ရှိခဲ့ပါဘူး။ ဒါပေမယ့်လည်းအခြေခံဥပဒေ ပုဒ်မ၈၀(ဈ) မှာ ပြည်ထောင်စု လွှတ်တော်နာယက ကခွင့်ပြုတဲ့ကိစ္စများနဲ့ ပတ်သက်ပြီးစပ်လျဉ်း၍ ဆောင်ရွက်ခြင်းဆိုတဲ့အချက်အရ ပြည်ထောင်စု လွှတ်တော် နာယကကြီးရဲ့ ညွန်ကြားချက်အရကျွန်တော်တို့ ဒါကို ဆောင်ရွက် တယ်လို့ပဲနားလည်ပါတယ်။ မနေ့ကအချိန်ထိ ကျွန်တော်ကတော့ပြည်ထောင်စုလွှတ်တော်နာယကကြီးထံကို ဒီဆွေးနွေးခွင့်တောင်းခံထားတဲ့ ဦးတင်မောင်ဦးက ဆွေးနွေးပြီးမှ ကျွန်တော်ကပြန်လည်ဆွေးနွေးရမယ်လို့ နားလည်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနေ့မနက် အစည်းအဝေးကို ရောက်တဲ့အခါမှာမှအခမ်းအနားအစီအစဉ်မှာကျွန်တော်က စတင်ဆွေးနွေးဖို့ သတ်မှတ်ထားတာ တွေ့တဲ့အတွက်ကြောင့် ကျွန်တော်ပြန်ပြီး ဆွေးနွေးပါမယ်။

 ပထမဦးစွာ တင်ပြလိုတာကတော့ ဒီစီမံကိန်းနှင့် ပတ်သက်ပြီး ဦးပိုက်ထွေးက ပြည်ထောင်စုလွှတ်တော်မှာ Powerpoint များနဲ့အသေးစိတ် ရှင်းလင်းပြသခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်နည်းပညာနှင့်စီမံကိန်းဆိုင်ရာ အချက်အလက်အသေးစိတ်များကိုတော့ ကျွန်တော်ပြန်လည်ဆွေးနွေးခြင်း မပြုတော့ပါဘူး။လွှတ်တော် ကိုယ်စားလှယ်ဦးတင်မောင်ဦးရဲ့ စာထဲမှာရေးသားထားတဲ့အချက်အလက်များထဲက ကျွန်တော်တို့ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ ထပ်မံရှင်းလင်းသင့်တယ်လို့ယူဆတဲ့ အချက်ကိုသာ ပြန်လည်ဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။

 ပထမဦးဆုံး တင်ပြလိုသည့်အချက်ကတော့ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးကိုပေးပို့ တဲ့စာမှာတွဲထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးရဲ့စာမှာ ပြည်ထောင်စုလွှတ်တော်မှာအတည်ပြုပြီးသောအဆိုကို ပြည်ထောင်စု အစိုးရက လက်ခံခြင်းမရှိဘဲ ဆက်လက်စီမံဆောင်ရွက်မည်ဆိုသည့်ကိစ္စလို့ သုံးနှုန်းထားတာကို တွေ့ရပါတယ်။ ဒါဟာ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက ပေးပို့တဲ့စာပါ စာသားများနဲ့ လုံးဝကွဲလွဲနေကြောင်း တင်ပြလိုပါတယ်။

 ပြည်ထောင်စု အစိုးရအဖွဲ့ရုံးရဲ့စာ၊စာမျက်နှာ (၂) အပိုဒ် (၄) မှာပြည်ထောင်စု လွှတ်တော်၏ ဆန္ဒကို အလေးထားသည့် အနေဖြင့် ရေကူးအသံလွှင့်ရုံစီမံကိန်းအား နိုင်ငံတော် နစ်နာမှု မရှိစေရန် စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်းလို့ပဲ ပါဝင်ပါတယ်။ဦးတင်မောင်ဦးရဲ့စာမှာ ညွှန်ပြထားတဲ့ လက်ခံခြင်းမရှိ၊ ဆက်လက်ဆောင်ရွက်ဆိုတဲ့ စကားများလုံးဝပါဝင်ခြင်းမရှိပါဘူး။ ကျွန်တော်တို့ အနေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များရဲ့ ထောက်ပြဆွေးနွေးချက်များကိုအမြဲတမ်းကြိုဆိုပါတယ်။ လိုက်နာ ဆောင်ရွက်ဖို့လည်း အသင့်ရှိပါတယ်။သို့သော်ဆွေးနွေးတဲ့အခါမှာတော့တိကျမှန်ကန်တဲ့ အသုံးအနှုန်းများကို သုံးဖို့အတွက် လိုအပ်တယ်လို့ ကျွန်တော်တို့ လေးစားစွာပဲယုံကြည်မိပါတယ်။ ကျွန်တော်တို့ အရေးကြီးအဆို တင်သွင်းတုန်းကလည်း ဂျာနယ်တစ်စောင်ရဲ့ရေးတဲ့စာကိုပဲ ပြောပြီးတော့မှ ရှေ့မှာ အရေးကြီးတဲ့ စီမံကိန်းရဲ့ အရေးကြီးဆုံး အချက်(၁)ချက်ဖြစ်တဲ့ မီဒီယာလုပ်ငန်းပဲ ဆောင်ရွက်ရမယ်ဆိုတဲ့ အချက်နဲ့ ဒီမှာရှိတဲ့ စီမံကိန်းမှာပါတဲ့ မြေတွေ၊ အဆောက်အဦးတွေကို ရောင်းချခြင်း၊ ငှားရမ်းခြင်းမလုပ်ရဘူးဆိုတဲ့ အချက်အလက်ကျန်ခဲ့တဲ့အတွက်ကြောင့်မလို့ အရေးကြီးအဆိုအပေါ်မှာ မူတည်ပြီးတော့ ထပ်မံဖြည့်စွက်ဆွေးနွေးသည့်အချက်များမှာ လည်းလိုအပ်ချက်တွေ ရှိသွားတာကို ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ဒါကြောင့်မို့ပထမဆုံး မဆွေးနွေးခင်မှာ ဒီကွဲလွဲချက်ကို ဦးစွာ ထောက်ပြလိုပါတယ်၊

ဒုတိယအချက်ကတော့ပြန်ကြားစာမှာ ပါတဲ့ စီမံဆောင်ရွက်မယ်ဆိုတဲ့ လုပ်ငန်းသဘောကို ရှင်းလင်းတင်ပြလိုပါတယ်၊လုပ်ငန်းပမာဏ ကြီးမားတဲ့ နှစ်ရှည်ဆောင်ရွက်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ဖက်စပ်လုပ်ငန်းတွေ၊တင်ဒါများ၊ စီမံကိန်းများနှင့် ပတ်သက်ရင် ကျွန်တ်ာတို့ အရင် အစိုးရလက်ထက်က နှုတ်မိန့်နဲ့ဆောင်ရွက်ခဲ့တာမျိုးတွေ ရှိကောင်း ရှိနိုင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ အစိုးရသစ်လက်ထက်မှာတော့ အဲ့ဒီလို လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းမရှိခဲ့ပါဘူး၊ 

ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်လေးကိုအကျဉ်းချုပ် တင်ပြရမယ်ဆိုရင် သက်ဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့  စီမံကိန်းတစ်ခု သို့မဟုတ် တခြားသူက အဆိုပြုထားသည့်လုပ်ငန်းတစ်ခု၊ ဒါမှမဟုတ် ကိုယ်ရောင်းချ ဝယ်ယူလိုတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး လုပ်ငန်းပမာဏ ကြီးမားတယ်၊ နှစ်ရှည်လုပ်ငန်းတွေ ဖြစ်တယ်ဆိုရင်ပြည်ထောင်စု အစိုးရအဖွဲ့ စီးပွားရေး ကော်မတီကို တင်ပြရပါတယ်။ တင်ပြတဲ့အခါ စီးပွားရေးကော်မတီက ခွင့်ပြုလျှင် တင်ဒါခေါ်ခြင်း၊ အဆိုပြုတာဖိတ်ခေါ်ခြင်းအဆင့်တွေကို လုပ်ရပါတယ်၊ အဲ့ဒါတွေကို ပြုလုပ်ပြီးတော့မှ မိမိဝန်ကြီးဌာနရဲ့ တင်ဒါ ကော်မတီတွေနှင့်ကြေညာခြင်း၊ ဆွေးနွေးခြင်း၊ အားလုံးကို ပြည်ထောင်စု အစိုးရအဖွဲ့ သတ်မှတ်ထားသော နည်းလမ်းများအတိုင်းဆောင်ရွက်ရပါတယ်၊ ဆောင်ရွက်ပြီးလို့ ရွေးချယ်ခဲ့ပြီးပြီဆိုရင်တော့ ရွေးချယ်တဲ့ ဆောင်ရွက်မှုအခြေအနေကို စီးပွားရေးကော်မတီကို တင်ပြရပါတယ်၊စီးပွားရေး ကော်မတီက ပြန်လည်စိစစ်ပြီးတော့မှ မှန်ကန်တယ် ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အစိုးရအဖွဲ့ကို ဆက်လက်ပြီး တင်ပြရပါတယ်၊ အစိုးရအဖွဲ့က အတည်ပြုတဲ့အခါမှာမှ တကယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နဲ့ ပတ်သက်တာတွေ ဆက်လုပ်ရမယ်ဆိုရင် ဆက်ပြီး လုပ်ရပါတယ်၊

ဒါကြောင့်မလို့ ယခု ပြန်ကြားရေး ဝန်ကြီးဌာနက တင်ဒါခေါ်ထားတာသည် ပြန်ကြားရေး ဝန်ကြီးဌာနရဲ့၊စီမံခန့်ခွဲမှုဘောင်အတွင်းက လုပ်ထားပေမယ့် ဒီတင်ဒါအဖွဲ့အပေါ်မှာ ရွေးချယ်ပြီးတဲ့အခါမှာခုနက ကျွန်တော်တင်ပြခဲ့တဲ့ စီးပွားရေကော်မတီ အစိုးရ အဖွဲ့တို့က ဆက်လက်ပြီး စီမံဆောင်ရွက်မှာဖြစ်ပါတယ်၊ အဲ့လို စီမံဆောင်ရွက်တဲ့အခါမှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုထားတဲ့ အရေးကြီးအဆိုအတိုင်းဆောင်ရွက်မှာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ အဲဒါကို “စီမံဆောင်ရွက်မှာ ဖြစ်တယ်လို့” သုံးနှုန်းတယ်လို့ပဲကျွန်တော် တင်ပြလိုပါတယ်။

နောက်တစ်ခုကတော့ လက်ရှိတင်ဒါဝယ်ယူထားရှိမှု အခြေအနေများနှင့် တင်ဒါလျှောက်ထားသူများနှင့် ပတ်သက်လို့ ကျွန်တော် တင်ပြလိုတယ်၊လက်ရှိ ကျွန်တော်တို့ တင်ဒါကို လာရောက်ယှဉ်ပြိုင်ထားတဲ့ ယှဉ်ပြိုင်နိုင်ဖို့အတွက် အဆိုပြုလွှာဝယ်ယူထားတဲ့သူ ၆ ဦးရှိပါတယ်၊ အသေးစိတ်ကို powerpoint မှာ တင်ပြထားပါတယ်၊ အဲ့ဒီထဲကနှေ ကျွန်တာ် အကြမ်းဖျင်းတင်ပြရမယ်ဆိုရင်ပထမဆုံး ဝယ်ထားတဲ့ Auspicious Millennium Company Trading Group ဆိုတာ ကျွန်တော်တို့အရင် မီဒီယာ လုပ်ငန်းတွေမှာ ဆောင်ရွက်ခဲ့ဖူးခြင်းမရှိပါဘူး၊ ဝယ်တဲ့သူက ဦးကျော်စွာအေးသောင်းဖြစ်ပြီးတော့မှ ဆက်သွယ်ရမယ့် တယ်ဖုန်းနံပါတ်ကိုတော့ ကျွန်တော်တို့powerpoint မှာ ထိုးပြထားပါတယ်၊ တင်ဒါ စည်းကမ်းအရ သူတကယ်တင်လို့ရှိရင်တော့ သူသည် မီဒီယာလုပ်ငန်းအတွေ့အကြုံဘယ်လောက်ရှိကြောင်း သူဟာ ပြည့်ပြည့်စုံစုံ ဖြည့်စွက်ပြီး တင်ပြရမှာဖြစ်ပါတယ်၊


 ဒုတိယ ဝယ်ယူထားတဲ့ ကုမ္ပဏီကတော့ ၁၈ ရက်နေ့မှာ ဝယ်ယူထားတာဖြစ်ပါတယ်၊Yangon Engineering Group Co.,Ltd .(YEG) ဖြစ်ပါတယ်၊ ဝယ်ယူသူကတော့ ဦးတင်မောင်တိုးဖြစ်ပါတယ်၊ဒီကုမ္ပဏီ ကတော့ကျွန်တော်တို့ဆီမှာ FM အသံလွှင့်လုပ်ငန်း ဆောင်ရွက် နေတဲ့ ကုမ္ပဏီ တစ်ခုရဲ့မိတ်ဖက် ကုမ္ပဏီ တစ်ခုဖြစ်တယ်လို့ အကြမ်းဖျင်းသိရပါ တယ်။ တင်ဒါသွင်းရင်သူ့ရဲ့ကုမ္မဏီprofile အသေးစိတ်သိရမှာဖြစ်ပါတယ်၊ဆက်သွယ်ရမည့်ဖုန်းနံပါတ်များကို PowerPoint မှာတင်ပြထားပါတယ်၊

တတိယကုမ္မဏီကတော့ Global Technology ကုမ္မဏီလီမိတက် Global Net ဖြစ်ပါတယ်၊ ဝယ်ယူသူကတော့မမျိုးမျိုးဖြစ်ပါတယ်၊သူလည်းအစောဆုံးဝယ်ယူတဲ့ (၁၈.၅.၂၀၁၅) မှာပါပါတယ်၊ ဒီကုမ္ပဏီ ကတော့ကျွန်တော်တို့ဆီမှာFM လုပ်နေတဲ့ကုမ္ပဏီတစ်ခုနဲ့ သော်လည်းကောင်း၊ နောက်တစ်ခါ IT လုပ်ငန်းလုပ်ပြီးကျွန်တော်တို့ဆီကိုစက်ပစ္စည်းများတင်သွင်းနေသည့်ကုမ္ပဏီတစ်ခု နဲ့သော်လည်းကောင်း၊ မိတ်ဖက်ကုမ္ပဏီဖြစ်တယ်လို့ အရင်တုန်းကပစ္စည်းတွေတင်သွင်းတဲ့အခါမှာစာဖြင့် ရည်ညွှန်းထားတာရှိခဲ့ ပါတယ်၊ အခု မိတ်ဖက်ကုမ္ပဏီအဖြစ်ရှိသေးလား၊ သီးခြားအနေဖြင့်တင်သွင်းလား ဆိုတာကိုတော့ကျွန်တော် တို့မသိရှိရသေးပါဘူး။ သူ့ရဲ့ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကိုတော့PowerPoint မှာထိုးပြထားပါတယ်၊

စတုတ္ထမြောက်လာရောက်ဝယ်ယူသူကတော့ ရွှေသံလွင်မီဒီယာကုမ္ပဏီလိမိတက်ဖြစ်ပါတယ်၊ ဝယ်ယူသူ ကတော့ ဦးဝင်းနိုင် ဖြစ်ပါတယ်၊ သူကတော့ကျွန်တော်တို့ရဲ့ရုပ်သံလွှင့်နဲ့ FM မှာဆောင်ရွက်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်၊

 နောက်ကုမ္ပဏီတစ်ခုကတော့ Thein Kyaw Kyaw ကုမ္ပဏီဖြစ်ပါတယ်။ ဝယ်ယူသူကတော့ဦးပိုင်သူသွင် ဖြစ်ပါတယ်၊ဒါကတော့ကျွန်တော်တို့ဆီမှာလက်ရှိ FM ဆောင်ရွက်နေတဲ့ရွှေတောင် ကုမ္ပဏီ ကိုယ်စားတာဝန်ခံ ဆောင်ရွက်ပေးနေသည့်ကုမ္ပဏီဖြစ်ကြောင်းသိရှိရ ပါတယ်။သူ့ရဲ့ဆက်သွယ် ရမည့်နံပါတ်များကို Powerpoint မှာ ဖော်ပြထားပါတယ်၊

နောက်ဆုံးကုမ္ပဏီတစ်ခုကတော့ ဒီလ၃ရက်နေ့ မှာလာပြီးဝယ်သွားတာဖြစ်ပါတယ်၊Myanmar Media United ကုမ္ပဏီဖြစ်ပါတယ်၊ဒီကုမ္ပဏီ ကလည်း ကျွန်တော်တို့နဲ့အရင်မီဒီယာလုပ်ငန်းများဆောင်ရွက်ခဲ့ခြင်းမရှိသေးပါဘူး၊

ကျွန်တော်တို့လက်ရှိ တင်ဒါ အခြေအနေနှင့် ပတ်သတ်လို့ရှိရင်တင်ဒါစာတင်သွင်းမှုများပြည့်စုံစွာဖော်ပြနိုင်ဖို့အတွက် ကျွန်တော်တို့ သူတို့ကိုအချိန်ပေးထားပါတယ်၊လက်ရှိတော့အဆိုပြုလွှာများရောက်ရှိခြင်းမရှိသေးပါဘူး၊ အဆိုပြုလွှာများ ရောက်ရှိ လျှင်ကျွန်တော်တို့ပဏာမစစ်ဆေးပြီးတော့မှစီးပွားရေးကော်မတီကိုတင်ပြပါမယ့်၊ စီးပွားရေး ကော်မတီလက်ထဲရောက်သွားရင်တော့ ပြည်ထောင်စုလွှတ်တော်ကဆုံးဖြတ်ထားတဲ့အရေးကြီး အဆိုပေါ် မူတည်ပြီးတော့မှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက စာပါအတိုင်းပဲကျွန်တော်တို့ဆက်လက် ဆောင်ရွက်သွား မှာဖြစ်ကြောင်းကျွန်တော်တင်ပြအပ်ပါတယ်။
 

.. https://www.facebook.com/MyanmarExpress
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်