From :
..planet
..
www.MyanmarExpress.net
ရထားတွင် တပ်ဆင်ထားသည့် Black Box မှတ်တမ်း ကိရိယာများက ဟိုဆေး
ဂါဇွန်အမိုသည် ကန့်သတ်အမြန်နှုန်းထက် နှစ်ဆကျော်မျှ အရှိန်ဖြင့်
ရထားလမ်းကွေ့ တစ်ခုကို ချိုးကွေ့စဉ်၌ ဖုန်းပြောနေခဲ့ကြောင်း ထင်ရှားစေခဲ့
စပိန်နိုင်ငံတွင် ဖြစ်ပွားခဲ့သည့်
ဆိုးရွားသော မီးရထား လမ်းချော်မှုကြီး၌ အဓိက တာဝန်ရှိသူအဖြစ်
စွဲချက်တင်ခံရသူ ရထားမောင်းသမားသည် အခင်းဖြစ်ပွားစဉ်က
ဖုန်းပြောနေခဲ့ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ရထားတွင် တပ်ဆင်ထားသည့်
Black Box မှတ်တမ်း ကိရိယာများက ဟိုဆေး ဂါဇွန်အမိုသည် ကန့်သတ်အမြန်နှုန်းထက်
နှစ်ဆကျော်မျှ အရှိန်ဖြင့် ရထားလမ်းကွေ့ တစ်ခုကို ချိုးကွေ့စဉ်၌
ဖုန်းပြောနေခဲ့ကြောင်း ထင်ရှားစေခဲ့သည်။ Black Box နှစ်ခုကို
လေ့လာပြီးနောက် ရထားလမ်းချော်ထွက်ကာ ဆိုးဆိုးရွားရွား ဖြစ်ရပ်များ
ပေါ်ပေါက်လာစေသည့် ကာလ အပိုင်းအခြားလေး၌ ဂါဇွန်သည် ရထားလမ်းအပေါ် အပြည့်အဝ
အာရုံစိုက်နေခြင်း မရှိဟု စုံထောက်များက အတိအလင်း သိရှိသွားခဲ့ကြသည်။
အဆိုပါ တစ်ဒင်္ဂ အချိန်လေးသည် လူပေါင်း (၇၉)ဦးကို သေဆုံးသွားစေခဲ့သည်။ မြန်နှုန်းမြင့် မီးရထားသည် သတ်မှတ်မိုင်နှုန်း ကန့်သတ်ထားသည့် နေရာ၌ တစ်နာရီ (၁၁၉)မိုင်နှုန်း အရှိန်ဖြင့် မောင်းနှင်ရာမှ ချော်ထွက်ပြီး တိမ်းမှောက်သွားခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဖြစ်စဉ်သည် စပိန်၏ ရထားပို့ဆောင်မှု သမိုင်းတွင် အကြီးမားဆုံး အနိဋ္ဌာရုံ အဖြစ်လည်း မှတ်တမ်းဝင်သွားသည်။ ရထားလမ်းချော်မှု ဖြစ်ပွားခဲ့သည့် ဆန်တီယေဂို ဒီကွမ်ပိုစတီလာမြို့ တရားရုံးတွင် ယခုဖြစ်စဉ်ကို စစ်ဆေးခဲ့သည့် စုံထောက်များက ရေးသားတင်သွင်းသော မှတ်တမ်း၌ လမ်းချော်ထွက်မှု မဖြစ်ခင် စက္ကန့်ပိုင်းမျှ အချိန်လေးတွင် ဘရိတ်စနစ်က အသက်ဝင်လာပြီး အရှိန်ကို လျှော့ချရန် ကြိုးပမ်းခဲ့သေးကြောင်းလည်း ဖော်ပြထားသည်။ ရထားမတော်တဆမှု ဖြစ်ချိန်တွင် ဂါဇွန်သည် အမျိုးသား မီးရထားလမ်း ကုမ္ပဏီမှ အရာရှိ တစ်ဦးနှင့် ဖုန်းပြောနေခဲ့ကြောင်း စုံထောက်များက ဆိုသည်။ "ရထားမှောက်တဲ့ နေရာမရောက်ခင် မိနစ်ပိုင်းလောက်မှာ သူက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိပါတယ်။ နောက်ကွယ်က ဆူညံတဲ့ အသံတွေ ရှိနေပေမယ့် သူတို့ချင်း အပြန်အလှန် ပြောဆိုနေတာကို ကြားသိနိုင်ပါတယ်။ ရထားမောင်းသမားက မြေပုံ၊ ဒါမှမဟုတ် မှတ်တမ်းမှတ်ရာ တစ်ခုခုကို ရှင်းပြနေပုံရတယ်"ဟု တရားရုံးတွင် တင်သွင်းသော မှတ်တမ်း၌ ဖော်ပြထားသည်။ ဇူလိုင်လ (၂၄)ရက်နေ့က ရထားသည် ခရီးသည် (၂၁၈)ဦးကို တင်ဆောင် မောင်းနှင်လာကာ သတိထား မောင်းနှင်ရမည့် လမ်းကွေ့၌ အရှိန်မြင့်မြင့် ခုတ်မောင်းရင်း လမ်းချော်ထွက်သွားကာ ဘေးဘက် အကာအရံ အုတ်နံရံကို ဝင်တိုက်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။ ယနေ့အချိန်ထိ အသေအပျောက်စာရင်း (၇၉)ဦးထိ ရှိနေကာ (၁၃၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။ ယင်းတို့အနက် အများအပြားသည် ဆေးရုံတွင် ကုသမှု ခံယူနေရဆဲ ဖြစ်သည်။ စပိန် မီးရထားလမ်း အေဂျင်စီမှ ကျွမ်းကျင်သူများက ဖြစ်သင့်သည်မှာ ယင်းကွေ့သို့ မရောက်မီ (၄)ကီလိုမီတာမျှ အကွာကတည်းက ဘရိတ်သတ်ကာ အရှိန်လျှော့ချပြီး ဖြစ်သင့်ကြောင်း ပြောဆိုထားသည်။ |
Posted in: ကမ္ဘာ့သတင်း