Subscribe to our RSS Feed

အပစ်အခတ်ရပ်စဲရေး ရှေ့လထဲမှာ လက်မှတ်ထိုးနိုင်ခြေရှိ

From : ..rfa

mpc-discuss-305.JPG
 
ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ စက်တင်ဘာလ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အစိုးရ၊ KNU နဲ့ RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေးအတွက် နည်းလမ်းပိုင်း ဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ်
photo: RFA/ Myint Oo 
 
လာမယ့် သီတင်းပတ်ထဲမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့ ဆွေးနွေး ပွဲတွေ အောင်မြင်မယ်ဆိုရင် လာမယ့်အောက်တိုဘာ လဆန်းပိုင်းမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး တစ်ပြည်လုံးအတိုင်းအတဲာ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးု့ ဖြစ် နိုင်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတွေက ဒီနေ့ပြောလိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ အစိုးရ၊ ကရင်အမျိုးသားအစည်းအရုံး KNUဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSAို့ အပစ်အခတ်ရပ်စဲရေးအတွက် နည်းလမ်းပိုင်းဆိုင်ရာ ဆွေးနွေးပွဲအြီး မှာ မြန်မာငြိမ်းချမ်းရေးစင်တာ အထူးအကြံပေး ဦးလှမောင်ရွှေက ပြောခဲ့တာပါ။
အခုလို ဆွေးနွေးပွဲမျိုးတွေဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်လိာု့အတွက် အထောက်အကူပြုတယ်လို့ ဒီနေ့ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ RCSS/SSA အဖွဲ့က ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။
ဒီငြိမ်းချမ်းရေးလုပ်ငန်းမှာဆိုရင် အစိုးရနဲ့ တိုင်းရင်းသားဘက်က နည်းပညာအကြံပေးအဖွဲ့တို့ ညှိနှိုင်းဖို့လိုအပ်တယ်၊ တဆင့်ပြီးတဆင့် ဘယ်လိုသွားကြမလဲဆိုတာ ညှိနှိုင်းဖို့လိုအပ်ပါတယ်၊ လုပ်ငန်းစဉ်အနေနဲ့တော့ အစိုးရကပြုလုပ်နေတဲ့ တစ်ပြည်လုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးကိစ္စကို ကျနော်တို့ အရင်ဆုံးညှိနှိုင်းနေတာဖြစ်ပါတယ်၊ သဘောတူညီချက်တွေရမှသာလျှင် ကျနော်တို့ ရှေ့ဆက်သွားလိုတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို စနိုင်မှာဖြစ်တယ်
အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီဲ့ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖွဲ့တို့ဟာ လာမယ့်သတင်းပတ်ထဲမှာ ကချင်ပြည်နယ် မြစ်ကြီးနာြးို့မှာ ဆွေးနွေးမယို့ သိရပါတယ်။
 
.. www.MyanmarExpress.net
 
2 comments:

နဲနဲလေးပဲလိုပါတော့တယ်

ဘာပဲပြောပြောစက်တင်ဘာ(၁၆)ရက်နေ့မှာငြိမ်းချမ်းရေး အစည်းအဝေးလုပ်မယ်ဆိုတော့ ၀မ်းသာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လိုကျောင်းတက်နေရတဲ့အရွယ်မှာ စစ်ဘေးဒဏ် ကြောင့် (၂)နှစ်လုံးလုံး ကျောင်းမတက်လိုက်ရတဲ့သူတွေ ကျွန်တော့် အ၀ှား(အဖေ)တို့လို ကားလမ်းကို အဓိကထားပြီးပြည်နယ်ကုန်စည်စီးဆင်းအောင် ကုန်ကားမောင်းနေကြတဲ့သူတွေ၊ အနူး (အမေ) တို့လိုဝေးလန်ခေါင်သီတဲ့ ဆော့လော်မြို့နယ်ကပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်ပေးတဲ့ ကျန်းမာရေးဆရာမတွေဟာ ကိုယ့်နေရာဒေသမှာ လုံခြုံစိတ်ချစွာ သွားလာနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော် မြစ်ကြီးနားမှာ(၄)လလောက် တက္ကသိုလ်သွားတက်နေတာတောင် ကိုယ့်အိမ်နဲ့ တောင်ယာ လေးကို လွမ်းနေမိတာဆိုတော့ စစ်ရှောင်စခန်းတွေမှာနေကြတဲ့ဒုက္ခသည်တွေဆို သူတို့အိမ်နဲ့ တောင်ယာတွေကိုတော်တော်လွမ်းနေကြမှာပဲနော်။ငြိမ်းချမ်းရေးဆွေးနွေးတာ အဆင်ပြေ ကြပါစေဗျာ။ ကေအိုင်အေ/ကေအိုင်အိုတို့ကလည်း နောက်ပြန်မဆွဲပဲ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်မည် ဆိုပါက ကျွန်တော်တို့ ပြည်နယ်ကြီးဟာ အရင်လိုအရမ်းလှပြီး သာယာလှတဲ့ မြစ်ဆုံတို့ ၊ ဖြူဖွေးပြီး နေချင်စရာကောင်းတဲ့ ခါကာဘိုရာဇီ တောင်တို့ ၊ အမြဲမပြတ်စီးဆင်းနေတဲ့ ဆဒုံး ရေတံခွန်တို့ ပြန်လည်အသက်ဝင်လာကာ ကျွန်တော်တို့ ကချင်ပြည်နယ်ကြီးဟာ အရင်ကလို သာယာလှပ လာတော့မှာ နည်းနည်းလေးပဲလိုပါတော့တယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီး အောင်မြင်စွာ ပြီးဆုံးပါစေလို့ကျွန်တော်တို့ဝိုင်းမော်မှပြည်သူများနဲ့အတူဆုတောင်းလိုက်ပါသည်။

နော်လေး(Physics)
မြစ်ကြီးနားတက္ကသိုလ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်