Subscribe to our RSS Feed

အကောင့်ငါးခု၁၁ဘီလျံနှင့် မြန်မာမီဒီယာလိုက်ဘရီ မစီစဉ်တဲ့ပွဲ

From : ..Saw Lynn Aung'


မရေးတော့ဘူးလို့ဘဲ။ဒါပေမယ့်ရေးရရှင်းရတော့မယ်။ရေးပြန်ရှင်းပြန်ရင်လည်းဘ၀တူသတင်းသမားတွေ ထိခိုက်လာမှာစိုးတယ်။ပထမက ခုအကောင့်ငါးခုနဲ့၁၁ဘီလျံအသံထွက်လာစေတဲ့ပွဲကို ကျနော်တို့ မြန်မာမီဒီယာလိုက်ဘရီက စီစဉ်တာမဟုတ်ပါ။သတင်းသမားတယောက်က ကြားထဲကအကူအညီတောင်းတာနဲ့ မဥမ္မာဆိုတာက ကမ္ဘာ့ဘဏ်၊နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေအကြောင်းသတင်းသမားတွေသိသင့်တဲ့ သတင်းရေးရာမှာသတိပြု စစ်ဆေးရမယ့် အချက်တွေ ဗဟုသုတအဖြစ်ဝေမျှဖို့ သတင်းထောက်တွေအတွက်အလုပ်ရုံဆွေးနွေးပွဲတစ်ခုလုပ်ခြင်ကြောင်း စိတ်ဝင်စားသူအားလုံးတက်နိုင်အောင်( မနက်မအားသူနေ့ခင်းဘက် နေ့ခင်းမအားသူမနက်ဘက်)နှစ်ရက်ခွဲစီစဉ်ခြင်တယ်ဆိုလာတော့ ကျနော်လည်း ဒါအခွင့်ကောင်းဘဲ စီးပွားရေးသတင်းဘဏ်သတင်း ရေးနေတဲ့ကိုယ့်မီဒီယာလောကက လူတွေအတွက် အကျိုးရှိနိုင်တယ်ဆိုပြီး ကောင်းပြီပေါ့ စာကြည့်တိုက်ခန်းမနေရာသုံးပါပေါ့ဆိုပြီးသဘောတူခဲ့တယ်။
အဲဒါနဲ့အစီအစဉ်အီးမေးကပို့ပေးတယ် ဖုန်းခြင်းအဆက်အသွယ်ရတယ်။သူပို့ပေးတဲ့အီးမေးအတိုင်းဘဲ(အင်္ဂလိပ်လို)ကျနော့်ဖေ့စ်ဘွတ်မှာတင်ပြီး ဘဏ်နဲ့ဆိုင်ရာစိတ်ဝင်စားသူသတင်းသမားများတက်ရောက်နိုင်ပါတယ်ကြိုတင်စာရင်းပေးပါဆိုပြီးတင်လိုက်ပါတယ်။ပွဲစမယ့်နေ့ စက်တင်ဘာ၁၀ရက် နေ့ခင်း စာကြည့်တိုက်ကို သူတို့ရောက်လာမှဘဲ မဥမ္မာဆိုတာ မခင်ဥမ္မာဖြစ်နေမှန်းသိလိုက်တယ်။(အရင်ကလူခြင်းမစုံဖူးပါ၊အပြင်ကသတင်းတွေမှာတော့ပါပါနေတာတွေ့နေဖူးတာပါ)ဒီပွဲကို စကိုင်းနက် သတင်းပိုင်းက သတင်းယူဖို့ရိုက်ကူးရေးအဖွဲ့လာတယ်။မခင်ဥမ္မာက သတင်းအနေနဲ့မထုတ်ခြင်ကြောင်းတီဗီမရိုက်ဖို့ပြောပါတယ်။တဆက်ထဲ ပွဲတက်လာသူတွေကိုလည်း ဒီပွဲမှာရှင်းပြမယ့်သူက ဘယ်အဖွဲ့အစည်းကပါ သူ့နာမည်ဘယ်သူ သူကိုယ်တိုင်လည်းဘယ်သူပါ ဘာတွေလုပ်ပါတယ်ဆိုတာမိတ်ဆက်ပြီး ခုဦးဆောင်ဆွေးနွေးရှင်းပြမယ့်သူကအင်တာဗျူးတွေလက်ခံဖြေမှာမဟုတ်ကြောင်း သူ့နာမည်ကိုးကားပြုသတင်းမရေးစေလိုကြောင်း သူ့ပုံဓာတ်ပုံလည်းမရိုက်ဖို့ သိချင်တဲ့အချက်တွေမေးနိုင်ကြောင်း သူပြောပြရှင်းပြတာတွေကို အချက်အလက်တခုအနေနဲ့သာယူသုံးစေလိုကြောင်း ကြိုပြောထားပြီးဖြစ်ပါတယ်။အဲဒီနေ့ကပွဲကို အယ်ဒီတာချုပ်တစ်ဦး၊ဥပဒေရေးရာအတိုင်ပင်ခံတစ်ဦး၊အကြီးတန်းအယ်ဒီတာတစ်ဦး၊သတင်းထောက်၁၆ယောက်နဲ့အလွတ်တန်းလေ့လာသူတစ်ဦးပေါင်းလူ၂၀ ညနေပွဲပြီးတဲ့ထိ စိတ်ဝင်စားစွာတက်ရောက်ဆွေးနွေးမေးမြန်းခဲ့ကြပါတယ်။တကယ်လည်းပွဲကစိတ်ဝင်စားစရာကောင်းပါတယ်။လာတက်တဲ့လူတိုင်းသဘောကျကြပါတယ်။ပွဲလာတက်တဲ့အယ်ဒီတာချုပ်မိတ်ဆွေကိုတောင် ကျနော်က အယ်ဒီတာ တွေလာတက်စေချင်တာဗျလို့ပြောပါသေးတယ်။ဒါမှတချို့လက်တွေ့လိုက်နေရတဲ့သတင်းထောက်တွေနဲ့နားလည်မှုမလွဲမှာလို့။သူတို့ဒီအချက်တွေသေချာသိထားရင်ပိုကောင်းမယ်ဆိုပြီးတောင်ပြောဖြစ်လို့ နောက်နေ့ကျနော်ဆီကအယ်ဒီတာတယောက်လွတ်ပါမယ်ဆိုပြီးမိတ်ဆွေအယ်ဒီတာချုပ်ကပြောသွားပြီးနောက်နေ့လည်းသူ့ဆီက အယ်ဒီတာတဦးပွဲပြီးထိလာတက်သွားပါတယ်။နောက်နေ့ပွဲကတော့မနက်အစော ၈နာရီခွဲဆိုတော့လာတဲ့သူနဲသွားပါတယ် ၁၀ဦးဘဲလာတက်ပါတယ်။တကယ်တမ်းစာရင်းပေးထားတာ၁၅ယောက်လောက်ရှိပါတယ်။ပထမနေ့ပွဲမှာလည်းစာရင်းပေးထားပြီးလာမတက်ဖြစ်တဲ့သူတွေအများကြီးပါ။နောက်တနေ့ထွက်စံတော်ချိန်သတင်းစာမှာ သတင်းစပါလာပါတယ်။အဲဒီမှာစပြီးနားလည်မှုနဲနဲလွဲနေပြီဆိုတာသိလိုက်ပါပြီ။မခင်ဥမ္မာကိုအဲသတင်းစာပြလိုက်တဲ့အခါသူကထပ်မမှားစေဖို့အဲဒီနေ့တက်လာသူတွေကိုသေချာထပ်ရှင်းပြပါတယ်။နောက်တနေ့ အလဲဗင်းသတင်းစာမှာဆက်ပါတော့ (ပွဲတက်ပြီး၂ရက်မြောက်)ဒီပွဲကြီးမှုးစီစဉ်တာ မြန်မာမီဒီယာလိုက်ဘရီဆိုပြီးလွဲပါတယ်။ဒီအလွဲက အသေးအဖွဲပါ။ကျနော့်ဖေ့စ်ဘွတ်တင် ကျနော်တာဝန်ခံထိုင်နေရာစာကြည့်တိုက်မှာလုပ်တော့ကျနော်တို့မြန်မာမီဒီယာလိုက်ဘရီကစီစဉ်တယ်လို့ထင်စရာပေါ့။ဒါလွဲတာက ကိစ္စမရှိသေးဘူး။ဦးဆောင်ဆွေးနွေးရှင်းပြသွားတဲ့သူက ကမ္ဘာ့ဘဏ်ကမဟုတ် ဘယ်အဖွဲ့အစည်း၊သူတို့အဖွဲ့ကဘာတွေလုပ်တယ်၊သူ့ကတ်တွေလည်းပေးပါတယ်။နောက်မခင်ဥမ္မာလည်း ရှင်းရှင်းလင်းလင်းဘာသာပြန်ပြောပေးနေတာပါ။အဲဒီမှာဒီလူကိုကမ္ဘာ့ဘဏ်ကအာရှဒေသဆိုင်ရာတာဝန်ခံဆိုလွဲတော့ အကြီးအကျယ်မှားပါတော့တယ်။နောက်သူပြောတဲ့ဟာတွေကို သတင်းရေးဖို့အချက်အလက်အနေနဲ့ယူဖို့သာပြောထားတာမှာ သူကအထောက်အထားအခိုင်အမာနဲ့ပြောတဲ့ပုံစံမျိုးဖြစ်သွားတော့နားလည်မှုတွေထပ်လွဲကုန်ရတာပါဘဲ။သူပြောခဲ့တာက ကမ္ဘာ့ဘဏ်က မြန်မာပြည်အကြွေးတွေလျှော်ပေးဖို့ငြင်းရတဲ့အချက်က မြန်မာနိုင်ငံတွင်းကနေ အပြင်မှာ ဘဏ်အကောင့်ငါးခုဖွင့်ထားတာရှိနေပြီးအဲဒီအကောင့်တွေစုစုပေါင်းပမာဏက ၁၁ဘီလျံကျော်ရှိနေတော့ မင်းတို့ဆပ်ရမှာ ၈၉၀ကျော်ပေါ့ တစ်ဘီလျံတောင်မပြည့်ဘူး ဒီအကောင့်တွေတောင်ရှိနေတာဘဲမဆပ်နိုင်စရာမရှိဘူးပေါ့ လျှော်ပေးလို့မရဘူးဆိုပြီး ငြင်းလိုက်တယ်လို့သိရကြောင်း(သူအထောက်အထားအခိုင်အမာပြ မပြောခဲ့ပါ)ပြောသွားခဲ့တာပါဘဲ။ကျနော်အဲဒီသတင်းဖတ်ပြီးတဲ့အချိန် နောက်ဆက်တွဲတွေတော့လာတော့မှာဘဲဆိုပြီး မခင်ဥမ္မာကိုဖုန်းဆက် အမရေ ရှင်းဖို့သာပြင်ပေတော့ ပြီးဒီပွဲက ကျနော်တို့မြန်မာမီဒီယာလိုက်ဘရီက ကြီးမှုးစီစဉ်တာလည်းမဟုတ်ဘူးဆိုတာပါပြောပါဦးလို့ပြောခဲ့ပါသေးတယ်။ညနေပိုင်းလည်းရောက်ရော ပြည်ပရေဒီယိုအသံလွှင့်ဌာနတွေကမိတ်ဆွေများရဲ့ဖုန်းတွေဆက်တိုက်ဝင်လာပါတော့တယ်။အဲပွဲနေ့ကပြောသွားတာတွေပြန်ပြောပေးဖို့၊အသံဖိုင်ပေးဖို့၊၁၁ဘီလျံအကြောင်းပြောသွားတာကြားလိုက်လားမကြားလိုက်လားကော၊အဲလိုပြောသွားတာကြားလိုက်ပါကြောင်းဖြေပေးဖို့အမျိုးမျိုးပြောလာကြတာကို ကျနော်ဘာမှ မှတ်ချက်လဲမပေးခြင်ဖြေလည်းမပေးချင်အသံဖိုင်လည်းမပေးနိုင်ပါကြောင်းငြင်းလွတ်ပါတယ်။အားလုံးကိုတော့ဖြစ်စဉ်အမှန်နဲ့ အလုပ်ရုံဆွေးနွေးပွဲမှာသူပြောတဲ့အချက်တွေက နောက်ဆက်တွဲထပ်လိုက်အဖြေရှာရမယ့်ဟာတွေဖြစ်ကြောင်း သူပြောသွားတာအထောက်အထားတိတိကျကျပြ ပြောသွားတာမဟုတ်ကြောင်းသေချာတော့ရှင်းပြလိုက်ပါတယ်။(ဒါကို နောင်တော်ကြီး ကိုကျော်ကျော်သိန်းတောင် ကျေလည်ပုံမရပါဘူး။)တကယ်တမ်းတော့ ကျနော်တို့တွေသင်ယူထားတဲ့သတင်းစာပညာမှာ သတင်းတစ်ပုဒ်ရဲ့ တိကျမှု မျှတမှု ချိန်ခွင်လျှာညီမျှမှုစံတွေရှိပြီးသားပါ။တဖက်အမြင်တဖက်အပြောနဲ့ မရေးဘဲ သက်ဆိုင်ရာသတင်းရင်းမြစ်များအားလုံးကိုမျှတစွာပြောခွင့်ပေးဖို့သင်ထားခဲ့ကြရပြီးသားပါ။တခါတခါဒီလိုအလွဲတွေကြုံရတဲ့အခါ ကိုယ့်မီဒီယာလောကသား သတင်းစာသမားတွေကို လက်ညိုးထိုးအပြောခံရမှာမလိုလားပါဘူး။အခြေအနေအချိန်အခါအရ အရေးတကြီးလုပ်လိုက်ရတဲ့သတင်းတွေမှာ လစ်ဟာချက်တွေကျင့်ဝတ်စံနဲ့လွဲချော်ရတဲ့အားနည်းချက်တွေ ကြုံကောင်းကြုံကြရတာ သတင်းမီဒီယာအားလုံးရင်ဆိုင်ခဲ့ရဖူးပြီးဖြစ်သော်လည်း အမြဲလွဲနေတာမျိုးမဖြစ်အောင်တော့ ပိုပြီးသတိပြုဆင်ခြင်သွားနိုင်ကြပါစေလို့မေတ္တာရည်ကာဆုတောင်းပါတယ်။
(ဘေးထွက်ထိုင်နေခြင်လည်းအခွင့်မသာတဲ့ဘ၀)
 


 .. www.MyanmarExpress.net
 

9 comments:

All outside media and inside media have the same objective. DISCREDIT THE GOVERNMENT AND TAT-MA-DAW AND TO GLORIFY AUNG SAN SU KYI. They are all sons of the bitch,

in singapore, you will be die in the life.

Eleven က အစိုးရမ ကောင်းကြောင်းရေးပြီး ထမင်းစားနေရတဲ့ သူတောင်းစား မီဒီယာပါ...အဲဒီလို စောက်ဆင့်မရှိတဲ့ မီဒီယာ သမားတွေကြောင့် တိုင်းပြည်မှာဖြစ်နေတဲ့ တစ်ချို့ ကိစ္စတွေဟာ အပ်နဲ့ထွင်းရမယ့်အရာတွေကို ပေါက်ဆိန်နဲ့ထွင်းနေရတယ်...အစိုးရကို ဆန့်ကျင်မှ ပေါ် ပြူလာ ဖြစ်မယ် နေရာရမယ်လို့ ဘယ်မ အေလိုးကစလိုက်တာလဲတော့ မသိဘူး...အလကား မီဒီယာ ဗန်းပြ သူတောင်းစားတွေ...

အ ခြေအမြစ် မခိုင် မာတဲ့ နိုင် ငံခြားသားကို စင်ပေါ်တင်ပြီး လူအထင်ကြီး အောင် ပူးပေါင်းကြံခဲ့ ကြတာပဲလေ ။ အခုမှ ဘာတွေပြောနေတာလည်း ။ စီစဉ်သူ နဲ့ လက်ခံခွင့်ပြုသူဖြစ်နေတယ်။ ပွဲဆူအောင် လုပ်ခဲ့ကြတာလေ။
ထိုင်နေ အ ကောင်းသား ထ မှ ကျိုးမှန်း သိပေါ့ နော် ။ စ ကတည်း က ဒေဝဒတ် နဲ့ တွေ့ရတာပါ ။မှီခို/မှီငြမ်းတာ လွဲမှားမှုပေါ့ လူဖြူတွေ့ရင် အထင်ကြီးပြီး ပြောတာအကုန်ရေး တယ် မှန် ရဲ့လားလို့ ပြန်မစစ်တော့ဘူး မျက်စေ့မှိတ်ပြီး ယုံတယ် ။ ကိုယ့် သတင်းသမား တွေကလည်း တချို့က ဆိုဝိုးဝါး သိဝိုးဝါး တွေဖြစ်မှာပါ ။ ခိုင် လုံ တဲ့ သတင်းရင်းမြစ် ဟုတ်/မဟုတ် ဆန်းစစ် ဝေ ဖန်ခြင်း မရှိဘဲ ရမ်း ရေးနေ တာတွေ ဆင်ခြင် ဖို့ သင့်ပြီ လို့ ပြောရမှာ ပေါ့ နော် ။ အမှား များလာရင် ကိုယ် ရည် ကိုယ်သွေး ကျတယ် ဆိုတာ သတင်းအမှန် မ ရေးတတ်တဲ့ သတင်းသမား တွေကို ပြောပြ ပေးပါ ။မှားရေးတဲ့ သတင်းသမား တာဝန်ယူမှု တာဝန်ခံ မှု တော့ ရှိရပါမယ် ။ လွတ်လပ်မှုကို သုံးစွဲသူဟာ တာဝန်ယူမှု ကိုလည်း ခံယူကျင့်သုံး ရပါမယ် ။ တာဝန် ရှိသူက ဖြေရှင်း တောင်းပန် ရပါမယ် ။ ဒါမှ မဟုတ် ရင် တရားစွဲဆို ခံရနိုင် ပါတယ် ။
သတင်းသမားများ အမြင် ကြည်လင်း ဘေးကင်းကြပါစေ။

နောက်မသိရင် မှတ်ထား။ ခိုးစားရင် ခွဲပေးရတယ်။ ခံပြောရင် ခွက်ဆွဲပြီး ခွေးဖြစ်သွားအောင် ခါထုတ်ပစ်လိုက်။ အဲဒါ ဘာမှအသံ မထွက်တဲ့နည်းပဲ။ ခင်ဗျားတို့ကို ဘယ်သူမှ ဝင်ငွေနဲ့ ပိုင်ဆိုင်မှု တိုက်မစစ်ဘူး။ ကျုပ်ကလည်း ကျုပ်မိဘကို ချစ်သလို ကျုပ်မိဘကလည်း ကျုပ်ကိုချစ်တော့ ကျုပ်မိဘဆီက ကျုပ်အဆင်ပြေအောင် ကျုပ်ကြိုက်တာ အကုန်ယူတယ်။ ခင်ဗျားတို့လည်း နိုင်ငံတော်ကိုချစ်၊ နိုင်ငံတော်ကလည်း ခင်ဗျားတို့ကိုချစ်ရင် ကြိုက်တာ အကုန်ယူပေါ့ဗျာ။ ပြည်သူတွေ ဘာသိမှာလဲ။ ကိုယ်ပြောချင်တာ ပြောလို့ ရတယ်။ ဒီကောင်တွေ အူတူတူအတတ တွေ။ လူဆိုတာ ကိုယ် အဆင်ပြေဖို့က အဓိကပဲ။ သိတောရော ဘယ်သူ့ ဂရုစိုက်စရာ လိုလဲဗျာ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ပတ်သက်တဲ့သူတိုင်းက မစားရတဲ့အမဲ သဲနဲ့ပက်တတ်တဲ့ စောက်ကျင့်တွေရှိနေတာ အဆိုးဆုံးပဲ ဒီနိုင်ငံကလူတွေ ဘယ်တော့မှလည်း တိုးတက်မှာမဟုတ်ဘူး ကိုယ်စားရရင်ငြိမ်နေပြီး ကိုယ်မစားရရင် ရန်လုပ်တတ်တဲ့ ခွေးတွေလိုပဲ

များများမျို မြန်​မြန်​​သေမှာပါ မပူပါနဲ့ကွယ်​ ၂ဘ၀မရှိပါဘူး

နောင်ဘဝကျရင် အပါယ်လေးဘုံပေါ့

ပွဲ ဆူ အောင် လုပ်တာ မဟုတ် လောက် ပါ ဘူး .. သူတတို့ တတွေ က ပြော တယ် ဆိုတာ ခိုင်မာ တဲ့ ကြောင်း ရင်းကို သိ ပြီးသားမို့  ပြောတာဖြစ် နိုင် ပါ တယ် ..(သိပြီးသား အစိုး၇) ရော မီဒီ ယာ တွေ ရော ကို တိုင်း ပြည် အတွက်
အစ ဖေါ် ပေး တဲ့ သဘော ဖြစ် ပါ တယ် .. ပြန်ကြားရေး တာ ၀န်ခံ ပြော တဲ့ စကားထဲ မှာ ကို အဖြေ က ပါ ပြီးသား ပါ ( အထောက် အထား ခိုင်ခိုင်မာမာပြနိုင် ရင် အစိုးရက ဘာ ဖြစ် တယ် ဆိုလဲ .....) ပြောထားတာလေ အဲဒါကို က သိပြီးသားပါ လို့  ပြော တာပဲ .. မင်းတို့ အထောက်အထားရှာနိုင်ရင်ရှာ ကြ လို့  စိန်ခေါ် တာ လေ ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်