From :
..http://myanmarheadline.blogspot.com/2013/09/blog-post.html
လွန်ခဲ့သောနှစ်ပေါင်း(၂၀)ကျော်ကာလအတွင်းက မြန်မာအနုပညာလောကသည် စည်းစည်းလုံးလုံးနဲ့ညီညွတ် ကြပြီး အသွေးအရောင် ကွဲပြားမှုမရှိပေ။ မြန်မာနိုင်ငံကြီး ဒီမိုကရေစီစနစ်ပြောင်းလဲချိန်မှစ၍ အနုပညာအသိုင်း အ၀ိုင်းအတွင်းစတင်ကွဲပြားလာကြတယ်။ ထိုနောက် NLD ပါတီမှတ်ပုံတင်ပြီးချိန်တွင် သိသိသာသာ ကွဲပြားသွား ကြတယ်။ ပြည်ခိုင်ဖြိုးမင်းသမီး၊ NLD မင်းသားစသည့် အချင်းချင်းတောင်နောက်ပြောင်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးလောကမှာ ကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ဒေါ်အောင်ဆန်း စုကြည်အနားသို့ချဉ်းကပ်နိုင်ရန်အတွက် အနုပညာသမားအများစုဟာ NLD ပါတီရဲ့လုပ်ငန်းတွေကို မျက်နှာလို မျက်နှာရလုပ်ပေးလာကြတာကိုလည်းတွေ့ရပါတယ်။
တချိန်ကနာမည်ကျော် Rapper အဆိုတော် ဇေယျာသော်မှာ ဒေါ်အောင်းဆန်းစုကြည်နှင့်ရင်းနှီးမှုမှတဆင့် လွတ်တော်အမတ် ဖြစ်ခဲ့တယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သွား ပါ ပြီး။ ပြီတော့ သရုပ်ဆောင်ရဲတိုက်လည်း NLD ပါတီဝင် ဖြစ်ပါတယ်။ ချွင်းချက် သူကတော့အချုပ်ထဲမှာပေါ့။ အခု လက်တလောခေတ်စားနေတာကတော့ ဒေါ်အောင်ဆန်းစုကြည်အား ချီးမွမ်းခန်းဖွင့်ထားသည့် သီချင်းကိုသီဆို ပေးတဲ့ အဆိုတော်လင်းလင်းဘဲ ဖြစ်ပါတယ်။ သူဟာဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အချို့မှာပါလိုက်ပါပြီး ထီး တော်မိုးလိုလို ၊ကိုယ်ရံတော်လိုလိုပါ လိုက်ပါလုပ်ဆောင်ပေးတာတွေ့ရပါတယ်။ အခုအချိန်မှာ အနုပညာသမား တော်တော်များများဟာ နိုင်ငံရေးစကားပြောလာကြပါတယ်။ နိုင်ငံရေးစကားမပြောတဲ့ အနုပညာသမားဟာ ထင် ပေါ်ကျော်ကြားမှုမရှိဟု ယူဆလာကြတယ်။ နိုင်ငံရေးလောကနဲ့ အနုပညာလောက ရောယှက်လာတယ်လို့ထင် မြင်မိလာပါတယ်။
အနုပညာသမားတွေ ဘာကြောင့်နိုင်ငံရေးသမားတွေကို ချဉ်းကပ်တယ်ဆိုတာတော့ စဉ်းစားစရာပါဘဲ။ ယခင်အ စိုးရလက်ထက်တုန်းကလည်း ပေါ်လစီကားတွေရိုက်ပြီး အစိုးရကပေးသည့်အခွင့်အရေးများကိုလည်း ရယူခဲ့ကြ တယ်။ NLD ပါတီ ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ထံ ချဉ်းကပ်လာကြတယ်။ ဘာ ကြောင့် ဒီလိုချဉ်းကပ်တာလဲဆိုတော့ စဉ်းစားစရာပါဘဲ။ ချဉ်းကပ်ပုံအမျိုးမျိုးရှိလိမ်မယ့်ထင်တယ်။ တချို့က လည်းအလုပ်ရှိလို့ ဆက်ဆံသလို၊ တချို့ကတော.အကျိုးမျှော်ပြီး ချဉ်းကပ်တာတွေရှိပါလိမ့်မယ်။ တချို့ကလည်း မိမိတို့နာမည်ကြီးဖို့အတွက် နိုင်ငံရေးပါတီများ၏ လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးတဲ့အနုပညာရှင်အများကြီး ရှိပါတယ်။ အနုပညာသမားအချင်းချင်းတောင် သာကူး (ဆိတ်ဝှေးစေ့) လို ဟိုကပ်ဒီကပ်နဲ့ဆိုပြီးအချင်းချင်း ဝေ ထန်မှုတွေရှိလာပါတယ်။ အနုပညာသမားတွေ ဘာကြောင့် နိုင်ငံရေးသမားကိုချဉ်းကပ်သလဲဆိုတော့ သက်ဝင် ယုံကြည်မှုရှိလို့လား၊ နာမည်ကြီးချင်လို့လား၊ ဇေယျာသော်ကိုအားကျပြီးလွှတ်တော်အမတ်လုပ်ချင်တားလား၊တ ခုခုတော့တခုခုပေါ့။ အနုပညာသမားတိုင်းကိုတော့ဆိုလိုချင်းမဟုတ်ပါ။
ယနေ့ခေတ် အနုပညာလောကဟာ လူအများက ဝေဖန်မှုများလာတာကိုတွေ့ရပါတယ်။ မြန်မာအနုပညာလော ကတိုးတက်အောင်ဆောင်ရွက်မယ်လို့ ပါးစပ်ကသာကြွေးကြော်ပြီး လက်တွေ့မှာတော့ဘာမှတိုးတက်လာချင်းမ ရှိဘဲ ပရိတ်သတ်ပြည်သူတွေအတွက် ရွံ့ရှာဖွယ်ကောင်းသည့် မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ဇာတ်ကား၊ သ ရုပ်ပျက်ဝတ်စားဆင်ယင်မှုများသာ တိုးတက်လာပါတယ်။ ပရိတ်သတ်ဝေဖန်တော့လည်း မခံချင်ဘဲ ဝေဖန်သူအ ပြစ်ပြောတဲ့အနုပညာရှင်ကရှိသေးတယ်။ကိုယ်ပိုင်အရည်အချင်းနဲ့နာမည်ကြီးဖို့ထက်ဖြတ်လမ်းနည်းနဲ့နာမည်ကြီး ချင်တဲ့သူကများတယ်။ အနုပညာရှင်တွေဟာ တွေဟာပြည်သူတွေရဲ့ စံထားရတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဘာ ကြောင်လဲဆိုတော့ လူငယ်တွေတော်တော်များများဟာ အနုပညာရှင်တွေရဲ့လုပ်ဆောင်တာတွေကို အတုခိုးပြီး လုပ်ဆောင်ကြလို့ဖြစ်တယ်။ ဒါကြောင့် အနုပညာရှင်တွေဟာ အနုပညာနယ်ပယ်မှာသာမက အပြင်လူမှုရေးနယ် ပယ်တွေမှာလည်း လူငယ်တွေအတွက် စံထားရတဲ့အနုပညာရှင်အဖြစ်နေထိုင်သွားသင့်တယ်လို့တော့ ထင်မိပါ တယ်။
ခေတ်သစ်ရာဇာ
နိုင်ငံရေးနှင့်အနုပညာသည် မည်သို့မှမသက်ဆိုင်သော အရာနှစ်ခုဖြစ်သည်။ တခါတရံ
နိုင်ငံရေးသမားများက သူတို့သြဇာလွမ်းမိုးရေးအတွက်
ခေါ်ယူအသုံးချတာတွေလည်းရှိသလို အနုပညာသမားတွေကလည်း ၄င်းတို့နာ
မည်ကြီးဖို့အတွက် နိုင်ငံရေးသမားတွေကိုချဉ်းကပ်တာလည်းရှိပါတယ်။
သို့ပေမယ့်လည်း နိုင်ငံရေးနှင့်အနုပညာ လုပ်ငန်းမှာ
မအပ်စပ်သောအရာနှစ်ခုဖြစ်တယ်။အနုပညာအသိုင်းအ၀ိုင်းများသည်
ရှုပ်ထွေးပွေလီမှုများနှင့် ပြည့်နှပ်နေကြတယ်။ အထူးသဖြင့် မြန်မာအနုပညာ
လောကတွင် မြန်မာ့ပရိတ်သတ်များကပင် လက်မခံသည့် အနုပညာရှင်များစွာရှိသည်ကို
ယခုအခါ တွေ့ရှိလာ ပါတယ်။ မြန်မာပရိသတ်များသည် အနုပညာပိုင်းတွင်
ကိုယ်ကျင့်သိက္ခာရှိပြီး အနုပညာအရည်အသွေးပြောင် မြောက်သူများကိုသာ
အားပေးချင်ကြပြီး တန်ဖိုးထားလေးစားကြတယ်။ အနုပညာဟုအမည်ခံကာ နာမည်ကြီး
ဖို့အတွက် လျှပ်ပေါ်လော်လီလုပ်သူများ၊ နိုင်ငံရေးယောင်ယောင် ဟိုယောင်ယောင်
ဒီယောင်ယောင်လုပ်သူများ ကြောင့် အနုပညာလောကလည်း နာမည်ပျက်ရပါတယ်။
လွန်ခဲ့သောနှစ်ပေါင်း(၂၀)ကျော်ကာလအတွင်းက မြန်မာအနုပညာလောကသည် စည်းစည်းလုံးလုံးနဲ့ညီညွတ် ကြပြီး အသွေးအရောင် ကွဲပြားမှုမရှိပေ။ မြန်မာနိုင်ငံကြီး ဒီမိုကရေစီစနစ်ပြောင်းလဲချိန်မှစ၍ အနုပညာအသိုင်း အ၀ိုင်းအတွင်းစတင်ကွဲပြားလာကြတယ်။ ထိုနောက် NLD ပါတီမှတ်ပုံတင်ပြီးချိန်တွင် သိသိသာသာ ကွဲပြားသွား ကြတယ်။ ပြည်ခိုင်ဖြိုးမင်းသမီး၊ NLD မင်းသားစသည့် အချင်းချင်းတောင်နောက်ပြောင်လာကြတယ်။ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေးလောကမှာ ကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်။ဒေါ်အောင်ဆန်း စုကြည်အနားသို့ချဉ်းကပ်နိုင်ရန်အတွက် အနုပညာသမားအများစုဟာ NLD ပါတီရဲ့လုပ်ငန်းတွေကို မျက်နှာလို မျက်နှာရလုပ်ပေးလာကြတာကိုလည်းတွေ့ရပါတယ်။
တချိန်ကနာမည်ကျော် Rapper အဆိုတော် ဇေယျာသော်မှာ ဒေါ်အောင်းဆန်းစုကြည်နှင့်ရင်းနှီးမှုမှတဆင့် လွတ်တော်အမတ် ဖြစ်ခဲ့တယ်။ အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သွား ပါ ပြီး။ ပြီတော့ သရုပ်ဆောင်ရဲတိုက်လည်း NLD ပါတီဝင် ဖြစ်ပါတယ်။ ချွင်းချက် သူကတော့အချုပ်ထဲမှာပေါ့။ အခု လက်တလောခေတ်စားနေတာကတော့ ဒေါ်အောင်ဆန်းစုကြည်အား ချီးမွမ်းခန်းဖွင့်ထားသည့် သီချင်းကိုသီဆို ပေးတဲ့ အဆိုတော်လင်းလင်းဘဲ ဖြစ်ပါတယ်။ သူဟာဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်အချို့မှာပါလိုက်ပါပြီး ထီး တော်မိုးလိုလို ၊ကိုယ်ရံတော်လိုလိုပါ လိုက်ပါလုပ်ဆောင်ပေးတာတွေ့ရပါတယ်။ အခုအချိန်မှာ အနုပညာသမား တော်တော်များများဟာ နိုင်ငံရေးစကားပြောလာကြပါတယ်။ နိုင်ငံရေးစကားမပြောတဲ့ အနုပညာသမားဟာ ထင် ပေါ်ကျော်ကြားမှုမရှိဟု ယူဆလာကြတယ်။ နိုင်ငံရေးလောကနဲ့ အနုပညာလောက ရောယှက်လာတယ်လို့ထင် မြင်မိလာပါတယ်။
အနုပညာသမားတွေ ဘာကြောင့်နိုင်ငံရေးသမားတွေကို ချဉ်းကပ်တယ်ဆိုတာတော့ စဉ်းစားစရာပါဘဲ။ ယခင်အ စိုးရလက်ထက်တုန်းကလည်း ပေါ်လစီကားတွေရိုက်ပြီး အစိုးရကပေးသည့်အခွင့်အရေးများကိုလည်း ရယူခဲ့ကြ တယ်။ NLD ပါတီ ရွေးကောက်ပွဲဝင်ပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ထံ ချဉ်းကပ်လာကြတယ်။ ဘာ ကြောင့် ဒီလိုချဉ်းကပ်တာလဲဆိုတော့ စဉ်းစားစရာပါဘဲ။ ချဉ်းကပ်ပုံအမျိုးမျိုးရှိလိမ်မယ့်ထင်တယ်။ တချို့က လည်းအလုပ်ရှိလို့ ဆက်ဆံသလို၊ တချို့ကတော.အကျိုးမျှော်ပြီး ချဉ်းကပ်တာတွေရှိပါလိမ့်မယ်။ တချို့ကလည်း မိမိတို့နာမည်ကြီးဖို့အတွက် နိုင်ငံရေးပါတီများ၏ လုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးတဲ့အနုပညာရှင်အများကြီး ရှိပါတယ်။ အနုပညာသမားအချင်းချင်းတောင် သာကူး (ဆိတ်ဝှေးစေ့) လို ဟိုကပ်ဒီကပ်နဲ့ဆိုပြီးအချင်းချင်း ဝေ ထန်မှုတွေရှိလာပါတယ်။ အနုပညာသမားတွေ ဘာကြောင့် နိုင်ငံရေးသမားကိုချဉ်းကပ်သလဲဆိုတော့ သက်ဝင် ယုံကြည်မှုရှိလို့လား၊ နာမည်ကြီးချင်လို့လား၊ ဇေယျာသော်ကိုအားကျပြီးလွှတ်တော်အမတ်လုပ်ချင်တားလား၊တ ခုခုတော့တခုခုပေါ့။ အနုပညာသမားတိုင်းကိုတော့ဆိုလိုချင်းမဟုတ်ပါ။
ယနေ့ခေတ် အနုပညာလောကဟာ လူအများက ဝေဖန်မှုများလာတာကိုတွေ့ရပါတယ်။ မြန်မာအနုပညာလော ကတိုးတက်အောင်ဆောင်ရွက်မယ်လို့ ပါးစပ်ကသာကြွေးကြော်ပြီး လက်တွေ့မှာတော့ဘာမှတိုးတက်လာချင်းမ ရှိဘဲ ပရိတ်သတ်ပြည်သူတွေအတွက် ရွံ့ရှာဖွယ်ကောင်းသည့် မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ဇာတ်ကား၊ သ ရုပ်ပျက်ဝတ်စားဆင်ယင်မှုများသာ တိုးတက်လာပါတယ်။ ပရိတ်သတ်ဝေဖန်တော့လည်း မခံချင်ဘဲ ဝေဖန်သူအ ပြစ်ပြောတဲ့အနုပညာရှင်ကရှိသေးတယ်။ကိုယ်ပိုင်အရည်အချင်းနဲ့နာမည်ကြီးဖို့ထက်ဖြတ်လမ်းနည်းနဲ့နာမည်ကြီး ချင်တဲ့သူကများတယ်။ အနုပညာရှင်တွေဟာ တွေဟာပြည်သူတွေရဲ့ စံထားရတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ ဘာ ကြောင်လဲဆိုတော့ လူငယ်တွေတော်တော်များများဟာ အနုပညာရှင်တွေရဲ့လုပ်ဆောင်တာတွေကို အတုခိုးပြီး လုပ်ဆောင်ကြလို့ဖြစ်တယ်။ ဒါကြောင့် အနုပညာရှင်တွေဟာ အနုပညာနယ်ပယ်မှာသာမက အပြင်လူမှုရေးနယ် ပယ်တွေမှာလည်း လူငယ်တွေအတွက် စံထားရတဲ့အနုပညာရှင်အဖြစ်နေထိုင်သွားသင့်တယ်လို့တော့ ထင်မိပါ တယ်။
အနုပညာသည်များအနေဖြင့် ပြည်သူကိုတကယ်ချစ်တယ် ပြည်သူကို
အလုပ်အကျွေးပြုနေတယ် လို့ ပြောနေတာ အမှန်တကယ်ဆိုလျှင် မိမိတို့ရဲ့
အနုပညာကို အသုံးချပြီး ပြည်သူတွေကို အဆိပ်မခတ်ပါနဲ့
။မြန်မာ့လူမှူပတ်ဝန်းကျင် ယဉ်ကျေးမှူသဘာဝတွေနဲ့ သဟဇတဖြစ်ပြီး မြန်မာဆိုတာ
ဒါပဲလို့ ဝံ့ဝံ့ကြွားကြွား ဖော်ထုတ့်ပြနိုင်တဲံ့ အနုအညာကွက်များကို
ဖော်ထုတ်ပေးကြပါ ။ နိုင်ငံရေးနဲ့ အနုပညာနဲ့ မရောစပ်ကြပါနဲ့
။ကယ်လီဖိုးနီးယားပြည်နယ်မှူး အာနိုး ကို အတူယူကြစမ်းပါ ။နိုင်ငံရေးနဲ့
အနုပညာနဲ့ မရောစပ်လိုက်ကြပါနဲ့ ။နိုင်ငံရေးပေါ်ပေါ်လိုက်ရေစီးကြောင်းထဲမှာ
နာမည်ကျော်ဖို့အတွက် မိမိတို့ အတ္တကိုယ်ကျိုးစီးပွါးနဲ့ အတ္တဆန်တဲ့
ပုဂ္ဂိုလ်ရေးကိုးကွယ်ခံစားမှူတွေ အတွက် အနုပညာကို
ဝါဒဖြန့်ချီရေးမလုပ်ကြပါနဲ့တော့ ။အနုပညာသည်တွေ အခုလုပ်နေတာတွေ
မှန်ကန်တယ်လို့ ခံယူနေတယ်ဆိုရင် ဘာလို့များ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေကလို
အချင်းချင်းဆန္ဒပြ ဖြုတ်ချတာတွေ ရှိလာတာလဲ ။ပြည်သူလူထုအနေနဲ့ကလည်း
ပိတ်ကားထက်က သရုပ်ဆောင်မှူကို အပြင်လက်တွေ့ဘဝက အနုပညာသည် တွေရဲ့ နေထိုင်မှူ
စိတ်နေစိတ်ထားစရိုက်လက္ခာဏာတွေနဲ့ တွဲဘက်ကြည့်မြင်နေတဲ့ ခေတ်ရောက်နေပြီမို့
ကိုယ့်ကိုယ်ကျိုး အတ္တတွေ ပုဂ္ဂိုလ်ရေးခံစားမှူတွေ အတွက်
မိမိတို့ပေးဆပ်နေတဲ့ အနုပညာဟာ အဆိပ်လား ဆေးလားဆိုတာ ကိုယ့်ဘာသာပဲ
သုံးသပ်ပြီး ရဲရဲဝံ့ဝံ့ ဝန်ခံလိုက်ကြပါလို့ ပြောပါရစေ။
ခေတ်သစ်ရာဇာ
9 comments:
သား လေး ရေ အ ဖေ နှင့် အ မေ သား ကို ဘယ် တော့ မှ မေ့ လို့ မ ရ ပါ သား လေး ဆုးံ တာ ၁၈ ရက် ရှိ ပြီ
ဘဝဆက် တိုင်း ဆက် တိုင်း သား လေး ကို မေ့  မ ရ ပါ
သား အ လိမ္မာ လေး ရေ
ပခက တာ တီး မိ သား စု
သား လေး ရေ
အ ဖေ ဘယ် လောက် ချစ် တယ် ဆို တာ သား သိ ပါ တယ် အ မေ ဘယ် လောက် ချစ် တယ် ဆိုတာ သား သိ ပါ တယ် သား လေး ဆုးံ တာ ၁၈ ရက် ရှိ ပြီ တ နေ့ မှ မေ့ မ ရ ပါ အ ဖေ တို့လူ ဒါန်း ထား သ မျှ သား လေး အ တွက် ပါ ရောက် လေ ရာ ဘဝ က သာ ဓု ခေါ် ပါ သား လေး ရယ်
ပခက အ ဖေ နှင့် အ မေ
လူမင်းနဲ့ ကုလားဆောင်းဦးလှိုင်တို့ကတော့ အဆိုးဆုံးပေါ့ရှင်။ အမေစုအရှိန်အ၀ါသုံးပြီး..သူတို့ရဲ့အနုပညာနယ်ပယ်မှာ ကျဆင်းနေတဲ့ popularity ကို ပြန်ဆယ်တင်ချင်လို့ ဆိုတာ အထင်အရှားဖြစ်ပြီး၊လူရီစရာဂျီးပါရှင်။ ဆောင်းဦးလှိုင် ကျမတို့ အမေရိကရောက်လာတော့ ကျတော့်ကို သိကြပါသလားခင်ဗျား ဆိုတော့..အမေရိကား က မြန်မာတွေ အများစု က မသိကြပါဘူးခင်ဗျားလို့ ရိုးရိုးသားသားပြောကြတော့..သူ စောက်ရှက်ဗြန်းဗြန်းကွဲခဲ့ပါတယ်။ ဒါကြောင့်...ဘာမှမဆိုင်တဲ့ အမေစုကို ပြန်ကပ်..မွေးနေ့ပွဲ ဖယောင်းတိုင်ဝင်ညှိပေးသလိုဘာလိုလိုနဲ့.. ကိုယ်ကျိုးရှာတဲ့ သူပါရှင့်။
ကို တာ တီး ဘာ ကြော င့် ဆုံး သွား တာ တုန်း ရှ င်။ စိတ် မ ကော င်း လို က် တာ ။
မြနိ မာ ချ စ် သူ
မြန်မာဇာတ်ကားတွေအဆင့်မှီးဘို့ထက် မြန်မာပြည်က
မောင်နှမ သားအမိတွေ အတူတူထိုင်ကြည့်လို့ရအောင်ရိုက်ပေးပါ ကျွန်တော်ပြော
တာ သဘောပေါက်မယ်လို့ထင်ပါတယ်
မေး ဖေါ် ရ တာ ကို ကျေး တင် ပါ တယ် သား လေး ဖြိုါ်း ဝေ လင်း ပါ GTC ကျောင်း သား လေး ပါ B test 2 အောင် ရုံ အောင် တာ ပါ BEမ ပါ တော့ ရန် ကုန် မှာ သင် တန်း ၆ လ တက် ပြိး ရင် စင်္ကာ ပူ မှာ ကေိာင် တက် မယ် ပေါ့ ရန် ကုန် သွား ခါ နိး ၃ရက် အ လို မှာ သား က ရင် အောင့် တတ် တော့ ဆေး စစ် ခိုင်း တယ် အဲ ဒီက စ ပြိး ကံ ဆိုး တော့ တာ ပါ သား လေး ကို ဓါတ် မှန် ရိုက် ကြည့် တော့ အ ဆုတ် ဘယ် ဘက် ချမ်း မှာ အ ကြိတ် တွေ ရ တယ် မန်္တလေး သွာ ပြ တော့ ကင် ဆာ တဲ့ ရန် ကုန် အာ ရှတော် ဝင် မှာ ခွဲ ပါ တယ် ၁ရက် ၁လ ၂၀၁၃ က စ ဖြစ် ပါ တယ် ခွဲ ပါ တယ် ဆေး သွင်း ပါ တယ် ရန် ကုန် ကို အ ခေါက် ပေါင် မ နည်း ရောက် ပါ တယ် မ သက် သာ ပါ ၇ လ ပိုင်း မှာ မန္တလေ မြို့ တော် မှာ ၁လ အ ကြာ ပြ ပါ တယ် မ ထူး ပါ ခြေ ထောက် က ၄ လ ပိုင် အစ က စ ပြိး မ လျှောက် တော့ ပါ အိပ် ယာ ထဲ မှာ ဘဲ နေ ရ ပါ တယ် ကျ နော် အား လုးံ ဒုက္ခ အ ကြိး အ ကျယ် ရောက် ရပါ တယ် သား လေး ရော ဂါ ပျောက် ဘို့ အ တွက် ရန် ကုန် မန်း မုံ ရွာ မြင်း ခြံ အ ခေါက် အ ခေါက် အ ခါ ခါ သော က တွေနဲ့ ကြိုး စား ပြိး ဆေး ရှာ ကု ပါ တယ် အ င်္ဂလိပ် ဆေး က မ ပျောက် တော့ တိုင်း ရင်း ရှာ ပြိး ကု ပါ တယ်
ကျ နော် တို့ အ ဖြစ် က မ ပ တာ မြေ မှာ လူး ရတဲ့ အ ဖြစ် ပါ 1 -1 - 2013 မှ 15- 8 2013 မှာ ကွန် လွန် ခဲ့ ပါ တယ် သား လေး ရော ဂါ ရ တဲ့ အ ချနိ အ တွင်း မှာ ဒုက္ခ တွေ အ များ ကြိး ကျန် ပါ သေး တယ် မ ဆရး တော့ ပါ မိတ် ဆွေ သား လေး က ကံ ဆိုး လှ ပါ တယ် ဝတ် ကျွေး ရှိ ရင် ကျေ ပါ တော့
လူ သား အား လုးံ ကင် ဆာ ရော ဂါ နဲ့ ကင်း ဝေး ကြ ပါ စေ
ပ ခ က တာ တီး
ဝမ်းနည်းပါတယ်တာတီးဖေဖေ။ အမှန်က ခင်ဗျားသားသေရမဲ့အစား ဓါတ်ပုံရှင် သေရမှာဗျ။ သူ့သီချင်းနားမထောင်ရလဲ ကိစ္စမရှိဘူး။ ငကန်းသေရင်ငစွေ တွေ ကော၊ ငကျိုးတွေကော..ဒုက္ခိတွေအများကြီး။ လွမ်းလောက်စရာဘာမှ ကိုမရှိဘူး
အ မျှ ဝေ ရင်း နဲ့ ကော င်း ရာ သု ဂ တိ လား ပါ စေ လို့ ဆု တော င်း ပေ ပါ လျု က် ပါ တယ် ။ အ မျှ အ မျှ အ မျှ
မြန် မာ ချ စ် သူ
ကိုတာတီးလိုပဲ
ထပ်တူထပ်မျှ ခံစားရပါတယ်ဗျာ။
အရမ်းစိတ်မကောင်းကြီးစွာ ဖြစ်ရပါတယ်။
ကိုတာတီးသားလေး
ကောင်းရာသုဂတိရောက်ပါစေဗျာ။
( မြေလတ်လုလင် )
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်