Subscribe to our RSS Feed

ကလေးသူငယ်ကိုအဓ္ဓမကျင့်လျှင် သေဒဏ်ပေးနိုင်ရန် ဦးသိန်းညွှန့်ကြိုးစားနေ

From : ..ပပ


ပထမအကြိမ်ပြည်သူ့ လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေး တွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်မှ (၁၈၆၁) ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် အဆိုတင်သွင်း ခဲ့သော်လည်း လွှတ်တော်တွင် အငြင်းအခုန်ဖြစ်ပွားမှုကြောင့် အဆိုတင်သွင်းခြင်းမအောင်မြင်ခဲ့ ကြောင်း သိရသည်။ ၎င်းအဆိုတင် သွင်းမှုကို အောင်မြင်ရန်အတွက် နောင်ကျင်းပပြုလုပ်မည့်ပြည်သူ့ လွှတ်တော်အစည်းအဝေးတွင် ဆက်လက်တင်သွားမည်ဟုပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးသိန်းညွှန့် မှပြောသည်။

“ပုဒ်မ (၃၇၆) မှာ ပြင်ဆင် ထားတဲ့အချက်ကတော့ ကျွန်တော် တို့နိုင်ငံရဲ့ ကလေးသူငယ်ဥပဒေမှာ လည်း ကလေးသူငယ်ဆိုတာ အသက် (၁၆) နှစ်မပြည့်သေးတဲ့ အရွယ်ကိုဆိုတယ်လို့ပြဋ္ဌာန်းထား ပါတယ်။ ဒါကြောင့် (၁၆) နှစ် မပြည့်သေးတဲ့ ကလေးသူငယ်တွေ ကို မုဒိမ်းကျင့်ခံရသော မိန်းမသည် အသက် (၁၆) နှစ်မပြည့်သေး သော ကလေးသူငယ်ဖြစ်လျှင် မုဒိမ်းမှုကျူးလွန်သူကိုသေဒဏ်ချ မှတ်ရမည့်အပြင်ငွေဒဏ်လည်းချ မှတ်နိုင်သည်ဆိုတဲ့ ပြင်ဆင်ချက် တင်သွင်းရခြင်းဖြစ်ပါတယ်။ ဘာကြောင့်ဒီလိုတင်သွင်းရသလဲ ဆိုရင် အခုတလောအသက်မပြည့် သေးတဲ့ သူငယ်တွေအပေါ်မှာ ကျူးလွန်တဲ့ မုဒိမ်းမူများဟာ အင်မတန်များပြားလာတယ်။ အဲဒီမှာဘယ်လောက်ထိတုန်လှုပ် စေသလဲဆိုရင် ဖခင်အရင်းဖြစ်သူ က သမီးအရင်းဖြစ်သူကို မုဒိမ်း ကျင့်တဲ့အမှုတွေပါ။ အရင်တုန်း က ဒီလိုဖြစ်ရပ်မျိုးတွေမရှိခဲ့ဘူးလား ဆိုရင်ရှိခဲ့ပါတယ်။သို့သော်အင်မတန် မှအရေအတွက်နည်းတယ်။ ဒါကြောင့် ကြီးလေးတဲ့ပြစ်မူတွေ မှာ ပြစ်မူကျူးလွန်ဖို့အလားအလာ ရှိတဲ့သူတွေကို နောင်မကျူးလွန် အောင်ကြောက်သွားအောင် နောက်ထပ်မလုပ်ရဲအောင်ဟန့်ထား ဖို့အတွက် သတ်မှတ်ထားတဲ့ပြစ် ဒဏ်ပါ”ဟု ၎င်းကပြောသည်။

အချို့သောနိုင်ငံခြားသားများ က မြန်မာနိုင်ငံသို့လာသော ရည်ရွယ်ချက်များတွင် အိမ်နီးချင်း နိုင်ငံအချို့တွင် ကဲ့သို့ကလေး သူငယ်များနှင့် ပျော်ပါးချင်၍လာ ရောက်ကြခြင်းဖြစ်ကြောင်း၊ ၎င်း နှင့် ပတ်သက်၍ယခုအချိန်တွင် သတင်းများစတင်ကြားနေရပြီဖြစ် ကြောင်း၊ ယခုအချိန်တွင် ပြဋ္ဌာန်း ဥပဒေပြစ်မူမကျူးလွန်အောင်ဟန့် တားဖို့လိုကြောင်း၊ ကမ္ဘာ့နိုင်ငံများ တွင် သေဒဏ်ချမှတ်သော နိုင်ငံ ရှိကြောင်း၊ မြန်မာနိုင်ငံသည်ကမ္ဘာ့ ရှေးအကျဆုံးပြစ်ဒဏ်ဖြစ်သော သေဒဏ်ပြဋ္ဌာန်းချက်ကို ကလေး သူငယ်များအပေါ်ကျူးလွန်လာ သော ပုဂ်္ဂိုလ်များအတွက် ဟန့်တား ရန်သုံးသင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကလေးသူငယ်တွေနဲ့ ပတ်သက် ပြီးတော့ အကာအကွယ်တွေပေး ထားတာရှိပါတယ်။ ဒီအကာ အကွယ်မှာကလေးသူငယ်တွေခံစား နိုင်ဖို့လိုပါတယ်။ အလားတူပဲ ကျွန်တော်တို့နိုင်ငံကလက်မှတ်ရေး ထိုးခဲ့တဲ့ (၁၉၉၁) ခုနှစ်ကလေး သူငယ်အခွင့်အရေးဆိုင်ရာကုလ သမဂ္ဂသဘောတူစာချုပ်အပိုဒ် (၃၄) မှာလည်း ကလေးသူငယ် အားလုံးသည် လိင်မှုကိစ္စစော်ကား ညှဉ်းပန်းခြင်းမှ အကာအကွယ်ရ ပိုင်ခွင့်ရှိသည်လိုပြဋ္ဌာန်းထားပါ တယ်။ အဲတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရသော်လည်းကောင်း၊ လက်မှတ်ထိုးခဲ့တဲ့ကလေးသူငယ် အခွင့်အရေးဆိုင်ရာကုလသမဂ္ဂညီ လာခံသဘောတူစာချုပ်အပိုဒ် (၃၄) အရထိရောက်တဲ့ အကာ အကွယ်တွေပေးနိုင်ဖို့ဆိုရင် ဟန့်တားတဲ့ ပြစ်ဒဏ်တွေချမှတ်နိုင် ဖို့က ရာဇသတ်ကြီး ပုဒ်မ (၃၇၆) မှာ ကလေးသူငယ်ကို ကျူးလွန် တဲ့သူတွေကို သေဒဏ်အပြင်ငွေ ဒဏ်လည်းချမှတ်နိုင်တယ်ဆိုတဲ့ အချက်ကို ပြင်ဆင်ဖို့ပြည်သူ့ လွှတ်တော်ကို ကျွန်တော်တင်သွင်း တဲ့အခါမှာ အငြင်းအခုန်ဖြစ်တဲ့ အတွက် မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီဟာကိုပဲ အခုလာမယ့် လွှတ်တော်မှာဆက်လက်တင်သွင်း သွားမှာပါ”ဟု သင်္ဃန်းကျွန်းမြို့ နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်ကထပ်မံပြောသည်။


.. www.MyanmarExpress.net
 

9 comments:

ဆ ရာ ပညာ ရှိ ကြိး ယခင် ခေါတ် နဲ့ မ တူတော့ ဘူး နော် ဆုတ် ကဒ် ခေါတ် ပါ ၁၆ နှစ် ဆို ရင် အ ပီူ ကြိး ဖြစ် နေ ပြိ

က လေး မ ဟုတ် တော့ ဘူး ဖြစ် လာ မယ့် ဆိုး ကိုး တွေ ပြန် က်ြည့ အုးံ စစ် သား တောင် ၁၆ နှစ် လောက် နဲ့ ဝင် ခွှခွှင့် ပြု သင့် တယ် ၁၅ နှစ် နဲ့ ယူ နေ ကြ တာ တော့ ဘယ် လို လုပ် မှာ လဲ

ဆေး ပြား တွေ ပြန့်  နေ တာ ကို ဘဲ လုပ် ကြ ပါ ပ ခက္ကူ မှာ ပြောင် တောင် လု နေ ကြ ပြိ ဘိန်း စွဲ နေ တဲ့ ကောင် တွေ လေ ဆေး ပြား ကုန် ကူး တဲ့ ကောင် တွေ နဲ့ အာ ဏာ ပိုင် တွေ နဲ့ အ တူ တူ ပါ ဘဲ အာ ဏာ ပိုင် တွေ က ငွေ ယူ ထား တယ် လေ ဆေး ပြား ကုန် သည် ကြိး ကို မ ဖမ်း ပါ လုပ် ကြ ပါ ခင် ဗျား တို့ သား သ မီး တွေ စွဲ ကာ မှ နောင် တ ရ မယ်


ပခက တာတီး

အောင် မြင် ပါ စေ

အောင် မြင် ပါ စေ..
ရှိ သင့် ပါ တယ် ဒီ လို ဥ ပ ဒေ မျိုး

ကောင်းတယ် အဲဒီအစီအစဉ်ကို ထောက်ခံတယ် ။ ဟိုတခါက မထောက်ခံပဲ ညင်းဆိုတဲ့ အမတ်တွေ သူတို့သားသမီး နဲ့ မြေးတွေခံရမှ သိမှာ။

ဒီ လို ဥ ပ ဒေ အ မြန် ဆုံး အ တည် ဖြစ် အောင် ကြိုး စား သင့် ပါ တယ်

1-WE DO NOT WANT TO KILL ANY PERSON BUT
WE NEED THE REVISE LAWS OR NEW LAWS TO
PROTECT OUR CHILDREN.
2-PLEASE KEEP ON TRYING REPEATEDLY UNTIL
SUCCEED THE PROPOSE LAWS.
3-WE NEED ALL LUTTAW MEMBERS TO DISCUSS
ALL PROPOSE LAWS PROS AND CONS AND THEN
ONLY DECIDE THE BEST SOLUTION.
4-LAW MAKERS ARE VERY IMPORTANT.ALL DISCUSSIONS ARE IMPORTANT.ALL VOTES ARE
IMPORTANT. ALL OUT COME ARE IMPORTANT.
5-THIS PROPOSE LAW AIM TO PROTECT OUR
YOUNG GIRLS.OF COURSE WE NEED IT OR REVISE IT.
CANNOT UNDERSTAND WHY REJECTED THE PROPOSAL.
6-NOTICED SOMETIMES PROPOSAL FAILED DUE TO ONE
OBJECTION AND NOT THE MASS DECISION.WHY?
7-VERY FEW PEOPLE UNDERSTAND THE LEGAL
PROBLEM IN ALL COURTS.
8-TE PRESENT LEGAL SYSTEM SET UP IN SUCH A
WAY THAT IT TOOK MANY YEARS,MANY STEPS,MANY
COURTS,GO UP AND DOWN COURTS AND STILL NOT
GET THE PERMISSION TO SUE FOR DAMAGES AND
LOSSES.ITS ALREADY PASSED THROUGH SIX COURTS.
WHY HAPPEN LIKE THAT?
WHY TAKING MANY YEARS?
HOW CAN GET FAIR TRIAL?
9-WE NEED TO REVISE OR OVERHAUL THE LEGAL
SYSTEM.
10-WE KNEW THE PROBLEMS BUT WE BETTER NOT
TO WRITE.
11-WE NEED ALL COURT CASES TRIAL WITH "TWELVE
MEMBER JURY SYSTEM".
12-REQUEST PLEASE CHANGE THE SYSTEM.

ဒီလိုဥပဒေမျိုး ပြဌါန်းသင့်ပါတယ်။ ၁၄နှစ် ၁၅နှစ်ကို သိပ်မဆိုလိုပေမဲ့ ၅နှစ်၊
၆နှစ်၊ ရနှစ်၊ ၈နှစ် ၉နှစ် ၁၀နှစ်အရွယ်တွေကို မုဓိန်းကျင့်၇င် ၊မဖွယ်မရာလုပ်ရင် ပြင်းထန်တဲ့ ဥပဒေနဲ့နိပ်ကွပ်သင့်ပါတယ်။ လွှတ်တော်က
အမတ်တွေနဲ့ အငြင်းအခုန်ဖြစ်ခဲ့ရတယ်ဆိုတော့ ဒီလွှတ်တော်အမတ်တွေက ကလေးတွေကို မကောင်းကြံစည်တဲ့ အထဲမှာပါနေလို့လား။

အောင် မြင် ပါ စေ..
အမတ်တွေနဲ့ အငြင်းအခုန်ဖြစ်ခဲ့ရတယ်ဆိုတော့ ဒီလွှတ်တော်အမတ်တွေက
ကလေးတွေကို မကောင်းကြံစည်တဲ့ အထဲမှာပါနေလို့လား။
ဒီ လို ဥ ပ ဒေ အ မြန် ဆုံး
အ တည် ဖြစ် အောင် ကြိုး စား သင့် ပါ တယ်

1-U THEIN NYNUT YOU ARE RIGHT.
2-WE NEED LAWS TO PROTECT OUR GIRLS AND WOMEN.
3-PLEASE KEEP TRYING UNTIL PASS THE LAWS.
4-WE DO NOT WANT TO KILL ANY BODY BUT
ALL CRIMINAL MUST RECEIVE THE PUNISHMENTS.
5-THE EFFECTIVE CRIMES PREVENTION IS THE
MAIN DUTY OF GOVERNMENT,LAW MAKERS
AND JUDGES.
6-PLEASE DO NOT TAKE THE JOB IF NOT WILLING TO TAKE EFFECTIVE CRIMES PREVENTION.
7-OUR COUNTRY AND OUR PEOPLE SUFFERED
TOO MUCH DUE TO THE KING MINDON AND
KING THEBAW BECAUSE THEY FAILED TO PREPARE STRONG ARMED FORCES AS A KING
DUTY BUT THEY LIKE TO STAY LIKE AN ORDINARY MONK.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်