Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ၊ တရားလွှတ်တော်ချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်သည့် ပြည်ထောင်စုလွှတ်တော် နာယက တာဝန်လွှဲပြောင်းခြင်း အခမ်းအနား ကျင်းပ

From : ..eleven

T-1-8
ပြည်ထောင်စုလွှတ်တော် နာယကတာဝန် ထမ်းဆောင်ရန် ယခင်ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က နာယကသစ် သူရဦးရွှေမန်းသို့ အဆောင်အယောင် လွှဲအပ်စဉ်
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအ၀င် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်သည့် ပြည်ထောင်စုလွှတ်တော် နာယကတာဝန် လွှဲပြောင်းခြင်း အခမ်းအနားကို ဇူလိုင် ၃၁ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပခဲ့သည်။
၂၀၁၁ ခုနှစ် ဇန်န၀ါရီ ၃၁ ရက်က စတင်ဖွင့်လှစ် ကျင်းပခဲ့သည့် ပထမအကြိမ် လွှတ်တော်အစည်းအဝေးသည် ယခု ၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် လပေါင်း ၃၀ ပြည့်မြောက်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့် နေ့ရက်ထိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း၊ ကျန်သက်တမ်း ကာလအတွက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့က ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက တာဝန်ကို ထမ်းဆောင်ရမည် ဖြစ်သည့်အတွက် တာဝန်လွှဲပြောင်းခြင်း အခမ်းအနား ကျင်းပခြင်းဖြစ်သည်။
ထို့အတွက် ကျန်သက်တမ်း ကာလတစ်လျှောက် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အစား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှဲပြောင်းတာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်၏ အနာဂတ် လုပ်ငန်းများဟာ ပိုမိုလေးနက်သော တာဝန်ကြီးများကို ထမ်းဆောင်ရန် ရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့် ချက်တွေနဲ့အညီ အောင်မြင်စွာ ဆောင်ရွက်နိုင် လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောပြီး ဒီမိုကရေစီ အောင်ပန်းကို ဆွတ်လှမ်းနိုင်ရန်အတွက် . . . . .
အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒုတိယသမ္မတ (၁) ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယသမ္မတ (၂) ဦးဥာဏ်ထွန်းတို့ ဦးဆောင်သော ပြည်ထောင်စုအဆင့် အကြီးအကဲများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ပြည်ထောင်စု တရားသူကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့သည့်အပြင် ဗြိတိန်အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. John Bercow နှင့် လေ့လာရေးအဖွဲ့များပါ တက်ရောက်ခဲ့သည်။
U-1-8
ပြည်ထောင်စုလွှတ်တော် နာယကတာဝန် လွှဲပြောင်းခြင်း အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတများ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ပြည်ထောင်စု ၀န်ကြီးများကို တွေ့ရစဉ်
အခမ်းအနားတွင် လပေါင်း ၃၀ အတွင်း ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူခဲ့သည့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ၎င်းတာဝန်ယူစဉ် ကာလအတွင်း လုပ်ဆောင်ခဲ့မှုများနှင့် ပတ်သက်၍ ရှင်းလင်းခဲ့ပြီး ၂၀၁၁ ခုနှစ်အတွင်း ဥပဒေ ၁၅ ခု၊ ၂၀၁၂ ခုနှစ်အတွင်း ဥပဒေ ၂၄ ခုနှင့် ၂၀၁၃ ခုနှစ်အတွင်း ဥပဒေ ၁၉ ခု၊ စုစုပေါင်း ဥပဒေ ၅၈ ခုအထိ ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။
"ပြည်ထောင်စုလွှတ်တော်၏ အနာဂတ် လုပ်ငန်းများဟာ ပိုမိုလေးနက်သော တာဝန်ကြီးများကို ထမ်းဆောင်ရန် ရှိကြောင်းနဲ့ ပြည်သူ့ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက်တွေနဲ့အညီ အောင်မြင်စွာ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောပြီး ဒီမိုကရေစီ အောင်ပန်းကို ဆွတ်လှမ်းနိုင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း နိဂုံးချုပ်အပ်ပါတယ်" ဟု ဦးခင်အောင်မြင့်က ပြောကြားသည်။
ယင်းနောက်တွင် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်အား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသို့ လွှဲပြောင်းပေးခဲ့သည်။
ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး ၎င်းကနာယကအဖြစ် တာဝန်ယူမည့် ကျန်ရှိနေသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သက်တမ်းကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပါတီစွဲ၊ ၀ါဒစွဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ကိုးကွယ်သော အယူဝါဒအစွဲများ မထားရှိဘဲ ဆက်လက်ပူးပေါင်း ဆောင်ရွက်ကြရန်၊ အချုပ်အခြာအာဏာပိုင် အစိုးရဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များသည် နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် မိမိတို့ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရမည့် လုပ်ငန်းများကို စိတ်ကောင်းစေတနာမှန်ဖြင့် ညီညွတ်မျှတမှု ရှိစေရန်၊ ဒီမိုကရေစီ ကျင့်စဉ်များနှင့်အညီ ဆောင်ရွက်ကြမည်ဟု ယုံကြည်ကြောင်း ထည့်သွင်းပြောကြားသည်။
V-1-8
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်
သူရဦးရွှေမန်းက အတိတ်ဖြစ်ရပ်များအား သင်ခန်းစာယူပြီး ဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရအဖွဲ့ဖြစ်သော ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အဖွဲ့များသည် သစ္စာရှိစွာ၊ တာဝန်ကျေစွာ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ သစ္စာရှိသည်ဟု ဆိုရာတွင် ပြည်သူလူထုအပေါ် အမှန်တရားအပေါ် သစ္စာရှိခြင်း၊ တာဝန်ကျေသည် ဆိုရာတွင် မိမိတို့တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်ရမည့် ကိစ္စများကို တရားမျှတစွာ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရခြင်းဖြစ်ကြောင်း ပြောကြားသည်။
"မိမိတို့ မြန်မာနိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်မှု၊ နောက်ကျကျန်ရှိ ခဲ့ရခြင်းအပေါ် အပြစ်တင်၊ ဝေဖန်ပြောဆိုမည့်အစား သင်ခန်းစာရယူပြီး အဓိကထား သုံးသပ်ကြရမှာကတော့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား သွေးစည်းညီညွတ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးတွင် ဆောင်ရွက်ရာမှာ ဘာတွေအားနည်းချက် ရှိသလဲ၊ ဘယ်လိုပြုပြင်ရမလဲ ဆိုတာတွေကို ဓမ္မဓိဋ္ဌာန်ကျကျ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။ လက်တွေ့ထိထိရောက်ရောက် ဆောင်ရွက်ဖို့ အချိန်တန်ပါပြီ။ အခြေအနေကောင်းများလည်း ပေးနေကြပါပြီ။ ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေထက် ရိုးသားမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ နားလည်စာနာမှု၊ စိတ်ရှည်မှု၊ သည်းခံခွင့်လွှတ်မှု၊ တရားမျှတ မှုများနှင့်သာ ပြည်ထောင်စုစနစ်ဖြင့် မိမိတို့နိုင်ငံကို တည်ဆောက်နိုင်ကြမှာ ဖြစ်ပါတယ်" ဟု သူရဦးရွှေမန်းက ပြောကြားသည်။
အခမ်းအနား ပြီးဆုံးချိန်တွင် အစည်းအဝေး တက်ရောက်လာသူများအား နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ သဘင်ဆောင်တွင် ကြယ်စင်မော်ကွန်း ရုပ်ရှင်ဇာတ်ကားအား ပြသခဲ့သည်။

.. www.MyanmarExpress.net
 

2 comments:

We have yet to see how sincere is Michael Aris wife. She should realize that she is not fit for the highest office.

တည့်အောင်နေ အတူတူလုပ်
ပြည်ထောင်စုကိုခိုင်မြဲအောင်လုပ်
ကိုယ်လုပ်သင့်တဲ့အလုပ်ကိုလုပ် ရေရှည်ကိုကြည့်
ငါအမြဲသေနိုင်တယ်ဆိုတာအမြဲနှလုံးသွင်း
မလုပ်သင့်တာကိုဇွတ်မလုပ်ပါနဲ့
ငါ့အတ္တကြောင့်နိုင်ငံဒုက္ခမရောက်ပါစေနဲ့
သူများအမှားကိုမပြောခင်ကိုယ့်အမှားကိုမြင်အောင်ကြည့်
ပါ ငါဘာတာဝန်ပဲယူသင့်သလဲဆိုတာသိပါ
ရောက်တဲ့နေရာရတဲ့တာဝန်နဲ့အစွမ်းကုန်ကူညီပါအဲဒါဟာ
သမိုင်းပါတပ်မတော်ကလူကြီးတွေရဲ့မေတ္တာတရားကိုရယူ
ပါသူတို့မကြိုက်တာကိုဇွတ်မလုပ်ပါနဲ့သူတို့ခင်ဗျားကိုမမုန်း
ကြပါဘူးအချစ်အမုန်းအားလုံးကခင်ဗျားအပေါ်မှာမူတည်
ပါတယ် ကံကောင်းပါစေမြန်မာပြည်
ဘေးကင်းပါစေမြန်မာပြည် တိုးတက်ပါစေမြန်မာ
ပြည် အားလုံးကောင်းပါစေမြန်မာပြည်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်