Subscribe to our RSS Feed

အင်းစိန်တွင် အမျိုးသမီးတစ်ဦး အဆိပ်သောက်ပြီး နှစ်ရက် အကြာတွင် သေဆုံး

From : ..the voice
 
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်တွင် သြဂုတ်လ ၂ ရက်နေ့က အဆိပ်သောက်ခဲ့သူ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး တစ်ဦးသည် အင်းစိန် ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် သြဂုတ်လ ၄ ရက်နေ့ နံနက် ၅ နာရီ မိနစ် ၄၀ တွင် သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အင်းစိန်မြို့နယ် နံ့သာကုန်းရပ်ကွက် ဓမ္မာရုံလမ်းတွင် နေထိုင်သူ ဒေါ်နန်းခင်မာချိုသည် သြဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီခန့်က ၎င်း၏ နေအိမ်တွင် Gram-Pxone တံဆိပ် ပေါင်းသတ် ဆေးရည်ကို သောက်ခဲ့သဖြင့် အင်းစိန် ပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် နှစ်ရက်ကြာ ကုသနေစဉ် သေဆုံးခဲ့ကြောင်း ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
“အမျိုးသမီးကို ပထမ ဆေးမှားသောက်တယ်လို့ စသိတာ။ ဒီနေ့မှ အဆိပ်သောက်တယ်လို့ သိရတာ” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

အဆိပ်သောက် သေဆုံးသူ အမျိုးသမီးသည် ရပ်ကွက်တွင်းရှိ ဈေးတွင် ကွမ်းရွက်များ ရောင်းချပြီး ၎င်းတွင် သားသမီး သုံးဦး ကျန်ရှိကြောင်း ဓမ္မာရုံလမ်းတွင် နေထိုင်သူ တစ်ဦးထံမှ စုံစမ်း သိရှိရသည်။

၎င်းးမှာ စီးပွားရေး အဆင်မပြေသဖြင့် အဆိပ်သောက် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင် များ၏ ပြောကြားချက်ကို ကိုးကား၍ အင်းစိန်မြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၄၉/၂၀၁၃ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း အင်းစိန်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။


 .. www.MyanmarExpress.net
 

1 comments:

PLEASE KEEP INVESTIGATING TO FIND THE REAL/ROOT CAUSE.
MAY BE MURDERED BY POISON.
WHO KNOW?
OUR POLICE FORCE IS ONE OF THE BEST IN
THE WORLD.
THEY KNOW NEARLY 99% OF CRIMES.

FOR OUR COUNTRY AND FOR OUR NATIONAL...

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်