Subscribe to our RSS Feed

ငြိမ်းချမ်းရေးမလုပ်နိုင်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုအား သြစီရောက် ကချင်အဖွဲ့များ ကြိုမည်မဟုတ်ဟုဆို

From : .. mizzima


သြစတြေးလျနိုင်ငံတွင် ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေးညီလာခံကို တက်ရောက်မည့် ဒေါ်အောင်ဆန်း စုကြည်၏ ကို ကြိုဆိုရန် သြစတြေးလျနိုင်ငံရောက် ကချင်အဖွဲ့အစည်းများကို ဖိတ်ကြားထားသော်လည်း ကချင်အဖွဲ့ အစည်းများ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်နှင့် သက်ဆိုင်သည့် အစီအစဉ်များတွင် ပါဝင်မည် မဟုတ်ဟု နိုဝင်ဘာလ ၁၁ရက်တွင် ထုတ်ပြန်လိုက်သည်။

ထိုသို့ထုတ်ပြန်ခြင်းသည် ကချင်ပြည်နယ်တွင် ဖြစ်ပွားသော စစ်ပွဲများနှင့် ပတ်သက်၍ နေရပ်စွန့်ခွာ၍ အိုးမဲ့အိမ်မဲ့ဖြစ်သူ တစ်သိန်းကျော်ရှိနေပြီး ကချင်ပြည်သူများအနေဖြင့် အသက်ဆုံးရှုံးမှုများ၊ အဓမ္မပြုကျင့်ခံရမှုများအပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ တိတ်ဆိတ်နေခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဥပက္ခာပြုသည်ဟုဆိုကာ ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ကို သြစတြေးလျရောက်ကချင်အဖွဲ့အစည်းများဖြစ်သည့် KAA NSW၊ KAA Wagga Wagga ၊ KAA Melbourne၊ QKC တို့က ပူးပေါင်းကာ နိုဝင်ဘာလ ၁၁ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာ ခံစားနေရ သူများကို ခွဲခြားဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်သည် သြစတြေးလျနိုင်ငံသို့ နိုဝင်ဘာလ ၂၇ရက်တွင် သွားရောက် မည်ဖြစ်ပြီး ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေးညီလာခံ တက်ရောက်မည်ဖြစ်သည်။ ထို့အပြင် သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီနိုင်ငံများသို့ သွားရောက်မည်ဖြစ်သည်။ သူမ၏ ခရီးစဉ်အတွက် သြစတြေးလျရောက် မြန်မာနိုင်ငံ သားများ၊ မြန်မာအဖွဲ့ အစည်းများနှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ခရီးစဉ်ကို ဒီဇင်ဘာလ ၂ရက်တွင် အဆုံးသတ်မည် ဖြစ်သည်။
 
.. www.MyanmarExpress.net
 

4 comments:

လူ အ ခွင့် ရေး ခိုး ဖောက် တာ က က ချင် သူ က လုပ် တာ အ များ ဆုးံ ဘဲ ဥပ ဒေ မ ရှိ အ ထိမ်း အ ကွတ် မရှိ အ ကွတ် မ ရှိ တဲ့ ကျမ်း ပ ရမ်း ပ တာ ပေါ့ ဗျာ သူ ပုန် က အ ဆိုး ဆုးံ မှန် တာ ပြော တာ မ ကောင်း တာ မှန် သ မျှ အ ကုန် လုပ် တယ် လူ ပြန် ပေး ဆွဲ တယ် လူ သတ် တယ် ဘိန်း လုပ် တယ် ပြည် သူ ပိုင် သ ယံ ဇာ တ ခိုး ရောင်း တယ် အ စုတ် ပဲ့ ဆုးံ ကမ်း ကုန် အောင် လုပ် တာ သူ ပုန် တွေ ဘဲ ဗျ

တံ တား ရထား မိုင်း ခွဲ တယ် ဘယ် နေ ရာ ကောင်း တာ ရှိ လဲ ပြ စမ်း ပါ အ ယုတ် တ မာ ကောင် တွေ ဘဏ် ငွေ ညစ် တယ် ကုပ္မဏီ တွေ ဆပ် ကြေး တောင်း တယ် ပြည် သူ တွေ ဆီ ဆပ် ကြေး တောင်း တယ် ဘယ် နေ ရာ ကောင် တုးံ ကမ္ဆာ့  ရန် သူ ဖြစ် တဲ့ ဘိန်း ဖြူ အ ကြိး အ ကျယ် လုပ် တယ် ပြော ကြ စမ်း ကောင်း ကွက် က လေး ရှီ ရင်

နောက် ဆုးံ ပြော ရ ရင် အ ကျန်း ဘက် ဂီုဏ်း ကြိး ဘဲ ဗျ မြန် မာ့ တပ် မ တော် က စည်း နဲ့ ဘောင် နဲ့ ဥ ပ ဒေ နဲ့ ဗျ မ တ ရား လုပ် လို့ မ ရဘူး

မျက် စိ ပိတ် နား ပိတ် ပြိး စွတ် ဟောင် မ နေ ကြ နဲ့


TT

Useless for Myanmar.
Get lost
No NLD no problems

လက်နက်ကိုင်ထားတဲ့ကောင်တွေပဲငြိမ်းချမ်းရေးစကားပြောခွင့်ရှိတယ်
လက်နက်မကိုင်တဲ့ပြည်သူတွေကတော့ဆင့်လစိခွေးမျှော်ဆိုသလိုဘယ်
တော့ငြိမ်းချမ်းမလဲဘယ်တော့ဒုက္ခသည်စခန်းကနေအိမ်ပြန်ရမလဲ
ကိုယ်ချင်းစာတရားမရှိလောဘဒေါသမောဟပဲရှိတဲ့လက်နက်ကိုင်ထားတဲ့
ကောင်တွေမှာငြိမ်းချမ်းချင်တဲ့စိတ်ကောအမှန်တစ်ကယ်ရှိရဲ့လား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်