Subscribe to our RSS Feed

မွတ်ဆလင်များကို ရွေးချယ်ကူညီပြီး မှတ်တမ်းရိုက်ကူးသည့် INGO အချို့ လုပ်ငန်းများ ရပ်ဆိုင်း

From : ..dvb


နိုင်ငံတကာအဖွဲ့အစည်းတချို့နဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေအကြား နားလည်မှုလွဲပြီး တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း အိုင်အန်ဂျီအို တွေဟာ လူသားချင်း စာနာမှု ကူညီပေးရေး လုပ်ငန်းတချို့ကို လျှော့ချရုပ်သိမ်းတာမျိုးတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေကို ဒေသခံတွေရဲ့ အထင်မြင်လွဲမှားမှုကြောင့် လုပ်ငန်းတချို့ကို  ရပ်ဆိုင်းလိုက်ရတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Michele Trainiti က စကားပြန်ကတဆင့် အခုလို ပြောပါတယ်။

“ကျနော်တို့ အခု ပေါက်တောဒေသမှာတော့ တချို့အဖွဲ့အစည်းတွေကတော့ ဒေသခံပြည်သူလူထုနဲ့ နားလည်မှု လွဲတဲ့အခြေအနေတွေကြောင့် သူတို့ရဲ့ လုပ်ဆောင် နေတဲ့ဟာတွေ ယာယီခဏ လျော့ချထားတာတွေရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့ကတော့ MSF ကိုယ်စားပဲ ပြောခွင့်ရှိပါတယ်။ ကျနော်တို့အနေနဲ့က ကျနော်တို့ရှိနေတဲ့နေရာမှာရှိပါတယ်။ ပြီးတော့ စစ်တွေ မှာလည်းရှိပါသေးတယ်။ ပြီးတော့ ကျနော်တို့တွေက အစိုးရနဲ့ နီးကပ်စွာ အလုပ်လုပ်နေပါတယ်။ အခြေအနေတွေ ကောင်းလာတာနဲ့အမျှ မူယင်းလုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ အခုလောလောဆယ် ကျနော်တို့ လှေနဲ့သွားနေတဲ့ ဆေးခန်းတွေရဲ့ လုပ်ဆောင်ချက်ကို ကျနော်တို့ လျော့ချထားပါတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့က ပေါက်တောမြို့နယ် ဆင်တက်မော်မှာ ရှိတဲ့ မွတ်စလင် ဒုက္ခသည်စခန်းဘက်မှာ  သေနတ်ဒဏ်ရာနဲ့ လူနာ ၄ ဦးရှိတယ်လို့ အကြောင်းကြားလာလို့ လူနာ ၄ ယောက်ထဲက ဒဏ်ရာ အပြင်းအထန်ရတဲ့ လူနာ ၃ ယောက်ကို စစ်တွေဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း၊ လူနာတွေကို စစ်တွေဆေးရုံကို ပို့ဆောင်ပြီးချိန် အဲဒီညနေ ၇ နာရီမှာ  စဥ့်အိုင်ရွာက ရခိုင် လူနာ ၂ ယောက်  စစ်တွေဆေးရုံကို ရောက်ရှိမှန်း သိခဲ့ရတာလို့  MSF တာဝန်ရှိသူက  ပြောပါတယ်။

“အဓိက ရခိုင်ပြည်နယ် ပြည်သူလူထုနဲ့ ကျနော်တို့ နားလည်မှု လွဲနေတဲ့ဟာကတော့ ရခိုင်ပြည်သူတွေ ထင်တာက ကျနော်တို့တွေ ရခိုင်လူနာ ၂ ယောက်ရှိတာကို ကျနော်တို့ သိတယ်။ ဒါပေမယ့် ကျနော်တို့တွေက သိလျက်သားနဲ့ မကူညီဖို့ ဆုံးဖြတ်လိုက်တယ် ဆိုပြီးတော့ သူတို့တွေက ထင်ထားတာပေါ့။  အမှန်တော့ ဒီဟာက မမှန်ပါဘူး။ ကျနော်တို့ဒီ ဆေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတခုအနေနဲ့ လူနာတယောက်အပေါ် ခွဲခြားဆက်ဆံဖို့ ဆိုတာ ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးတဲ့ ကိစ္စတခုပါ။ ပြီးတော့ လူနာတွေနဲ့ပတ်သက်ပြီးတော့ သူတို့ရဲ့ လူမျိုး၊ ကိုးကွယ်ရာဘာသာနဲ့ ပတ်သက်ပြီး စဉ်းစားခြင်းမရှိပါဘူး။ ကျနော်တို့တွေက လူနာတယောက်ရဲ့ အခြေအနေပေါ်မှာပဲ မူတည်ပြီးတော့ အဓိကထား လုပ်ဆောင်လေ့ ရှိပါတယ်။”

စစ်တွေမြို့ခံတွေကတော့ ဘင်္ဂါလီ ဒုက္ခသည်စခန်းက ဒဏ်ရာရသူတွေကို MSF နယ်စည်းမထား ဆရာဝန်များအဖွဲ့ကနေပြီး စစ်တွေဆေးရုံကို ခေါ်သွားပေမယ့် ဒဏ်ရာရသွားတဲ့ ရခိုင်အမျိုးသမီးကို အကူအညီမပေးတာဟာ  ဘက်လိုက်တယ်ဆိုပြီး မကျေနပ်လို့ ဆန္ဒပြဖို့ ကြိုးစားခဲ့ကြ ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကလည်း အန်ဂျီအိုတွေအနေနဲ့ ရခိုင်ပြည်နယ်တွင်း  လူမှုကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နှစ်ဖက် မျှမျှတတ ဆောင်ရွက်ကြဖို့ ခေါ်ယူ သတိ ပေးထားတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ  ၂၀၁၂ ခုနှစ်အတွင်း ကစလို့ အုပ်စု ၂ ခု အကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၁ သိန်းကျော်လောက် ရှိနေတာပါ။   ၂၀၁၃ ခုနှစ်  စက်တင် ဘာလကုန်ပိုင်းမှာလည်း သံတွဲမြိုမှာ ပဋိပက ထပ်မံ ဖြစ်ပွားခဲ့တာကြောင့် အိုးအိမ်မဲ့သူတွေ ပိုများလာခဲ့ပါတယ်။ 


.. www.MyanmarExpress.net
 

4 comments:

NGO တွေ လိမ် မ နေ နဲ့ မင်း တို ဖ အေ ကင်း ဒါး နား တောင် ခွေး စိတ်ဓါတ် နဲ့ ဘက် လိုက် သေး တာ မင်း တို့ NGO က ဆ ရာ ကြိး တွေ က မွတ် တွေ လိမ် မ နေ နဲ့ ကျေး ဇူး မ တင် ဘူး
သ တင်း ထောက် လို လို ဘာ လို လို က န ကို က တည်း က ထင် ပြိး သား

That is what MSF Mr. Michele Trainiti says. I do not believe him.

ဒေါ်လာစား လူလိမ်​​တွေ
မွတ်​ NGOs
ကျော်​သူပဲ​ကောင်းတယ်​ သူကို​တော့​ထောက်​ခံတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်