Subscribe to our RSS Feed

မိန်းမအိမ်သာရှေ့က CCTV ပြန်ဖြုတ်ပေးလို့ဆန္ဒပြမှုရပ်ဆိုင်းပြီ

From : ..hot news


အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိစေရန် သပိတ်စခန်း ဖွင့်ဆန္ဒပြကာအချက်လေးချက် တောင်းဆို ခဲ့ကြသော ဒဂုံမြို့သစ် အရှေ့ပိုင်းစက်မှုဇုန်ရှ Myanmar Handsome   အထည်ချုပ်စက်ရုံမှ အလုပ်သမားများ၏တောင်းဆို ချက်များကို လိုက်လျောခဲ့သဖြင့် နိုဝင်ဘာလ (၄) ရက်နေ့တွင် သပိတ်စခန်းဖွင့်ဆန္ဒပြမှုအားရပ် ဆိုင်းလိုက်ပြီဖြစ်ကြောင်း သိရ သည်။

အဆိုပါသပိတ်စခန်းဖွင့်ဆန္ဒ ပြမှုခြင်းကို အောက်တိုဘာလ ၃၁ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ပြီး တောင်းဆိုခဲ့သောအချက်လေး ချက်ဖြစ်သည့်အလုပ်ဖြုတ်ခံထား  ရသော အလုပ်သမားကိုစည်သူ မင်းကိုအလုပ်ပြန်ခန့်ရေး၊ မိန်းမ အိမ်သာရှေ့တွင်တပ်ဆင်ထားသော CCTV   အားဖြုတ်ပေးရေး၊ ဆန္ဒ ပြကာလတွင် လုပ်ခလစာမဖြတ် ရေး၊ ယခင်စာချုပ်ပါအချက်များ  ကို လိုက်နာရေးစသည်တို့အား အလုပ်ရှင်ကလိုက်လျောခဲ့သဖြင့် ဆန္ဒပြမှုအားရပ်ဆိုင်းလိုက်ပြီဖြစ် ကြောင်း ဆန္ဒပြတောင်းဆိုရာတွင်  ပါဝင်သောအလုပ်သမရှင်းသန့် ဖြူစင်ကပြောခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ Myanmar Handsome အထည် ချုပ်စက်ရုံမှ အထွေထွေမန်နေဂျာ  ဦးမောင်မောင်ညိုက “အခုလို ဖြေရှင်းလိုက်တော့လည်းပြီးသွား တာပဲ”ဟုပြောခဲ့သည်။ ယင်းစက် ရုံတွင် ယခင်အောက်တိုဘာလ အတွင်းကလည်း အလုပ်သမား ဆန္ဒပြမှုများရှိခဲ့ပြီး မြို့နယ်ညိုနှိုင်း ဖျန်ဖြေရေးအဖွဲ့ရှေ့တွင် အချက် ၁၉ ချက်အား စာချုပ်ချုပ်ဆိုခဲ့ ကြောင်း အဆိုပါအချက် ၁၉ ချက်  မှ သန့်ရှင်းရေးဝန်ထမ်းတိုးမြှင့် ခန့်ထားပေးရေးOT   အချိန်ပိုလုပ် အားခနှင့် အချိန်ပိုအလုပ်ဆင်းချိန် တိတိကျကျသတ်မှတ်ပေးရေး၊ ဖယ်ရီကားကိစ္စအဆင်ပြေအောင် ဆောင်ရွက်ပေးရေး၊ အလုပ်ရှင်မှ အလုပ်သမားများအား ဆဲဆိုခြင်း မပြုရေးစသည့်အချက်များအား မလိုက်နာခဲ့သဖြင့်ယခုကဲ့သို့သပိတ်  စခန်းဖွင့်ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်