Subscribe to our RSS Feed

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေး အတွက် EU မှ ကြီးမှူး၍ 'အဓိကရုဏ်း ထိန်းချုပ်မှု သင်တန်းဖွင့်ပွဲ' အခမ်းအနား ကျင်းပ

From : ..eleven


ဥရောပသမဂ္ဂ(EU) မှ ကြီးမှူး၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား အဆင့်မြှင့်တင်ရေး အတွက် ပြုလုပ်သော အဓိကရုဏ်း ထိန်းချုပ်မှု သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၄ ရက် နံနက် ၁၁ နာရီတွင် ကမာရွတ်မြို့နယ်ရှိ မူးယစ်ပြတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်၊ EU မှသံအမတ်ကြီး Mr.Roland Kobia၊ International Management Group မှ Mr. Dino Bicciato နှင့် Mr. Friedrich Schwidt?Mr. Saad Amrani တို့ အပါအ၀င် မြန်မာနိုင်ငံမှ ရဲအရာရှိကြီးများ၊ EU အဖွဲ့ဝင် နိုင်ငံများမှ ရဲအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းမတိုင်မီ ပြီးခဲ့သည် ဇူလိုင်၊ စက်တင်ဘာလ အတွင်း၌ သင်တန်းအတွက် အထောက်အကူပြုသော သင်တန်းတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုပြုလုပ်သော သင်တန်းမှာ လူစုလူဝေး စီမံခန့်ခွဲမှု ပြဿနာ ဖြေရှင်းသော သင်တန်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သင်တန်းအား ရဲတပ်ရင်းများမှာ သင်တန်းသား ၂၀၀ နှင့် ၄၀၀ ကြား တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

(မြန်မာနိုင်ငံ ရဲအရာရှိကြီးများနှင့် ဥရောပသမဂ္ဂ (EU) မှ ရဲအရာရှိကြီးများ ဖွင့်ပွဲအပြီး အမှတ်တရဓာတ်ပုံ ရိုက်နေစဉ်( ဓာတ်ပုံ-အောင်ထက်ခိုင်))


.. www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်