Subscribe to our RSS Feed

ဒေါ်လာစားတို့၏ မဟာသူရဲကောင်း


၁။ အစိုးရကို ဆန့်ကျင်သူ တစ်ဦးတစ်ယောက်သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ နေ့ချင်း၊ ညချင်း ထောင်ကျခဲ့လျှင် မဟာသူရဲကောင်းဖြစ်၍ ခေါင်းစဉ်မျိုးစုံဖြင့် ဆုတံဆိပ်များစွာ ရရှိသည်။ မည်သည့်မျိုးနွယ်ဖြစ်စေ၊ မည်သည့်အလုပ်တွေ လုပ်ခဲ့သည်ဖြစ်စေ အရေးမကြီး။ ထိုသူ၏ ဂုဏ်ပုဒ်ကို ဒေါ်လာစား အတိုက်အခံဘလော့အားလုံးက ဘုမသိ၊ ဘမသိ ချီးကျူး ထောပနာ ပြု ရေးသား ဖော်ပြကြသည်။

၂။ မည်သည့်အနုပညာရှင်မဆို ပြောချင်တာ ပြောပြီး ပြည်ပသို့ ထွက်ပြေးခိုလုံလျှင်၊ လုပ်ချင်တာ လုပ်ပြီး ထောင်ကျခဲ့လျှင်၊ အဖွဲ့အစည်းတစ်ခုထောင်ပြီး ပြည်သူများ အလှူငွေဖြင့် ကမကထ လုပ်ခဲ့လျှင် နေ့ချင်း ညချင်း မဟာ သူရဲကောင်းဖြစ်သည်။ ထိုသူတို့ ပြောသည့် စကားအားလုံးကို ချောင်းဆိုးသံ၊ နှာချေသံမှစပြီး ဒေါ်လာစား အတိုက်အခံ ဘလော့ဂါ များက တစ်ခုချင်း အကျယ်တဝင့် ထုတ်ဖော်ရေးသားကြသည်။ ယခင်က မည်သို့နေခဲ့သည်၊ မည်သည့် လုပ်ငန်းတွေ လုပ်ခဲ့သည် များကို မလေ့လာကြ၊ လေ့လာရမှန်းလည်းမသိကြ။

၃။ မည်သူမဆို၊ သူခိုးဖြစ်စေ၊ ဓါးပြဖြစ်စေ၊ အသိပညာ အတက်ပညာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ယခု လက်ပေါ်ထွက်၊ လက်ထောင်ပြီး "ကျွန်တော့်မှာ၊ ကျွန်မမှာ ဘာတွေမရှိပါဘူး၊ ဘာတွေကုန်နေပါပြီ" (၃) ကြိမ်တိတိ အော်ပါက နေ့ချင်း၊ ညချင်း မဟာ သူရဲကောင်းဖြစ်ပြီး၊ ခေါင်းစဉ်အမျိုးမျိုးနှင့် ဆုတံဆိပ်များစွာရရှိကာ၊ ဒေါ်လာစားအတိုက်အခံ ဘလော့များ၏ site bar တွင် ချက်ချင်းဓာတ်ပုံနှင့် နာမည်များ ရောက်သွားမည်။ ယခင်က ထိုသူ ဘာတွေလုပ်ခဲ့သည် မလုပ်ခဲ့သည်မသိ နောက်နောက်တွင် ဘာအစီအစဉ်တွေ ရှိသည် မသိသော်လည်း လမ်းထွက်အော်သည့် ကိစ္စတစ်ခုဖြင့် ကြည်ညို ကိုးကွယ်ကြလိမ့်မည်။

၎။ ဟိန္ဒူ တို့က လုပ်ချင်တဲ့ အပြစ်လုပ်ပြီး ဂင်္ဂါမြစ်တွင်း ကိုယ်လုံးတီးဖြင့် ရေချိုးကာ အပြစ်ဆေးကြောကြ၏။ ခရစ်ယန် တို့က လုပ်ချင်တဲ့ အပြစ်လုပ်ပြီး ဘုရားကျောင်းမှ ဖာသာထံသို့သွားရောက်ပြီး အပြစ်ဝန်ခံကာ အပြစ်ကို ဖယ်ရှားပြီး လူကောင်းပြန်လုပ်ကြ၏။ ဗုဒ္ဓဘာသာတို့က လုပ်ချင်တဲ့ အပြစ်လုပ်ပြီးပါက ပင်နီတိုက်ပုံ ဝတ်၍ အပြစ်ဆေးကြောကာ လူကောင်းလုပ်ကြ၏။ ထိုသူများကို ဒေါ်လာစားတို့က အကျယ်တဝင့် ရေးသားဖော်ပြကြ၏။

၅။ နိုင်ငံခြား ရောက်လာပြီး ပညာလည်းပြစရာမရှိ၊ အလုပ်လည်း မယ်မယ်ရရမလုပ်တတ်၊ ငွေကြေးကလည်း ချို့တဲ့သူများ ဘလော့တစ်ခုထောင်ပြီး ကမ္ဘာဦးအစမှစပြီး နာမည်ကြီးခဲ့သည့် ပုဂ္ဂိုလ်များဓာတ်ပုံ၊ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ပုံ တင်ကာ နေ့စဉ်နှင့်အမျှ စိတ်ပျက်စရာ ကောင်းသည့် မိမိနိုင်ငံ ဓာတ်ပုံများကိုမှ ရှာတင်ပြီး၊ စုတ်ပျက်သပ်နေသည့်အကြောင်းများရေးပါက နေ့ချင်းညချင်း ကိုယ့်လိုလူများက ကြိုဆိုကြ၏။ အားပေးကြ၏

၆။ ရှေးဘဝ အဆက်ဆက်က မကောင်းမှုများ စဉ်ဆက်မပျက် လုပ်ခဲ့ခြင်းကြောင့် ယခု ဘဝ တွင် နေ့စဉ်နှင့်အမျှ မိုးလင်းတာနှင့် ဆိုးဝါး ဆုတ်ပျက်သက်သော စာမျက်နှာတွေ၊ အတင်းတွေ၊ ရန်လိုမှုတွေ စသည့် အ ကုသိုလ်အမှုများဖြင့် တန်ဖိုးရှိသော အချိန်များစွာ ကုန်ဆုံးနေကြရ၏။ မုသားများကို နေ့စဉ် ကျူးလွန်နေကြ၏။ ရန်လိုသည့် ပိုစ့်တစ်ခု တင်လိုက်၊ ရန်လိုသည့် ကွန်းမန့်တွေ လိုက်ပေးလိုက်၊ စီဘောက်စ်တွေမှာ ရန်ဖြစ်လိုက်နှင့် အချိန်ပြည့် ရန်လို ပူလောင်နေကြ၏။ ထိုသူများမှာ အခြားမဟုတ် ဒေါ်လာစား အတိုက်အခံ အတင်းသမားများနှင့် ဘလော့ဂါများသာ ဖြစ်ပါသည်။

အောက်ဆုံးမှာ ဒေါ်လာစား တို့ လင့်တွေကို မြည်မာနိုင်လိုက်ကြည့်လိုက်ပါ။ မြန်မာနိုင်ငံကောင်းကြောင်း၊ သာယာလှပကြောင်း၊ စသည့် အချက်များ တစ်ချက်မှ မရှိသလို မြန်မာ့ယဉ်ကျေးမှု အကြောင်း တစ်ခုမှ ရေးမထားသလို ထိုစာမျက်နှာများကို မြန်မာနိုင်ငံကို မရောက်ဖူးသော တစ်ဦးတစ်ယောက်က၊ ဓာတ်ပုံများ၊ ဗွီဒီယိုဖိုင်များနှင့် စာအချို့ကို ဖတ်ကြည့်ပါက မြန်မာနိုင်ငံ ကို ယဉ်ကျေးမှု မရှိသော ရိုင်းစိုင်း ဆုတ်ပျက်သောနိုင်ငံအဖြစ် သက်မှတ်ကြပေမည်။ သို့ဖြစ်ပါ၍ နိုင်ငံခြားရောက် မြန်မာများလည်း အထင်သေးခံရပေသည်။ စဉ်းစားသင့်ပါသည်။ အရင်ကတည်းက အထင်မကြီးဖြစ်နေကြသည့်အထဲ မိမိကြောင့် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးကို အထင်မကြီး စေလျှင်နေပါ။ မိမိကြောင့် အထင် ထပ်အသေး မခံရအောင် ကြိုးစားနေထိုင်ကြဖို့ ဒေါ်လာစားများကို အကြံပေးလိုပါ၏။ Google မှာ Myanmar (သို့) Burma (သို့) Yangon ... စသည်ဖြင့် ရိုက်ကြည့်လိုက်ပါ။ ထွက်လာတဲ့ ပုံတွေကို ကြည့်ကြည့်ပါ။ စုတ်ပျက်သက်နေတဲ့ ပုံတွေအားလုံးက ဒေါ်လာစားတို့ အဖွဲ့တွေချည်း က ဖော်ပြနေကြတာပါပဲ။ စားဝတ်နေရးအရ အတင်းတွေ ဆက်ရေးချင်ရေးပါ၊ ဟိုကူး ဒီကူးတွေ ကူးချင်ကူးပါ။ အ ကုသိုလ်အလုပ်တွေ ဆက်လုပ်ချင်လုပ်ပါ။ သို့သော် ဓတ်ပုံတင်ခြင်းများကို ဆင်ခြင်ကြပါ။ အကောင်းနှင့် အဆိုးဆိုသည်မှာ အမြဲ ဒွန်တွဲနေသောကြောင့် အဆိုးတွေချည်း မရေးပဲ မမြင်ချင်ဟန်ဆောင်ထားသည့် အကောင်းများကို ပါ မျှမျှတတ တင်နိုင်အောင် ကြိုးစားကြပါ။ ဒေါ်လာစား ဘလော့ဂါ အချင်းချင်း ဝိုင်းဝန်းထိန်းသိမ်းကြပါ။ လွတ်လပ်စွာ ဝေဖန်ပြောဆိုမှုကို လက်ခံကြပါ။ ပိတ်တာတွေ၊ ဘန်းတာတွေ၊ ဖျက်တာတွေ၊ တင်မပေးတာတွေကို ဆင်ခြင်ကြပါ။ (အချို့ ဘလော့တွေကိုသာ ပြောခြင်းဖြစ်ပါသည်။)



Myanmar Express

ပြောပြီးရင်လည်း ထပ်ပြော နေရတာပါဘဲ

အမေရိကန်သုံး ဘန်းစကားတွေထဲမှာ မကြာခဏတွေ့ရတတ်တဲ့ Manimal (Man+animal) ဆိုတဲ့ စကားလုံးကို လူတိရစ္ဆာန်လို့ ဘာသာပြန်ပြီး မကြာခဏရေးခဲ့ဖူးတယ်။ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်နေလို့ လူလို့ခေါ်နေကြရပေမယ့် စိတ်ဓာတ် နဲ့အကျင့်စရိုက်က တိရစ္ဆာန်အရိုင်းအစိုင်းနဲ့ ချွတ်စွပ်တူနေတဲ့ လူမျိုးတွေကို လူလို့မခေါ်ထိုက်ကြောင်း ရေးတာဖြစ်ပါတယ်။

နဖူးလက်တင်စဉ်းစားဖို့မလို

တချို့က လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတတ်တယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ သိပ်ထွန်းကားတဲ့ အဆင့်မျိုးကိုမရောက်သေးတာတစ်ကြောင်း၊ ဗြဟ္မစိုရ်တရားလေးပါးကို အလေးထားတဲ့ ဗုဒ္ဓဘာသာ လူ့အဖွဲ့အစည်းမှာ နေထိုင်ခြင်းပြုရတာက တစ်ကြောင်းကြောင့် သူ့ပတ်ဝန်းကျင်မှာ တိရစ္ဆာန်အကျင့်စရိုက်နဲ့ ပြုမူကျင့်ကြံတာတွေရှိသိပ်ပြီး မမြင်မတွေ့ရလို့ လူပဲဒါလောက်တော့ မဆိုးနိုင်ပါဘူးလို့ ပြောတာဖြစ်တယ်။ နဖူးပေါ်လက်တင်ပြီး စဉ်းစားစရာတောင် မလိုပါဘူး။ သတင်းစာတစ် စောင် ကောက်လှန်ကြည့်လိုက်တာနဲ့တင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေ ဘယ်လောက်ထိ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်ကုန်ကြပြီလဲ ဆိုတာတွေ မမြင်ချင်အဆုံးတွေ့ရမှာ ဖြစ်ပါတယ်။

ကလောင်ရှက်လို့ မရေးဝံ့

ခရီးသည်အပြည့်ပါတဲ့ လေယာဉ်ကြီးတွေ အပိုင်စီးပြီး လူတွေသောင်းချီရှိနေတဲ့ မိုးမျှော်တိုက်ကြီးနှစ်လုံးကို ၀င်ဆောင့်တဲ့ ရက်စက်ကြမ်းကြုတ်မှုမျိုး ဘယ်တုန်းက ကြားဖူးခဲ့လို့လဲ။ လူမပါတဲ့ လေယာဉ်ပေါ်ကနေပြီး မူလတန်းကျောင်းလေးပေါ်ကျကျ၊ ဆေးရုံပေါ်ကျကျ၊ ကျချင်တဲ့နေရာကျ၊ မကောင်းသူထိပ် ကောင်းသူထိပ်ပဲဆိုပြီး ဗုံးကြဲချတာမျိုးရော ဘယ်အခါကမှ ကြုံဖူးလို့လဲ။ လူတစ်ယောက်က စိတ်ရူးထပြီး မောင်းပြန်သေနတ်ကြီးနဲ့ မူကြိုကျောင်းကလေးထဲဝင်ပြီး ဒလကြမ်းမွှေ့ယမ်းတာမျိုးကော ဘယ်ခေတ်ကကြားဖူးလို့လဲ။ ကလောင်ရှက်လို့ မရေးဝံ့တဲ့ ယုတ်မာမှုတွေ အများကြီးရှိသေးတယ်။ အားလုံးတွေ့နေ ဖတ်နေကြမှာပါ။


ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲ . . .

ပိန်မသာ လိန်မသာ

အနောက်နိုင်ငံတွေမှာသာ လူတွေရိုင်းကုန်ကြတာမထင်နဲ့ ကိုယ့်အနားပတ်ဝန်းကျင်မှာလည်း ရိုင်းကုန်တာပါပဲ။ စိတ်ဓာတ်နဲ့ စာရိတ္တပိုင်းမှာတော့ ပိန်မသာလိန်မသာလို့ ပြောရင်တောင် ရနိုင်လောက်တယ် ထင်မိတယ်။ ကြည့်လေ။ အလှူ မင်္ဂလာပွဲနေပွဲထိုင်လို လူတောကြီးထဲကို ရင်ဗလာကျောဗလာနဲ့ ရင်ရှားဂါဝန်ကြီးဝတ်လာတာမျိုး ဘယ်အခါက မြန်မာမိန်းကလေးတွေ လုပ်ရဲကြလို့လဲ။ ကျွန်တော်တို့ ကောလိပ်ကျောင်းသားခေတ် ကျောင်းသူတွေဟာ ထမီကို နှစ်ထပ်ဝတ်ကြတာပါ။ အောက်က ပိတ်လုံချည်ရဲ့ ဇာနားကလေးကို အပေါ်လုံချည်ရဲ့အနားမှာ ညီညီညာညာပေါ်နေအောင် ဂရုစိုက်ဝတ်ကြပါတယ်။ အခုခေတ်တော့ နဂိုကပါးနေပြီးသားလုံချည်စကို စကတ်ထမီချုပ်ဝတ်လိုက်တော့ ဖန်ပေါင်းချောင်ထဲ ရွှေငါးလွှတ်ထားသလို ဖြစ်နေပါတော့တယ်။


မြင်ပါများတော့ ရိုးနေပြီ

မြင်မကောင်း ရှုမကောင်းအောင် တိုတိုနေတဲ့ စကတ်တိုဘောင်းဘီတိုတွေနဲ့ လမ်းသလားနေတဲ့ မြင်ကွင်းတွေကတော့ မြင်ပါများလို့ ရိုးသလောက်ဖြစ်နေပါပြီ။ ဇာတ်စင်ပေါ်မှာကနေတဲ့ ဇာတ်မင်းသားကို ပွဲကြည့်ပရိသတ်မိန်းကလေးက စင် ပေါ်တက်ပန်းကုံးစွပ်ရင်းဖက်နမ်းတဲ့ မြင်ကွင်းမျိုးကလည်း အဆန်းမဟုတ်တော့ဘူး။ မြန်မာယဉ်ကျေးမှုက အရွယ်ရောက်နေတဲ့ သမီးကအမေကို ဖက်နမ်းနှုတ်ဆက်တယ်ဆိုတာ မျိုးတောင်လုပ်လေ့ရှိတာမျိုး မဟုတ်ပါဘူး။ အခုတော့ အကယ်ဒမီပွဲတွေ မှာ နမ်းလိုက်ကြတာ မျက်စိကိုနောက်နေတာပါပဲ။ နောက်ပြီးရှိသေးတယ်။ အပျိုအရွယ်မိန်းကလေးတွေက ကျွန်မရည်းစားက ဘယ်သူ ဘယ်ဝါပါဆိုပြီး ဂျာနယ်တွေထဲမှာ ထုတ်ဖော်ပြောကြားတာမျိုး။ နောင်မယူဖြစ်တဲ့အခါကျတော့ နာမည်ဆိုး ကြီးဖြစ်ကျန်ရစ်ရော။


ကမ်းကုန်နေပြီ

အနောက်နိုင်ငံတွေမှာဆိုရင်လည်း လက်မထပ်ဘဲအတူနေပြီး ကလေးမွေးကြတာတွေဟာ လုပ်ရိုးလုပ်စဉ်တစ်ခုလိုလိုဖြစ်နေပြီ။ တချို့ကတော့ ကလေးမွေးပြီး သုံးနှစ်လေးနှစ်ကြာမှာ လက်ထပ်ကြတယ်။ တချို့ကတော့ လေးငါးခြောက်နှစ် အတူနေပြီးမှ နှစ်ဦးသဘောတူ လမ်းခွဲကြတယ်။ အတွဲအသစ်ကိုယ်စီနဲ့ အတူနေကြပြန်တယ်။ စာစောင်တွေကလည်း အတူနေအဖော်လို့ (companion partner)ရေးကြတယ်။ ချုပ်ပြီးပြောရရင် ကမ္ဘာတစ်ခုလုံးမှာ လူသားတွေဟာ ရှက်ခြင်းကြောက်ခြင်းဆိုတဲ့ ဟီရိသြတပ္ပတရား ကင်းမဲ့ကုန်ကြရုံမက ရက်စက်ကြမ်းကြုတ်တဲ့ နေရာမှာလည်း ကမ်းကုန်နေပြီလို့ ပြောရတော့မှာဖြစ်တယ်။ သင်္ကြန်ရေကစားနေတဲ့ လူတွေကြား ဗုံးခွဲတယ်ဆိုတဲ့လုပ်ရပ်ကို သာကြည့်ပါတော့။


ငွေကခြယ်လှယ်

လူသားတွေ အရှက်အကြောက်ကင်းမဲ့ပြီး ရိုင်းသထက်ရိုင်းလာရတဲ့ အဓိကအကြောင်းအရင်းကတော့ နေရာတကာမှာ ငွေကခြယ်လှယ်တဲ့ နေရာကိုရောက်လာတဲ့အတွက်ကြောင့် ဖြစ်တယ်ထင်ပါတယ်။ ဒီခေတ်မှာ ငွေမရှိရင် လူရာမ၀င်တော့ဘူး။ ငွေရှိရင်တော့ ဘာမဆိုအကုန်ဖြစ်တယ်။ အဲဒီတော့ ဘယ်နည်းနဲ့ရရ ငွေရဖို့အဓိကဖြစ်လာတယ်။ ''ကြောင်ဖြူတာမည်းတာ အရေးမကြီးဘူး။ ကြွက်မိဖို့သာလိုရင်းပဲ'' ဆိုတဲ့ အဘိဓမ္မာက နေရာတိုင်းလွှမ်းမိုးလာတယ်။ ငွေရဖို့အတွက် လူတွေဟာ ဘနဖူးကိုတောင် သိုက်တူးဖို့ ၀န်မလေးကြတော့ဘူး။ မူဝါဒ'Principle' တို့ ဂုဏ်သိက္ခာ 'Dignity'၊ 'Honour' တို့ဆိုတာတွေကို ထည့်စဉ်းစားမနေတော့ဘူး။ စဉ်းစားတဲ့ လူဆိုရင်လူမိုက်ပဲ။ လူ့တန်ဖိုးဆိုတာငွေပဲ ဂုဏ်သိက္ခာမဟုတ်ဘူး။


ဘာကြောင့်အကျင့်ပျက်တာလဲ

ငွေကြောင့်သာမဟုတ်ရင် လူတွေဒီလောက်ပျက်စီးစရာအကြောင်း မရှိပါဘူး။ ယိုးဒယားကသက်ဆင် အာဏာကို ခုထိတန်းတန်းစွဲဖြစ်နေတာ ငွေကြောင့်ပဲ။ ချမ်းသာသထက် ပိုချမ်းသာချင်တဲ့ လောဘကြောင့်ပဲ။ လောကမှာ ဘယ်သူမှ အကျင့်ပျက် ခြစားသူလို့ အခေါ်ခံချင်မယ် မထင်ပါဘူး။ ငွေကြောင့်သာ သိသိကြီးနဲ့ကျူးလွန်နေကြတာဖြစ်မှာပါ။ ဘယ်မိန်းကလေးမှ မလုံတလုံဝတ်ပြီး ဓာတ်ပုံရိုက်ပိုက်ဆံရှာချင်မယ်လို့ မထင်ပါဘူး။ ငွေရဖို့အတွက် လုပ်ရတာဖြစ်မှာပါ။ ပျော်လို့ အနှိပ်ခန်းမှာ အလုပ်လုပ်တယ်ဆိုတဲ့ မိန်းကလေးမျိုးလည်း ရှိမယ်မဟုတ်ပါဘူး။ ငွေကြောင့်ပါပဲ။


မကောင်းတာလုပ်မှ ကောင်းတာဖြစ်

အနောက်နိုင်ငံတွေမှာလည်း လူတွေရိုင်းသထက်ရိုင်းလာကြတာတွေကို သိပါတယ်။ သမ္မတရေဂန် လက်ထက်ကဆိုရင် ကျောင်းတွေမှာ ဘာသာရေးသင်ခန်းစာတွေ ထည့်သွင်းသင်ကြားဖို့တောင် ကြံစည်ခဲ့ပါသေးတယ်။ ကန့်ကွက်သူများလို့သာ အကောင်အထည် မဖော်ခဲ့တာပါ။ အကောင်အထည်ပေါ်ခဲ့ရင်လည်း အရာရောက်မယ် မထင်ပါဘူး။ ဒီခေတ်လူတွေရဲ့ ပညာတတ်မြောက်မှုနှုန်း မြင့်ပါတယ်။ အဲဒီတော့ မကောင်းမှုကို မကောင်းမှုမှန်းသိပါ တယ်။ မသိလို့ ပြုမူနေကြတာမဟုတ်ပါဘူး။ ကောင်းတာကိုလုပ်ချင်ပေမယ့် ကောင်းတာလုပ်လို့ ကောင်းတာတွေဖြစ်မလာဘဲ။ မကောင်းတာလုပ်မှ ကောင်းတာတွေဖြစ်လာတဲ့ ခေတ်ကြီးကြောင့် ကောင်းတာတွေမလုပ်နိုင်အောင် ဖြစ်နေကြရတာလို့ပဲ စာနာစိတ်နဲ့ တွေးမိပါတယ်။


လက်နက်ကောင်း

လူ့တန်ဖိုးကို ငွေနဲ့တိုင်းတာနေသမျှ ကာလပတ်လုံးတော့ ကမ္ဘာကြီးတစ်ခုလုံး ဒီလိုပဲ ပစ္စန္တရာဇ်အရပ်သဖွယ် ဖြစ်နေဦးမှာပါပဲ။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်လူ့အဖွဲ့အစည်းမှာ ငွေနဲ့ခြယ်လှယ်တဲ့ လုပ်ရပ်မျိုးတွေ များသထက်များမလာအောင် တတ်စွမ်းသလောက် ကာကွယ်တားဆီးတာပဲဖြစ်ပါတယ်။ ကာကွယ်တားဆီးဖို့အတွက် ကျွန်တော်တို့ လက်နက်ကောင်းတစ်ခုရှိပါတယ်။ ငွေရဲ့ အရှိန်အ၀ါတန်ခိုးသြဇာအောက်မှာ မှေးမှန်နေတာကို ပွတ်သပ်အရောင် တင်ပြီး ထုတ်ယူသုံးစွဲနိုင်ပါတယ်။ အဲဒါကတော့ 'စာနာစိတ်'ပါ။ ဘာသာတရားတိုင်းက ကိုယ်ချင်းစာစိတ်ထားဖို့ ဆုံးမကြပါတယ်။ ငွေက ဖျက်ဆီးလို့ ပျက်စီးသွားခဲ့ရတာပါ။ ဒါကို မွမ်းမံပြင်ဆင်ပြီး သုံးကြရမှာ ဖြစ်ပါတယ်။


မိုးကြိုးပစ်တာ ထန်းလက်ကာ

စာနာစိတ်ဆိုတာ ကိုယ်ကစပြီးကျင့်သုံးရမှာပါ။ သူတစ်ပါးကို နိုင်ထက်စီးနင်းပြုဖို့ဖြစ်လာရင် (ဥပမာ) လူတစ်ယောက်ကို ထိုးကြိတ်ရိုက်နှက်ဖို့ ဖြစ်လာရင် သူသာငါ့မိငါ့ဖိ၊ ငါ့ညီအစ်ကိုမောင်နှမ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့။ လူတစ်ယောက်ရဲ့ စည်းစိမ်ချမ်းသာကို ပျက်စီးအောင်လုပ်ဖို့ ကြုံကြိုက်လာရင် သူသာ ငါ့ညီ၊ ငါ့ဖ၊ ငါ့ညီအစ်ကိုမောင်နှမ၊ ငါ့သားငါ့သမီးဖြစ်ရင် ဘယ်လိုလုပ်မလဲလို့ တွေးကြည့်ဖို့ပါ။ ဒီလို ကိုယ်ချင်းစာစိတ်နဲ့ အရာရာကို စဉ်းစားမယ်ဆိုရင် အရိုင်းစိတ်တွေ လျော့ပါးတန်သလောက် လျော့ပါးနိုင်ပါတယ်။ မိုးကြိုးပစ်တာ ကိုထန်းလက်နဲ့ကာသလိုတော့ ဖြစ်ပါတယ်။ အရာရာကိုငွေကခြယ်လှယ်တဲ့ စနစ်ကြီးရှိနေသမျှတော့ လူတွေကိုမရိုင်းအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် ဒီအတိုင်းဘာ မှမလုပ်ဘဲလက်ပိုက် ကြည့်နေလို့ လည်းမဖြစ်ပါဘူး။ ကိုယ့်အနီးနားပတ်ဝန်းကျင်က လူတွေကြားမှာ စာနာစိတ်ဆိုတာလေးကို မမေ့မလျော့ ရှိနေစေဖို့တော့ အခါခပ်သိမ်း ဟောနေပြောနေရမှာပဲဖြစ်ပါတယ်။


လူထုစိန်ဝင်း


ရုပ်ကြီးစင်ပေါ်က ကြိုးဆွဲခံ ရုပ်သေး




ဘူး

ဘူး.. ဆိုတာနဲ့ နောက်ဆက်တွဲတွေလာလိုက်တာ နဲတာမဟုတ်ဘူး။ ဘူးမဏ္ဍပ်မှာ ဘူးသီးကြော်ကျွေး၊ ဘူးသံချပ်ပြိုင်တဲ့။ ဒေါ်လာစားတို့ ဥာဏ်ပညာကြီးလိုက်ပုံက အံ့ဖွယ်ပါပဲ။ လုပ်တဲ့လူတွေကလည်း လုပ်လိုက်တယ်။ ပိုစ့်ရှာနေတဲ့ ဒေါ်လာစားတွေကတော့ ဟန်ကို ကျနေတာပဲ သောက်သောက်လဲ တင်လိုက်တယ်။ သီချင်းဖိုင်တွေရော၊ ဓာတ်ပုံတွေရော မြိုင်လို့။ ဘယ်လို ဦးနောက်၊ ဘယ်လိုအသိဥာဏ်တွေနဲ့ တွေးခေါ်တယ်တော့မသိ၊ ဒီမိုကရေစီ ယူပေးအုံးမှာတဲ့။ တော်သးတာပေါ့ ဒေါ်စုက ဘူးသီးပေးလို့၊ ခွေးလေး တစ်ကောင်လောက်ပေးလိုက်ရင် ခွေးမဏ္ဍပ်လုပ်ပြီး ခွေးသံချပ်တွေ အအူ ပြိုင်ချင် ပြိုင်နေကြအုံးမှာ။ တကယ့်ကို လေးစားလောက်တဲ့ အတွေးအခေါ်တွေပါ။ ဒေါ်စုကို မေတ္တာရပ်ခံပါတယ်။ နောက်ထပ် ကျေးဇူးပြုပြီး ဘာမှမပေးပါနဲ့လို့။

စကားမစပ် သံချုပ်ပြိုင်ပွဲတုန်းက ဆင်ဆာအဖျက်ခံရတဲ့ သံချပ်တစ်ပုဒ်ကိုတော့ ကျနော် သဘောကျပါတယ်။ ငယ်ငယ်တုန်းက နာမည်ကြီးသီချင်းတစ်ပုဒ်လေ....။။

ဘူးမမှုတ်နဲ့ သမီးရယ်
ဖေဖေ့ကို ချစ်တယ်ဆို
ဖေဖေလေးကို ချစ်တယ်ဆို
ဆို.. ဆို.. ဆို...။
ဘူးမမှုတ်နဲ့ ငါ့သားရယ်
ဖေဖေ့ကို ချစ်တယ်ဆို
ဖေဖေလေးကို ချစ်တယ်ဆို
ဆို... ဆို... ဆို...

ရုပ်သေး

ရုပ်သေး... ဆိုတာ ကြိုးဆွဲတဲ့လူရဲ့ အလိုကျ လုပ်ရတာ။ ရုပ်သေးမှာ အသိဥာဏ်မရှိဘူး၊ ခံယူချက်မရှိဘူး၊ မျိုးချစ်စိတ်မရှိဘူး။ ကြိုးဆွဲတဲ့လူကသာ လွှတ်ချလိုက်ပါလား အားလုံး ချက်ချင်း အရုပ်ကြိုးပျက် ခွေကျသွားကြမှာ။ ဒီမိုကရေစီတို့ ခုချက်ချင်းတိုက်မယ်တို့ အော်ဖို့မပြောနဲ့ နေစရာမရှိ၊ စားစရာမရှိတာနဲ့ ချက်ချင်း ဒုက္ခရောက်မှာ။ အမှန်တော့ ဒေါ်လာစား အတိုက်အခံ ဘလော့ဂါတွေ အားလုံးဘဝဟာ သူများကြိုးဆွဲတိုင်း ကနေရတဲ့ ရုပ်သေးရုပ်တွေပါ။

တစ်နေ့လုပ်မှ တစ်နေ့စားဆိုတာ တကယ်တမ်း ကျတော့ ဒေါ်လာစားအတိုက်အခံတွေ အတွက် သိပ်မှန်တဲ့ စကားပါ။ ပိုက်ဆံများများရတယ်၊ လူမပင်ပန်းဘူး၊ ဦးနောက်မရှိ ပညာမတတ်လည်း ဖြစ်တယ်၊ ကိုယ့်နိုင်ငံအကြောင်း မကောင်းတာ အကုန်ပြောရမယ်ဆိုပေမယ့် နောက်မှာ သူ့ဟာနဲ့သူ ဖိအားတော့ ရှိပါတယ်။ ဘလော့ပေါ်မှာ post ဘယ်လောက်ရှိရမယ်။ အချင်းချင်း အင်တာဗျူးလုပ် post အသစ်တင်။ အထင်ကရ ရက်တွေမှာ သံရုံးတွေရှေ့ ဆန္ဒပြ တွေ လုပ်ရပါတယ်။ ဇာတ်ဆရာ အလိုကျပေါ့၊ ဒီအရုပ်ဖြစ်မှတော့ ကြိုးဆွဲသမျှ ကရတော့မှာပဲ။

တစ်ရက် တစ်ရက် blog ပေါ်မှာ post အရေအတွက် ပြည့်အောင် လိုက်ပြီး ကူးတင်ရတာ အမော။ အီးမေးနဲ့ လိုက်ဖြန့်ရတာ အမော။ အောက်ကနေလည်း လိုဂိုတွေက ထည့်ရတယ်။ ကိုယ်အလုပ်လုပ်ပါတယ်ဆိုတာ သိရအောင်လို့။ တစ်ခါတစ်လေ ဘယ်လောက်လုပ်လုပ် နာမည်မကြီးတော့ ထုံးစံအတိုင်း ရုရှားက စစ်ဗိုလ်တွေကို သွားပြီး ရန်စ လိုက်။ နောက်ကနေ လိုက်လာရင် အောင်မြင်တာပဲ။ အဆင့်မရှိမှန်းသိပေမယ့် ဇာတ်ဆရာအလိုကျတော့ လုပ်ရတာပဲ။

လောလောဆယ်တော့ နီးရာဓား ကြောက်ရမှာပဲ။ အားလုံးကတော့ တကယ့် သူရဲကောင်းကြီး၊ လို့ထင်နေတာပေါ့။ အဲ့လိုထင်အောင် အပေါ်က ကြိုးဆွဲထားတာလေ။ တစ်ချို့တွေ ကြိုးတွေရှုတ်ပြီး နောက်ဆုံး မထိန်းနိုင်မသိမ်းနိုင်တာတွေလည်း ရှိတာပဲ။ ဒါပေမယ့် အားလုံးက တစ်ချိန်ကြရင် ပုံကြသွားမှာပဲ။ အရုပ်ကြိုးပျက်ဖြစ်သွားမှာပဲ။ ဒါပေမယ့် ကြိုးဆွဲသူရှိတုန်းကိုတော့ သူရဲကောင်း ရုပ်လေး လုပ်ချင်သေးတာပေါ့။ ခံယူချက်နဲ့ အသိပညာတွေက အဓိကမှမဟုတ်တာ၊ လောလောဆယ် ဒေါ်လာစား အတိုက်အခံ ဘလော့ဂါတွေ အရုပ်ကြိုးပျက်မဖြစ်အောင်တော့ နိုင်ငံတွင်းကလူတွေကို ဆန္ဒပြဖို့၊ ဗုံးဖောက်ဖို့ ဘလော့ပေါ်ကနေ ဘလော့သူရဲကောင်းအနေနဲ့ လေ တိုက်ပွဲတွေ ဆက်လုပ်ရအုံးမှာပဲ။

အချိုကြိုက်တဲ့ ဒေါ်လာစား


ဒေါ်လာစားတို့ အမြှောက်ကြိုက်ချက်ကတော့ လွန်ပါတယ်။ မဟုတ်မှန်းသိရက်နဲ့ ကိုယ့်ဆီဘောက်စ်မှာ ဟုတ်ပါတယ်၊ မှန်ပါတယ်၊ အရမ်းကောင်းပါတယ် ဆို ပြီး လာပြောသွားလို့ကတော့ သွား ၃၂ ချောင်းပေါ်အောင်ဖြီးပြီး နောက်က လိုက်ပြီး ပြန်ပြောတာပဲ။ မချေမငံတော့ သွားမပြောနဲ့ နောက်တစ်ကြိမ် စီဘောက်စ်မှာ ရေးလို့ရ ကံကောင်း။ သူတို့အချင်းချင်းတော့ ရှေ့က လူက ဟေး ဆို နောက်က လူ က ဟား နဲ့ ညီနေတာပဲ။ စီဘောက်စ်တွေ၊ ကွန်းမန့်တွေကိုကြည့်အုံးမလား။ သူတို့အချင်းချင်းတွေချည်းပဲ။ ဒါကို အဟုတ်ကြီးမှတ်နေကြတာ။ နွားခြေရာခွက်လေးထဲမှာ ကူးခပ်ရင်း ဘဝကြီးကို သာယာလှပြီထင်နေပုံပဲ။

အချိုကြိုက်တာ၊ အမြှောက်ကြိုက်တာတော့ လူတိုင်းပါပဲ။ အထူးသဖြင့် ဒီမိုကရေစီကို မြတ်နိုးတယ်ဆိုတဲ့လူတွေ၊ လွတ်လပ်စွာပြောဆိုခွင့်ကို လေးစားတယ်ဆိုတဲ့လူတွေက ပိုပြီး ချိုကြိုက်၊ အမြှောက်ကြိုက်နေတာတော့ အင်မတန် စိတ်ပျက်ဖို့ကောင်းပါတယ်။

ထုံးစံအတိုင်း မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြောဖွယ် အစဉ်တစိုက် လုပ်ဆောင် နေကြတာတွေကို ဒီနေ့ထိ တွေ့နေရတာ ပိုပြီး စိတ်ပျက်ဖို့ကောင်းတယ်။

ဒေါ်လာစား အတိုက်အခံ ဘလော့တွေကို ကျနော် ရောက်ဖြစ်ပါတယ်။ ပျင်းတဲ့အချိန်တွေမှာ တကယ်သွားသင့်တဲ့နေရာတွေပါ။ တစ်ချို့ရေးထားတာတွေက အူတက်အောင် ရယ်ရပါတယ်။ ကာတွန်းဖတ်ရတာ၊ ဟာသကားကြည့်ရတာထက် ပိုပြီးရယ်ရပါတယ်။ ဒါကြောင့်ပါ။ အချိန်ပေးဖတ်ပြီး ဖတ်ရကျိုးနပ်မယ့် စာတော့ တစ်ခုမှမရှိပါဘူး။ ဒေါ်လာစား ဘလော့တွေမှာ ရှိသမျှ စာအားလုံးက တခြားဆီက ကူးထားတာတွေချည်းပါပဲ။ တခြားမှာ ဖတ်ရင် ရပါတယ်။ တခြားမှာမရှိပဲ အဲ့ဒီမှာပဲ ရှိတာဆိုရင်တော့ မှတ်လောက်သားလောက် ဘာတစ်ခုမှ မရှိဘူးဆိုတာ နှစ်ခု သုံးခု လောက်ဖတ်ရုံနဲ့ သိနိုင်ပါတယ်။

ဒီမိုကရေစီမြတ်နိုးတယ်လို့ ပြောပြီး၊ စီဘောက်စ်နဲ့ ကွန်းမန့်တွေကိုတောင် လွတ်လပ်ခွင့် မရှိတာကို မရှက်မကြောက်တမ်း ယနေ့ထိ လုပ်နေကြတုန်းပါပဲ။ ခုလို ဟိုဖက်ဒီဖက် အတိုက်အခံရေးတဲ့ ဘလော့တွေမှာ cbox မှာ ကောင်းချီးတွေ ပေးထားတာတွေပဲ ရှိတယ်ဆိုတာ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာ ဒေါ်လာစားတို့ အသက်အရွယ်၊ ထမင်းစားတဲ့ ဦးနောက်နဲ့ စဉ်းစားကြည့်ပါ။ နိုင်ငံရေးနဲ့ ပက်သက်တဲ့ blog တိုင်းက ကိုယ့်အမြင်နဲ့ ကိုရေးကြတာချည်းပဲ။ အဲ့လိုပဲ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ ကိုယ့် blog မှာ ကိုယ့်အမြင်ကို လွတ်လပ်စွာရေးခွင့်ရှိသလို သူများတွေရဲ့ အမြင်ကိုလည်း လွတ်လပ်စွာ ရေးခွင့်၊ ဝေဖန်ခွင့်ပြုရမယ်။ စီဘောက်စ်တွေ၊ ကွန်းမန့်တွေမှာ ကောင်းကြောင်းတွေချည်းပြောထားတာ။ ဟုတ်လားမဟုတ်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် သိကြပါတယ်။ ဘာကြောင့် သာယာနေကြတာလဲ ဒေါ်လာစားတို့။

ဆဲရေးတိုင်းထွာမှုတွေ၊ မိုက်ရိုင်းမှုတွေနဲ့ သူများနာမည်နဲ့ လိုက်ရေးတာတွေကို ဘယ်သူတွေ အများဆုံးလုပ်နေလဲဆိုတာကို သိချင်ရင် တခြား မကြည့်ပါနဲ့ http://kyeesaytaman.blogspot.com/ နဲ့ http://padaukmyay.blogspot.com/ blog နှစ်ခုကိုပဲ ကြည့်ပါ။

ကျနော် တစ်ကြိမ်တစ်ခါမှမဆဲဖူးဘူး။ ရိုင်းစိုင်းတဲ့ အသုံးအနှုံးလဲ မသုံးဖူးပါဘူး။ ဒါပေမယ့် blog ပိုင်ရှင်တွေ မကြိုက်တဲ့ အမှန်တရားကိုတော့ ပြောတယ်။ အဲ့တော့ ဘန်းခံရတယ်။ ကျနော့်ကို ဘန်းတဲ့ blog တွ၊ block တဲ့ နေရာအားလုံးက ဒီမိုကရေစီနဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေကို သေအောင်မြတ်နိုးပါတဲ့ဆိုတဲ့လူတွေးချည်းဗျ။ ဒါက ဘယ်လို ဖြစ်ရတာလဲ။ ကျနော် စိတ်ဝင်စားလို့ မှတ်ထားပါတယ်။

Your comment has been saved and will be visible after blog owner approval ဆိုတဲ့ ဒေါ်လာစားများကတော့

http://www.demowaiyan.co.cc/

http://peacock-land.blogspot.com/

http://photayokeking.net/

http://justfreeman.blogspot.com/

http://flyingpeacock.blogspot.com/

http://www.yeyintnge.com/

http://komoethee.blogspot.com/

http://www.datacarrier.info/

http://canadamyanmar.blogspot.com/

http://www.zarnimyomayt.co.cc/

http://thadar.blogspot.com/

http://whoiswhoinburma.blogspot.com/ .. တို့ပါပဲ။ ဘာအတွက် ခံထားလဲတော့ စဉ်းစားလို့ကို မရပါဘူး။ လိုအပ်လို့လား ??


Comments on this blog are restricted to team members ဆိုတဲ့ ဒေါ်လာစားတို့ကတော့

http://myatlayngon.blogspot.com/

http://malaria88.blogspot.com/ .. တို့ပါ။ ကိုယ့်လူတွေပဲ ရေးဆိုပါတော့။


comment ပေးလို့မရတဲ့ ဒေါ်လာစားတွေက

http://deyea.blogspot.com/

http://www.revolution8888.co.cc/

http://www.myochitmyanmar.org/home

http://www.niknayman-niknayman.co.cc/

http://www.wanna23.com/

http://khinmamamyo.blogspot.com/

http://moemyintaung.blogspot.com/

http://zinaye.blogspot.com/ .. တို့ပါပဲ။ အကြောင်းအရာတစ်ခုကို ရေးပြီးရင် အောက်မှာ comment ဆိုတာ ရှိသင့်ပါတယ်။ ငါပြောတာ မှားမှားမှန်မှန် ဘာမှပြန်မပြောနဲ့ဆိုတာကို ဒီမိုကရေစီ ဆိုတဲ့လူတွေက သဘောကျနေပုံပဲ။


ကျနော် cbox ရေးလို့မရ တဲ့ နေရာတွေက

http://www.myochitmyanmar.org/home

http://myatlayngon.blogspot.com/

http://www.niknayman-niknayman.co.cc/

http://drlunswe.blogspot.com/

http://malaria88.blogspot.com/

http://arzarni.blogspot.com/

http://justfreeman.blogspot.com/

http://www.yeyintnge.com/

http://8888newgenerations.blogspot.com/

http://nge-naing.blogspot.com/

http://ko-htike.blogspot.com/

http://thadar.blogspot.com/

http://masumon.blogspot.com/

http://moemyintaung.blogspot.com/

http://cozan.blogspot.com/

http://chaylanthit.blogspot.com/

http://chittemanawmyae.blogspot.com/

http://gingyi.blogspot.com/

http://udpmyanmar.blogspot.com/ .. တကယ့်ကို အံ့အားသင့်စရာပါပဲဗျာ။ သူတို့ စီဘောက်စ်တွေကိုကြည့်လိုက်။ ဟုတ်ပါတယ်။ မှန်ပါတယ်။ အရမ်းကောင်းပါတဲ့နဲ့ အဓိပ္ပါယ်တူတဲ့ စကားတွေပြည့်နေတာပဲ။ အော်.. ဒါလား.. ဒီမိုကရေစီ။

http://www.irrawaddy.org/bur/ (IP ကို block ထားပါတယ်တဲ့)... ဆိုးပါတယ်ဗျာ။

ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဘလော့တွေမှာ စီဘောက်စ် ဆိုတာ ထားသင့်တယ်။ စီဘောက်စ်ထဲမှာ ကိုယ့်ကို အကောင်းပြောတာတွေရော၊ အဆိုးပြောတာတွေရော ရှိသင့်တယ်။ ရှိကိုရှိရမယ်။ ကျနော့်ကို အားလုံးက လက်မခံဘူး။ ဒေါ်လာစားတို့ကိုလည်း အားလုံးက လက်မခံဘူး။ ဘယ်လောက် အဓိပ္ပါယ်ရှိလဲ။ ဒီတော့ အချိုတွေပဲ ကြိုက်မနေပါနဲ့ဗျာ။ အမှန်တရားကို လက်ခံနိုင်အောင် ကြိုးစားပါ။ ရှက်တတ်ကြပါ။ စာရင်းထဲမှာ မပါတဲ့လူတွေကလည်း အချင်းချင်း ဝိုင်းပြောကြပါအုံး။ ဝိုင်းထိမ်းကြပါအုံး။



Myanmar Express

ပူမယ်.. ဆူမယ်

မနက်ဖြန် လူထုအုံကြွမှုကြီးလုပ်မယ်။ သဘက်ခါ ဆန္ဒပြမယ်၊ တစ်ပက်အတွက် လှုပ်ရှားမယ်။ တစ်လအတွင်း ဆူပူမယ် ဆိုပြီး ကဗျာမျိးစုံစပ်၊ ကြေညာချက်မျိုးစုံထုတ်၊ ၈၈၈၈ တုန်းက စစ်တပ်က ပစ်ထားတဲ့ ဗွီဒီယိုဖိုင်တွေနဲ့ ပိုစ့်အသစ်တွေတင် (ဒါတွေချည်း ထပ်နေပြီ) နဲ့ ဘလော့ပေါ်မှာ ကီးဘုတ်ကိုင်ပြီး တက်ကြွနေကြတယ်။

ပူချင်ကြ၊ ဆူချင်ကြမှာပေါ့ သူတို့တွေမှ မပါရတာ။ တကယ်ဖြစ်တော့ နောက်ဆုံးကနေ ကြောက်ဒူးတုန်နေကြ။ ဘုမသိဘမသိ ပြည်သူတွေကို မိုက်ရူးရဲ ဖြစ်အောင် မြောက်ပေးကြ၊ သေခိုင်းကြတယ်။ ၈၈၈၈ လုံးကို မမေ့ဖို့ ခဏခဏပိုစ့် အသစ်တင်နေကြတယ်။ နောက်တစ်ကြိမ် ၈၈၈၈ ထပ်လုပ်ဖို့ အမြဲပြောနေကြတယ်။ ၈၈၈၈ ဆူပူမှုမှာ ကောင်းတာဘာရှိလဲ?? မသိတာလား၊ မသိချင်ဟန်ဆောင်ကြတာလား?? ၈၈၈၈ ဖြစ်တုန်းက နှပ်ချေးတွဲလောင်းနဲပ ဘုမသိဘမသိလူတွေ၊ ကျောင်းသားဘဝ ရူးသွပ်ခဲ့ကြသူတွေနဲ့ မမွေးသေးတဲ့ လူတွေကတော့ ၈၈၈၈ ကို နောက်တစ်ကြိမ်မကဘူး နောက် ၁၀ ကြိမ်ဖြစ်စေချင်မှာပဲ။ အဲ့တုန်းက အဖြစ်ပျက်မှန်တွေကို မြင်ထားတဲ့လူတွေကတော့ ဘယ်တော့မှ မဖြစ်ပါစေဖို့ ဆုတောင်းတယ်။ အမှန်တရားတွေကို မသိရင် သိအောင် ကြည့်ကြပါ။







ရလဒ်ကတော့ ကမ္ဘာ့အလည်မှာ အရှက်ကွဲ။ ပိုပြီးနောက်ကျ။ အပြစ်မဲ့ပြည်သူတွေသေကြ။ နိုင်ငံပိုင် ပစ္စည်းများစွာ ပျက်စီးဆုံးရှုံးရတာပဲ။ ကောင်းတဲ့ အချက်ဘာရှိလဲ???? ဘာမှမရှိဘူး။ စက်တင်ဘာ အရေးအခင်းရော ဘာထူးလဲ။ ပြည်သူတွေနဲ့ နိုင်ငံအတွက် ဘာမှမထူးဘူး အတူတူပဲ။ NLD-LA နဲ့ တချို့ ကမကထတွေ ကားစီးသွားရတာပဲ ရှိတယ်။ သူတို့တွေနဲ့ နိုင်ငံရေး ဒေါ်လာစားဘလော့ဂါတွေကတော့ တစ်လတစ်ခါ ဆူပူမှုဖြစ်လေ ကောင်းလေပဲပေါ့။ အနည်းဆုံး ပိုစ့်အသစ်ရတယ်။ အခြေနေကောင်းရင် ဒေါ်လာပိုရတယ်။ ကိုယ့်စီးပွားရေး အဆင်ပြေဖို့ ပြည်သူတွေသေခိုင်းဖို့၊ နိုင်ငံတော်ကို သိက္ခာချဖို့၊ ဖျက်စီးဖို့ ဝန်မလေးသူတွေပဲ ဆူချင်ပူချင်နေကြတာပဲ။


Myanmar Express

ဘယ်ကရလဲ အရေးမကြီး


ဒေါ်လာစားအတိုက်အခံ ဘလော့တွေပေါ်မှာ ရှိတဲ့ ပိုစ့်တွေရဲ့ ၉၀ရာခိုင်နှုန်းသော ပို့စ့်များအောက်မှာ အမြဲတမ်း ဘယ်ကနေ ကူးယူဖော်ပြကြောင်း ပါတတ်ပါတယ်။ မပါတဲ့ ပိုစ့်တွေကလည်း အခြားဆိုဒ်တွေမှာ ရှိပြီးသားတွေချည်းပါပဲ။ ဘယ်ဆိုဒ်မှာမှလည်းမရှိ အောက်မှာလဲ ဘာမှရေးမထားဘူးဆိုရင်တော့ အဲ့ဒီပိုစ့်မျိုကို ဆက်မဖတတ်တာ ပိုကောင်းပါတယ်... အဲ့ဒီပိုစ့်ဟာ ကဗျာလိုလို၊ ဘာလိုလို၊ လက်တမ်းရေးထားတဲ့ အစီအငေါ်မတည့် ဦးတည်ချက်မရှိတဲ့ စာပိုဒ်ငယ် တစ်ခုသေချာပေါက် ဖြစ်နေပါလိမ့်မယ်။

အောက်မှာ ပါတဲ့ ဘယ်ကနေ ကော်ပီလုပ်ထားပါတယ်ဆိုတဲ့ ဆီ ဆက်သွားလိုက်ရင် အဲ့ဒီမှာထပ်ပြီး ကူယူထားကြောင်းတွေ ထပ်တွေ့ရတတ်ပါတယ်။ ဘယ်ကနေ ဘယ်သူရေးထားမှန်းကို တင်ထားတဲ့သူတို့ကိုယ်တိုင် မသိကြပါဘူး။ ဒါလည်း သူတို့ကို အပြစ်ပြောလို့တော့ မရပါဘူး။ ပိုစ့် တင်နိုင်ဖို့က အဓိက၊ ရေးသားသူဘယ်သူ၊ မှန်လားမှားလား၊ အခြေအမြစ်ရှိလား မရှိလားဆိုတာ အရေးမကြီးဘူးလေ။ အရေးကြီးတာက $$$$$$$.


Myanmar Express

On a Road to Nowhere


On a Road to Nowhere

ဒေါ်လာစား အတိုက်အခံအားလုံးက ကိုယ့်လမ်းကြောင်းနဲ့ ကိုယ်ပါ.. ဒါပေမယ့် .. အဲဒီလမ်းကြောင်းအတိုင်း သွားရုံကလွဲပြီး အခြား ဘယ်ကိုမှ သွားစရာမရှိပါဘူး.. စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ။ ကိုယ့်နိုင်ငံအကြောင်း မကောင်းထိုင်ပြောနေရဖိုပပါပဲ.. နိုင်ငံကို သိက္ခာသက်သက်ချနေရမှာပါ.. နိုင်ငံကို တကယ်ချစ်တယ်ဆိုရင် ကမ္ဘာအလည်မှာ သိက္ခာတက်စေမယ့် မြန်မာ့ အစဉ်အလာတွေလည်း တင်လို့ရပါတယ်။ အေးချမ်းသာယာတဲ့ ဘဝတွေလည်း တင်စရာတစ်ပုံကြီးပါ..။ ခုတော့ ဒေါ်လာစားဆို့ ဘလော့တွေ၊ ဆိုဒ်တွေ ကြည့်လိုက်ရင်.. ပူလောင်မှုတွေ၊ ရန်စောင်မှုတွေ၊ ရိုင်းစိုင်းကြမ်းတမ်းမှုတွေနဲ့အတိ။ အခုချက်ချင်းပဲ ထသက်ကြတော့မလို၊ ခုချက်ချင်းပဲ မြန်မာနိုင်ငံကြီး ရစရာမရှိအောင် ပျက်စီးတော့မလို၊ လုံးဝ ရစရာမရှိတော့လို့ အရေးတကြီး ကယ်ဆယ်ရတော့မလိုနဲ့ ရေးထားလိုက်တဲ့ ဘလော့ပိုင်ရှင်များက သူတို့ကိုယ်သူတို့ သူရဲကောင်းတွေ လိုပါပဲ.. အမှန်တော့ သူတို့လည်း ဘာမှမသိပါဘူ.. ဘာမှမသိတဲ့အပြင် ဇ မရှိတော့ ကြည့်ရ၊ မြင်ရတာ တော်တော်ဆိုးပါတယ်..။ ခံယူချက်ရှိလို့ မကျေနပ်ရင် မြန်မာနိုင်ငံပြန်ပြီး သူရဲကောင်းလုပ်လို့ရပါတယ်..။ အဲ့လိုကျတော့လည်း သတ္တိမရှိကြဘူး..။ ဘယ်လောက်တောင် သတ္တိကြောင်လဲဆိုတော့ ကိုယ့်ဘလော့မှာ ကိုယ့်နာမည်အမှန်နဲ့ ဓာတ်ပုံနဲ့ လိပ်စာကိုတောင် မတင်ရဲကြပဲ သူရဲကောင်း လုပ်ချင်ကြတယ်.. ဒါပေမယ့်.. ဒါကလည်း ကြေးစား အတိုက်အခံတွေရဲ့ လမ်းကြောင်းပဲကိုး..။


ဘယ်နိုင်ငံမှာဆို ဘယ်လို

ဘယ်နိုင်ငံသားမဆို ကိုယ့်နိုင်ငံကို ကိုယ်ချစ်ကြပါတယ်။ ဘယ်နိုင်ငံမှာပဲနေနေ တစ်ချိန်ချိန်ကျရင်တော့ ကိုယ့်နိုင်ငံကို ပြန်ချင်ကြတာချည်းပါပဲ။ အကြောင်းတိုက်ဆိုင်လာတာနဲ့အမျှ ကိုယ့်နိုင်ငံကို သတိရကြတာပါပဲ။ နိုင်ငံခြားဆိုတာ အထင်ကြီးစရာမဟုတ်သလို အထင်သေးစရာလည်းမဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။ ဒါကို သွားပြီး နှိုင်းယှဉ်လို့မရပါဘူး။


အတိုက်အခံ
အတိုက်အခံဆိုတာ နေရာဌာန အသီးသီးတိုင်းမှာ မပြစ်မနေ ရှိသင့်တဲ့ အရာပါ။ အတိုက်အခံရှိမှလည်း အဲ့ဒီဌာန၊ အဲဒီ အဖွဲ့အစည်းက တိုးတက်မှာပဲ။ စီပွားရေးလောကမျာလည်း စီးပွားရေး လောကအလျှောက်၊ လူမှုရေးလောကမှလည်း လူမှုရေးလောကအလျှောက်၊ နိုင်ငံရေးလောကမှာလည်း နိုင်ငံရေး လောကအလျှောက် သူ့ဟာနဲ့သူ အပြိုင်အဆိုင် အတိုက်အခံဆိုတာ ရှိစမြဲပါ။ မရှိလို့လည်း မဖြစ်ပါဘူး။ မလွှဲမသွေ ရှိကို ရှိရမယ့်အရာပါ။

အတိုက်အခံမှာမှ ကိုယ်ရေးကိုယ်တာအတိုက်အခံနဲ့ ကြေးစားအတိုက်အခံဆိုပြီး ထပ်ခွဲကြည့်လို့ရပါတယ်။ ကိုယ်ရေးကိုယ်တာကတော့ ကိုယ့်စိတ်ထဲကကို တစ်ဖက်လူ ဒါမှမဟုတ် တစ်ဖက်အဖွဲ့အစည်းကို မနှစ်မြို့လို့ ပြိုင်ချင်ဆိုင်ချင်လို့ လိုက်ပြီး အတိုက်အခံလုပ်ကြတာကို ပြောတာပါ။ ကြေးစားအတိုက်အခံတွေ ဆိုတာကတော့ လူမိုက် ဒါမှမဟုတ် လူရမ်းကားသဘောဆောင်ပါတယ်။ တစ်စုံတစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုခုက ပိုက်ဆံပေးပြီး ရိုက်ခိုင်း၊ တိုက်ခိုက်ခိုင်း၊ တစ်ဖက်က လူ ဒါမှမဟုတ် တစ်ဖက်က အဖွဲ့ရဲ့ လုပ်သမျှ ကန့်ကွက်ရတဲ့ အတိုက်အခံမျိုးကို ခေါ်ပါတယ်။ ကြေးစားအတိုက်အခံအများစုဟာ ပညာမတတ်သူများပြီး၊ မိုက်ရူးရဲတွေများပါတယ်။ ကြေးစားအတိုက်အခံတွေမှာမှ ကိုယ့်ဘဝ ကိုယ့်အခြေအနေကို သိတဲ့ ကြေးစားအတိုက်အခံနဲ့၊ အောက်ခြေလွတ်နေတဲ့ ကြေးစားအတိုက်အခံဆိုပြီး ၂ မျိုး ထပ်ခွဲနိုင်ပါသေးတယ်။ မြန်မာ့နိုင်ငံရေး အတိုက်အခံအားလုံးလိုလိုက ကိုယ့်ဘဝကိုယ်မေ့တဲ့ အောက်ခြေလွတ် ကြေးစား အတိုက်အခံတွေများပါတယ်။


နိုင်ငံရေး အတိုက်အခံနဲ့ ဘလော့ဂါ
အတိုက်အခံထဲမှာမှ နိုင်ငံရေးအတိုက်အခံဆိုတာ လူတိုင်းဖြစ်နိုင်သလို လူတိုင်းလုပ်နိုင်ပါတယ်။ သူတောင်းစား၊ လမ်းဘေးက ကလေကချေ က စပြီး ဒုတိယ သမတ္တထိ ဖြစ်နိုင်ပါတယ်။ အတိုက်အခံဆိုတာ နိုင်ငံ တိုင်းမှာရှိတာပဲ ဘယ်လောက်ဒီမိုကရေစီ အပြည့်အဝရှိပါတယ်ဆိုတဲ့ တိုင်းပြည်မဆို သူ့အတိုက်အခံနဲ့သူရှိတာ။ နှစ်ယောက်ရှိရင် မူသုံးမျိုးကွဲတတ်တဲ့ မြန်မာလူမျိုးဆိုရင်တော့ ပြောမနေနဲ့တော့။ အရင်ကတည်းက ကွဲချင်နေတာ ပိုက်ဆံပေးပြီး ခိုင်းမယ်ဆိုတော့ ပိုပေါလာတာပေါ့။ ဒါပေမယ့် လူတိုင်းက အတ္တနဲ့ဆိုတော့ ကိုယ်နဲ့ ကိုယ့်မျိုးဆက်တွေကို ထိခိုက်မှာတော့ လက်ရွံ့ကြတယ်။ ဆွေမရှိ၊ မျိုးမရှိ တကောင်ကြွက်တချို့တော့ မြန်မာနိုင်ငံထဲမှ လုပ်ကြတယ်။ ကြေးစားအတိုက်အခံ အများစုကတော့ ပြည်ပမှာပဲ နေကြတယ်။ အများစုက မရည်ရွယ်ပဲ လုပ်ဖြစ်သွားကြတာတွေပါ..။ နိုင်ငံရေးအတိုက်အခံ ဘလော့ရေးမယ်ဆိုပြီး ပြည်ပထွက်လာတဲ့လူတော့ တစ်ယောက်မှမရှိပါဘူး။





ကြေးစားအတိုက်အခံ ဘလော့ရေးတဲ့လူတွေကို သုံးမျိုး ထပ်ခွဲလို့ရပါသေးတယ်။ ပထမ တစ်မျိုးက ပြည်တွင်းမှာ နာမည်ပျက်ရှိလို့ ပြည်ပကို ထွက်ပြေးခိုလုံပြီးရေးတဲ့လူ၊ နောက်တစ်မျိုးက ပြည်ပကို အေးအေးဆေးဆေး အလုပ်ရှာဖို့ လာရင်းက ပညာရေးကလည်း အဆင့်မမှီ၊ အလုပ်ကလည်း ရှာမရတဲ့နောက် ပြည်တွင်းက မိဘဆွေမျိုးတွေကို ငဲ့ပြီး သူတို့ကို အသိမပေးပဲ ကြေးစားဘလော့ရေးတဲ့လူ၊ နောက်ဆုံးတစ်မျိုးကတော့ အလကားနေရင်း၊ အလကား နေရင် အလကား၊ အဆက်အသွယ်လည်းရှိ၊ အပိုဝင်ငွေလေးလည်းရတဲ့အပြင် ကံကောင်းရင် နေရာပါရနိုင်သေးတယ်ဆိုပြီး အတိုက်အခံ ဘလော့တစ်ခု စလုပ်ကြတဲ့လူမျိုးတွေပါ။



အမျိုးအစားကတော့ ပညာရည်အဆင့် နိမ့်တဲ့လူတွေများပါတယ်။ ပညာရည်နိမ့်လို့ စာအရေး အသားကောင်းလားဆိုတော့လည်း မကောင်းကြပါဘူး။ စာဖတ်သူတွေ လက်ခံလာအောင် ရေးတာမဟုတ်ဘူး ကိုယ့်အမြင်ကိုယ် ရေးတယ် ဆိုပေမဲ့ စာရေးရာမှာ အမျိုးမျိုးရှိတယ်။
(၁) ကိုယ်တယောက်ထဲအတွက် ကိုယ်ရေးခြင်း (public ကို ပြရန်မလို)
(၂) တခြား တစုံတယောက်အတွက် ရေးခြင်း (စာပို့ခြင်း၊ မေးလ်ပို့ခြင်း)
(၃) အများသူငါ ဖတ်ရှုဖို့ရေးခြင်း (စာ နယ် ဇင်း နှင့် ၀က်ဘ်ဆိုက်များ, ဖိုရမ်များတွင် ရေးခြင်း) ဆိုပြီး http://formmbloggers.blogspot.com/2010/02/blog-post.html ဘလော့မှာ ရေးထားတာကို သွားရောက်မှတ်သား သင့်ပါတယ်။ အခု လောလောဆယ် မြန်မာ ကြေးစားအတိုက်အခံဘလော့တွေ ဖြစ်နေပုံက ဘယ်အမျိုးအစားမှန်းကို ပြောလို့မရတာပါ။ တင်ထားတဲ့ ပို့စ်တွေကလည်း သတင်းဌာနပေါင်းစုံက သတင်းတွေနဲ့ ဆွေးနွေးချက်တွေပါပဲ။ ဖတ်တဲ့လူကလည်းဖတ်ပါတယ် (သူတို့အချင်းချင်း) အားလည်းပေးကြပါတယ်။



ကြေးစား အတိုက်အခံဘလော့ဂါတွေဟာ ကာရန်မရှိတဲ့ ကဗျာတွေလည်း စပ်တတ်ကြပါတယ်။ ကဗျာဖြစ်ရင်ပြီးရောဆိုတဲ့သဘော၊ ပိုစ့်တစ်ခု ရရင်ပြီးရော သဘောမျိုးပါ။ ကဗျာဘယ်လိုစပ်ရတယ်၊ ကဗျာအမျိုးအစားဆိုဘာ ဘာတွေရှိတယ်ဆိုတာကို အထက်တန်းကျောင်းသားဘဝက သင်ခဲ့ပြီးပါပြီ။ အထက်တန်း မအောင်ခဲ့လို ဆိုရင်လည်း မစပ်ကြရင် ပိုကောင်းပါတယ်။
စာအရေးအသားလဲမတတ်၊ သမိုင်းကြောင်းလဲမသိ၊ ကဗျာလည်းမစပ်တတ်ကြတော့ အများစုက သတင်းဌာနတွေက သတင်းတွေလိုက်ဖတ်ပြီး သတင်းအသစ်တစ်ခုကို ဘယ်ဘလော့မှမတင်ခင် ဦးအောင် ကော်ပီကူးနိုင်ဖို့ ကြိးစားကြရပါတယ်။ နဲနဲပါးပါး ကိုယ့်အမြင် သုံးသပ်ချက်တောင် တစ်ကြောင်းမပါပါဘူး။ ဟိုမှာတင်တဲ့အတိုင်း ချက်ချင်းပြန်တင်ကြရတာပါ။ အလုပ်အကိုင်တူတွေကလည်း တဖြည်းဖြည်း များများလာတာကတစ်ကြောင်း၊ တင်စရာကလည်း ဘာမှမရှိတာကတစ်ကြောင်း မတင်ပြန်ရင်လည်း စီးပွားရေးက ရှိသေးတာက တစ်ကြောင်း၊ ဆိုတော့ အလုအရက် ကော်ပီ ပေ့စ် လုပ်ရတဲ့ အဖြစ်မျိုးပါ။




ဘယ်အမျိုးပဲဖြစ်ဖြစ် ဒီလမ်းကြောင်းပေါ်ရောက်လာမှတော့ ဒီလမ်းကြောင်းအတိုင်း ဆက်လုပ်ရုံမှတပါး.. အခြားမရှိ...။ မြန်မာ ကြေးစား အတိုက်အခံ ဘလော့ဂါအားလုံး စီးပွားရေးအဆင်ပြေကြပါစေ...။


Myanmar Express

တော်ပါပြီ ဒေါင်းရယ်


ဟိုးတုန်းကတော့ ဒေါင်းပျိုပေါ့.. ဒီလောက် နှစ်တွေကြာမှတော့ ဒေါင်းအိုတွေ ဖြစ်ကုန်ပါပြီ.. အမွှေးတွေ အတောင်တွေ လည်း မစုံတော့ဘူး..။ တုန်တုန်ရင်ရင် လှုပ်စိလှုပ်စိ၊ မပျက်မသားနဲ့..။ အမွေဆက်ခံတဲ့ ဒေါင်းတွေကော မရှိဘူးလား မဟုတ်ပါဘူး.. ရှိပါတယ်။ ဒါပေမယ့် ဒေါင်းသွေးစစ်စစ် မဟုတ်တော့ပါဘူး.. ပက်ဝန်းကျင်က လင်းတ သွေးတွေ ရောကုန်ကြပါပြီ.. ဒီတော့ ဒေါင်းပေါက်လေးတွေက ဒေါင်းတစ်ပိုင်း၊ လင်းတ တပိုင်း ဖြစ်လို့..။ ဒေါင်းအိုတွေနဲ့ ဒေါင်းတပိုင်း လင်းတ တပိုင်း ပေါက်စတွေနဲ့ကလည်း မကြာခဏ ရန်ဖြစ်.. အဲ့ဒီ မျိုးမစစ်ဒေါင်းတွေနဲ့ ဒေါင်းအိုတွေကြားမှာ မြန်မာနိုင်ငံကြီးလည်း စိတ်ဓာတ်ရေးရာတွေ များစွာ ပျက်စီး ယိုယွင်းနေပါပြီ..။ နိုင်ငံကောင်းအောင် တစ်ခုမှလည်း မလုပ်တဲ့အပြင်၊ ကန့်လန့် တိုက်နေတာတွေ ရပ်သင့်ပြီ..။ ဘာမသိ ညာမသိ လူငယ်၊ လူကြီး ရဟန်းတွေလည်း အနီးမှာရှိတဲ့ မျိုးမစစ်ဒေါင်းလင်းတ တွေကြောင့် မိုက်ရူးရဲတွေလုပ်ခဲ့ကြလို့ သွေးမြေကြရတာလည်း အကြိမ်ကြိမ်ပါပဲ။ အဝေးက မျိုးမစစ် ဒေါင်းလင်းတ များကလည်း ဒေါင်းပုံလေးပြပြီး တောရေး၊ တောင်ရေး (တောကူး၊ တောင်ကူး ဆိုရင် ပိုမှန်ပါလိမ့်မယ်၊ ကိုယ်ပိုင် နိုင်ငံရေးအသိ၊ နိုင်ငံရေးလေ့လာမှုနဲ့ ရေးတာ တစ်ခုမှမရှိပါဘူး) တွေကြောင့်.. ပြည်ပရောက် လူငယ်တွေလည်း လင်းတစိတ်တွေဝင်ကုန်ကြပြီး အားရင် မြန်မာနိုင်ငံကြီးကို ထိုးဆိတ်ချင်နေကြပါတော့တယ်။ ကိုယ်တိုင်မထိုးဆိတ်နိုင်ရင်တောင် လင်းတကြီးများကို အားကိုပြီး ထိုးဆိတ်ခိုင်းနေကြတော့ ရှေ့ကိုမရောက်တော့ဘူး။ ဒေါင်းခေတ်လည်း ကုန်တာကြာပါပြီ.. ဒေါင်းအိုတွေလည်း ဖင်ပြောင်နေပါပြီ..။ ဒေါင်းပြပြီး ဒေါ်လာတောင်းနေတဲ့ ဘလော့တွေလည်း ရှက်သင့်ပါပြီ.......။


စီးပွားရေး တိုးတက်မှု

လူသိရှင်ကြား သူတောင်းစားများ
.... မျောက်ပြ ဆန်တောင်းဘဝမှ လူပြ ဒေါ်လာတောင်းဘဝ သို့ ....


Myanmar Express

တိုက်ပွဲဝင်ဖို့ ခွန်အားတွေအပြည့်ရှိ



တိုက်ပွဲဝင်ဖို့ ခွန်အားတွေအပြည့်ရှိတယ်

do or die, သင့်သားသမီးတွေအနာဂတ်သည် သင့်လက်လက်ထဲတွင်ရှိသည်။ (အာဇာနည်ဘလော့)
ဒေါ်လာရှိမှ သားသမီးတွေအနာဂတ်လည်း စိတ်အေးရမှာပါ။

We Want Youth! (မိုးသီးဇွန်းဘလော့)
နောက်ထပ် ဘယ်သူတွေ စပွန်ဆာပေးအုံးမလဲ သူတို့ အလိုရှိပါတယ်။

ကျမကတော့ အနာဂတ်အတွက်ကြိုတင်စဉ်းစားတာထက် လက်ရှိအခြေအနေတွေကို စဉ်းစားစေချင်ပါတယ် (မြတ်လေးငုံ ဘလော့)
လက်တလော စားဖို့တောင် ဒီလောက်ကော်ပီ လိုက်ကူးပြီး ပို့စ်တင်နေရတာ အနာဂတ်ကို မစဉ်းစား နိုင်သေး ပါဘူး။

မနေ့ တနေ့ ကမှ နိုင်ငံရေး ထလုပ်တာမဟုတ်ဘူး မျိုးနဲ့ ရိုးနဲ့  နိုင်ငံရေးလုပ်လာတာ... (မင်းဓမ)
မျိုးနဲ့ရိုးနဲ့ ဒီလိုပဲ လုပ်စားခဲ့တာပါ။

ဒုတိယ လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်သွားမယ်။ (BURMA: LAND OF HARMONY)
ဒုတိယပြီး တတိယ ဆက်လာမှာပါ။ ဒီအလုပ်က စီးပွားရေးအစဉ်ပြေတယ်လေ။

ကျမတို့က ဦးခေါင်းသာပျော့ချင်ပျော့မယ်.. ဒူးခေါင်းတော့ဘယ်တော့မှမပြော့ဘူး။ (လမင်းခင်ဘလော့)

သူ့မှာ မွေးရာပါ ဦးခေါင်းပျော့ရောဂါရှိပြီး။ သူတွေ့ဖူးတဲ့ လူတွေက ဒူးခေါင်းတွေ ပျော့နေလို့ပါ။ သူမ ရေးထားသော စာများကို ဖတ်ရုံဖြင့် ဘယ်လိုခေါင်းနဲ့ရေးထားလဲ သိနိုင်ပါတယ်။

လွတ်လပ်ကြဖို့...တို့အချိန်တန်ပြီ။ (နစ်နေမန်းဘလော့)
ဒါပေမယ့် လွတ်လပ်ပြီလို့တော့ ဘယ်တော့မှမပြောပါ။ ဒီအလုပ်လေးပျက်သွားရင်ဒုက္ခ။

အမိ မြန်မာပြည်အား တကယ်ကို ငြိမ်းချမ်းသာယာ တိုးတက်စေချင်ပါသည်။ (ငယ်နိုင်ဘလော့)
ဒါပေမယ့် ဘလော့ပေါ်မှာတော့ အမိနိုင်ငံအလံမထားပါဘူး၊ အဖနိုင်ငံအလံများပဲထားမှာပါ။

အောင်ပွဲဆိုတာ တိုက်ရဲသူတွေ အတွက်ပဲ ဖြစ်တယ်.။ (just Free Man ဘလော့)
လောလောဆယ်တော့ ဟောင်ပွဲတွေပဲ ဆက်တိုက်ဝင်ဖြစ်နေတယ်။

ပြောချင်တာပြောဖို့ နားထောင်မည့်သူမရှိတဲ့အခါ (ထိုက်မင်းဘလော့)
ပြောချင်တာတွေကို မစဉ်းမစားမစဉ်မခြင် အကုန်သာပြောနေပါတယ်။

ရင်နှင့်အမျှ..ခံစားရပါသော.. (မသဒ္ဓါဘလော့)
ကိုနစ်ကြီးနဲ့ အစဉ်မပြေကတည်းက ခံစားနေရတာ ခုထိပါပဲ။

ငါတို့တိုင်းပြည်လေးထဲမှာ.. (မဆုမွန်ဘလော့)
ငါတို့တိုင်းပြည်လေးထဲမှာ ပြည်သူတွေဘာတွေဖြစ်နေဖြစ်နေ ငါတော့ သူများတိုင်းပြည်လေးထားမှာ ငါတို့တိုင်းပြည် အကြောင် မကောင်းတာလေးတွေပြောလိုက်၊ ဂျေဂျူဝိုင် နဲ့ ကြူလိုက်။

တော်လှန်ရေးသည် ငါတို့ကျောင်းငါတို့တက္ကသိုလ်။ (ကိုဈာန်ဘလော့)
လောလောဆယ်တော့ ဒေါ်လာရေးသည် ငါ့တို့ကျောင်းငါတို့တက္ကသိုလ်ဖြစ်နေပါတယ်။

စိန်ခေါ်တယ်၊ မီဒီယာတိုက်ပွဲ။ ဒို့ တတွေ၊ သွေးမကြဲ ဆက်၍တိုက်နေမှာပဲ။ (ဖရီးဘားမားဘလော့)
လခကောင်းတာကိုလည်း ထည့်ပြောအုံးမှကိုး။



Myanmar Express

သွေးသွန်းပွဲနှင့်သင်္ဘောဆေးသွန်းပွဲ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် မတ်လ(၁၆)ရက်နေ့မှစကာ အစိုးရရုံးများရှေ့ ဂိတ်ပေါက်ဝများတွင် သွေးဖြင့်ဆန္ဒပြမှုများ စတင်ပြုလုပ်လျက် ရှိနေပြီဖြစ်သည်။ လက်ရှိအာဏာရ ၀န်ကြီးချုပ် အဘီဆစ် ဗီဂျာဂျီဗာအား ရာထူးမှ နှုတ်ထွက်ပေးရန်နှင့် ပါလီမန်ကို ဖျက်သိမ်းပေးရန် တောင်းဆိုနေသော အနီရောင် ရှပ်အင်္ကျီဝတ် ဆန္ဒပြသူများက ၎င်းတို့လှူဒါန်းထားသည့် သွေး(၂၆၄)ဂါလံကို အစိုးရ အဆောက်အအုံ ဂိတ်ပေါက်များရှေ့တွင် သွန်ချခဲ့ကြသည်။ ဆန္ဒပြ ခေါင်းဆောင်များက မိမိတို့အနေနှင့် သွေးပမာဏ ကုဗစ်စင်တီမီတာ (၁)သန်းထိ ရရှိရန် မျှော်လင့်ထားကြောင်း ပြောကြားထားသည်။



ထိုင်းနိုင်ငံရှိ အတိုက်အခံများကို အားကျ၍ အိန္ဒိယနိုင်ငံရှိ မြန်မာလူမျိုး ဒေါ်လာစား အတိုက်အခံများကလည်း အနီရောင် ခေါင်းစည်း များကို စည်းပြီး ထိုင်းအတိုက်အခံမျးကဲ့သို သွေးဖောက်ဖို့ကျတော့လည်း သတ္တိကလည်းမရှိ၊ အရင်ကတည်းက ခံယူချက်ကလည်း မရှိတာကြောင့် ထိုင်းအတိုက်အခံများ ပက်ဖြန်းခဲ့သည့် သွေးများနှင့် နဲနဲတူသော သင်္ဘောဆေး နီနီများဖြင့် အိန္ဒိယနိုင်ငံ မြန်မာသံရုံးရှေ့သို့ သင်္ဘောဆေးသွန်းပွဲ ကျင်းပခဲ့ကြသည်။








ကံကောင်းချင်တော့ သိပ်ပြီး ကြာကြာ ဟန်ရေးမပြလိုက်ရပဲ အိန္ဒိယ ရဲတွေရဲ့ ဆွဲစိတာ ခံလိုက်ရပါတယ်။ ဒေါ်လာတောင်းလို့ သိပ်ကောင်းတဲ့အခြအနေပါပဲ။ သံရုံးရှေ့မှာ မြန်မာအချင်းချင်း ငါကိုင်တုတ်ပြီး ဆဲခဲ့သမျှ အိန္ဒိယ ရဲများရှေ့တွင်တော့ အမြီးကုတ်ပြီးပြန်ခဲ့ရပါတယ်။ အခြေအနေပေးရင်တော့ နောက်ထပ် သင်္ဘောဆေး သွန်းပွဲ နောက်တစ်ပွဲလောက် နွဲချင်ပါသေးတယ်လို့ ခေါင်းမှာ အနီရောင် ခေါင်းစည်းနဲ့ သူရဲကောင်းတစ်ဦးက ပြောသွားပါတယ်။ ဒီအကြောင်းကိုလည်း ပိုစ့် ရှာနေတဲ့ အတိုက်အခံဘလော့ပေါင်း ၁၆ ခုကနေ ရေးသား ဖော်ပြထားပါတယ်။ အကြောင်းအရာနဲ့ ပုံတွေကတော့ ဒါတွေချည်းပါပဲ။


Myanmar Express

လုပ်ပြလိုက်စမ်း ဒေါ်လာစားတို့

အိမ်နီးချင်း ထိုင်းနိုင်ငံက အစိုးရ အတိုက်အခံ တော်လှန်ရေးသမားတွေက သူတို့ရဲ့ သွေးတွေကို ဖောက်ပြီး ဝန်ကြီးချုပ် အဘီစစ်နေအိမ်နဲ့ အစိုးရ အဆောက်အအုံတွေကို သွေးတွေဖျန်းတာတွေ၊ သွေးအိပ်တွေနဲ့ ပစ်ပေါက်တာတွေကို မနေ့ကနဲ့ ဒီနေ့တွေမှာ လုပ်ခဲ့ကြပါတယ်။

မြန်မာ အတိုက်အခံ တော်လှန်ရေးသူရဲကောင်းတွေရော ဘလော့ပေါ်မှာ လေနဲ့ ဒီလိုပဲ လျှောက်အော်နေလို့တော့ မဖြစ်သေးဘူး။ စီဘောက်ထဲမှာ လေပစ်၊ ဘလော့ပေါ်မှာ လေပစ်နေတော့မှာလား။ သူများတွေလို သွေးအိပ်တွေဘာတွေနဲ့ ပစ်ဖို့ အစီစဉ်မရှိကြဘူးလား ??။ သူတို့လိုမျိုး ကိုယ့်ခန္ဓာကိုယ်ထဲက သွေးတွေ ဖောက်ပြနိုင်ပါ့မလား။ ဒေါ်လာစားအတိုက်အခံများ ဖြေကြပါအုံး ?????။ သတိမကြောင်ကြပါနဲ့ ဒေါ်လာစားအတိုက်အခံ သိက္ခာကျပါတယ်။ လုပ်ပြလိုက်ကြပါ။ (ပြောသာပြောရတာ ဘယ်သူမှ အဲ့လောက် ဇ မရှိမှန်း သိပါတယ်။)



Myanmar Express

မှန်အောင်ပစ်


နအဖ ကို ငယ်ထိပ်တို့ အရှိက်တို့ကို တည့်တည့် ထိတာပဲ။ နအဖ က ဘာမှမဖြစ်ဘူး။ ပစ်တဲ့လူက သေတော့မယ်။ ဘယ်ဖြစ်မှာလဲ ပစ်နေတာက လေသေနက်ကိုး။ ဒါပေမယ့် ထပ်ပစ်နေတုန်းပဲ။ စားဝတ်နေရေးက ရှိသေးတယ်လေ။ ကိုယ်လုပ်နေတာတွေက နအဖ အတွက် ဘာမှ ဘာဆို ဘာမှ မဖြစ်စေဘူးဆိုတာ အစကတည်းက သိနေတာပဲ။ မသေမချင်း ပစ်မယ် (ကိုယ်မသေမချင်) သေမှ ရပ်မှာ။ မသေမချင်းတော့ လေ နဲ့တော့ တော်လှန်ရေးကြီးလုပ်နေအုံးမယ်။ အတိုက်အခံတွေ ဘယ်လောက် ဇွဲရှိကြောင်း ပြရမယ်။



Myanmar Express

ဒေါ်လာစား အတိုက်အခံဘလော့ဂါဟောင်းတစ်ဦးနှင့် တွေ့ဆုံခြင်း



Q - အစ်ကို့ နာမည်လေး အရင် မိတ်ဆက်ပေးပါအုံး
A - သွင်ကိုကို ပါ



Q - ဟုတ်ကဲ့ နိုင်ငံရေးလောကထဲကို ဘယ်ချိန်က စဝင်ခဲ့တယ်ဆိုတာလေး ပြောပြပါအုံး
A - ဟုတ်ကဲ့ ကျွန်တော် ၂၀၀၈ စက်တင်ဘာက ဆိုပါတော့။ ကျွန်တော့် အမျိုးသမီးလောင်းက ဒီမှာလေ။ အလုပ်လုပ်ရင်း ကျောင်းတက်နေတာပါ။ အဲ့တုန်းကလည်း သူက ခေါ်လိုက်လို့ပါပဲ။ လာပြီးတော့မှ ဒီလောကထဲ ဝင်ဖြစ်ခဲ့တာပါ။



Q - အော် ဟုတ်ကဲ့ အခု နေတဲ့နေရာလေးပြောပြပါအုံး
A - တိုကျိုမှာပါ



Q - ဘယ်အရွယ်ကတည်းကနိုငံရေးကို စိတ်ဝင်စားခဲ့တာလဲ မသိဘူးဗျ
A - ဘယ်အရွယ်တုန်းကမှ စိတ်မဝင်စားပါဘူး။ ခုဆို အကြောင်းသိသွားလို့ ပိုတောင် စိတ်ကုန်သွားပါသေးတယ်။



Q- စိတ်မဝင်စားဘဲ ဘယ်လိုကြောင့် ဝင်ဖြစ်သွားတာလဲ သေသေချာချာပြောပြပေးပါ အစ်ကို
A - ဒါက ဒီလိုပါ။ ကျွန်တော်နိုင်ငံရေးကို လုံးဝ စိတ်မဝင်စားပါဘူး။ ဒါပေမယ့်အခု ကျွန်တော် နိုင်ငံရေး သမား တစ်ယောက် ဖြစ်နေပါပြီ။ လွန်ခဲ့တဲ့ ၂ နှစ်ကမှ ကျွန်တော်ကမှ ကျွန်တော် ဂျပန်နိုင်ငံ တိုကျိုမြို့ကို ရောက်တာပါ။ ဂျပန်နိုင်ငံ သွားဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးပါတယ် အခက်အခဲအမျိုးမျိုးကြောင့် အစဉ်မပြေပဲ မရောက်ဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မနှစ်က ကျွန်တော့် အမျိုးသမီးလောင်း က ခေါ်လိုက်လို့ လာလို့ရသွားတာပါ။ ရောက်ပြီးနောက်နေ့မှ လူတော့ ရောက်တာကတော့ ရလာပြီ။ ရောက်လာလို့ စိတ်အေးရပြီလို့ ကျွန်တော် အစက ထင်လိုက်ပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ပြဿနာက အဲ့ချိန်မှ စတာပါ။ ကျွန်တော့်အတွက် နေထိုင်ခွင့် လိုအပ်ပါတယ်။ ဒီနိုင်ငံမှာက ကျောင်းသားတွေနဲ့ နိုင်ငံရေး ခိုလုံသူတွေပဲ လွယ်လွယ်ကူကူနေရတာပါ။ မြန်မာလူငယ်အများစုကတော့ ကျောင်းတက်ရင်း အလုပ်လုပ်ရင်းနေကြပါတယ်။ လူကြီးတွေကတော့ ဂျပန်လူမျိုးတစ်ယောက် ဒါမှမဟုတ် အလုပ်ဖြင့် တရားဝင်နေထိုင်ခွင့် ရသူ တစ်ယောက်ယောက်ကို လက်ထပ်ပြီး မှီခို နေထိုင်ကြပါတယ်။ မမှီခိုချင်တဲ့လူတွေနဲပ ကျောင်းနဲ့ အလုပ်အတွက် လက်ကြောမတင်းသူတွေကတော့ နိုင်ငံရေး ခိုလှုံကြတာပါပဲ။



Q - အစ်ကိုက နိုင်ငံရေ ခိုလှုံခဲ့တာလား
A - ဟုတ်ပါတယ်။ ကျွန်တော် ဒီကိုလာဖို့ ကျွန်တော့ အမျိုးသမီးလောင်းက အားလုံး အကုန် အကျ ခံပေး ထားတာပါ။ ကျွန်တော်ကျောင်းဆက်တက်မယ်ဆိုရင် ထက်ပြီး ကုန်အုံးမှာပါ။ ကျွန်တော် ထပ်ပြီး မယူချင်တော့လို့ပါ။ ဒါနဲ့ နောက်ဆုံး ကြံရာမရ လို့ နိုင်ငံရေးခိုလှုံခဲ့တာပါ။ ကျောင်းတက်ရင်လည်း ဘာမှအကျိုးမရှိတာကြောင့်လည်း ပါပါတယ်။



Q - ကျောင်းတက်ရင်လည်း ဘာမှ အကျိုးမရှိဘူးဆိုတာက ??
A - အော် ဒါက ဒီလိုရှိပါတယ်။ အမှန်တိုင်းပြောရရင် ကျွန်တော့် ဒီနိုင်ငံက မြန်မာကျောင်းသား တို့ ဘဝ အရမ်း သနားဖို့ ကောင်းပါတယ်။ ဒီနိုင်ငံတင်မဟုတ်ပါဘူး နိုင်ငံတကာမှာ အလုပ်လုပ်ရင်း ကျောင်းတက်နေတဲ့ ကျောင်းသားအားလုံးပါပဲ။ ကျောင်းက မနက် ၉ နာရီကနေ နေ့လည် ၁ နာရီ ထိပါ။ အလုပ်က ညနေ ၃ နာရီကနေ ည ၁ နာရီထိပါ။ အလုပ်က ပိုက်ဆံရအောင် လုပ်ရတာပါ။ ဒါတော့ အားလုံးသိပါတယ်။ ပိုက်ဆံရမှ ကျောင်းလခ သွင်းနိုင်မယ်။ ပြီးတော့ အိမ်လခ အပါအဝင် အခြား လစဉ် ကုန်ကျစရိတ်အတွေက် ကာမိရုံ အတွက်ပါ။ ကျောင်းတက်ရတာကတော့ နေထိုင်ခွင့်ရဖို့ သက်သက်ပါ။ အမှန်တိုင်းပြောရရင် ဘာတစ်လုံးမှ မတတ်ပါဘူး။ ဂျပန်နိုင်ငံအကြောင်း အားလုံးသိကြမှာပါ။ အလုပ်သမားကို ကျွန်တစ်ယောက်လို ဆက်ဆံခိုင်းစေတာပါ။ အလုပ်ချိန်မှာ အိပ်ငိုက်ဖို့နေနေသာသာ အမှားမလုပ်မိအောင် မနည်းသတိထားနေရတာပါ။ ပြုတ်လိုက်တဲ့ မြန်မာအလုပ်သမားတွေကလည်း တပြုတ်ပြုတ်နဲ့ပါပဲ။ နောက်တစ်ခု ထပ်ရှာ ထပ်လုပ်နဲ့ ဒီလိုပဲ သံသယာ လည်နေကြတာပါ။ တစ်ခါတစ်လေ တစ်ချိန်က ပြုတ်သွားတဲ့ အလုပ်ကို ထပ်ရတာတွေတောင် ရှိပါသေးတယ်။ ဂျပန်တွေကတော့ များလို့ မမှတ်မိပါဘူး။ နိုင်ငံခြားသားဖြစ်တာကြောင့်လည်း ပါပါတယ်။ မြန်မာတွေကတော့ အားလုံးမှတ်မိပါတယ်။ ဒီလိုပဲ မသိချင်ယောင်ဆောင် ဆက်လုပ်တာပါပဲ။ လုပ်ရတဲ့ အလုပ်က စလုပ်လုပ်ချင်းတွေမှာ စားသောက်ဆိုင်က ဖိုကြီးထဲမှာ ပန်းကန်ဆေး ရပါတယ်။ နောက်မှ အဆင့်တက်လာမှ စားပွဲလေးဘာလေး ထိုးရတာပါ။ တစ်နေ့ကို ၁၀ နာရီလုံး မက်တက်ရပ်ပြီး အလုပ်လုပ်လာလိုက်တာ အိမ်ပြန်ရောက်ချိန်ဆိုရင် တစ်ခါတစ်လေ ရေတောင် မချိုးနိုင်ပါဘူး တစ်ခါတည်း တန်းအိပ်တာပါ။ နောက်တစ်နေ့ မနက် ကျောင်းသွားချိန် ပြန်ထပြီး ပြန်သွားတာပါပဲ။ မထချင်ထချင်နဲ့ အိပ်ချင်မူးတူးနဲ့ ကျောင်းရောက်ပါတယ်။ ကျောင်းရောက်တော့ မြန်မာ အားလုံး သူလိုကိုယ်လိုတွေချည်းပါပဲ။ စာသင်ချိန် စပြီဆိုတာနဲ့ အိပ်တော့တာပါပဲ။ ဘာတွေသင်မှန်းလဲ မသိပါဘူး၊ နေ့လည်စာစားချိန် ထ စားပြီး ပြန်အိပ်တာပါပဲ။ အဲ့လိုနဲ့ မြန်မာလူငယ်တွေလည်း လူနဲ့မတူတော့ပဲ ဦးနောက်တွေကကြောင်တောင်တောင်တွေ ဖြစ်လာပါတယ်။ ကျွန်တော့ အမျိုးသမိးလောင်းဆိုရင် ညအိပ်ချိန်မှာဆိုရင် ခါးတွေက သေအောင်နာနေတာပါပဲ။ စာလည်းမတတ်၊ ပိုက်ဆံလည်းမကျန်တဲ့ အပြင် ရောဂါပါ ကျန်မှာမို့ အလုပ်လုပ်ရင်း ကျောင်းတတ်တာဟာ ဘာမှ အကျိုးမရှိဘူးလို့ ပြောရတာပါ။ သင်တန်းဆင်းလက်မှတ်ရလဲ ဘယ်မြန်မာကိုမှ အလုပ်မခန့်ပါဘူး။



Q - ဒါကြောင့် နိုင်ငံရေးခိုလှုံခဲတာလား အစ်ကို
A - နိုင်ငရေး မခိုလှုံခင်မှာ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါတယ်။ နောက်ဆုံး ကျွန်တော် နိုင်ငံရေး ခိုလှုံရင်တော့ ကျန်တာ ဘာမှ ဟုတ်တာ မဟုတ်တာနေ သက်သာမှာတော့ သေချာတယ်ဆိုပြီး ကျွန်တော် အဆက်အသွယ်တစ်ခု ရှာပြီး ဝင်ခဲ့ပါတယ်။ ဂျပန်မှာ အဆက်အသွယ် အရမ်းပေါပါတယ်။



Q - အဆက်အသွယ်ပေါတယ်ဆိုတော့ လုပ်တဲ့လူ များလို့လား ?
A - များတယ်ဗျ.. တော်တော်လေးကို များတယ်.. အဆင်လည်းပြေကြတယ်။ ဒီနိုင်က မြန်မာတွေထဲမှာ ငွေအများဆုံးသုံးနိုင် ပေးကမ်းနိုင်တာဆိုလို့ ကျွန်တော်တို့အဖွဲ့တွေပဲ ရှိတယ်။



Q - ပေးနိုင်ကမ်းနိုင်ကြတယ်ဆိုတော့ မိဘတွေကို ထောကောင်းကောင်းထောက်ပံ့နိုင်တာပေါ့နော် ?
A - သေချာတာပေါ့ဗျာ.. မိဘတွေတင်မဟုတ်ဘူးဗျ ဆွေမျိုးသားချင်းတွေအားလုံးကိုရောပဲ.. တစ်ချို့ တွေဆိုရင် ကျောင်းသူ လေးတွေကို ငွေကြေးအများကြီးထောက်ပံ့ပေးပြီး လပိုင်း၊ ရက်ပိုင်း အတူနေကြတဲ့ အသက်ကြီးကြီး အဖွဲ့တွေ အများကြီးပဲရှိတယ်။



Q - ဘယ်လို ဘယ်လို ? ခုန ပြောတဲ့ ကျောင်းသူလေးတွေကို ထောက်ပံ့တယ်၊ အတူနေတယ်ဆိုတာလေး သေချာ နားလည်အောင် ပြန်ပြောပါအုံး
A - ဒီလိုဗျာ.. ဘယ်လိုပြောရမလဲ.. စပွန်စာ ပေးတဲ့သဘောပေါ့ဗျာ.. ဒီနိုင်ငံက အလုပ်မလုပ်ပဲ ကျောင်းတက်နိုင်ဖို့ မလွယ်ဘူးဗျ။ ဒီတော့ မြန်မာကျောင်းသူ ငယ်ငယ်လေးတွေက ပိုက်ဆံအရမ်းလိုကြတယ်။ အဲ့ဒီတော့ ကျနော်တို့ဆီက အဖွဲ့တွေက ထောက်ပံ့နိုင်တော့ ထောက်ပံ့ကြတယ်လေ။ အပြန်အလှန် ပေးဆပ်မှုတွေတော့ ရှိတာပေါ့နော်။ အဲ့ဒါမျိုးကို ပြောတာပါ။



ှQ - သူတို့တွေက လူပျိုကြီးတွေမို့လား အစ်ကို၊ အစ်ကို့အနေနဲ့ အဲ့လိုလုပ်ကြတာကို ဘယ်လိုမြင်လဲ ?
A - ဒီအသက်အရွယ်တွေ ရောက်မှတော့ လူပျိုရယ်လို့တော့ မရှိတော့ဘူးလေ ညီကလည်း။ ဘယ်လိုမြင်လဲဆိုရင်တော့ ဒါမျိုးက ခုမှဖြစ်နေတာမှမဟုတ်တာ အရင်ကတည်းက ဖြစ်နေကြပြီး နောက်မှ အချင်းချင်း မသိသလိုပဲ နေနေကြတာဆိုတော့ သိပ်ပြဿနာမဟုတ်ပါဘူး။ ဒီခေတ်ကြီးမှာ ဒါတွေက သိပ်လည်း အရေးမပါတော့ဘူးလေ။



Q - နိုင်ငံရေး ခိုလုံခွင့်အတွက်ရော ဘာတွေ လိုအပ်သေးလဲ ?
A - ဘာမှမလိုပါဘူး။ အရမ်းအစဉ်ပြေပါတယ်။ နေထိုင်ခွင့် အကန့်အသက်မရှိနေရပါတယ်။ ဘာအလုပ်မှ မလုပ်ရ တော့ပါဘူး။ တကယ်ကောင်းတဲ့ နိုင်ငံရေး သမားဘဝပါ။



Q - ဘာတွေလုပ်ရလဲ မသိဘူး
A - အစ ပိုင်းတုန်းက ကျွန်တော့တာဝန်က Gtalk အကောင့်တစ်ခု (ခုလက်ရှိ) လုပ်ပြီး။ forward တွေထဲ Gtalk အကောင့်တွေကို လိုက်ပြီး add ရပါတယ်။ accept ပေးတာလည်း ရှိပါတယ်။ မပေးတာလည်း ရှိပါတယ်။ နောက်ရက်တွေမှာ အကောင့်ထဲမှာ ရှိတဲ့လူတွေကို ‘နအဖက ဘယ်သူ့ကို အပြစ်မရှိပဲ ဘယ်နေ့က ဖမ်းလိုက်ပါတယ်’ ဆိုတာကို ဟုတ်တာတွေရော လိုက်ပြောရတာပါ။



Q - ဒါဆို တော်တော် အစဉ်ပြေတာပဲ
A - ဟုတ်ပါတယ်။ အတော်လေး လွယ်ပြီး စားဝတ်နေရေး အဆင်ပြေတဲ့ အလုပ်ပါ။ ဒါပေမယ့် ချပေးတာတွေက အများကြီးပေမယ့် ရှေ့လူတွေကတစ်ဆင့်တစ်ဆင့် ဖျက်ဖျက်ယူသွားလိုက်တာ ကျွန်တော်တို့ အတွက် ခေါင်းနဲ အမြီးလောက်ပဲ ကျန်ပါတယ်။ ဆန္ဒပြပွဲတွေမှာ မျက်နှာပြတဲ့လူ၊ ဆိုင်းဘုတ်ကိုင်တဲ့လူနဲ့၊ ကင်မယာမန်း တွေက ပိုရပါတယ်။ ကျွန်တော်ကတော့ အစကတည်းက တစ်သက်လုံးလုပ်ဖို့ အစီစဉ်မရှိလို့ ဝင်မပါပါဘူး။ ကျွန်တော်နဲ့ တစ်ခန်းတည်းနေတဲ့ အစ်ကိုကတော့ နေရာတိုင်းမှာ ရှေ့ဆုံးကပါ။ လင်မယား နှစ်ယောက်လုံး တက်တက်ကြွကြွကို ပါပါတယ်။ လင်မယားနှစ်ယောက်လုံး ၇ တန်းနဲ့ ကျောင်းထွက်ထားကြတာပါ။ သူတို့အမြဲအော်နေတဲ့ အောင်ဆန်းစုကြည် ဆိုတဲ့ စာလုံးတောင် စလုံး နဲ့ ဆလိမ် မှန်အောင်မပေါင်းတတ်ပါဘူး။ (လင်မယား ဆိုတာ တရားဝင် မယူရသေးလို့ အိမ်ခွဲနေကြတာပါ) နှစ်ယောက်လုံးက ဘာနိုင်ငံရေးမှလည်း မသိပါဘူး။ ဘာခံယူချက်မှလည်း မရှိပါဘူး။ လိုက်လဲ လိုက်ဖက်ညီတဲ့ အတွဲပါ။ သူတို့ကြည့်ရတာ အရမ်းပျော်နေပုံပါပဲ။ သူတို့ အလုပ်ကလဲ အမြဲမရှိတော့ အလုပ်ရှိတဲ့ ရက်ကလွဲလို့ ကျန်တဲ့ရက်တွေမှာ နိုင်ငံအနှံလည်နေကြတာပါ။ ဒါက စကာစပ်မိလို့ ပြောတာပါ။



Q- နိုင်ငံရေး ဘလော့က ကိုယ့်ဘောနဲ့ကိုယ်လုပ်တာလား။ သူတို့ခိုင်းလို့လား။
A - ဟုတ်ကဲ့ ကျွန်တော်ပြောပြပါမယ်။ ကျွန်တော် နိုင်ငံရေးခိုလှုံပြီး ၂ လ လောက်ကြာတော့ နိုင်ငံရေး သမားပါးဝလာပါတယ်။ နဲနဲ အဆင့်တက်ဖို့အတွက် မေးမြန်းရင်းနဲ့ နိုင်ငံရေး ဘလော့ တစ်ခု စလုပ်ခဲ့ပါတယ်။ သူငယ်ချင်း တစ်ယောက်က ဘလော့မှာ ဒေါင်းပုံတွေ နဲ့ လူပုံတွေ တစ်ချို့ တင်ပေးပါတယ်၊ မိန်းမ တစ်ယောက်ပုံတောင် ပါပါသေးတယ်။ အဲ့တုန်းကပေါ့ ဗိုလ်ချုပ်အောင်ဆန်း တစ်ယောက်တော့ ကျွန်တော် သိပါတယ်။ ကျန်တဲ့လူတွေကို ကျွန်တော် မသိပါဘူး။ မသိတဲ့လူတွေ မတင်ချင်ဘူး လို့ ကျွန်တော်က ပြောတော့။ သူငယ်ချင်းက ပြောတယ်။ မတင်လို့ မဖြစ်ဘူးတဲ့။ အဲ့ဒါတွေက ထမင်းရှင်တွေ လို့ ပြောပါတယ်။ သူပြောမှ ကျွန်တော်လည်း သိပါတော့တယ်။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းတင်တဲ့၊ ဦးတင်မိုးတဲ့ နောက် ကျန်ပါသေးတယ်။ ဒါနဲ့ ဘလော့တော့ ပြီးသွားတော့ ပြဿနာ စ ပါပြီ။ ဘလော့ရေးရမယ်တဲ့။ ကျွန်တော် ဘယ်လိုလုပ်ရေးတတ်မှာလဲ။ ရည်းစားစာတောင် ကောင်းကောင်း မရေးတတ်တဲ့ ကျွန်တော်က။



Q- အဲ့ဒါ ဘယ်လိုရေးတတ်သွားလဲ
A - ဟုတ် ဆက်ပြောပါ့မယ်။ သူငယ်ချင်းက သင်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အကြောင်းက စရေးတဲ့။ ဒါမှ ပိုက်ဆံတောင်းလို့ ကောင်းမှာတဲ့။ ပိုဆိုးတာပါပဲ ဒေါ်အောင်ဆန်းစုကြည်ပုံတောင် အခုမှ မြင်ဖူးတာ။ ဒါနဲ့ သူငယ်ချင်းက http://burmatoday.net/ ဆိုတဲ့ ဆိုဒ်ကို ပေးပါတယ်။ ပြီးတော့ နောက်နေ့မှ ဆက်ပြောမယ်ဆိုပြီး ပြန်သွားပါတယ်။ သူငယ်ချင်းလည်းပြန်သွားရော ကျွန်တော် လည်း သူလုပ်ပေးထားတာလေးကို တညလုံး ကလိတော့တာပါပဲ။ အဲ့နောက် http://burmatoday.net/ ကနေပြီး ဘေးမှာ ရှိတဲ့ လင့် တွေကို တစ်ခုပြီး တစ်ခု လိုက်နိပ်ရင်းနဲ့ ဆိုဒ်တော်တော်များများကို ရောက်ဖြစ်ခဲ့ပါတယ်။ အဲ့နောက် ဒေါက်တာလွဏ်းဆွေနဲ့ ဆုံဆည်းရာ ဘလော့ကို ရောက်၊ အဲ့ကနေ တခြား နိုင်ငံရေးဘလော့တွေကို ရောက်ပြီး နိုင်ငံရေးဘလော့တွေရဲ့ လုပ်နည်းလုပ်ဟန်ကို ကျွန်တော်တစ်ညတည်းနဲ့ တတ်မြောက်လိုက်တာပါပဲ။ ပိုစ့် ၃ ခု တောင် တင်လိုက်ပါသေးတယ်။ ကျကျနနပါပဲ။ နောက်နေ့ကစပြီး ကျွန်တော် ဆရာတစ်ယောက်ဖြစ်သွားတာပါပဲ။



Q - တော်တော် အချိန်ပေးသင်လိုက်ရတာပဲ
A - ဟား ဟား ဟား



Q - ဒါနဲ့ တစ်နေ့တာ လုပ်ငန်းလေး ပြောပြပါအုံး။ အဲ့တုန်းကပေါ့
A - ကျွန်တော့ အလုပ်က ရှင်းပါတယ်။ မိုးလင်းတာနဲ့ ထချင်တဲ့အချိန်မှ အိပ်ယာထ။ နိုးတာနဲ့ ကျွန်တော် စုထားတဲ့ မြန်မာနိုင်ငံအကြောင်း မကောင်းရေးထားတဲ့ သတင်းတွေ၊ ဘလော့တွေ လိုက်ဖတ်ပါတယ်။ ပြီးရင် အဲ့ထဲက ပိုစ့် တစ်ခုလောက် ကျွန်တော့်ဘလော့မှာ ပြန်တင်ပါတယ်။ ပြီးရင် စီဘောက်စ်တွေမှာ လိုက်ပြီး ကျွန်တော့် ဘလော့ကို လိုက်ကြော်ငြာပါတယ်။ သူများဆဲနေတာတွေ့ရင် ဝင်ဆဲတယ်။ စားချိန် စားတယ်၊ အိပ်ချိန်အိပ်ပါတယ်။ အတိအကျရယ်လို့တော့မရှိပါဘူး။ ပိုက်ဆံထုတ်ရမယ့် ရက်နဲ့ အစည်းဝေးတွေဘာတွ ရှိတဲ့ရက် ဆိုရင်တော့ ရုံးကိုသွားပါတယ်။



Q - အစည်းဝေးတွေဘာတွေဆိုတာ
A - အော် ဒါက ဒီလိုပါ။ ဂျပန်နိုင်ငံကို မြန်မာနိုငံအပါအဝင် အခြားနိုင်ငံက လူကြီးတွလာရင် အစည်း ဝေးလုပ်တတ် ပါတယ်။ ဒါပေမယ့် ကျွန်တော်ကဘလော့ပဲရေးတာပါ။ ကျန်တဲ့ကိစ္စဝင်မပါပါဘူး။



Q - ခုလို နာမည်တော်တော်ရလာအောင်က တော်တော်ကျိုးစားခဲ့ရလား။
A - ဟား ဟား ဟား…။ ပြောရင်ယုံမှာတောင်မဟုတ်ဘူး။ လုပ်ရင်းကိုင်ရင်းနဲ့ ကျွန်တော် အထာ ပိုပိုနပ်လာတယ်။ ကိုယ်လိုပဲ နိုင်ငံရေးဘလော့ ရေးသူတွေကို အချင်းချင်းကပ်ပြီး ချီးကျူးရပါတယ်။ ကိုယ့်ဆီဘောက်စ်မှာလဲ ကိုယ့်ကို ချီးကျူးတဲ့ စာသားနဲ့ သတင်းလင့် လာထည့်တဲ့ စာပဲ ချန်ရတာပါ။ ကျန်တဲ့ ကိုယ့်ကို ကစ် ထားတဲ့ စာတွေဆို ချက်ချင်း ဖျက်ရပါတယ်။ ဒါက ဘယ်သူက မှ ချမှတ်ထားတဲ့ စည်းကမ်းမဟုတ်ပါဘူး။ လုပ်ရိုးလုပ်စဉ်ပါ။ အဲ့ဒီနောက်ပိုင်းမှာ လူသိများဖို့ အလွယ်လုပ်နည်း ကို ထပ်ထပ်ပြီး လုပ်ရင်းကိုင်ရင်း သိသိသွားပါတယ်။ ဒီနည်းက ပိုလွယ်ပါတယ်။ http://kyeesaytaman.blogspot.com/ , http://padaukmyay.blogspot.com/ , http://www.oppositeyes.blogspot.com/ အဲဒီ စီဘောက်စ် ၃ ခု မှာ လိုက်ဆဲတာပါပဲ။ အဲ့ချိန်တုန်းက http://www.oppositeyes.blogspot.com/ က တော်တော်စည်ပါသေးတယ်။ ခုလို မဟုတ်ပါဘူး။ အရမ်းအစဉ်ပြေပါတယ်။ ဆေးလိပ်လေး ဖွာလိုက် လိုက်ဆဲလိုက်နဲ့ အချိန်တန် ပိုက်ဆံလေး ရလိုက်နဲ့ အစဉ်ကို ပြေနေတာပါပဲ။



Q - အစဉ်ပြေတယ်ဆိုပြီး ဘာကြောင်း ဆက်မလုပ်တော့တာလဲ။
A - အဆင်ပြေတယ်ဆိုတယ် ဆိုပေမယ့် မကောင်းဘူးဗျ။ အခု လုပ်နေတဲ့လူအားလုံး သူများတွေကိုသာ ဆွဲခေါ် နေကြတာပါ။ သတို့သားသမီးတွေ ဆန္ဒပြခိုင်းကြည့်၊ ဆိုင်းပုဒ်ကိုင်ခိုင်းကြည့်။ ဘယ်တော့မှ မလုပ်ခိုင်းဘူး။ ရေရှည်နဲ့ သားစဉ်မြေးဆက် မကောင်းဘူးလေဗျာ။ ပညာရေးကလည်း မကောင်းဘူး။ အမှန်တိုင်းပြောရရင် လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ဘွဲ့ရပြီးတာဆိုလို့ ကျွန်တော် တစ်ယောက်ပဲ ရှိတာပါ။ ကျန်တဲ့လူတွေက ၁၀ တန်းအောင်နဲ့ ကျောင်း တစ်ဝက်တစ်ပျက်နဲ့ ပါ။ တစ်ချို့ဆို ၁၀ တန်းမအောင်တဲ့ လူတွေပါရှိပါတယ်။



Q - ပိုက်ဆံကျတော့ရော ဘယ်လိုရလဲ
A - ပိုက်ဆံရတာကတော့ စီနီယာလိုက် ရတာပါ။ ဒီထဲမှာ ရောက်တာကြာနေတဲ့လူ၊ လုပ်သက်ရင့်နေတဲ့လူတွေနဲ့ အရဲစွန့် မျက်နှာပြတဲ့လူတွေက ပိုရပါတယ်။ ဆိုးတာက ဘာမှလည်းအလုပ်မလုပ်တဲ့ ကဗျာဆရာဟောင်းကြီးတွေ၊ သတင်းစာဆရာဟောင်းကြီးတွေနဲံ့ ပန်းချီဆရာဟောင်းကြီးတွေ ကို ခွဲပေးနေရတာပါပဲ။



Q - သူတို့တွေက ဦးဆောင်နေကြတာမဟုတ်ဘူးလား
A - ဟား ဟား ..။ နာမည်ခံတွေပါဗျာ။ သူတို့တွေဘဝက ကိုယ့်ထက် ပိုသနားဖို့ ကောင်းပါသေးတယ်။ ကျွန်တော်ကမှ မလုပ်ချင် ထွက်လာလို့ရသေတယ်။ သူတို့မှာ အသက်တွေကကြီးနေပြီး ဟိုသွားရ ဒီသွားရနဲ့ပါ။ ဘာကိုမျှော်လင်ပနေကြမှန်းတော့ မသိပါဘူး။ သူတို့မျှော်လင့်တဲ့ ရာထူးကို ရရင်တောင် ခုချိန် ဘာမှမလုပ်နိုင်တော့ပါဘူး။ ပါးစပ်ပြောကတော့ ကောင်းတုန်းပါ။ မြန်မာနိုင်ငံလည်း မပြန်နိုင်တော့ ဒီနည်းပဲရှိတော့တာလဲ ပါပါတယ်။



Q - အင်တာဗျူးတွေ။ ဆွေးနွေးပွဲတွေမှာတော့ စကားပြောကောင်းတယ်နော်
A - ဟုတ်ပါ့ ဟုတ်ပါ့။ အင်တာဗျူးတွေမှာတော့ ပြောလိုက်တာ လေတလုံး မိုးတလုံးပါပဲ။ အချင်းချင်း တွေချည်း ဆိုရင်တော့ အမြဲညည်းတွားနေကြတာပါ။ ကျွန်တော်နဲ့ မတည့်ပါဘူး။



Q - ဘယ်လိုဖြစ်ရတာလဲဗျ
A - တစ်ခါဗျာ။ ကျွန်တော်က တစ်ချို့လူတွေ ပညာရည် နိမ့်သေးတယ် အားလုံးကို ဘွဲ့ရအောင် လုပ်ပေးသင့်ပါတယ် လို့ တစ်ခါ အကြံပေးဖူးပါတယ်။ ဝိုင်းပြောလိုက်ကြတာ ရစရာမရှိပါဘူး။ မလေးရှား၊ ထိုင်း၊ အမေရိကား၊ နော်ဝေ၊ စကာပူက နိုင်ငံရေး ဘလော့ဂါတွေက ငါတို့ထက်တောင် ဆိုးသေးတယ် ဘာပညာမှ တတ်စရာမလိုဘူးတဲ့။ ကျွန်တော်လည်း ဆက်မပြောတော့ပါဘူး။



Q - အဲ့ဒါနဲ့ထွက်လိုက်တာလား
A - အဲ့ဒါကြောင့်ရယ် မဟုတ်ပါဘူး။ အစကတည်းက တစ်ချိန်ကျ ထွက်ဖို့ စီစဉ်ထားပြီးသားပါ။ အိမ်ပိုင်၊ ကားပိုင်လေးနဲ့ ကိုယ့်နိုင်ငံမှာကို နေချင်တယ်။ သူများနိုင်ငံမှာ အိမ်မပိုင်၊ ကားမပိုင်၊ လူတောမတိုး အခန်းကျဉ်းလေးထဲမှာ ၂ ယောက် ၃ ယောက် ပြွတ်ပြီး တစ်သက်လုံး မနေနိုင်ဘူး။ ဒါတောင် ကျွန်တော်လုပ်နေတဲ့အလုပ်က သူများ အလုပ်၊ သူများခိုင်းတာ လုပ်ရတာ မဟုတ်ဘူးနော်။ သူများကျွန်ပါ လုပ်ပြီး တစ်သက်လုံးနေသွားကြသူတွေကိုတော့ ကျွန်တော် လက်ဖျားခါတယ်။ ကျွန်တော်ထင်ပါတယ် သူတို့လည်း မကြာခင် သူတို့ဘဝကြီးက ဘယ်လောက် လူဖြစ်ရှုံးကြောင်း သိလာကြမှာပါ။ နောက် ပြီးတော့ ကျွန်တော့်ကို ဒီအလုပ် ဆက်မလုပ်တော့အောင် အဓိက တားမြစ်တဲ့ တချို့ကိစ္စတွေကိုတော့ တိတိကျကျ မပြောချင်ဘူး။ မကြိုက်တာတွေတော့ အများကြီးပေါ့။


Q - နိုင်ငံရေး ခိုလှုံသူအားလုံးက နိုင်ငံတော် ဒီမိုကရေစီရဖို့ လုပ်နေကြတာမဟုတ်ဘူးလား။

A - အောင်မလေး....။ သူတို့ထဲမှာတင် ဒီမိုကရေစီအရင်ရပါစေအုံး။ အကျင့်ပျက်လာဘ်စားတာတွေ ပျောက်ပါ စေအုံး။ သတိထားမိလားတော့မသိဘူး။ အတိုက်အခံ ဘလော့ စီဘောက်စ် အားလုံးလိုလို မှာ ဘန်းတာတွေ၊ ရေးခွင့်မပေးတာတွေ၊ ဖျက်တာတွေရှိတယ်။ http://kyeesaytaman.blogspot.com/ , http://padaukmyay.blogspot.com/ , http://www.oppositeyes.blogspot.com/ ဘလော့တွေမှာ သူတို့တွေ သွားရေးကြတယ်။ အဲ့ဘလော့တွေက ပြန်လာရေးရင်တော့ ဒုတိယအကြိမ်ဆိုရင် ဘန်းပြီးပြီ။ စီဘောက်တောင် လွတ်လွတ်လပ်လပ်ပြောခွင့်မရှိတာ ဘယ်ကလာ။ ဘာဒီမိုကရေစီမှမသိကြဘူး။ မရှိကြဘူး။



Q - နိုင်ငံရေးဘလော့ဂါ ဘဝ အပြီးမှာ ဘာတွေကျန်ခဲ့လဲ
A - ဟား ဟား ဟား ။ ကျွန်တော် အမှန်တိုင်းပြောရင် ကျွန်တော့ကို ဝိုင်းဆဲကြလိမ့်မယ်။ မပြောတော့ပါဘူး။



Q - တစ်ခုလောက်တော့ ပြောပြပါ
A - ဘယ်လိုပြောရမလဲ….။ ဟို….. အဆိုးမြင်တတ်သွားတာပေါ့ဗျာ…။ ဥပမာ နအဖ က ဆည်ဆောက်တယ်၊ တံတားဆောက်တယ်၊ လျှပ်စစ်ဓာတ်အားပေးရုံဆောက်တယ်။ ဒါ အားလုံးသိနေတာပဲ ကလေး က စ သိတယ်။ ခရီး အစဉ်ပြေဖို့၊ မီးအားရဖို့ လုပ်တယ်ဆိုတာကို။ ဒါပေမယ့် ကျွန်တော်တို့က ဘယ်လိုရေးရလဲဆိုတော့ အဲ့ဒါကြီးဆောက်လို့ ရွာဘယ်နှရွာ ပျက်ရတယ်၊ ရွာသားတွေ စိတ်ညစ်နေကြတယ်၊ ဆန္ဒပြကြတယ် ပေါ့။ နောက်တစ်ခုက တစ်နေရာရာမှာ ဗုံးပေါက်ကွဲ သွားရင် ပထမ တော့ နအဖ ကို တော်လှန်နေကြပြီဆိုတဲ့ အထာနဲ့ ဘယ်နေရာမှာ ဘယ်လို ကွဲတာ ဘယ်လောက် သေတယ်။ ဟုတ်သော်ရှိမဟုတ်သော်ရှိ ရေးတာပေါ့။ နောက် နေ့ကျတော့ အဲ့ဗုံးက နအဖ က ခွဲတဲ့ အထာနဲ့ ပြန်ရေးပြန်ရော ဟား ဟား ။ ကျန်သေးတယ်။ မပြောတော့ဘူး။ အကျွမ်းကျင်ဆုံး တတ်တာကတော့ ဆဲတာပဲ။ ဟား ဟား။



Q - မြန်မာ့နိုင်ငံရေးနဲ့ ပက်သက်ပြီး အစ်ကို့ရဲ့ အမြင်လေး ပြောပါအုံး။

A - ဟား ဟား ဟား ...။ ကျွန်တော် အဖြေရအခက်ဆုံးက အဲ့ဒီမေးခွန်းပဲ။ ကျွန်တော်က ၂ နှစ်လောက်ပဲ ဒီလောကထဲက သတင်းတွေ၊ စာတွေ ဖတ်ခဲ့တာပဲ ရှိတာပါ။ ဝမ်းစာအရ ပိုက်ဆံရဖို့ ဘလော့ရေးတာ။ ဘယ်လိုလုပ်နားလည်မှာလဲ။ အနှစ် ၂၀၊ ၃၀ လောက် ဒီလောကထဲမှာ ကျင်လည်လေ့လာနေတဲ့လူတောင် (အနှစ် ၂၀ လုံး ဖောလျှောလုပ်ပြီး ပိုက်ဆံတောင်းနေတဲ့လူတွေတော့ မဆိုလိုဘူးပေါ့) နိုင်ငံရေး အမြင်ရှိဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ နားလည်တယ် ဆိုတဲ့ လူတွေကလည်း အလကား လျှောက်ပြောနေကြတာ။ စာအုပ်တစ်အုပ်လောက်ဖတ်ပြီး ကိုယ့်ကိုယ်ကို နိုင်ငံရေး ပညာရှင်ထင်နေကြတာပါ။




Q - အခု ထွက်လိုက်ပြီဆိုတော့ မြန်မာနိုင်ငံ ပြန်မှာပေါ့
A - ဟုတ်ကဲ့ ပြန်မှာပါ။ အခုလက်ရှိ နိုင်ငံရေးဘလော့ လည်းရှိတဲ့ ဘန်ကောက်ဒီဗွီဘီ မှာ လုပ်နေတဲ့ ညီမတစ်ယောက်ကတော့ ပြောပါတယ် သူလိုပဲ ဘန်ကောက် ဒီဗွီဘီမှာ ဆက်လုပ်ဖို့ပေါ့။ ဒါပေမယ့် တော်ပါပြီ။



Q - အစ်ကို့ကြည့်ရတာ တော်တော် ခါးသည်းနေပုံပဲ။ နိုင်ငံရေးဘလော့ဂါဘဝကို
A - ခါးသည်းတာ မဟုတ်ပါဘူး။ ဒီလောက၊ ဒီအလုပ်တွေက အသိဥာဏ်အရမ်းထိုင်းမှိုင်းတယ်။ လက်တွေ့မရှိဘူး။ ပရိုဂရမ်မာတစ်ယောက် ကွန်ပျူတာရှေ့ တစ်နေကုန်ထိုင်နေတာက သူ့မှာ တစ်ရက်ဆိုတစ်ရက် ရလဒ်တွေ အများကြီးထွက်တယ်။ နိုင်ငံရေးဘလော့ဂါတွေမှာ ဘာရလဒ်မှမထွက်ဘူး။ အကုသိုလ်ကများသေးတယ်။ အဓိကက လူငယ်တွေရဲ့ တွေးခေါ် ဆန်းသစ်တတ်တဲ့ အသိဥာဏ်တွေ ပျောက်ကုန်တယ်။ ဒါကြောင့်ပါ။



Q - မြန်မာနိုင်ငံရောက်လို့ တစ်ခုခု ပြဿနာတက်ရင် ဘယ်လိုစီစဉ်ထားလဲ
A - ထွက်ဖို့မှီရင်တော့ မလေးကို ပြန်ထွက်မယ်။ မလေးမှာက နိုင်ငံရေးဘလော့ဂါတွေများတယ်။ အဲ့မှာက နိုင်ငံခြားရောက်လာပြီး အလုပ် အဆင်မပြေတဲ့လူတော်တော်များများက နိုင်ငံရေးထဲပဲဝင်နေကြတာ။ မလေးမှာဆိုရင် ညဆို သောက်လိုက်စားလိုက် စီဘောက်စ်တွေမှာ ဝင်ဆဲလိုက်နဲ့ ဆိုတော့ မဆိုးပါဘူး။ ကျန်တာတော့ အဲ့ဒီရောက်မှ ဆက်စဉ်းစားရမှာပေါ့။ ပြန်ထွက်ဖို့ မမှီရင်တော့ အမျိုးသမီးလောင်းကို ပြောထားပါတယ်။ နေဘုန်းလက်နဲ့ မယ်လိုဒီမောင် လိုပဲ သာ မှတ်လိုက်လို့။ ဟား ဟား ဟား။



Q - အစ်ကိုဖြေထားတာတွေနဲ့ပက်သက်ပြီး အကြောင်းအမျိုးမျိုးကြောင့် အစ်ကို့ဆီ ဆက်သွယ်ချင်တဲ့လူတွေ အတွက် ဆက်သွယ်လို့ရအောင် အစ်ကို့ အီးမေးကို ဖော်ပြထားလိုက်ပါမယ်။ အစဉ်ပြေမလား။

A - မပြေစရာအကြောင်းမရှိပါဘူး။ ကျွန်တော့် အီးမေးက thwinkoko@gmail.com ပါ။ မြန်မာနိုင်ငံ ပြန်ရောက် ရင်တော့ အွန်လိုင်းသိပ်မတက်ဖြစ်ဖို့များပါတယ်။ ဒါပေမယ့် လိုပါသေးတယ်။






- ဟုတ်ကဲ့ ခုလို အချိန်တော် ကြာအောင် စိတ်ရှည်လက်ရှည်ဖြေပေးလို့ ကျေးဇူးအထူးပါ အစ်ကို။ မြန်မာနိုင်ငံမှာ အဆင်ပြေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

ဒေါ်လာစားတို့ ဝါဒီ


  1. မိမိဟာ ပညာမတက်သူတစ်ယောက် ဖြစ်ချင်ဖြစ်နေပစေ၊ ၈ တန်းအောင် တစ်ယောက်ဖြစ်ချင် ဖြစ်နေပါစေ၊ ဆရာဝန် တစ်ယောက် ဖြစ်ချင်ဖြစ်နေပါစေ၊ ကိုယ့်နိုင်ငံထဲမှာ အဆင်မပြေလို့ နိုင်ငံခြားကို ခိုလုံ သက်သာမှု ရှာသူ ဖြစ်နေကောင်း ဖြစ်နေပေမယ့် ပြည်တွင်းက ဆရာဝန်တစ်ယောက် မှားယွင်းစွာ ကုသမှုတွေဆိုရင် အရင်ဆုံး ထောက်ပြ ပြောဆိုရမယ်။ မိမိဟာ ထိုဆရာဝန်ကဲ့သို့ နိုင်ငံတွင်းမှာ ဆေးမကုနိုင်လို့ နိုင်ငံခြားမှာ နိုင်ငံခြားသားကို ကုသနေသူ ဖြစ်နေပစေ ပြည်သူတွေကို ကုသနေသူကိုတော့ ဦးအောင် အပြစ်တင်ရမယ်။ မိမိဟာ ပညာမတက်လို့ နိုင်ငံခြားမှာ အလုပ်ရှာဖို့ ထွက်လာရင်း တစ်ခုမှ အဆင်မပြေလို့ နိုင်ငံရေး ဝင်လုပ်နေရသူဖြစ်ပစေ၊ ပြည်သူ့အကျိုးပြုမပြောနဲ့ ကိုယ့်အကျိုးပြု ကိုတောင် ကောင်းကောင်းမလုပ်နိုင်သူ ဖြစ်ပစေ၊ နိုင်ငံခြားရောက် ၈ တန်းအောင် တစ်ယောက်က ပြည်တွင်းက ပြည်သူတွေကို ကုသနေတဲ့ ပါရဂူ တစ်ယောက်ကို ဝေဖန်သုံးသပ်မှုတွေ လုပ်ပေးရမယ်။

  2. တဖက်က လမ်းပေါ်မှာဆန္ဒပြနေတဲ့ သံဃာတွေကို အစိုးရက ရိုက်နှက်နှိမ်နင်းလို့ သာသနာဖျက်အစိုးရဆိုပြီး ပြင်းပြင်းထန်ထန်စွပ်စွဲ ပုတ်ခတ်နေတဲ့အချိန်မှာ၊ အခြားတစ်ဖက်ကလည်း ၀ိနည်းညီသံဃာတွေ၊ မိမိတို့ သံဃာအလုပ်ကို လုပ်ပီး ခရီးသွားလာနေတဲ့ သံဃာတွေကို သမိုင်းတစ်လျောက် အကြောင်းမဲ့ သတ်ဖြတ်မှုပေါင်း အတောမသတ်နိုင်အောင် လုပ်ခဲ့တဲ့ ကေအန်ယူသောင်းကျန်းသူတွေနဲ့ လက်တွဲ ဆောင်ရွက်တာတွေ၊ ကျဆုံးသွားတဲ့ ကေအန်ယူခေါင်းဆောင် တစ်ယောက်ကိုဆို အာဇာနည်လို့ ညွှန်းဖွဲ့ကြတာ တွေကို ပြုလုပ်ရမယ်။

  3. စစ်တပ်မှာရှိတဲ့ တစ်ခါတစ်လေတွေ့လိုက်ရတဲ့ လူငယ်ရုပ်စစ်သားလေးတွေတွေ့ရင် အတင်းဓါတ်ပုံတွေရိုက်ပီး ကလေးစစ်သားလို့ ကမ္ဘာကို ဓါတ်ပုံလေးပြပြ ပြောနေတဲ့အချိန်မှာ (ကလေးစစ်သားပုံက ဒီပုံတွေချည်း ထပ်နေရင် ထပ်နေပစေ) တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ အမည်ပေါင်းစုံနဲ့တပ်တွေမှာရှိတဲ့ ကလေး စစ်သားပေါင်း များစွာတွေကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ်။

  4. စစ်တပ်အနေနဲ့ ရှေ့တန်းစစ်မျက်နှာ စစ်ဆင်ရေးတွေမှာ ရွာတွေထဲမှာ အယောင်ဖျောက်နေတဲ့ သောင်းကျန်သူတွေနဲ့ တိုက်ခိုက်မှုတွေဖြစ်ပွားတာမျိုး ရှိတဲ့အခါမျိုးမှာ ရွာသားတွေကို သတ်ဖြတ်နေပါပြီလို့ အော်ရမယ်။ တဖက်ကလည်း သောင်းကျန်းသူတွေရဲ့ ရွာလုံးကျွတ်သတ်ဖြတ်တာတို့၊ အလင်းဝင်ရွာတွေကို မီးရှို့တာတို့ ကို မပြောရဘူး။ ကိုယ်နဲ့မဆိုင်ဘူး။

  5. မြန်မာအစိုးရက ပိုက်လိုင်းချတာတို့၊ စီမံကိန်းတို့ကြောင့် သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့လုပ်ကိုင်ဖို့ စီမံပေးတာကို ရွာတွေကို အတင်းအကျပ် ရွှေ့ပြောင်းနေပါတယ်လို့ ရေးသားရမယ်။ တဖက်ကလည်း ရှေ့တန်းမှာ လက်နက်ချမှာစိုးရိမ်တာကြောင့် အကြပ်ကိုင်ဖို့ ရည်ရွယ်တာရော၊ နိုင်ငံရေးအမြတ်ထုတ်လို့ရအောင်ပါ.. သူတို့ သောင်းကျန်းသူ စစ်သားဆွေမျိုးသားချင်းတွေ.. ရွာသားတွေကို ဒုက္ခသည်စခန်းတွေဆီ အတင်းအကျပ်ရွှေ့ပြောင်းစေမှုတွေကိုတော့ မသိချင် ဟန်ဆောင်ရမယ်။ ပူးပေါင်းစီမံကိန်းချ ဆောင်ရွက်သူတွေ လို့ရေးသားရမယ်။

  6. အစိုးရရဲ့ ပိတ်ဆို့မှုများစွာကြားက စီးပွားရေးလုပ်လို့ရတဲ့ တရုတ်၊ ရုရှား၊ အာဆီယံ နိုင်ငံများနဲ့ ပုံမှန်နိုင်ငံတွေရှိရမဲ့ ဆက်ဆံမှုကို လက်ညှိုးထိုးစွပ်စွဲ ပြီး အမျိုးမျိုး အပြစ်တင်ရမယ်။ တဖက်မှာလည်း အတိုက်အခံတွေရဲ့ ပုံမှန်ထက် အများကြီးပိုတဲ့ စည်းတစ်ခုတောင် မထားတော့တဲ့ ခြေရှုပ်မှုတွေ၊ သတင်းဖလှယ်တာတွေ၊ လက်ဝါးရိုက်တာတွေကိုတော့ လက်ညှိုးကိုက်ပီး ကြည့်နေရမယ်။

  7. အစိုးရဟာ ပြည်သူတွေကို မကြည့်ဘူး၊ ရက်စက်တယ်လို့ အော်ချိန်မှာပဲ တဖက်ကလည်း တနိုင်ငံလုံး ပြည်သူတွေကို ထိခိုက်စေမဲယ့် စီးပွားရေးပိတ်ဆို့မှုကို ဘာမှမကြည့်ပဲကို အားရ၀မ်းသာ ထောက်ခံကြိုဆိုမှုတွေ၊ တိုက်တွန်းမှုတွေကို ရက်ရက်စက်စက် လုပ်ကောင်း လုပ်ရမှာပဲ။

  8. အဂတိလိုက်စားမှုတွေ အလွန်များပြားလို့ အစိုးရကို အပြစ်တင်ရမယ်။ တချိန်ထဲမှာပဲ ဒုက္ခသည်ခံချင်ရင် ဘယ်လောက်ဆိုတဲ့ သူတို့ရဲ့ နာမည်ပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေထဲမှာ ဈေးကွက်နဲ့ကို ပေါ်ပေါက်နေတဲ့ အရာတစ်ခုကိုတော့ မမြင်ချင်ယောင် ဆောင်နေရမယ် (မမြင်တာတွေ လည်း ရှိကောင်းရှိမယ်)။

  9. တဖက်မှာ အစိုးရဟာ ဥပဒေမဲ့လုပ်ရပ်တွေကို လုပ်ပါတယ်လို့ စွပ်စွဲရေးသားရမယ်။ တခြားတစ်ဖက်ကလည်း နိုင်ငံရေးနဲ့ ဘာမှမဆိုင်ပဲကို တကယ်အပြစ်လုပ်လို့ ပြစ်ဒဏ်ခံရတဲ့ ကိစ္စတွေကိုတောင် မတ၇ားဖမ်းဆီးပါတယ် ပြောလိုပြောရမယ်။ အဲလိုပြစ်မှုတွေနဲ့ ပြည်ပကို ထွက်ပြေးလာသူတွေကိုလည်း ဆီးကြိုနေရာပေးခြင်းများကို ပြုလုပ်ရမယ်။

  10. မုန်တိုင်းအတွက် နိုင်ငံတကာက လှူဒါန်းပစ္စည်းတွေ ဈေးကွက်ထဲ ရောက်နေတဲ့အချိန်မှာ ဘယ်လိုရောက်လဲတောင် မစုံစမ်းတော့ပဲ အစိုးရက ဖြတ်ခုတ်နေပါပြီလို့ အားရ၀မ်းသာ ကြေငြာအပြစ်တင်ချိန်မှာ တဖက်ကလည်း ဆယ်စုနှစ်နဲ့ချီပြီး နိုင်ငံတကာမှာ ဒုက္ခသည်တွေဗန်းပြ လှူဒါန်းငွေတွေကို အဖွဲ့အဆင့်ဆင့်က ဘယ်ရောက်လို့ ရောက်မှန်းမသိအောင် လုပ်ခဲ့တာကိုတော့ လစ်လျူရှုနိုင်ရမယ်။

  11. မြန်မာ့ပြည်တွင်းသတင်းဌာနကို သတင်းလွတ်လပ်ခွင့်မရှိလို့ စွပ်စွဲချိန်မှာ ရိုင်းစိုင်းမှုမပါတဲ့ ပုံမှန်ဆွေးနွေးတဲ့ ဆန့်ကျင်ဖက်အမြင်တွေကိုတောင် လွတ်လပ်မှုကို အသက်တမျှ မြတ်နိုးတယ်လို့ တကြော်ကြော် အော်နေပေမယ့် မကြိုက်တဲ့ ဘလော့တွေ ဆိုလဲ ဘန်းပစ်တာတွေ၊ သတင်းဌာနတွေဆိုလည်း မဖော်ပြတာတွေ၊ ကော်မန့်တွေ ဖျက်ပစ်တာတွေကို အံ့သြောဖွယ် အစဉ်တစိုက် လုပ်ဆောင်ရမယ်။

  12. အစိုးရကို ရိုးသားမှုမရှိပါဘူးလို့ ပြောနေချိန်မှာ တဖက်ကလည်း မမှန်မှန်းသိတဲ့ သတင်းတွေကိုတင်ရမယ်။ အဲဒါတွေကိုးကားပီး ဝေဖန်တာတွေ၊ လုပ်ကြံအင်တာဗျူးတွေ လွှင့်ရမယ်။

  13. ကယ်ဆယ်ရေးကို အပြင်းအထန်ကြီး လုပ်နေတဲ့ အစိုးရကို ဒုက္ခသည်ပြည်သူတွေကို အာရုံမစိုက်ဘူး၊ နိုင်ငံရေးလုံခြုံရေးကိုပဲ ကြည့်နေတယ်၊ ဒုက္ခသည်တွေကြားမှာ အသေအပျောက်တွေ များလာမှာစိုးတယ်လို့ တဖက်က အသေအကြေ စွပ်စွဲချိန်မှာ တဖက်ကလည်း အမေရိကန် အစရှိတဲ့ သင်္ဘောတွေ၊ အဆင်ပြေပြေမဟုတ်ပဲကို စစ်ရေးအရ၀င်အောင် နိုင်ငံရေးတိုက်ကွက်ဆင် လှုံဆော်ပြီး ဒုက္ခသည်တွေ အားလုံးအပြင် တနိုင်ငံလုံး ပြည်သူတွေကိုပါ စစ်ဒုက္ခထဲဆွဲသွင်းဖို့ စိတ်ပါလက်ပါ အားပေးအားမြောက် ပြုရမယ်။

  14. နောက်ဆုံးအဓိကဖြစ်တဲ့ ဒီမိုကရေစီရဲ့ အနှစ်သာရတစ်ခုဖြစ်တဲ့ လွတ်လပ်စွာသဘောထား ကွဲလွဲခွင့်ကို လစ်လျှူရှုကောင်း ရှုထားပြီး ငါပြောသလိုမပြောရင် ငါ့ရန်သူပဲမြင်ကောင်း မြင်ရမယ်။ သတ်မယ်ဖြတ်မယ် ကျိန်းဝါးတဲ့အထိ အာဏာရှင် ဆန် ကောင်းဆန်ရမယ်။


  15. လက်တလော ပက်စပို့ သည် အရေးအကြီးဆုံးဖြစ်ပြီး။ လက်တလော စားဝတ်နေရးသည် ဒုတိယ အရေး အကြီးဆုံးဖြစ်၏။ ဒေါ်လာရဖို့ အတွက်ဆိုရင် ကိုယ့်နိုင်ငံအကြောင်း မကောင်းတာ အကုန် ပြောနေရပေအုံးမယ်။ အားလုံးက နားလည်ပေးစေချင်ပါတယ်။




Myanmar Express