Subscribe to our RSS Feed

Email များကို ခိုးဖတ်ခဲ့ကြောင်း Sky News ဝန်ခံ

From : MRTV4


ဗြိတိန်ရှိ မီဒီယာ လုပ်ငန်းရှင်ကြီး Rupert Murdoch ပိုင်ဆိုင်သော ရုပ်သံလိုင်း တစ်ခုဖြစ်သည့် Sky News  မှာ ၎င်းတို့ လုပ်ငန်း အတွင်းတွင် အီးမေးလ်များကို
ဟက်လုပ်သူ ဂျာနယ်လစ် တစ်ဦး သီးသန့်ခန့် ထားကာ ပြည်သူများ၏ အကျိုးစီးပွား အတွက်ဟူသော အကြောင်းပြချက်ကို သုံးပြီး  အခြားသူများ၏ အီးမေးများကို ဟက်လုပ်စေခဲ့ကြောင်း အဆင့်မြင့် အမှုဆောင် တစ်ဦးမှ ကြာသပတေး နေ့က ထုတ်ဖော် ပြောကြားလိုက်ပြီ ဖြစ်သည်။

Sky News မှ အကြီးအကဲ ဖြစ်သူ John Ryley  မှ ပြောရာတွင် အဆိုပါ ဂျာနယ်လစ်မှာ မိမိကိုယ်ကို သေဆုံးသွားပြီဟု စွပ်စွဲ ခံခဲ့ရသော John Darwin ခေါ် canoe man ဟု အမည်ရသူ၏ အီးမေးများကို ဟက်လုပ်စေခဲ့သည်ဟု ပြောခဲ့သည် နောက်ထပ် တစ်ခုအဖြစ် ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ကျူးလွန်ရန် ကြိုးစားသူဟု သံသယ ရှိသူနှင့် ၎င်း၏ ဇနီးသည်တို့၏ အီးမေးကိုလည်း ခိုးဝင် ကြည့် ရှု့ခဲ့ကြောင်း ပြောခဲ့သည်။ Murdoch ၏ သားဖြစ်သူ James မှာလည်း လွန်ခဲ့သည့် အင်္ဂါနေ့က Sky News ၏ မိခင် ကုမ္ပဏီ ဖြစ်သော BSkyB ၏ အကြီးအကဲ နေရာမှ နုတ်ထွက်ခဲ့ကြောင်းလည်း သိရသည်။

 Myanmar Express 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်