ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ လုပ်ခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာ နဲ့ United Nationalities Federal Council (UNFC) တို့ ဒုတိယအကြိမ် တွေ့ဆုံပွဲမှာ စစ်တပ်ရဲ့ တောင်းဆိုချက် (၆) ချက်ကို တိုင်းရင်းသား ခေါင်းဆောင်တွေက ခါးခါးသီးသီးငြင်းတာတွေ၊ တန်ပြန်မေးခွန်းထုတ်တာတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ စစ်တပ် လုပ်သမျှကို အမြဲလိုလို ဆန့်ကျင် ကန့်ကွက်နေခဲ့ကြတာ မထူးဆန်းတော့ပေမယ့် ဒီကနေ့လို ငြိမ်းချမ်းနေချိန်မှာ စစ်တပ်က ပြည်သူ့အတွက်တောင်းဆိုတဲ့ အချက် တွေကို ဆန့်ကျင်တာကတော့ စိတ်ပျက်စရာပါ။ စစ်တပ်က တောင်းဆိုတဲ့အချက်တွေကတော့
၁။ လူမသတ်ရန်၊
၂။ အဓမ္မ တပ်စုဆောင်းခြင်း မပြုရန်နှင့် ဆတ်ကြေး မကောက်ရန်၊
၃။ တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်း မပြုရန်၊
၎။ မဟာမိတ် တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်း မပြုရန်၊
၅။ အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်
၆။ တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန် တို့ ဖြစ်ပါတယ်။
အချက်အားလုံးကာ စစ်တပ် အကျိုးရှိဖို့ တောင်းဆိုထားတဲ့ အချက် တစ်ခုမှ မပါပါဘူး။ ပြည်သူ့အတွက်တွေချည်းပါပဲ။ လူမသတ်ဖို့ တောင်းဆိုမှုမှာ လူဆိုတာ အားလုံးပါပါတယ်။ စစ်သားတွေကို မသတ်ဖို့ ၊ ဗမာတွေကို မသတ်ဖို့ ကန့်သက်ချက် မပါပါဘူး။ တိုင်းရင်းသားအချင်းချင်း သတ်ဖြတ်မှုတွေ မလုပ်ဖို့လည်း ပါပါတယ်။ တပ်သားသစ်မစု ဆောင်းရန် နဲ့ ဆတ်ကြေး မကောက်ရန် ဆိုတာကလည်း မြန်မာနိုင်ငံတွင်းက ပြည်သူအားလုံးအတွက် တောင်းဆိုတာဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နီးကပ်စွာနေထိုင်ရတဲ့ ဒေသခံတွေက ဒီဒုက္ခတွေကို ပိုသိပါတယ်။ တပ်နေရာသစ် မတိုးချဲ့ဖို့၊ အပစ်ရပ်တပ်ဖွဲ့များ ထည့်သွင်းမတိုက်ခိုက်ဖို့ နဲ့ ပြည်သူ့စစ်များကို မတိုက်ခိုက်ဖို့ ဆိုတာကလည်း စစ်တပ်အကျိုးအတွက် တောင်းဆိုတာ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ နဲ့ ငြိမ်းချမ်းနေတဲ့ အခြေအနေကို ကြာရှည် ထိန်းသိမ်းဖို့ ဖြစ်ပါတယ်။ ဒီအချက်တွေကို စစ်တပ်တစ်ခုပဲ တောင်းဆိုချင်တာ မဟုတ်ပဲ ငြိမ်းချမ်းရေးလိုလားတဲ့ မြန်မာလူထုတစ်ရပ်လုံးက တောင်းဆိုချင်တဲ့ အချက်တွေပါ။
အစိုးရအုပ်ချုပ်ရေးပိုင်း ကို ဝင်ရောက်စွက်ဖက်ခြင်း မလုပ်ဖို့ တောင်းဆိုတယ်ဆိုတာကလည်း နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး အတွက် ဖြစ်ပါတယ်။ အစိုးရကို ဝေဖန်ချင်လျှင်၊ ထောက်ပြချင်လျှင် တရားဝင်မှတ်ပုံတင်ပြီး ကိုယ်ပိုင် သတင်းစာထုတ်လို့ရပါတယ်။ ဒေသတွင်းက အစိုးရဝန်ထမ်းတွေ ရဲ့ လုပ်ဆောင်မှုများကို မကျေနပ်လျှင်လည်း တိုင်ကြားလို့ ရပါတယ်။ အုပ်ချုပ်ရေးပိုင်းကို ဝင်ရောက်နှောက်ယှက်တာတွေ နဲ့ ဘေးထိုင်ဘုပြောတာတွေ ကိုတော့ ဘယ်သူမှမကြိုက်ပါဘူး။ တကယ်လုပ်ဆောင်နေသူများအတွက်လည်း အနှောက်အယှက် ဖြစ်စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုယ်တိုင်ကတောင် ၎င်းတို့နယ်မြေတွင်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်တွေ၊ ကိုယ်ပိုင် တရားစီရင်ခွင့်တွေကို လွတ်လွတ်လပ်လပ် လုပ်ဖို့ တောင်းဆိုနေတာပါ။ ချင်းမိုင် ဆွေးနွေးပွဲမှာ RCSS/ SSA မှ ဗိုလ်ကြီး စိုင်းမိန်း က တိုင်းရင်းသား လက်နက်ကိုင် အရေအတွက်က တပ်မတော်ကို မမှီကြောင်း ပြောဆိုခဲ့ပြီး UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကလည်း အစိုးရက တိုင်းရင်းသား လက်နက်ကိုင်များကို မထောက်ပံ့တာကြောင့် ကိုယ့်ခွင်မှာ ကိုယ် လုပ်ရမှာပဲဟု ပြောဆိုကြကြောင်း သတင်းထောက်များကို ပြောခဲ့ပါတယ်။ အစိုးရ ဝန်ကြီးဦးအောင်မင်းကတော့ “တပ်မတော်ရဲ့ သဘောထား ၆ ချက်က ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ဖို့ အချက်တွေပါ။ ပြည်သူလူထု ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မထိရင် တိုက်ပွဲ ဖြစ်စရာမလိုဘူးလို့ ပြောတာပါ။ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို မထိရင် တိုက်ပွဲ ဖြစ်စရာ မလိုဘူး၊ တာဝန်ယူတယ်လို့ ပြောတာ ဖြစ်တယ်။ ဒီစကားလေးကို အဓိပ္ပာယ် မလွဲဖို့ လိုတယ်” လို့ သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
လူမသတ်ဖို့၊ ဆက်ကြေးမကောက်ဖို့၊ အတင်းအဓမ္မလူသစ်မစုဖို့၊ ပြည်သူ့စစ်တွေကို သွားပြီး မတိုက်ခိုက်ဖို့ ဆိုပြီး စစ်တပ်က တောင်းဆိုတာတွေကို ဘာကြောင့် ခါးခါးသီးသီး ငြင်းနေကြတာလဲဆိုတာ အဖြေက ရှင်းပါတယ်။ သူတို့ကိုယ်တိုင်က အရင်ကလည်း လူသတ်၊ ဆက်ကြေးကောက်၊ လူသစ်စု၊ ရန်စတိုက်ခိုက်တာတွေကို အရင်ကလည်း လုပ်နေပြီး အခုလည်း လုပ်နေသလို နောက်လည်း လုပ်ချင်နေတာကြောင့် ဆိုတာ သိသာပါတယ်။ အခုလို စစ်တပ်ရဲ့ တောင်းဆိုချက်ကို သဘောမတူနိုင်တာတွေကြောင့် ယခင်က ဖြစ်ပေါ်ခဲ့တဲ့ အပြစ်မဲ့အရပ်သားများကို သတ်ဖြတ်မှုများ၊ အမျိုးသမီးများကို မုဒိန်းကျင့်မှုများ၊ တစ်ရွာဝင် တစ်ရွာထွက် ဆတ်ကြေးကောက်မှုများ၊ အတင်းအဓမ္မလူသစ်စုမှုများ၊ အကြောင်းမဲ့ ရန်စ တိုက်ခိုက်မှုများကို ၎င်း တို့ ကျူးလွန်ခဲ့တယ်ဆိုတာကို ဝန်ခံလိုက်ခြင်းဖြစ်သလို အဆိုပါ သတင်းများကို ထိန်ချန်ခဲ့သော၊ ပြောင်းပြန် ရေးသားထုတ်လွှင့်ခဲ့သော မီဒီယာများ အတွက်လည်း သိက္ခာကျ အခက်တွေ့စေပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်များအနေနဲ့ ၎င်း တို့ စိတ်ကြိုက် ဖန်တီးခဲ့တာ ဆယ်စုနှစ် ပေါင်းများစွာ ကြာခဲ့ပါပြီ။ ယနေ့ ဒီမိုကရေစီ အစိုးရ လက်ထက်မှာ ၎င်း တို့ ဆန္ဒတွေကို လျှော့ပြီး ပြည်သူ့ဆန္ဒကို ဦးစားပေးကာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အချိန်ရောက်ပြီဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ စစ်တပ်ကတောင်းဆိုတဲ့ အချက် (၆) ချက်ကို မလိုက်နာနိုင်သမျှ ကာလပတ်လုံးတော့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေအုံးမှာပါ။
ရဲဘော် မောင်တူး (ပြည်သူ့စစ်)
.. www.MyanmarExpress.net

.jpg)

8 comments:
ဆက်ကြေးကောက်ချင်လို့ သောင်းကျန်းနေတာ
ဘယ်လိုလုပ်ရပါ့
They are impossible bastards and media are impossible bastards and Aung San Su Kyi is impossible kalar ma-yar.
ဆတ်ကြေးကောက်ဖို့ ဗိုလ်ကျဖို့
သောင်းကျန်းသူလုပ်နေတာ ဘယ်လက်ခံမလဲ
ဒီအချက် ၆ ချက်ကိုငြင်းနေတဲ့ လက်နက်ကိုင် အဖွဲ့ ဟာ တကယ်တော့ စတင်ဆွေးနွေး ကတည်းက ငြိမ်းချမ်းရေး လိုချင် လို့ ဆွေးနွေးခဲ့တာ မှန် ရဲ့လား? တပ်မ တော် ရဲ့ တိုက်စစ်တွေကို ( သူတို့ အသက် ရှူချောင် ဖို့) ခေတ္တ ရပ်တန့် စေချင် လို့လား? အပစ် ရပ်ထားတုန်း လွတ်လွတ်လပ်လပ် ဆက်ကြေးကောက် ပြီး လူသစ်စု အင် အား ဖြည့်ဖို့ လား? မြို့ ရွာ တွေ မှာ ဘေးကင်းစွာ နားပြီး လူသတ် မူးယစ် ဆေးတွေ ရောင်းရ အောင် လုပ်တာလား? ပြန်သုံးသပ် ကြည့်ပါ။ ယခင် ကာလ တွေက အ တွေ့ အကြုံ တွေ ကို သင် ခန်းစာ ပြန်ယူ စေချင် ပါ တယ် ။
အဖြေကရှင်းပါတယ်။ လူမျိုးကိုကိုယ်စား
ပြုလက်နက်ကိုင်တိုက်ပွဲဝင်နေတာ
မဟုတ်တာသေချာနေပြီ။ မိမိအစုအဖွဲ
ဝမ်းစာရေးနှင့်အတောမသတ်နိုင်
သောလောဘအတွက်ချမ်းသာချင်၍
အာဏာကိုဖြတ်လမ်းနည်းနှင့်လိုချင်
၍လက်နက်ကိုင်တိုက်ပွဲဝင်နေတာ
ထင်ရှားနေပါပြီ။
တိုင်းရင်းသားမွန်လူမျိုးတစ်ဦးအနေနဲ့
ပြောရရင်မွန်တပ်မတော်ကိုရှိစေချင်တာ
အမှန်ပါ။ရှိနေတာကိုဂုဏ်လည်းယူပါ
တယ်။လူမျိုးရေးကာကွယ်ရေးအတွက်
ပေါ့။ဒါပေမဲ့ အဓိကက လစာငွေအသုံး
အစာရိတ်ကိစ္စပါ။ဘယ်သူပေးမှာလည်း?
နိုင်ငံတော်ကနေပေးမှာလား?ပေးရော
ပေးသင့်လား?တိုင်းရင်းသားတွေနဲ့ စစ်
ဖြစ်လို့ ဆုံးရှံးသွားသောနှစ်ဖက်အ
သက်ပေါင်းများစွာမပါပဲ ငွေသား
ကုန်ဆုံးစရိတ်တောင်မှအဆမတန်
များနေသည်ကိုသတိထားသင့်ကြ
ပေသည်။မလိုအပ်ပဲစစ်မတိုက်တာ
အကောင်းဆုံးပါပဲ။တိုင်းရင်းသား
လက်နက်ကိုင်အဖွဲအစည်းအားလုံး
( ၁ သိန်းခွဲ )ဆိုတောတစ်ဦးကို
၁ သိန်းစီပျာမျှပေးနိုင်အောင်စဉ်း
စားသင့်နေပြီ။လစဉ်လစာငွေသီးသန့်
သိန်းပေါင်းတစ်သိန်းခွဲသုံးရမှာပါ။
အဓိက ရည်ရွယ်ချက်ကဥပဒေဘောင်
အတွင်းနေစေချင်လို့ ပါ။နိုင်ငံတော်
ဘက်ကလည်းနိုင်ငံသားတိုင်းအသက်
၁၈ နှစ်ပြည့် ပြီးသူတိုင်းအလုပ်ရှိမရှိ
အနှစ် (၃၀) စာလစဉ်လစာတစ်သိန်း
ပေးနိုင်အောင်စဉ်းစားသင့်နေပြီ။ဒါ
တောင်အကြမ်းဖက်နေသောပြည်
သူတောတွင်းမြို့ တွင်းပါမကျန်အ
ပြတ်ချေမှုန်းရင်တရားပါတယ်။အပေး
အယူမရှိပဲချေမှုန်းရင်ချောင်ပိတ်ရိုက်
တာအနိုင်ယူတာနဲ့ တူနေမယ်။
ပြည်သူဘက်ကလည်းတစ်လ
တစ်သိန်းနည်းတယ်လို့ မထင်ပါနဲ့
တစ်လ ၅ သောင်းစား ၅ သောင်းစု
နိုင်ရင်ကိုပဲ နှစ် ၃၀ ဘဏ်အတိုးနှင့်
တွက်ရင်သိန်းပေါင်း (၁၁၀၀) ဖြစ်
သွားတာကို အံ့ သြ စွာ တွေ့ ရမှာ
ပါ။ဒါကိုကြည့်ခြင်းအားဖြင့်နိုင်ငံ
တော်ကနိုင်ငံသားအတွက်ဘယ်
လောက်ပေးဆပ်ထားသလဲပေါ်
လွင်လှပါတယ်။မိဘကသားသမီး
အပေါ်ဘယ်လောက်ပေးဆပ်ထား
တာကိုလည်းထင်ဟပ်စေပါတယ်။
နိုင်ငံသားကောင်းများနိုင်ငံတော်
ကိုအကျိုးပြုနိုင်ကြပါစေ။
တိုင်းရင်းသားညီအစ်ကိုများညီညွတ်
ကြပါစေဆုတောင်းလျက်
တိုင်းရင်းသားညီငယ်မွန်လူမျိုးတစ်ဦး
ဒါဆိုရင် ကေအိုင်အေ ဆိုတာ ကချင်ပြည်သူတွေကို ဓါးစာခံ ရုပ်လုံးပြပြီင်္း သောင်းကျန်းနေတာ သိသာတာပေါ့..ဒီလိုဆိုရင် ကချင်တိုင်းရင်းသူတွေရဲ့ ဘ၀လည်း အေအိုင်အေ ရဲ့ လက်ထဲမှာပဲ....မတွေးရဲတော့ပါဘူး.......ကချင်ပြည်သူတွေဒီအတိုင်းငြိမ်နေ မယ်ဆိုရင် ..မနောမြေရဲ့ အလှအပတွေ ပျောက်ကုန်တော့မှာပေါ့.....
myanmar militry and goverment you don't need to nigociate any body because they don't need to peace they
have alot of gold,jade and other so you should clean all them if you need solider we come to fight it ok
ဗမာစစ်ခွေးတွေဒီအချက်(၆)ချက်ကို နစ်ပေါင်းများစွာကျုးံလွန်ခဲတာအခုမှဟိုမလုပ်ရ ဒီမလုပ်ရဆိုတာမဆမ်းပါဘူး။ တိုင်းရင်းသားနယ်မြေမှာ လာပြီးကတ်သတ်တာ မမတရားဘူး။ ငြိမ်းချမ်းကိုငြိမ်းချမ်းသောနည်းနာနဲ့သွားပါ၊ ဘာလိုံ ဒီအချက်( ၆) ချက် ကို ဘတ်ပြ ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကို အပြစ်ရှာတာလဲ။ အဖြေက လက်ရှိအစိုးရဟာ ငြိမ်းချမ်းရေး ကို မယုံ လို့၊ တိုင်းသူပြည်သားတွေကိုစေတနာခမ်းခြောက်လို့ ဖြစ်တယ်၊ ငြိမ်းချမ်းရေးကိုစစ်ရေးနဲ ကိုင်တွယ်ရင် ဘယ်သူက နိင် ဘယ်သူ က ရှံး အဖြေမရှိတဲငြိမ်းချမ်းရေးဘဲ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်