From :
..Nay Min
တိုင်းပြည်တစ်ပြည်ကို ဦးဆောင်ရမည့် ပါတီတစ်ခုသည် ပြည်သူအများ၏ ထောက်ခံမှုကို တခဲနက် ခံယူရသကဲ့သို့ ပြည်သူအချို့၏ ပြစ်တင်ဝေဖန်ခြင်းကိုလည်းကောင်း၊ ထောက်ပြဝေဖန်ခြင်းကို
လည်းကောင်း၊ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည် ဖြစ်စေ လက်ခံရမည်ဖြစ်သည်။ ဒီမိုကရေစီ စနစ်ကို တည်ဆောက်ပါမည်ဟု တွင်တွင် ပြောနေသော ပါတီတစ်ခုသည် ဒီမိုကရေစီကျကျ လွတ်လပ်စွာ ဝေဖန်ခံနိုင်ရပါမည်။ သို့သော် NLD ပါတီကို ထောက်ခံသူအချို့နှင့် NLD ပါတီဝင် အချို့၏ စိတ်ဓာတ်ကလေးများသည် အကဲဆတ်မခံဘဲ အလွန်နုနယ်လွန်းနေကြသည်ကို တွေ့ရှိနေရပါသည်။ NLD အကြောင်း မရေးလိုက်နှင့်။ ထိုသူသည် တိုင်းပြည်တိုးတက်ရေးကို မလိုလားသူဖြစ်ရသည်။ စစ်အာဏာရှင်စနစ်ကို ဆက်လက်ရှင်သန်လိုသူဖြစ်ရသည်။ ဒီမိုကရေစီ လိုလားသူတို့၏ ဒီမိုကရေစီမကျသော စွတ်စွဲချက်များဟု ကျွန်တော်ရဲရဲကြီး ဆိုမည်။
Status တစ်ခုတွင် ဖတ်ခဲ့ရသည်ကို ပြန်လည်ပြောပြလိုသည်။ ထိုသူက မြန်မာနိုင်ငံရှိ လူများကို အုပ်စု လေးအုပ်စုခွဲထားသည်။ ဒေါ်စုကို ဘာမှန်း ညာမှန်းမသိ အများထောက်ခံ၍ ထောက်ခံကြသော အုပ်စု၊ ဒေါ်စုအကြောင်းကို ရေရေရာရာ သိသောကြောင့် သေသေချာချာ ထောက်ခံသော အုပ်စု၊ ဘာညာမသိ ကြားနေအုပ်စု နှင့် ဒေါ်စုကို မလိုတမာ မုန်းတီးသော အုပ်စုတို့ ဖြစ်ကြပါသည် ဟု အုပ်စုခွဲတင်ပြထားသည်။ ထို post ကို ဖတ်ရင်း ကျွန်တော် တစ်စုံတစ်ခု ခံစားသွားမိသည်။ post ပိုင်ရှင်၏ အသိဥာဏ် နုံနဲ့ပုံကို post တွင် အထင်အရှားမြင်နိုင်သည်။ ဒီမိုကရေစီ စနစ်ကို လိုလားသူက အာဏာရှင်ဆန်ဆန်ပြောသွားသည်။ သူ့ စာအရဆိုလျှင် ကျွန်တော်ကိုယ်တိုင် နံပါတ်လေးထဲ ရောက်သွားနိုင်သည်ကိုး။ အမှန်တော့ ဒေါ်စုကို ထောက်ခံသင့်၊ မသင့် စဉ်းစားနေကြသော အနှီ ပုဂ္ဂိုလ်များကို ထိုသူက ရွေးစရာလမ်းမရှိအောင် ချောင်ပိတ်ရိုက်လိုက်ခြင်းပင်။ ဒေါ်စုကို ထောက်ခံရင် ထောက်ခံ၊ မထောက်ခံဘဲ ဝေဖန်ရင် မင်းတို့က နံပါတ်လေးအုပ်စုပဲ ဟုပြောလိုက်ခြင်းပင် မဟုတ်ပါလော။ ဒေါ်စုကို ချစ်မြတ်နိုးရင်းစွဲရှိသော်လည်း ဒေါ်စု၏ လုပ်ရပ်အချို့ကို မချိတင်ကဲဖြစ်နေသည့် ၊ ဝေဖန်ပြောဆိုချင်သည့် ကျွန်တော်ကိုယ်တိုင် ထိုစာကိုဖတ်ပြီး အတော်တင်းသွားသည်။ ဖြစ်သင့်သည်မှာ နံပါတ် ငါး ဒေါ်စုကို စောင့်ကြည့်နေသေးသောသူများ ဆိုလျှင် ပို့စ်ကလေးက မမျှတသွားပေဘူးလား။ ထို့ကြောင့် ဒေါ်စုကို ချစ်သောသူများ၊ NLD ပါတီကို ထောက်ခံသောသူများ စိတ်နုသေးသည်ဟု ထင်မြင်မိခြင်းပင်။
ဘောလုံးပွဲနှင့် ဥပမာပေးလိုသည်။ ဘောလုံးပွဲကြည့်သူများသည် ဂျာနယ်များကို ၀ယ်ဖတ်ကြမည်သာ။ ဂျာနယ်များတွင် အသင်းများအပေါ်ဝေဖန်ချက်များကိုလည်း ဖတ်ရှုကြရမည်သာ။ မည်သည့်အသင်းများကို အများဆုံးဝေဖန်ကြပါသနည်း။ ဥပမာ။ ။ မန်ချက်အသင်းက ဇယားအောက်ဆုံးက အသင်းကို နိုင်မည်။ သတင်းဝေဖန်ချက် ဖြစ်ပါ၏လော။ သို့သော် မန်ချက်အသင်းက ဇယားအောက်ဆုံးက အသင်းကို ရှုံးမည်။ ထိုပွဲတွင် နည်းပြ လူစားလဲတာမှားမည်။ နည်းဗျူဟာမှားမည်။ ထိုအခါ ပွဲပြီး ထွက်လာသော ဂျာနယ်များတွင် ဝေဖန်သံများ စီညံလာပေလိမ့်မည်။ တစ်ခုမေးလိုသည်က ထိုသို့ ဝေဖန်သူများသည် မန်ယူကို မုန်း၍လော။ ချစ်၍ ကရုဏာ ဒေါသောဖြင့် ဝေဖန်သည်လော။ ကျွန်တော်သတိထားမိသည်မှာ ယခုခေတ်တွင် မန်ယူချစ်သော ဂျာနယ်လစ်များသာ များကြခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ကောက်ချက်ရဲရဲ ချနိုင်သည်။ ထိုသူတို့သည် မန်ယူကို ချစ်ကြလွန်း၍ မချိတင်ကဲ ဝေဖန်ကြခြင်းပင်။ သို့သော် မန်ယူချစ်သူအချို့က အကဲဆတ်သည်။ မည်သည့် အခြေအနေဖြစ်နေနေ၊ မန်ယူကို ဝေဖန်သည်ကို မကြိုက်ကြ။ တစ်ခါ ဂျာနယ်ဝယ်နေစဉ် ထိုဂျာနယ်ကို ဆွဲဖြဲပစ်ချင်လိုက်တာကွာဟု ရေရွတ်သံကိုပင် ကြားလိုက်မိသေးသည်။ ထိုကဲ့သို့ ဘာမဟုတ်သော ဘောလုံးပွဲတွင်ပင် အစွဲကြီးလှသော ကျွန်တော်တို့တတွေသည် နိုင်ငံရေးတွင် အစွဲနှင့် ထောက်ပြမှုကို လက်မခံခြင်းမှာ မဆန်းတော့ဟု ထင်မြင်ပါသည်။ သို့သော် တစ်ခုအံ့သြသည်မှာ ထိုအထဲတွင် ပညာအလွန်တတ်သော မိတ်ဆွေများပင် ပါဝင်နေခြင်းပင် ဖြစ်ပါသည်။
သူတို့၏ လက်သုံးစကားရှိသည်။ မြန်မာနိုင်ငံတွင် ဒေါ်စုကိုမှ မရွေးချယ်လျှင် ရွေးချယ်စရာ နောက်ထပ်လူများရှိလျှင် ပြပါဦးဟူသော စကားဖြစ်သည်။ ယခင်က ကျွန်တော် မပြောဘဲ ရှောင်ခဲ့သည်။ သို့သော် ဆရာပိုက်တင်၏ ဆောင်းပါးများကို ဖတ်ပြီးကတည်းက မိမိစိတ်ကို လိပ်ပြာသန့်သောကြောင့် လိုအပ်သည်ထင်သည်တို့ကို ရေးတော့မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ပြောပါတော့မည်။ ကျွန်တော်တို့တွင် အခြားရွေးချယ်စရာ မရှိသည်ကို သိပါသည်။ အကယ်၍ ထိုသို့ ရွေးချယ်စရာ ခေါင်းဆောင်သာ နောက်တစ်ယောက်ရှိနေခဲ့လျှင် ဒေါ်စုကို ယခုကဲ့သို့ တခဲနက်ထောက်ခံမှု မရှိနိုင်တော့ဟု ထင်မြင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရွေးချယ်စရာ နောက်ထပ်ခေါင်းဆောင်ရှိနေ၍ပင်။ ယခုမူ တိုင်းပြည်၏ ကံကြမ္မာသည် ဒေါ်စုအပေါ်တည်မှီနေသည်။ ထို့ကြောင့် ထိုမေးခွန်းသည် လုံးဝ မမေးသင့်သော မေးခွန်းဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောဆိုရလျှင် ထောက်ပြဝေဖန်မှုများကို ရပ်တန့်စေရန် ဘရိတ်နင်းလိုက်သော မေးခွန်းဖြစ်သည်။
မှန်ပါသည်။ ကျွန်တော်တို့သည် ဒေါ်စုကို မျှော်လင့်သည် ။ ထို့အတူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာပါ့မလားဟူသော စိုးရိမ်စိတ်ကလေးလည်း တွဲဖက်နေသည်။ အနာဂတ်ခေါင်းဆောင်အလောင်းအလျာ တစ်ယောက်ကို ဘာမှ အကြံမပေးဘဲ ကျွန်တော်တို့က သူ့စိတ်ဓာတ်တစ်ခုကို အရင်းခံကာ သူဘာလုပ်လုပ် တိုင်းပြည်အတွက်ကောင်းဖို့ချည်းဟု ဆိုကာ မပြောဘဲနေသင့်ပါသလား။ သူသည် ဘုရားသခင်မဟုတ်သည့်အတွက် အမှားမကင်းနိုင်ဆိုသည့်အချက်၊ စစ်တုရင်ထိုးရာတွင် ဘေးကလူက ပိုပြီး အကွက်မြင်တတ်သည် ဆိုသည့်အချက်နှင့် ယှဉ်တွဲစဉ်းစားလျှင် ထောက်ပြနေသူများသည် စေတနာသာ မှန်ကန်ခဲ့ပါက လက်ခံစဉ်းစားဖွယ် အချက်များ၊ ဆွေးနွေးသင့်သည့် အချက်များကို ပြောဆိုနေကြောင်း သဘောတူနိုင်ရပါမည်။ အဓိက က တိုင်းပြည်ကောင်းဖို့ မဟုတ်ပါလား။
သို့တိုင်အောင် NLD ထောက်ခံသူများနှင့် ဒေါ်စုကို ချစ်မြတ်နိုးရုံမျှမက ကိုးကွယ်သည်အထိ လူအမြင်ကပ်အောင် လုပ်ပြနေသူများသည် ဒေါ်စုနှင့် NLD ကို ဝေဖန်လျှင် အထိမခံရွှေပန်းကန်လုပ်ပြနေခြင်းမှာ လူအများ၏ အမြင်ကပ်ဖွယ် ( ကျွန်တော်လည်း နည်းနည်းပါးပါးတော့ မျက်စိစပါးမွှေးစူးပါသည် ) ဖြစ်နေသည့် အပြင် ဒေါ်စု၏ ပုံရိပ်ကိုပါ ထိခိုက်စေသည်ဟု ကျွန်တော်မြင်သည်။ ကြံ့ဖွတ်နှင့် စစ်တပ်ကို ဘာကြောင့် အဓိကထားမဝေဖန်တာလဲ ဟုမေးကြသေးသည်။ အရင်ဆုံး ကြံ့ဖွတ်ကို ဘာ့ကြောင့် မဝေဖန်တာလဲဖြေမည်။ ဘောလုံးနှင့်ပင် ဥပမာပေးလိုသည်။ ဇယားအောက်ဆုံးကအသင်း ပွဲတိုင်းရှုံးသည်ကို ဆောင်းပါးရှင်တို့က ဂျာနယ်တွင် တခန်းတနားဝေဖန်ကြပါ၏လော။ ဝေဖန်စရာမလိုပါ။ အစကတည်းက သူတို့ကို အယုံအကြည်မရှိသောကြောင့် သူတို့ လုပ်ရပ်များသည် ဒီပုတ်ထဲက ဒီပဲဆိုတာ သိနေသောကြောင့် အထူးတလည် မပြောခြင်းကို ယိုးမယ်ဖွဲ့စရာမလိုဟု တင်ပြချင်သည်။
စစ်တပ်ကို ဘာကြောင့် မဝေဖန်ရတာလဲဟုမေးလျှင် စစ်တပ်ဆိုသည်မှာ ယခုလောလောဆယ် ခြေတက်နေသော အသင်းနှင့်တူသည်။ သူတို့သည် လွှတ်တော်တွင် တစ်မတ်သားနေရာယူထားသည်မှာ မှန်သော်ငြား တိုင်းရေးပြည်ရေး ၀င်ရောက်စွက်ဖက်ပြောဆိုနေခြင်း ကို အထူးတလည် မတွေ့ရပေ။ သူတို့သည် အလယ်အလတ်အသင်း၊ ထို့ထက်ပိုပြောရလျှင် ခြေတက်လာနိုင်ဖွယ်အသင်းဟု ထင်မြင်သည့်အတွက် သိပ်မဝေဖန်ကြခြင်း( သိပ်မဝေဖန်ခြင်းသည် လက်ရှိတွင် အကောင်းဆုံး ကိစ္စ ဟု ထင်သည်) ဟု တွေးမိသည်။ နောက်တစ်ချက်ပြောရသော် စစ်တပ်ဆိုသည်မှာ ပြည်သူကို အခြေပြု၍ တည်ဆောက်ထားခြင်းဖြစ်သည်။ စစ်တပ်ကို ဝေဖန်ခြင်းထက် စစ်အာဏာရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းအောင် အားထုတ်ခြင်းက ပိုမမှန်ကန်ပေဘူးလားဟု မေးချင်သည်။ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး ချုပ်ငြိမ်းလိုလျှင် စစ်တပ်ကို တရားလွန်ဝေဖန်ခြင်းဖြင့် စစ်ခေါင်းဆောင်များ စိတ်ကို ဆွခြင်း ကို မလျော့သင့်ပေဘူးလား ဟုတွေးပေးစေလိုပါသည်။
အချုပ်ဆိုပါမည်။ မိမိသည် တိုင်းပြည်မျက်နှာတစ်ခုတည်းကိုသာ ကြည့်၍ ရေးတော့မည်ဟု ဆုံးဖြတ်လိုက်ပါသည်။ မိမိအတွေးသည် နှစ်ပြားတစ်ပဲမျှသာ တန်ပါစေ။ တိုင်းပြည်အတွက် အကျိုးရှိမည်ထင်သည်ကို မိတ်ဆွေများသိစေရန်ချပြပါမည်။
.. www.MyanmarExpress.net

.jpg)

12 comments:
ကောင်းလိုက်လေဗျာ
ဖါစုလုပ်နေတာ တိုင်းပြည်ကောင်းစားဖို့ မဟုတ်ဘူး သူကိုယ်တိုင်အာဏာရဖို့ မသေခင်ခဏ သမ္မတ ဆိုတဲ့ ဂုဏ်ကို လိုချင်လို့ ဖခင်မျက်နှာကိုတောင် အိုးမည်းသုတ်ပြီး ကိုယ်ကျိုးတစ်ခုတည်း အတွက်လုပ်နေတာ ဖါစုဆီမှာ နိုင်ငံချစ်စိတ် အမျိုးချစ်စိတ် မိသားစုစိတ် တစ်ခုမှမရှိဘူး သူအာဏာရပြီး နံဘေးမှာပါတ်လည်ဝိုင်း ခစားခံနေရမယ့် ဘဝမျိုးကို သူလိုချင်တာ ကိုယ်ကျိုးအတွက် မိဘညီအစ်ကို မောင်နှမ ဆွေမျိုးတွေကို အသေဖြုတ်ရဖို့ ဝန်မလေးဘူး ကုလားလီးကြိုက်တယ် အမြှောက်ကြိုက်တယ် ရှိခိုးကိုးကွယ်ခံချင်တယ် ကုလားမှန်ရင်ကုန်းပေးချင်တယ် အဲဒါဖါစုကြည်စိတ်ဓါတ်ပဲ
ကျွန်တော်တို့ တနသာင်္ရီတိုင်း ၁၀ မြို့နယ်တွင် sea game ပွဲတော်ဖျော်ဖြေရေးအတွက် အထက်တန်းအဆင့် ကျောင်းသား/သူ ၁၀၀ ယောက်အား လူရွေးချယ်ပြီး၍ ပွဲတော်သွားရောက်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ပါသည်။ သို့ရာတွင် တိုင်းပညာရေးမှူး ဦးဟန်စိန်မှ တစ်ခြားမြို့နယ်မှ ကျောင်းသားများအားလုံးကို ပယ်ဖျက်၍ ထားဝယ်မြို့ပေါ်မှသာ အယောက် ၁၀၀ ခေါ်သွားတော့မည်ဖြစ်ကြောင်း အကြောင်းကြားလာခဲ့ပါသည်။၎င်းခေါ်သွားမည့် ထားဝယ်မြို့ပေါ်မှ ကျောင်းသား ၁၀၀ မှာ တစ်ခြားမြို့နယ်များမှ ယခင်အတည်ပြု ရွေးချယ်ထားသည့် ကျောင်းသားများ၏ အမည်စာရင်းနှင့်ပင် ဖြစ်ပါသည်။အစားထိုးလိုက်ပါရသည့် ကျောင်းသားများမှ ၄င်းတို့ sea game ပွဲသို့ လိုက်ပါခွင့်ရရှိအောင် ငွေကြေးအမြောက်အများ ဦးဟန်စိန်သို့ ပေးခဲ့ရကြောင်း သိရပါသည်။
သို့ဖြစ်ပါ၍ ဦးဟန်စိန်သည် ငွေကြေးရယူ၍ ကျောင်းသားအစားထိုးခြင်းကြောင့် ယခင်ရွေးချယ်ထားပြီးဖြစ်သည့် (၉)မြို့နယ်မှ ကျောင်းသားများsea gameပွဲသို့အမည်စာရင်းသားပါပြီး လူလိုက်ပါခွင့် မရရှိခြင်းအပေါ် သက်ဆိုင်ရာ တာဝန်သိ တာဝန်ရှိ လူကြီးမင်းများမှ ကူညီပေးကြပါရန် meg မှတစ်ဆင့် တင်ပြအပ်ပါသည်။
မှတ်ချက်။ ။website တွေပေါ် သတင်းမတင်တတ်ပါသဖြင့် meg comment မှတဆင့် ရေးသားရခြင်းဖြစ်သည့်အတွက် ဖတ်ရှုမိသူများမှ ကျွန်တော်တို့ ထားဝယ်ခရိုင် ကျောင်းသားများကိုယ်စား သက်ဆိုင်ရာ website များပေါ်သို့ ယခုသတင်းအား ဝေမျှပေးကြပါရန် တောင်းပန်တင်ပြအပ်ပါသည်။
sea game ပွဲအတွက်ရွေးချယ်ခံရပြီးမှ အမည်သာပါပြီးလူလိုက်ပါခွင့် မရသည့် လောင်းလုံ ရေဖြူ သရက်ချောင်း မြိတ် ဘုတ်ပြင်း ကျွန်းစု တနသာင်္ရီ ကော့သောင်း ပုလော မှ အထက်တန်းကျောင်းသားများ
Ball to these conceited people. Let them write or say any thing they want. Ball Care.
NLD အုပ် အဖွဲ့ အ ဝေ ဖန် မ ခံ အ ထိ မ ခံ ဗျ အ တူ အ တူ ပါ ဘဲ ဒါ ပေ မဲ့ အုပ် အ ဖွဲ့ က စား ရ လို့ ချမ်း သာ ကုန် ကြြ ပိ
NLD က အ လုပ် မ ရ သေး မစား ရ သေး ဘူး နာ မည် ကြိး ထ မင်း ငတ် ဆို တာ ဒါ ဘဲ
ရွှေ မန်း မ ရ ရင် အုပ် တွေ ပြုတ် မယ်
NLD ရ ရင် OIC အစ် စ လမ် အ ဖွဲ့ ရုးံ ထိုင် လိမ့် မယ်
ဘာ သာ ပြောက် နိုင် တယ်
ရွှေ မန်း ရ ရင် အုပ် ကြိး တွေ ဆက် ဖင် ခေါင်း ကျယ် မယ်
၂၀၁၅ မ တိုင် ခင် ဖြုတ် ချ NLD ကို လဲ OIC လက် လခံ မယ် ဆွှိုင် အ ခု က တည်း က ပါ တီ ကို ဖြုတ် ပစ် ကြ
ဒါ ပြည် သူ က လုပ် ကြ ရမယ်
long hair gyi,,this is NLD member? what they can do? i think mostly is jobless
ဆောင်းပါးရှင်ကို ထောက်ခံပါတယ်။
nld ပါတီဝင်အများစုဟာ ကိုယ်နဲ့မတူ ကိုယ့်ရန်သူလို့ သဘောထားခံယူကြတာ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ သူတို့ လျှာဖျားလေးကနေ ပြောပြောနေတဲ့ ပွင့်လင်းမြင်သာမှုတို့၊ လူ့အခွင့်အရေးဆိုတာ သူတို့ လုပ်ကိုင်ပြောဆို ဆောင်ရွက်တဲ့အခါမှပဲ အကျုံးဝင်သလား၊ တခြားသူတွေကရော ထောက်ပြဝေဖန်ခွင့်မရှိတော့ဘူးလား။ တော်တော်စိတ်ပျက်စရာကောင်းပါတယ်ဗျာ။ စည်းဆိုတာလည်းမရှိ ကမ်းဆိုတာလည်း မျက်လည်းကမ်း၊ အသိဥာဏ်လည်းကမ်းကုန်ကြပီထင်ပါရဲ့။ ရင်လေးတယ်ဗျာ။ ဒီလူတွေနဲ့ ဒီလှေ ဘယ်လိုဘယ်ပုံ ခရီးဆက်ကြဦးမလဲ။ ကြားထဲက င`ကြွားခါးနာဆိုသလို ပြည်သူနဲ့ တိုင်းပြည်ပဲ နာရဦးမယ်ထင်ပါရဲ့။
Let ma khan yin phin khan pot khor,,,
NLD ka koung tawe, far su york as to to pel,
ဤဆောင်းပါး၏ရေးသားချက်ကို ထောက်ခံပါသည်။
ထောက်ခံပါသည်
ထောက်ခံသည်
Kill to aungsansukyi and NLD.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်