Wednesday, December 19, 2012
ME
From :planet
တရုတ်နိုင်ငံ ဒေသ ၈ ခုတွင် ပြုလုပ်ခဲ့သည့် ဖမ်းဆီးမှုများအတွင်း
ကမ္ဘာပျက်ကိန်းနှင့် ပတ်သက်သော လက်ကမ်းစာရွက်များ၊ ဗီဒီယိုအခွေများ၊
စာအုပ်များနှင့် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း လူ ၅၀၀
ကျော်ကို ဖမ်းဆီးခဲ့ကြောင်း RT News တွင် ဖော်ပြသည်။
တရုတ်နိုင်ငံတွင် ကမ္ဘာပျက်မည့်နေ့နှင့်
ပတ်သက်၍ ကောလဟလများ ဖြန့်ဝေသူ ၅၀၀ ကျော် ရဲတပ်ဖွဲ့က
ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း RT News တွင် ဖော်ပြသည်။
တရုတ်နိုင်ငံမြောက်ပိုင်း Qinghai ဒေသရှိ ဘာသာရေးဂိုဏ်းတစ်ဂိုဏ်း၏ အဖွဲ့ဝင်
၄၀၀ ကျော်ကို ကမ္ဘာပျက်မည့်နေ့ ကောလဟလ သတင်းအချက်အလက်များ ဖြန့်ဝေမှုဖြင့်
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာနက ယနေ့ (ဒီဇင်ဘာ
၁၈ ရက်) ပြောကြားသည်။ တရုတ်နိုင်ငံ ဒေသ ၈ ခုတွင် ပြုလုပ်ခဲ့သည့်
ဖမ်းဆီးမှုများအတွင်း ကမ္ဘာပျက်ကိန်းနှင့် ပတ်သက်သော လက်ကမ်းစာရွက်များ၊
ဗီဒီယိုအခွေများ၊ စာအုပ်များနှင့် အခြားပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး
စုစုပေါင်း လူ ၅၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
ရှေးဟောင်းမာယာလူမျိုးတို့၏ ပြက္ခဒိန်အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင်
ကမ္ဘာပျက်ကိန်း ကြုံတွေ့ရဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ သို့သော်
မာယာလူမျိုးတို့၏ သမိုင်းကြောင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက
မာယာလူမျိုးတို့အနေဖြင့် ဒီဇင်ဘာ ၂၁ ရက်တွင် ကမ္ဘာကြီးပျက်သုဉ်းလိမ့်မည်ဟု
ပြောကြားထားခဲ့သည့် အထောက်အထားများ မတွေ့ရှိရကြောင်း
ရှင်းလင်းပြောကြားထားသည်။
www.MyanmarExpress.net
0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်