Subscribe to our RSS Feed

စတုတ္ထမဏ္ဍိုင်ဆိုတာ မီဒီယာတွေသူတို့ဟာသူတို့ပေးထားတဲ့နာမည်ပါ


From : M Media

စတုတ္ထမဏ္ဍိုင်ဆိုတာ မီဒီယာတွေသူတို့ဟာသူတို့ပေးထားတဲ့နာမည်ပါ... ခပ်ရှင်းရှင်းပြောရရင် ဘယ်သူကမှ မီဒီယာကို စတုတ္ထမဏ္ဍိုင်ရယ်လို့ သတ်မှတ်တာမဟုတ်ပါဘူး... နိုင်ငံတော်တစ်ရပ် အတွက် အဓိမဏ္ဍိုင်ကြီး၃ရပ်ဖြစ်တဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေပြုရေး၊ တရားစီရင်ရေးဆိုတာ ပြည်သူလူထုကရွေးချယ်တင်မြှောက်ခံဖြစ်ပြီး ပြည်သူလူထုနဲ့ နိုင်ငံဝန်ထမ်းအဖြစ် နိုင်ငံတော်ရဲ့ ဘဏ္ဍာတော်ကိုစားပြီး ဆောင်ရွက်ရသူပါ... မီဒီယာဆိုတာကတော့ ပြောရရင် စီးပွါးရေးလုပ်ငန်းတစ်ခုသက်သက်ပါပဲ... ဒါကို မီဒီယာသမားတွေက ကိုယ့်ကိုယ်ကိုဂုဏ်တင်ပြီး စတုတ္ထမဏ္ဍိုင်ရယ်လို့ အော်ဟစ်နာမည်ကောင်းယူနေတာပါ...

ဒီမိုကရေစီစံနစ်စစ်စစ်မှာ အုပ်ချုပ်ရေးတာဝန်ကိုယူထားရတဲ့ အစိုးရအဖွဲ့ဆိုတာ ပြည်သူလူထုရဲ့ ရွေးချယ်တင်မြှောက်ခံ သမ္မတ/ဝန်ကြီးချုပ်ရဲ့ ရွေးချယ်မှုပါ... တကယ်လို့ပြည်သူလူထုကမကျေနပ်ရင် လိုအပ်တဲ့အတိုင်းဆောင်ရွက်ပြီး ဖြုတ်ချလို့ရသလို တစ်စုံတစ်ရာအမှားအယွင်းဖြစ်ခဲ့ရင်လည်း တာဝန်ယူပြီးနှုတ်ထွက်ရသူတွေပါ... တရားဥပဒေပြုရေးတာဝန်ကိုယူထားရတဲ့ လွှတ်တော်ထဲက လွှတ်တော်အမတ်တွေဟာဆိုရင်လည်း မဲဆန္ဒနယ်အလိုက် မဲပေးရွေးကောက်ထားတဲ့ ရွေးကောက်ခံတွေဖြစ်ပြီး ၎င်းတို့၏ လုပ်ဆောင်မှုအပေါ် လူထုကမကျေနပ်ရင် လူထုက နည်းမှန်လမ်းမှန်နဲ့ ဖြုတ်ချလို့ရသူတွေပါ... တရားစီရင်ရေးတာဝန်ကိုယူထားရတဲ့ နိုင်ငံတော်တရားရုံးနဲ့ တရားသူကြီးချုပ်ကစလို့ တရားစီရင်ရေးဆိုင်ရာဝန်ထမ်းအားလုံးဟာလည်း နိုင်ငံတော်ကချမှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့အညီရွေးချယ်ထားသူတွေဖြစ်ပြီး တရားစီရင်ရေးဆိုင်ရာမှာ လူထုကမကျေနပ်ရင် လုပ်ထုံးလုပ်နည်းနဲ့အညီ တရားသူကြီးချုပ်ကစလို့ အောက်ဆုံးတရားရေးဝန်ထမ်းတွေအားလုံးကို နှုတ်ထွက်ရန်တောင်းဆိုခွင့် တင်ပြခွင့်လူထုမှာရရှိထားပြီးဖြစ်ပါတယ်... ကျနော်ပြောတာ ဒီမိုကရေစီစံနှုံးအတိအကျကိုဆိုလိုပါတယ်...

ကဲ စတုတ္ထမဏ္ဍိုင်ဆိုတဲ့ မီဒီယာမှာ လူထုက ဖြုတ်ချခွင့်ရှိလား... သူတို့မှာ ပိုက်ဆံရှိရင် ဆက်လက်လုပ်ကိုင်နိုင်နေမှာပဲဖြစ်သလို လူထုရဲ့ရွေးချယ်တင်မြှောက်ခံတွေလည်းလုံးဝမဟုတ်လို့ လူထုအနေနဲ့ ၎င်းတို့အပေါ်မှာ တရားဥပဒေကြောင်းအရ တရားရင်ဆိုင်တာကလွဲလို့ ဖြုတ်ချခွင့်မရှိပါဘူး... နိုင်ငံတကာမှာ မီဒီယာလောကနဲ့ ဖြစ်ပွါးခဲ့တဲ့ ဥပဒေကြောင်းဆိုင်ရာ အဖြစ်အပျက်တွေကိုကြည့်ရင်လည်း စတုတ္ထမဏ္ဍိုင်လို့ခေါ်တဲ့ မီဒီယာလောကသားတွေဟာ လူထုကိုယ်စားပြုဆိုတဲ့ အရေခွံကိုခြုံထားပြီး လုပ်ဆောင်နေကြပေမဲ့ တကယ့်တကယ်တမ်းမှာတော့ လူထု(လူနည်းစုဖြစ်စေ/လူများစုဖြစ်စေ)အပေါ်မှာ တစ်စုံတစ်ရာအမှားကြူးလွန်မိလို့ တာဝန်ယူတာရှားပါးလှပါတယ်... ဒါ့ကြောင့် မီဒီယာဆိုတာ သူ့ကိုယ်သူ ဂုဏ်မြှင့်ပြီး စတုတ္ထမဏ္ဍိုင်ရယ်လို့ ဘယ်လိုပဲပြောပြော စီးပွါးရေးလုပ်ငန်းတစ်ခုသက်သက်သာဖြစ်ပါတယ်... ကောင်းတဲ့လူတွေလုပ်ရင် ကောင်းတဲ့ Product ထွက်တဲ့ စီးပွါးရေးလုပ်ငန်းဖြစ်နေမှာဖြစ်သလို မကောင်းတဲ့လူ/အရည်အချင်းမပြည့်မှီသူတွေလုပ်ရင် မကောင်းတဲ့ Product ထွက်တဲ့ စီးပွါးရေးလုပ်ငန်းသာဖြစ်ပါတယ်... :]

Myanmar Express

15 comments:

That' right. Media business is for money making under cover of "for people".

pyaw pyan yin lae aung min lun yar kya ohn mel '' media tway ma shi lo bar mha ma phit bu. shi pee tall yay tong yay mha thar pyi thu nae asoe ya amyin lwel hmar kone mar. '' media chote nyein yay doh ayay, media chote nyein yay doh ayay''

တကယ်တော့ ဘာမဏ္ဍိုင်မှမဟုတ်ပါ။ ပြည်သူတွေအတွက်
ဘာမှအကျိုးမပြုပါ။ ရိုးသားမှုလည်းမရှိပါ။ တာဝန်ယူမှုက
နတ္ထိ၊ စောက်ရှက်ကမရှိ။ (လွတ်လပ်ရေးကြိုးပမ်းစဉ်က
ပါဝင်ခဲ့သော မီဒီယာများကိုမဆိုလိုပါ)

စီးပွာရေးသမား မီဒီယာများ တကယ် လုံးဝ အရှက်မရှိကြပါဘူး။ တာဝန်ယူလိုစိတ်တော. မရှိ။ တစ်စိတ်ကို တစ်အိတ်လုပ်ပြီး ပြည်သူစိတ်ဝင်စားအောင်၊ မငြိမ်မသက်ဖြစ်အောင်ဖွ၊ ဒါပဲတတ်တယ်။

ဆောင်းပါးရေးတဲ့ myanmar express ရော အပေါ်က comment ရေးတဲ့ကောင်တွေရော စောက်ရူးတွေ

အလကားသာကူတွေပါ အဲဒီမီဒီယာဆိုတဲ့ကောင်တွေက သူတိုကြောင့်လဲ ဘားမှထူးခြားပြောင်းလည်းတာမဟုတ်ပါဘူး ငဖွတွေပါ

မိ ဒီ ယာ ဆို ပြီး ၊ ဟုတ် လာ မ လား လို. ဖတ် မိ ပါ တယ် ၊ တ နေ. တခြား ၊ ဖွ တဲ. သ တင်း တွေ ဘဲ များ များ လာ တယ်
ဂျာ နယ် ဖတ် တဲ. ပြည် သူ တွေ က င တုံး တွေ မ ဟုတ် ဘူး ၊ ဘယ် စာ စောင် ဘယ် ကို ဦး တည် ပြီး ရေး တယ် ဆို တာ သါ ပါ တယ် ၊ ကြာ ကြာ ၀ါး မှ ခါး မှန်း သိ လာ တယ် ၊ မျ ဒီ ယာ ဆ ရာ တို. ကိုယ်. ကို ကိုယ် ပြန် သုံး သပ် ကြ ဦး

စတုတ္ထမဏ္ဍိုင်ဆိုတဲ့ ကျုပ်တို့မီဒီယာတွေကိုပြောချင်တယ်။
ကျုပ်တို့တိုင်းပြည်ဒီလိုအကျပ်အတည်းတွေနဲ့ဖြတ်သန်း
နေရတာ၊ ခင်ဗျားတို့က ဟိုလူ့ကြောင့်၊ ဒီလူ့ကြောင့်နဲ့
ပြောနေကြတယ်။ ခင်ဗျားတို့ပြောလိုက်တဲ့နိုင်ငံ့ဖြစ်စဉ်
တွေကိုကြည့်ရင် ၁၉၆၂ ကမှစတာတွေချည့်ဘဲ။ မြန်မာနိုင်ငံ
လွတ်လပ်ရေးရတာ ၁၉၄၈ ဗျ။ ခင်ဗျားတို့ပြောတဲ့ ဒီမိုကရေစီ စနစ်နဲ့စခဲ့တာဗျ။ ဘာကြောင့် အာဏာသိမ်းခံရလဲ၊ အဲဒီခေတ်က နိုင်ငံရေးသမားတွေ
အသုံးမကျလို့ဗျ။ ဘာလို့အသုံးမကျတာလည်း ? အင်္ဂလိပ်တွေက လွတ်လပ်ရေးမပေးမီ ဗိုလ်ချုပ်နဲ့ သူရဲ့
အားထားရတဲ့ လုပ်ဖော်ကိုင်ဘက်တွေကို အချိန်ကိုက် အစီအစဉ်တကျသတ်ခဲ့လို့ လွတ်လပ်ရေးရတဲ့ အချိန်မှာ ခေါင်းဆောင်ကောင်းမရှိတော့ဘူး။ ဗိုလ်ချုပ်ကို ဦးစောသတ်တာလို့ခင်ဗျားတို့
ပြောချင်သေးလား၊ ကျုပ်ပြောမယ် ခေါင်းဆောင်ကိုသတ်
နိုင်ဖို့ဆိုရင် ခေါင်းဆောင်ထက်ပိုပြီးအရည်အချင်းရှိရ
မယ်၊ ဦးစောက ကျုပ်တို့ဗိုလ်ချုပ်ထက်ပိုပြီးအရည်အချင်း
ရှိပါ့မလားဗျ။ ဒါဆိုဘာကြောင့်သတ်နိုင်သလဲ၊ နောက်က
အကူအညီပေးနေလို့ဗျ။ ခင်ဗျားတို့စဉ်းစားကြည့်၊
နေမ၀င်အင်ပါယာကိုထူထောင်ခဲ့တဲ့ အင်္ဂလိပ်စစ်တပ်က
ဘရင်းဂန်း ၂၀၀ ကျော်နဲ့ ခဲယမ်းတွေကို ဦးစောလို
လူတစ်ယောက်က မလိမ့်တစ်ပတ်နဲ့ လိမ်ထုတ်သွား
တယ်ဆိုတာဖြစ်နိုင်မလား၊ ဒီလောက်စည်းကမ်းမရှိတဲ့
စစ်တပ်က တစ်ကမ္ဘာလုံးကို သိမ်းနိုင်မလား။ သေချာ
စဉ်းစားကြပါ။ ဒီလိုစစ်တပ်မျိုးက လက်နက်တွေကို
လိမ်ထုတ်နိုင်တဲ့ ဦးစောကို ခင်ဗျားတို့ချီးကျူးမလား။
သိပ်ကိုထက်မြက်တဲ့ပုဂ္ဂိုလ်ဆိုပြီး ကိုးကွယ်ကြမလား။
သာမန်နိုင်ငံငယ်လေးတွေရဲ့စစ်တပ်တွေမှာတောင်
လက်နက်ဆိုရင် အသေးအမွှားကအစ အလွဲသုံးစား
လုပ်လို့မရဘူးဗျ။ အခုဟာက စနစ်ကောင်းလှပါတယ်
ဆိုတဲ့ အင်္ဂလိပ်စစ်တပ်ဗျ။ ဒါကြောင့် ဦးစောကသိပ်
တော်တာလား၊ အင်္ဂလိပ်က အကြံနဲ့ စီစဉ်ပေးတာလား၊
ခင်ဗျားတို့စဉ်းစားကြပါ။ နောက်ပြီး တိုင်းရင်းသားတွေ
အကြား သွေးခွဲခဲ့လို့ အခုအချိန်အထိ တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေသေးတယ်။
အခုပြည်တွင်းငြိမ်းချမ်းရေးကိုအသံကောင်းဟစ်နေတဲ့
သူတွေ တစ်သက်လုံးမငြိမ်းချမ်းအောင် အင်္ဂလိပ်တွေက
လုပ်ခဲ့တယ်ဆိုတာ သိကြရဲ့လား။ အစိုးရအဆက်ဆက်
ကြိုးပမ်းလုပ်ဆောင်ခဲ့ပေမယ့် မရတာဘာကြောင့်လဲ။
အင်္ဂလိပ်လူယုတ်မာတွေကြောင့်ဗျ။ အခုလည်း သူတို့
မီဒီယာတွေက ပြည်တွင်းငြိမ်းချမ်းရေးအတွက် စေတနာ
နဲ့ပြောသလိုနဲ့ မြှောက်ပေးနေတာ၊ Guide လုပ်ပေးနေ
တာ။ ဒါနဲ့ဘဲ ဒီမငြိမ်းချမ်းမှုသံသရာကြီး သက်ဆိုးရှည်
နေတာ။ ဒါကြောင့် ကျုပ်တို့လွတ်လပ်ရေးရတဲ့အချိန်မှာ
ဗိုလ်ချုပ်နဲ့သူ့ရဲ့အားထားရသူတွေကျဆုံကုန်တော့
ခေါင်းဆောင်ကောင်းမရှိ၊ ပြည်တွင်းမှာလည်း သွေးကွဲ
နေကြပြီး ဆူပူမှုတွေကြုံရ။ ကျုပ်တို့တိုင်းပြည်နုနယ်စဉ်
မှ ဒီလိုဘ၀မျိုးနဲ့အစမကောင်ခဲ့တော့ အခုထိ ဒီဆိုးမွေ
တွေခံနေရတုန်း။ ဒီလိုဖြစ်အောင် အင်္ဂလိပ်လူယုတ်မာ
တွေက အရှည်မျှော်တွေးပြီး စနစ်တကျ အကွက်ချလုပ်
ခဲ့တာဗျ။ ဒါတွေကို ခင်ဗျားတို့မီဒီယာတွေမသိဘူးလား။
မသိချင်ယောင်ဆောင်တာလား၊ ဒါမှမဟုတ် ကျွန်စော်နံ
ပြီး အင်္ဂလိပ်မကောင်းကြောင်း မပြောရဲတာလား။
ခင်ဗျားတို့ဒီလိုမရေးရဲသမျှ ပြည်သူလူထုအပေါ် တာဝန်
မကျေနိုင်ဘူး။ ကိုယ်ကျိုးအတွက် ဒီလုပ်ငန်းနဲ့ စီးပွားရှာ
တဲ့အဆင့်ဘဲဖြစ်လိမ့်မယ်။ ဒါဆိုရင်တော့ ကိုယ့်ကိုယ်
ကို တိုင်းပြည်ဖျက်မယ့် အောက်တန်းစားမဏ္ဍိုင်လို့ဘဲ
သတ်မှတ်ကြပါ။

ဟုတ်တယ်ဗျို့။ အာဇာနည်နေ့မှာတောင် ဗိုလ်ချုပ်တို့ကို
ဘယ်သူတွေလုပ်ကြံခဲ့တယ်ဆိုတာ မရေးကြဘူး။ မှုံကြီး
တို့လူသိုက် ပစ်သတ်တာဘဲ ဆောင်းပါးပုံစံနဲ့ မထင်မရှား
ရေးထားတာတွေ့ရတယ်။ တကယ့်လူသတ်ကောင်အစစ်
တွေကို မြှုပ်ထားတယ်ဗျာ။ ဖတ်ရတာပေါ့ရွှတ်ရွှတ်နဲ့။

မင်းကိုယ်မင်းပြန်သုံးသပ်ပါ။မီဒီယာတွေဦးတည်ချက်မမှန်ရင်ပြည်သူကဆုံးမပါလိမ့်မယ်။မင်းပြောသလိုပဲပြည်သူတွေမအပါဘူးကွာ။မင်းတိုဘာကောင်တွေဆိုတာသိပြီးသားပါ။

ဒီတခါမီဒီယာတွေကိုအလှည့်ပေးလိုက်ပါဦး၂၄နှစ်လုံးသတင်းစာတွေမှာကိုယ်ရေးချင်သလိုမင်းတို့ရေးခဲ့တုန်က
ကောာာကကိုယ်ချင်းစာကြည့်ပေါ့ကွာ

အဲဒီတုန်းက သတင်းတွေ ဘယ်သူမှ မဖတ်ဘူး။ နားမထောင်ဘူး။ bbc,voa,rfa တို့ရဲ့ တစ်ဖက် စောင်းနင်း သတင်းတွေဘဲ ကြားနေရတာ။ အခုမှ myanmar express လို site တွေ ပေါ်လာမှ မျှသွားတာ။

bb kig min ka media tha mar lar dar so min lae chee htote pel min toh media tway ma shi lo bar mha ma phit bu lada yay

bb kig min toh media tway u ti chet ma mhan lo akhu sone ma lite p lay min ma thi bu lar ? min taw taw paine tae nga paine pel.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်